← Chapters

ကျေးဇူးအကြွေးများ

Vol. 72 Ch. 995

ကျေးဇူးအကြွေးများ

Vol. 72 Ch. 995

ကျိုတာချွမ်းက အလိုလိုအနေရခက်နေသည်။ လွန်ခဲ့သောဆယ်စုနှစ်ကဆိုလျှင် ဤလူနှင့် မျက်နှာချင်းဆိုင်နေချိန်တွင် သူက မတ်တပ်ရပ်နိုင်လိမ့်မည်မဟုတ်ပေ။

"ဆောက်လုပ်ရေးကို ငါ့အတွက် ချန်ထားလို့ရတယ်။ ဒါက ငါ့နေရာပဲ၊ ငါပဲ ကိုင်တွယ်ရမှာပေါ့။ မင်းရဲ့စေတနာကို တန်ဖိုးပါတယ်၊ ဒါပေမယ့် ငါ ငြင်းပါရစေ"ကျိုတာချွမ်းက ပြော၏။

"မင်း ငါ့ကို နားလည်မှုလွဲနေပြီ"ခန်အဂျာ၏အမူအရာက ပြောင်းလဲသွားပြီး အလေးအနက်ထားပြောလိုက်သည်"မင်းနေရာကို ပြန်ဆောက်ဖို့ဆိုတာ မစ္စတာထန်က ငါ့ကို လုပ်ခိုင်းခဲ့တာပဲ၊ ဒါကြောင့် ငါကပဲ ဆောက်လုပ်ရေးအဖွဲ့ကို ရှာမယ်၊ လိုအပ်တဲ့ငွေကြေးကို ပေးမယ်။ ဒါကြောင့် မင်းရဲ့အကြွေးကနေ ငါ နှုတ်လိုက်မယ်။ နောက်ကျရင် မစ္စတာထန်ကို ဘယ်လိုတင်ပြရမလဲ မင်း သိမယ်လို့ ငါ ထင်တယ်"

ခန်အဂျာ၏ရည်ရွယ်ချက်အား ကျိုတာချွမ်းက ချက်ချင်းသဘောပေါက်သည်။ ထန်ရှုအား သူ၏စိတ်ဆန္ဒကောင်းအား ‌ပြလိုခြင်းပင်။ ထန်ရှုက ကျေးဇူးသိတတ်သူတစ်ယောက်ဆိုလျှင် ဤအရာအား မှတ်ထားပေလိမ့်မည်။ ဤအထိ တွေးလာပြီး ကျိုတာချွမ်းက စိတ်ထဲ၌ ပြုံးလိုက်သည်။ လူတွေ ပြောခဲ့သလို ပိုက်ဆံအကြွေးက ပြန်ပေးဖို့ လွယ်ကူသော်လည်း ကျေးဇူးအကြွေးက ပြန်ပေးဖို့ အခက်ဆုံးပင် မဟုတ်လော။

သူလဲ ထိုသို့အခွင့်အရေးတစ်ခု ရှိခဲ့ပါသည်၊ သို့သော် ဖြုန်းတီးခဲ့ပြီး နောင်တရရုံသာ တတ်နိုင်သည်။ ဤကမ္ဘာတွင် သူလုပ်ခဲ့သမျှအရာအားလုံးတွင် နောင်တအရဆုံးအရာပင်။ နတ်ဘုရားများသာ အခွင့်အရေးပြန်ပေးလျှင် သူ ဘယ်တော့မှ လက်လွှတ်မည်မဟုတ်တော့။

သို့သော် အခုမှ ဘာတတ်နိုင်မည်နည်း။ သူက ပြောတော့မည့်ဆဲဆဲတွင် ကျိုချင်းက ကလေးနှစ်ယောက်၊ သူ့လူယုံများနှင့်အတူ ချဉ်းကပ်လာသည်ကို မြင်ပြီး ကျိုတာချွမ်း၏အမူအရာက ပြောင်းလဲသွား၏။

"ချင်းအာ"ကျိုတာချွမ်းက အော်ခေါ်လိုက်သည်။

ထိုအချိန်တွင် ကျိုချင်းက ထိတ်လန့်သွားခဲ့ရသည်။ သူမအဖေ၏အသိုက်မြုံက အပျက်အဆီးဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဖြစ်နိုင်လား.....အဖေခန့်မှန်းတာ မှန်နေတာလား....ထန်ရှုက ဟွမ်တွေနဲ့ပူးပေါင်းထားပြီး သူတို့ကို လက်စားချေဖို့ လာတာလား။

"ဒီနေရာမှာ ဘာဖြစ်သွားတာလဲ၊ အဖေ"ကျိုတာချွမ်းက အနည်းငယ်အရုပ်ဆိုးသောမျက်နှာနှင့် မေးလိုက်သည်။

"ဘာဖြစ်ရမှာလဲ။ ထန်ရှုကြောင့်ပေါ့"ကျိုတာချွမ်းက ခါသီးစွာ ပြုံးလျက် ပြန်ဖြေသည်။

ဒါဆို အမှန်ပဲပေါ့.....

ကျိုတာချွမ်းက အတော်ကလေးစိတ်ဓာတ်ကျသွားရှာသည်။ သူမက ပြင်းပြင်းထန်ထန် ပြောလိုက်တော့၏"သမီး တကယ်တောင်းပန်ပါတယ်၊ အဖေ။ ဒါပေမယ့် နတ်ဆေးဆရာထန်က တရုတ်မှာ ကျော်ကြားပြီး လူကောင်းတစ်ယောက်ပဲ။ သူက ဟွမ်တွေနဲ့ ပူးပေါင်းတယ်ဆိုတာ မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါက အမှားအယွင်းတစ်ခုများ ဖြစ်နေမလား"

ကျိုတာချွမ်းက မှင်တက်သွားလေသည်။ သူမမျက်နှာပေါ်ရှိခါးသီးသောအမူအရာကို မြင်ပြီး သူက ခြောက်ကပ်ကပ်ပြုံးလိုက်လေသည်"ဒါ နားလည်မှုအကြီးကြီးလွှဲသွားခဲ့တာပဲ၊ ချင်းအာ။ ဒါပေမယ့် အဲဒါကို လုပ်ခဲ့တာ ငါပါပဲလေ။ မစ္စတာထန်က ဟွမ်တွေနဲ့ ဘယ်တော့မှ မပူးပေါင်းခဲ့ပါဘူး။ ငါတို့နဲ့ဟွမ်တွေရဲ့ရန်ငြိုးကို သူ ပြေငြိမ်းပေးခဲ့တယ်လို့ မင်း ပြောခဲ့ကတည်းက ငါ ယုံခဲ့ရမှာ။ စောစောကကငါပြောတဲ့မစ္စတာထန်ကြောင့်ဖြစ်ခဲ့တယ်ဆိုတာက သူနဲ့သူ့ရန်သူတွေကြားတိုက်ပွဲကြောင့်ပဲ။ ငါတို့က ငြိစွန်းမိခဲ့ရုံပါပဲ"

ကျိုချင်းမျက်လုံးများက ဖောင်းကားလာပြီး သူမက အံ့အားသင့်စွာ ပြောလိုက်သည်"ဘာပြောတာလဲ၊ အဖေ။ နတ်ဆေးဆရာထန်က ငါတို့နေရာကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုလိုတာလား၊ သူနဲ့သူ့ရန်သူတွေရဲ့တိုက်ပွဲကြောင့် ဖြစ်ခဲ့တာလား။ သူကရော....သူ အခု အဆင်ပြေရဲ့လား။ ဒဏ်ရာတွေဘာတွေ ရသေးလား"

"မင်း သူ့ကို ဂရုစိုက်ရင်တောင် တစ်ချိန်တည်းမှာ မေးခွန်းအများကြီးမေးဖို့မလိုပါဘူး၊ ချင်းအာ"ကျုတာချွမ်းက ခြောက်ကပ်ကပ်‌ပြုံးလိုက်သည်"ဒါ့အပြင် ငါလဲ အဲဒါတွေကို မသိဘူး"

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စကျို။ ကျုပ် အဆင်ပြေပါတယ်"

ထန်အန်ကို သယ်လျက် ထန်ရှုက လေပေါ်မှ ဆင်းလာပြီး သူတို့အရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ထန်အန်အား လွှတ်လိုက်ပြီး သူမလက်မောင်းအား ထိန်းထားပေးရင်း သူက ခပ်ဖျော့ဖျော့ပြုံးလျက် ပြောလိုက်သည်"ခင်ဗျားနေရာကို ပျက်စီးသွားစေတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်၊ မစ္စတာကျို။ ဒါပေမယ့် ကျုပ် လျော်ကြေးပြန်ပေးမှာမို့လို့ ခင်ဗျား စိတ်မပူပါနဲ့"

"မဟုတ်တာ....မဟုတ်တာ။ ဒါကို စိတ်ထဲမထားပါနဲ့၊ မစ္စတာထန်"ကျိုတာချွမ်းက အလျင်စလိုပြန်ပြောသည်။"မင်းက ရန်သူတွေနဲ့ တိုက်ခိုက်ခဲ့တာပဲ၊ ငါ့နေရာကို ပျက်ဆီးစေလိုတဲ့ရည်ရွယ်ချက်မှ မရှိခဲ့တာ။ ငါ......"

ထိုအထိ ပြောပြီးနောက် သူက ခန်အဂျာအား သတိရကာ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ခန်အဂျာမျက်နှာက အနည်းငယ်အရုပ်ဆိုးနေသည်ကို မြင်ပြီး သူက နှလုံးတစ်ချက်ခုန်သွား၏။ ထန်ရှုက ပြန်ပေးစရာမလိုဟု ပြောခဲ့လျှင် ခန်အဂျာက သူ့အား ဒေါသနှင့် လာရမ်းလောက်သည်။ ထန်ရှု ထွက်သွားပြီးနောက် ဤလူက လက်စားလာချေဖို့တောင် ဖြစ်နိုင်၏။

ဤလူနှစ်ယောက်ကြား တစ်ခုခုရှိသည်ကို ထန်ရှုက ရိပ်မိသည်၊ သူက ပြုံး၍သာ ပြောလိုက်သည်"ဒီတစ်ခါတော့ ခင်များကို ဒုက္ခများစေမိပြီ၊ မစ္စတာခန်။ ဒါပေမယ့် အဲဒီအတွက် ကျုပ် ခင်ဗျားကို အကြွေးတစ်ခုတင်တယ်လို့ မှတ်ယူလို့ရပါတယ်၊ အနာဂတ်မှာ ကျုပ်အကူအညီကို တစ်ကြိမ်မျှော်လင့်ထားလို့ရပါတယ်"

ထန်ရှုစကားကို ကြားပြီး ခန်အဂျာက အပျော်ကြီးပျော်သွားကာ ပြံး၍ ပြောလာ၏"မင်းကို ကူညီပေးရတာ ငါ့အတွက် ဂုဏ်ယူစရာပါပဲ၊ မစ္စတာထန်။ ငါ ဒီနေရာကအလောင်းတွေအားလုံးကို သင်္ဂြိုလ်ပေးမှာပါ။ ဆောက်လုပ်ရေးကိစ္စအတွက်လဲ မပူပါနဲ့။ ဆောက်လုပ်ရေးအဖွဲ့တွေကို အမြန်ဆုံး ပြန်ဆောက်ခိုင်းမှာပါ။ စိတ်အေးအေးထားပြီး အားလုံးကို ငါနဲ့ပဲ လွှဲခဲ့ပါ"

"ဒါဆိုလဲ ကျုပ် ခင်ဗျားကို ဒုက္ခပေးရတာပေါ့လေ"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဒီနေရာကို ပြန်တည်ဆောက်ပြီးရင် ကျုပ်ကို ဖုန်းခေါ်လိုက်၊ ကုန်ကျစရိတ်ငွေကို ခင်ဗျားအကောင့်ထဲ ကျုပ် လွှဲပေးမယ်"

"ကျေးဇူးပြုပြီး အဲလိုမလုပ်ပါနဲ့"ခန်အဂျာက ကမန်းကတန်းပြော၏"မင်းက ဒီနေရာက ငါ့ဧည့်သည်လေ။ ငါ ဘယ်လိုလုပ် ပြန်ပေးခိုင်းရမှာလဲ။ ကုန်ကျစရိတ်ကို ငါ့ရဲ့လက်ဆောင်လို့ပဲ ထားလိုက်ပါ။ ပြီးတော့ မနက်ဖြန်ကျရင် မင်းကို ငါ့ရဲ့ကြွေကျပွင့်ချပ်ဆီ ဖိတ်ခေါ်ဖို့ စီစဉ်ထားတယ်။ မင်း လာချင်လား"

ကြွေကျပွင့်ချပ်ခရူဇာသင်္ဘောလား။

‌နာမည်က က‌မ္ဘာမြေ၏ကောင်းကင်ဘုံအဖြစ် ကောလဟာလထွက်သည့်ချောင်းဖယားမြစ်ပေါ်ရှိခူးဆိတ်သ‌င်္ဘောအား သတိရသွားစေသည်။ သို့သော် သူ့တွင် ဖြေရှင်းစရာများစွာ ရှိသေး၏၊ သူက ပြောလိုက်သည်"ဒီနေ့ရဲ့အနေအထားကို ခင်ဗျားလဲ မြင်တာပဲ၊ ခန်အဂျာ။ စင်းခေါက လွတ်သွားသလို ငါးတစ်ကောင်လဲ ချော်ထွက်သွားတယ်။ လောလောဆယ် ခင်ဗျားရဲ့ဖိတ်ခေါ်မှုကို လက်ခံဖို့ အချိန်မရှိလောက်ဘူးဗျ။ စင်းခေါနဲ့ဘန်ကောက်မှာရှိတဲ့ရန်သူအားလုံးကို ဖြေရှင်းပြီးတဲ့အထိ စောင့်ရင် ပိုကောင်းမယ်။ ခင်ဗျားဆီ လာလည်တဲ့အခါကျရင် လက်ဆောင်တစ်ခုကို ပြင်ဆင်လာမှာပါ"

ထန်ရှု၏ငြင်းပယ်မှုက ခန်အဂျာအား မ‌ပျော်မရွှင်မဖြစ်သွားစေဘဲ ပိုတောင် စိတ်လှုပ်ရှားသွား၏။ သူက အကြိမ်ကြိမ်ခေါင်းညိတ်ကာ ‌ပြော၏"မစ္စတာထန်အလုပ်ကိစ္စပြီးတဲ့အခါကျရင် ငါ့နေရာကို ‌သေချာပြင်ဆင်ထားမှာပါ"

"ကောင်းပြီလေ၊ ခင်ဗျား လုပ်စရာရှိတာ လုပ်လို့ရပြီ။ ကျုပ်ရဲ့မြေးတပည့်က ဒဏ်ရာအပြင်းအထန်ရထားတယ်၊ သူမကို ကုသဖို့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခု ရှာဖို့ လိုအပ်တယ်"ထန်ရှုက ပြော၏။

ဤသည်ကို ကြားပြီး ထန်ရှုအား စေတနာကောင်းပြသရန် အခွင့်အရေးရှာနေသောကျိုတာချွမ်းက ချက်ချင်းကြားဖြတ်ပြောလိုက်သည်"မစ္စတာထန်၊ ငါ့နေရာက ပျက်ဆီးသွားပြီးဆိုပေမယ့် မြေအောက်သိုလှောင်ခန်းတစ်ခု ရှိသေးတယ်။ မင်း သဘောကျရင် ကုသဖို့အတွက် အသုံးပြုလို့ရပါတယ်"

သူ၏ကမ်းလှမ်းမှုက သူ့လူများအား ထိတ်လန့်သွားစေသည်။

"ဒီလိုဆိုမှတော့ လမ်းပြဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပေါ့"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

ကျိုတာချွမ်းက သူ့လူများအား အမိန့်ပေးလိုက်သည်၊ ထို့နောက် ထန်ရှုနှင့်ကျန်လူများအား ဦးဆောင်လျက် အဆောက်အဦးအပျက်အဆီးများဆီသို့ ခေါ်သွား၏။ ပြိုလဲပျက်ဆီးနေသောအဆောက်အဦးတစ်ခုသို့ ရောက်လာပြီးနောက် သူ့လူအချို့က ပတ်ဝန်းကျင်အား ရှင်းလင်းလိုက်ပြီး မြေအောက်နေရာလပ်သို့သွားရာဝင်ပေါက်က ထွက်ပေါ်လာသည်။

ကျွီ.....

ဝင်ပေါက်တံခါးပွင့်သွားပြီး မြေအောက်လှေကားတစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာ၏။

အောက်သို့ ခေါ်လာရင်း ကျိုတာချွမ်းက ရှင်းပြလိုက်သည်"ဒီမြေအောက်နေရာလပ်ကို ရွှေတွေသိမ်းဖို့ အသုံးပြုတာ။ အတွင်းပိုင်းက အတော်လေးရှုပ်ပွပေမယ့် အရမ်းသန့်ရှင်းပြီး အထဲမှာ ပရိဘောဂတွေ၊ အသုံးအဆောင်ပစ္စည်းတွေမျိုးစုံရှိတယ်။ တစ်ခုခု စဉ်းစားဖို့ လိုတိုင်း ငါ ဒီနေရာကို အမြဲတမ်းလာတယ်"

ရွှေသိုလှောင်တဲ့မြေအောက်နေရာလပ်တစ်ခုလား။

ထန်ရှုမျက်နှာက ပြောင်းသွားပြီး ထိုးထွင်းသိမြင်မှုအား ထုတ်လွှတ်လျက် ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ စတိုခန်း၏ကြီးမားသောအရွယ်အစားက သူ့အား အံ့အားသင့်စေသည်၊ စင်များပေါ်တွင်သိမ်းထားသောရွှေချောင်းများက တစ်ထောင်စတုရန်းမီတာနီးပါးရှိ၏။ အတွင်းပိုင်းက လေဝင်လေထွက်ကောင်းအောင် ပြင်ဆင်ထားပြီး အတော်လေးသန့်ရှင်းပေသည်။

"ကျေးဇူးပြုပြီး ဒီနေရာကို လာပါ၊ မစ္စတာထန်"

ကျိုတာချွမ်းက ထန်ရှု၏မျက်နှာအမူအရာအား အဆက်မပြတ်လေ့လာနေသည်၊ ထန်ရှုက ရွှေချောင်းများအား တစ်ချက်သာ ကြည့်ပြီး လစ်လျူရှုလိုက်သည်ကို မြင်သောအခါ သူ့မျှော်လင့်ချက်က ထိုးကျသွားတော့သည်။

"ဒါ နေရာကောင်းတစ်ခုပဲ"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ငါတို့ ဒီမှာပဲနေပြီး အားပြန်ဖြည့်ကြတာပေါ့၊ အန်"

"ဟုတ်ကဲ့ပါ၊ ဆရာအဘိုး"ထန်အန်က ရိုသေလေးစားစွာ ပြောလိုက်သည်။သူမက အခန်းထဲသို့ဝင်သွားပြီးနောက် တံခါးပိတ်လိုက်သည်။

ထို့နောက် ထန်ရှုက ကျိုတာချွမ်းအား လှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်"ဒီလောက်များတဲ့ရွှေတွေကို သိုလှောင်ထားတာ ဘာအတွက်လဲ ခင်ဗျား ကျုပ်ကို ပြောပြချင်လား၊ မစ္စတာကျို။ အနိမ့်ဈေနဲ့ ဝယ်ပြီး ‌ဈေးမြင့်မြင့်နဲ့ ပြန်ရောင်းချင်တာလား"

"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့မှာ နှစ်စဉ်နှစ်တိုင်း ရွှေတွေ ပုံမှန်ထွက်တဲ့ ရွှေတွင်းတစ်ခုရှိတယ်၊ မစ္စတာထန်။ အချို့ကို ရောင်းချထားပြီး ကျန်တာတွေကို သိုလှောင်ထားတယ်။ မကြာသေးမီက ရွှေတန်ဖိုးတွေ နိမ့်ဆင်းလာတယ်၊ ဒါကြောင့် ငါ့ရဲ့ရွှေအရန်တွေ ရောင်းချတာကို ရပ်ထားရတယ်"ကျိုတာချွမ်းက ခြောက်ကပ်ကပ်ပြုံးလျက် ပြော၏"ဒါကြောင့်လဲ မစ္စခန်ကနေ ငါချေးထားတာတွေအတွက် ရွှေနဲ့ပဲ ပြန်ပေးဖို့ စီစဉ်ထားတယ်"

ထန်ရှုက အံ့ဩသွားပြီး‌နောက် ခေါင်းညိတ်လိုက်သည်"တစ်ခါတစ်လေကျရင် ရွှေဈေးက အဲလို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခင်ဗျားလို ကိုယ်ပိုင်ရွှေတွင်းပိုင်ဆိုင်ထားသူတွေက ရှားတယ်၊ ကျုပ် မမျှော်လင့်ထားခဲ့တာပဲ"

"ငါ ဝယ်တုန်းက ဈေးအတော်အသင့်နဲ့ ရခဲ့တယ်။ အခုဆို ငါ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရလာပြီဆိုပေမယ့် ရွှေသတ္တုအရန်ကလဲ လျော့ကျလာနေတယ်။ တန်ဖိုးတက်လာတဲ့အခါ အားလုံးကို အရောင်းအဝယ်လုပ်ဖို့ စီစဉ်ထားတယ်၊ ဒါပေမယ့် အခုအခြေအနေအရ မဖြစ်နိုင်သေးပါဘူးလေ"

"လက်ရှိရွှေတန်ဖိုးဘယ်လောက်ရှိလို့လဲ"ထန်ရှုက မေးလိုက်သည်။

"၂၉၀"ကျိုတာချွမ်းက ဖြေလိုက်သည်။

ထို့နောက် ထန်ရှုက ခန်အဂျာအား လှည့်ကြည့်ကာ မေးလိုက်သည်"ကျိုတာချွမ်းကနေ ကျုပ် ရွှေတွေ ဝယ်ရင် ခင်များအတွက် ပြဿနာမရှိဘူးလား၊ ခန်အဂျာ။ အနိမ့်ဈေးနဲ့ ခင်ဗျားရဲ့အကြွေးကို သူ ပြန်ပေးမယ်ဆိုတာ ကျုပ် သိတယ်။ ဒါပေမယ့် လက်ရှိဈေးနှုန်းထက် ပိုမြင့်မားတဲ့‌‌ဈေးနှုန်းနဲ့ ကျုပ် ဝယ်နိုင်တယ်"

"ငါ ပြဿနာမရှိဘူး"ခန်အဂျာက ခေါင်းခါယမ်းကာ ပြောလိုက်သည်"သူက ငါ့ကို ပေးစရာလဲ အများကြီးမရှိဘူးလေ"

All Chapters