← Chapters

ငွေအမြောက်အများရရန်အခွင့်အလမ်းတစ်ခု

Vol. 72 Ch. 996

ငွေအမြောက်အများရရန်အခွင့်အလမ်းတစ်ခု

Vol. 72 Ch. 996

ခေါင်းညိတ်လျက် ထန်ရှုက ကျိုတာချွမ်းအား ထပ်ပြောလိုက်သည်"ခင်ဗျားမှာ ရွှေတွေ အစုလိုက်အပုံလိုက်ရှိတာပဲ၊ မစ္စတာကျို။ ရွှေတန်ဖိုးက အချိန်တိုအတွင်းမှာ ပြန်မခုန်တက်လောက်ဘူး။ ခင်ဗျား ဘာလို့ ကျုပ်ကို အားလုံးမရောင်းတာလဲ။ ကျုပ်က ပိုမြင့်မားတဲ့ဈေးနဲ့ ဝယ်မှာပေါ့။ ၃၂၀ဆိုရင် ဘယ်လိုလဲ"

၃၂၀လား။ လက်ရှိ‌ဈေးထက် ယွမ်သုံးဆယ်ပိုတာပေါ့လား။

"မင်းလိုချင်ရင် ငါ အားလုံးရောင်းမယ်၊ မစ္စတာထန်"ကျိုတာချွမ်းက တုံ့ဆိုင်းခြင်းမရှိပြန်ဖြေသည်။"ဒါပေမယ့် ဒီလောက်များတဲ့ရွှေတွေဝယ်ရတဲ့အကြောင်းပြချက်ကို ငါ သိခွင့်ရမလား"

"ဒီနေ့ မမြင်သင့်တဲ့အရာတော်တော်များများ ခင်ဗျား မြင်ခဲ့တယ်ဆိုတာ ကျုပ် သိတယ်၊ ဒါကြောင့် ကျုပ် ခင်ဗျားကို ဖုံးကွယ်မနေတော့ဘူး"ထန်ရှုက ပြုံးကာ ပြော၏"မှော်ပစ္စည်းတွေ၊ လက်နက်တွေ ပြုလုပ်ဖို့ ရွှေ လိုအပ်တယ်။ ခင်ဗျားရဲ့ဒီနေရာမှာ အများကြီးရှိပေမယ့် သူတို့ကို မှော်အသုံးအဆောင်ပစ္စည်းတွေအဖြစ် မသန့်စင်နိုင်ဘူးမလား၊ ဒီတော့ ခင်ဗျားမှာ ဘယ်လောက်ပဲရှိရှိ ကျုပ် ဝယ်မယ်"

ရွှေကနေ မှော်ပစ္စည်းတွေ ထုတ်လုပ်ဖို့လား။

ကျိုတာချွမ်း၏မျက်လုံးများက ချက်ချင်းအရောင်လက်သွားသည်။ ထန်ရှု၏လူများပါဝင်ခဲ့သည့်တိုက်ပွဲအား သူ အမှတ်ရလိုက်၏။ သူတို့က အင်မော်တယ်ဓားများ၊ နတ်ဘုရားဓားများအား အသုံးပြုကာ လေပေါ်တွင် ပျံသန်းကြသည်။ သူလဲ....သူလဲ ဒီလိုမှော်ဓားတစ်လက်ရလျှင် အရမ်းကောင်းပေလိမ့်မည်။

အတွေးက သူ့အား ခဏတုံ့ဆိုင်းစေသည်။ ထို့နောက် သူက တိုးတိုးလေးမေး၏"မင်း ငါ့ကို ရွှေတွေနဲ့သန့်စင်ထားတဲ့မှော်လက်နက်တစ်ခု ရောင်းနိုင်မလား၊ မစ္စတာထန်။ အလဲအလှယ်‌အနေနဲ့ ရွှေဆိုရင်ရော။ ပြီးတော့ အဲဒါအတွက် ရွှေဘယ်လောက်လိုအပ်လဲ"

"မှော်လက်နက်တစ်ခုကို ရွှေနဲ့ လဲလှယ်မှာလား။"

ထူးဆန်းသောအမူအရာနှင့်အတူ ထန်ရှုက ရယ်လိုက်မိသည်"ဟားဟား၊ ခင်ဗျား ကျုပ်ကို နားလည်မှုလွဲနေပြီ၊ မစ္စတာကျို။ ကျုပ် သန့်စင်ထားတဲ့မှော်အသုံးအဆောင်ပစ္စည်းကို ကျင့်ကြံသူတွေပဲ အသုံးပြုနိုင်တာ။ အဲဒါက သာမန်လူတွေ မထိန်းချုပ်နိုင်တဲ့အရာတစ်ခုပဲ၊ ခင်ဗျား ဝယ်ရင်တောင် ခင်ဗျားအတွက် နည်းနည်းလေးပဲ အသုံးဝင်မှာ"

စိတ်ပျက်လက်ပျက်အကြည့်တစ်ခုက ကျိုတာချွမ်း၏မျက်နှာ‌ပေါ်တွင် ထွက်ပေါ်လာသည်။ သို့်သော် ထိုအင်မော်တယ်ဓားများ ဘယ်လောက်အားကောင်းသလဲကို သူက အမှတ်ရနေပြီး အံကြိတ်ကာ ပြောလိုက်သည်"နည်းနည်းလေးပဲအသုံးဝင်ရင်တောင် ငါ လိုချင်တယ်။ အဆိုးဆုံးဆိုရင် အဲဒါကို ငါ့မိသားစုရဲ့ဘိုးဘွားအမွေအနှစ်အဖြစ် သတ်မှတ်လို့ရတာပေါ့"

ထန်ရှုက ခဏစဉ်းစားပြီး ခေါင်းညိတ်ကာ ‌ပြုံးလျက် ပြော၏"ဒါဆိုရင်လဲ ကျုပ် သန့်စင်ပြီးရင် ခင်ဗျားကို တစ်ခုရောင်းပေးမယ်။ ဘယ်လိုလက်နက်အမျိုးအစား လိုချင်လဲ"

"ဓားတစ်လက်။ မင်းနဲ့မင်းလူတွေအသုံးပြုတဲ့ဓားမျိုးဆိုရင် အကောင်းဆုံးပဲ"ကျိုတာချွမ်းက ပြော၏"အဲဒါက တကယ်ကို အံ့အားသင့်စရာကောင်းတယ်၊ အရမ်းလဲ အားကောင်းတယ်"

သူ့အဖြေက ထန်ရှုအား စိတ်ထဲ၌ အထင်သေးသွားစေသည်။ သူက ရွှေနဲ့ အင်မော်တယ်ဓားကို အလဲအလှယ်လုပ်ချင်တာလား။ ဒါက မရယ်ရဆုံးဟာသပဲ။ သူ၏နတ်ဘုရားဓားမဆိုနှင့်၊ မိုအားဝူ၊ကျင်းရှီနှင့်အခြားသူများအသုံးပြုသောအင်မော်တယ်ဓားများသည်ပင် အင်မော်တယ်ကမ္ဘာ၌ အဆင့်အတန်းမြင့်သည်။ ထိုသို့သောအသုံးအဆောင်ပစ္စည်းများ၏တန်ဖိုးက ရွှေတောင်ကြီးတစ်ရာပုံပေးလျှင်ပင် ဝယ်နိုင်သောအရာမဟုတ်ပေ။

ဘေးတွင်ရပ်နေသောခန်အဂျာသည်လည်း မျက်လုံးများ လင်းလက်သွားသည်။ သူက တိုက်ပွဲမြင်ကွင်းအား မမြင်ခဲ့ရသော်ငြား အုန်းခြံကိုပင် ပျက်စီးစေသည့်အတွက် ထိုလက်နက်များက အလွန်အားကောင်းသည်ဟု ဆိုလိုသည်။

အကွက်မြင်လာဘ်မြင်ခြင်း၊ အတွေ့အကြုံများခြင်း၊ မြေခွေးတစ်ကောင်လို ကောက်ကျစ်ကာ လှည့်ဖြားတတ်ခြင်းတို့က ခန်အဂျာအတွက် ပြီးပြည့်စုံသောဖော်ပြချက်တစ်ခုပင်။ သူ့နှလုံးက အသက်ဝင်လန်းဆန်းလာရင်း သူက ကြားဖြတ်ပြောလိုက်သည်"ငါ့ကိုရော အဲလိုအသုံးအဆောင်ပစ္စည်းတစ်ခု ရောင်းပေးနိုင်မလား၊ မစ္စတာထန်။ ငါလဲ မင်းဆီကနေ တစ်ခု ဝယ်ချင်တယ်။ ငါလဲ ရွှေနဲ့ ဖလှယ်နိုင်ပါတယ်။ ရက်အနည်းငယ်အတွင်း ဒီမှာသိမ်းထားတဲ့ရွှေတွေထက် ပိုများတာ ရရှိစေရမယ်"

အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်၌ တွားသွားခဲ့လေသည်။ ငွေအမြောက်အများရရန် နောက်ထပ်နည်းလမ်းတစ်ခုအား သူ တွေ့မိပုံရသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ကောင်းပြီလေ၊ ခင်ဗျားလဲ လိုချင်မှတော့  ကျုပ် တစ်ခု သန့်စင်ပေးပါ့မယ်။ ကျုပ် ဘန်ကောက်မှာ အချိန်တစ်ခုထိ နေအုံးမယ်၊ ဒါကြောင့် ခင်ဗျားနဲ့မစ္စတာကျိုတို့ ရွှေတွေသာ များများရှာထား။ ပိုများလေ၊ ပိုကောင်းလေပဲ။ ရွှေတန်ပေါင်းများစွာရလာရင် ခင်ဗျားတို့ကို အပိုအကျိုးအမြတ်အချို့ပေးမယ်"

အပိုအကျိုးအမြတ်လား။

ခန်အဂျာနှင့်ကျိုတာချွမ်းက အကြည့်များဖလှယ်ကာ ချက်ချင်းခေါင်းညိတ်လိုက်ကြသည်။

"ဝှစ်......."

ပုံရိပ်တစ်ခုက လျှပ်စီးအလား ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။ ရွှယ်ရှဖြစ်ပြီး သူက အနည်းငယ်စိုးရိမ်စွာနှင့် တင်ပြခဲ့သည်"ငါတို့ သူတို့ကို လွတ်သွားပါတယ်၊ သူဌေး"

"သူတို့ကို ပျောက်သွားတာလား။ ထန်ကွမ်ကရော"ထန်ရှု၏မျက်နှာက ပြောင်းလဲသွားပြီး သူက နက်ရှိုင်းသောလေသံနှင့် ချက်ချင်းမေးလိုက်သည်။

"ထန်ကွမ်က စင်းခေါနဲ့အခြားတစ်ယောက်ကို လိုက်မီခဲ့တယ်၊ ဒါပေမယ့် အဖွဲ့တစ်ဖွဲ့က ရုတ်တရက် ရောက်လာတယ်။ သူတို့က အရမ်းအားနည်းပေမယ့် ခံစစ်က အရမ်းသန်မာတယ်။ သူတို့က လူအများကြီးပဲ၊ ဒါကြောင့် သူတို့အားလုံးကို သတ်နိုင်ခဲ့ပေမယ့် စင်းခေါနဲ့အခြားတစ်ယောက်က လွတ်မြောက်သွားခဲ့တယ်။ သူနဲ့မိုအားဝူက သူတို့နောက် လိုက်သွားသေးတယ်၊ ဒါပေမယ့် လိုက်မီဖို့ အခွင့်အလမ်းက အရမ်းသေးငယ်တယ်"

ထန်ရှုက လက်သီးကြပ်ကြပ်ဆုပ်လျက် ခန်အဂျာအား ကြည့်ကာ ပြောလိုက်သည်"ခင်ဗျားက ဘန်ကောက်ရဲ့မြွေပွေးပဲ၊ နေရာတိုင်းမှာ ခင်ဗျားရဲ့လူတွေ ရှိတယ်။ စင်းခေါနဲ့လူတစ်ယောက်ကို ရှာဖို့ ကျုပ်ကို ကူညီပါ။ ခင်ဗျားလူတွေက သူတို့ထဲကတစ်ယောက်ယောက်ကို အရင်တွေ့ခဲ့ရင် စင်းခေါကို ဖယ်ရှားပြီးတာနဲ့ ကျုပ် ခင်ဗျားနဲ့ အပေးအယူကြီးကြီးမားမားတစ်ခုလုပ်မယ်။ အဲဒါက ခင်ဗျားဘဝမှာ အကြီးမားဆုံးအခွင့်အလမ်းလို့ မျှော်မှန်းထားနိုင်တယ်"

ခန်အဂျာက မျက်လုံးများ တောက်ပလျက် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်"သူတို့ကို ရှာဖို့ ငါ့လူတွေကို အမိန့်ပေးလိုက်မယ်။ ဘန်ကောက်တစ်ခုလုံး မြေလှန်ရရင်တောင် သူတို့ကို ရအောင် ရှာဖွေပေးပါ့မယ်"

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ သူက ရွှယ်ရှအား ကြည့်ကာ မေး၏"စင်းလုအန်ရော။ သူ အခု ဘယ်မှာလဲ"

"သူက အပြန်လမ်းမှာ၊ ဒါပေမယ့် ကျွန်တော့်ထက် နှေးတော့ ကျွန်တော်အရင်ရောက်လာတာ"ရွှယ်ရှက ဖြေလိုက်သည်။

များမကြာမီ စင်းလုအန်တို့ ရောက်ရှိလာသည်။ သူ့အမူအရာက ခါးခါးသီးသီးဖြစ်လျက် ထန်ရှုအရှေ့၌ ထွက်ပေါ်လာ၏"ငါ တောင်းပန်ပါတယ်၊ မစ္စတာထန်"

"ဒါနဲ့ပတ်သက်ပြီး တောင်းပန်စရာမလိုဘူး၊ စင်းလုအန်"ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"စင်းခေါက ငါတို့ရဲ့ဘုံရန်သူပဲ။ သူ့ကို ရှာဖို့ ခန်အဂျာကို အကူအညီတောင်းထားတယ်။ သူတို့ကို ရှာပြီး သတ်ဖို့ပဲ လိုတယ်။ အခုက မင်းအဖေအလှည့်ပဲ"

စင်းလုအန်က ကမန်းကတန်းပြော၏"ငါတို့က အခုထိ စင်းခေါကို မသတ်ရသေးဘူးလေ၊ ငါ့အဖေကို အခု တိုက်ခိုက်ရင် ငါ စိတ်ပူတာက...."

"အခုမဟုတ်လဲ နောက်ကျရင် ရင်ဆိုင်ရမှာပဲလေ"ထန်ရှုက နှာခေါင်းရှုံ့ကာ ပြော၏"ပြီးတော့ မင်းအဖေကိုသစ္စာရှိတဲ့နတ်ဆရာအစောင့်အရှောက်တွေ ပြန်ရောက်လောက်ပြီ။ သူတို့က ငါတို့ရဲ့လုပ်ဆောင်ချက်တွေကို မင်းအဖေကို အသိပေးလောက်ပြီ။ အခုချိန်မှာ မင်းအဖေကို ဖယ်ရှားတာ အကောင်းဆုံးပဲ။ ဒါမှ မင်းက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာမှာ"

"ဒါက......"စင်းလုအန်က တုံ့ဆိုင်းနေသေးသည်။

ကြောက်စရာကောင်းသောအကြည့်တစ်ခုက ခန်အဂျာ၏မျက်နှာပေါ်တွင် ကပ်ငြိ‌နေလျက် သူက ကြားဝင်ပြောလိုက်သည်"စင်းလုအန်၊ မင်းက စင်းထို့ကို သတ်ချင်တာလား။ ဒါပေမယ့် သူက မင်းအဖေလေ။ သူက မင်းတို့ညီအကိုနှစ်ယောက်ကို တကယ် ဂရုစိုက်မှန်း ငါ သိတယ်"

"ငါတို့မှာ ငါ့အဖေကို သတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး"စင်းလုအန်က ခေါင်းခါယမ်းကာ ပြော၏"သူက ကလန်ခေါင်းဆောင်ဖြစ်တာ ကြာနေပြီ။ အခုက ခေါင်းဆောင်နေရာကို လွှဲပြောင်းပေးဖို့ အချိန်ပဲ"

ခန်အဂျာက နားလည်စွာနှင့် သက်ပြင်းချလိုက်သည်"တရုတ်မှာ စကားပုံတစ်ခုရှိတယ်၊ နေရာတိုင်းမှာ ပါရမီရှင်တွေ ထွက်ပေါ်ပြီး မျိုးဆက်သစ်တိုင်းက ဘိုးဘေး‌တွေနေရာမှာ အစားထိုးကြတယ်။ အခု မင်းက အရွယ်ရောက်လာပြီ၊ မင်းအဖေက သူ့ထိုင်ခုံကို လွှဲပြောင်းပေးသင့်ပါတယ်။ ဒါ့အပြင် မစ္စတာထန်က မင်းကို ထောက်ပံ့နေမှတော့ အမှောင်နတ်ဆရာကလန်က အနာဂတ်မှာ ပိုပြီးဂုဏ်ရောင်ထွန်းပြောင်လာမှာပါ"

"အခုချိန်မှာ ဒါတွေ ပြောလို့အသုံးမဝင်ဘူး"ထန်ရှုက မှတ်ချက်ပြသည်"ဒါကြောင့် မင်းရဲ့ဆုံးဖြတ်ချက်က ဘာလဲ၊ စင်းလုအန်"

စင်းလူအန်က သက်ပြင်းရှိုက်ကာ ဆုံးဖြတ်ချက်ချလျက် လေးလံသောအသံနှင့် ဆိုလာ၏"မစ္စတာထန်၊ မင်း အကြုံပြုသလိုပဲ၊ အခုက ငါ့အဖေကို နန်းစွန့်ခိုင်းဖို့ အချိန်ပဲ။ ဒါကြောင့် ငါတို့ သူ့ထိုင်ခုံကို လုယူရမယ်။ ဒါပေမယ့် သူ ငြင်းရင်တောင် သူ့အသက်ကို ချမ်းသာပေးပါ"

"ဒါ အဆင်ပြေပါတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ငါတို့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်၊ အမှောင်နတ်ဆရာကလန်ခေါင်းဆောင်အသစ်တစ်ယောက် ဖန်တီးဖို့ပဲ။ မင်း ကလန်ထိုင်ခုံမှာ ထိုင်‌နိုင်သရွေ့ သူ့ကို ချမ်းသာပေးဖို့က ပြဿနာမဟုတ်ဘူး"

"ငါ့အဖေက သေချာပေါက် သဘောတူမှာပါ"စင်းခုအန်က ထန်ရှုအား ကျေးဇူးတင်စွာ ကြည့်လျက် ထပ်လောင်းပြော၏"သူက အမြဲတမ်း ဉာဏ်ကောင်းတဲ့လူတစ်ယောက်ပဲ"

***

အမှောင်နတ်ဆရာကလန်ပိုင်နက်နယ်မြေ။

စင်းထို့က ပြတင်းပေါက်ဘေးနားတွင် ရပ်ရင်း အဝေးသို့ စောင့်မျှော်ကြည့်နေသည်။ သူ စောင့်နေတာ ကြာလှပြီ၊ ဘာသတင်းတစ်ခုမှ မရသေးသောကြောင့် အနည်းငယ်စိတ်မအေးဖြစ်နေ၏။

တရုတ်မှကျင့်ကြံသူတွေလား။

ထိုကျင့်ကြံသူများ ဘယ်လောက်အားကောင်းသလဲ သူ သိသည်။ သူတို့၏နတ်ဘုရားစွမ်းရည်နှင့်မှော်စွမ်းအားက ပြိုင်ဘက်ကင်းသည်။ အတိတ်တွင် ကျင့်ကြံသူအချို့နှင့် သူ တစ်ခါ တိုက်ခိုက်ခဲ့သည်၊ အနိုင်အရှုံးတော့ မရှိခဲ့ပေ။

"မင်း စိတ်မချဖြစ်နေတာလား"

သူ့အ‌နောက်မှ အသံတစ်ခုနှင့်အတူ အိုမင်းကြီးရင့်သောမျက်နှာနှင့်အားနည်းသောပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

"မင်း သိပြီးသားမှတော့ မမေးပါနဲ့လား အဖေ"စင်းထို့က အားတင်းပြုံးလျက် ပြန်ဖြေလိုက်သည်"အတိတ်မှာ ကလန်ခေါင်းဆောင်ထိုင်ခုံအတွက် ငါနဲ့အကိုတို့ တိုက်ခိုက်ခဲ့တုန်းက မင်းလဲ စိုးရိမ်ခဲ့တာပဲမလား"

"မင်း မှန်ပါတယ်လေ"လူအိုကြီးက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်"ဒါပေမယ့် လူငယ်တွေက သူတို့ရဲ့လမ်းကြောင်းကို သူတို့ကိုယ်တိုင်ဖောက်ရမယ်ဆိုတာ မင်း သိထားရမယ်။ ကမ္ဘာကြီးက အမြဲတမ်းသန်မာသူတွေအတွက်ပဲ။ စင်းခေါက သတ္တိရှိတယ်၊ ကြံရည်ဉာဏ်ရည်လဲ ရှိတယ်၊ ခေါင်းဆောင်နေရာအတွက် သေချာပေါက် အသင့်တော်ဆုံးပဲ။ စင်းလုအန်ကိုတော့ တရုတ်ကျင့်ကြံသူတွေက ကူညီနေတယ်။ ပြီးတော့ မင်း.....ဘာလို့ မင်းက ရတက်မအေးနေရတာလဲ"

"မင်းက တရုတ်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ဖူးမှတော့ သူတို့ဘယ်လောက်အားကောင်းလဲ မင်း သိပါတယ်၊အဖေ"စင်းထို့က ခေါင်းခါယမ်းကာ ပြော၏"စင်းလုအန်ဘေးနားကကျင့်ကြံသူတွေက အရမ်းငယ်ရွယ်ပေမယ့် သတ်ဖြတ်ခြင်းနဲ့ ယဉ်ပါးနေမှာကို ငါ စိတ်ပူတယ်"

"ဒါဆိုလဲ မင်း စိတ်မချရင် စင်းရှော့ကို လွှတ်လိုက်လေ"လူအိုကြီးက စဉ်းစားပြီး‌နောက် ခေါင်းညိတ်လိုက်သည်"အပေါ်ယံမှာ မင်းက ငါတို့ကလန်ရဲ့အားအကောင်းဆုံးကျွမ်းကျင်သူဆိုပေမယ့် ငါနဲ့စင်းရှော့က မင်းထက် ပိုအားကောင်းတယ်။ ငါက ကျင့်ကြံခြင်းတစ်ဆို့နေတာ နှစ်ပေါင်းများစွာ ကြာပြီ၊ အခုထိ မချိုးဖြတ်နိုင်သေးဘူး။ ဒါပေမယ့် စင်းရှော့က ကျော်ဖြတ်မယ့်လက္ခဏာတွေ ပြနေပြီ"

"စင်းရှော့ရဲ့ကျင့်ကြံခြင်းက အဲအဆင့်ထိ ရောက်သွားပြီးလား"စင်းထို့က ထိတ်လန့်သွားသည်။

"လွန်ခဲ့တဲ့နှစ်ဝက်လောက်က သူက မှော်နတ်ဘုရားကျမ်းစာတစ်ခုကို ရခဲ့ပြီး အားကောင်းတဲ့မှော်ပညာရပ်တစ်ခုကို သင်ယူခဲ့တယ်။ သူက လက်ရှိအဆင့်အထိ မအောင်မြင်နိုင်ရင် အမှောင်နတ်ဆရာကလန်ရဲ့အထူးချွန်ဆုံးကျင့်ကြံခြင်းပါရမီရှင်အဖြစ် ဘယ်သတ်မှတ်ခဲ့ကြပါ့မလဲ"

စင်းခေါက သက်ပြင်းချကာ ရေရွတ်လိုက်မိသည်"ကြည့်ရတာ စင်းရှော့က ငါတို့ကလန်ရဲ့အားအကောင်းဆုံးကျွမ်းကျင်သူဖြစ်လာမယ့်ပုံပဲ။ ဒါပေမယ့် မင်းကရော၊ အဖေ။ ဘာလို့ မင်း အသက်ရှင်နေသေးတာကို ကလန်သားတွေကို မပြောခဲ့ရတာလဲ"

"မကြာခင်မှာ ကြီးမားသောဖြစ်ရပ်တစ်ခု ငါတို့ကလန်မှာ ဖြစ်လာမယ်လို့ ငါ အာရုံရနေတယ်။ ဒါကြောင့် ငါ အသက်ရှင်နေသေးတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။ စင်းခေါနဲ့စင်းလုအန်ကိုတောင် မပြောနဲ့"လူအိုကြီးက မရေမရာပြောလိုက်သည်။

ရုတ်တရက် လူအိုကြီးက ပြတင်းပေါက်မှ ငေးကြည့်ကာ ပြောလိုက်သည်"အမ်၊ သူတို့ပြန်လာပြီ။ ဘာလို့ စင်းဂလီက မပါလာရတာလဲ"

All Chapters