← Chapters

လောဘကြီးပြီး ရိုင်းစိုင်းကြမ်းကြုတ်တဲ့ဝံပုလွေတစ်ကောင်လား။

Vol. 72 Ch. 997

လောဘကြီးပြီး ရိုင်းစိုင်းကြမ်းကြုတ်တဲ့ဝံပုလွေတစ်ကောင်လား။

Vol. 72 Ch. 997

စင်းထို့လည်း မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က ဒဏ်ရာများနှင့် ပြန်လာသော်လည်း စင်းလုအန်က မပါလာသည်ကို သူ မြင်ရ၏။

ဘာများဖြစ်တာလဲ....မတော်တဆတစ်ခုခုများ ဖြစ်ခဲ့တာလား။

သူက ပြတင်းပေါက်မှ ပြေးထွက်ကာ သူတို့အရှေ့၌ ထွက်ပေါ်လာပြီး မေးမြန်းလိုက်၏"စင်းဂလီနဲ့စင်းလုအန်တို့‌ရော ဘယ်မှာလဲ။ မင်းတို့အားလုံးဒဏ်ရာရထားပေမယ့် အသေးအစားဒဏ်ရာတွေပါပဲ။ အတိအကျ ဘာများဖြစ်ခဲ့တာလဲ"

နတ်ဆရာအစောင့်အရှောက်ဆယ့်သုံး‌ယောက်က အရှိန်ရပ်လိုက်ပြီး စင်းထို့ရှေ့၌ ဒူးထောက်လိုက်ကြသည်။ သက်လတ်ပိုင်းအရွယ်လူက ခါးသီးရှုပ်ထွေးသောမျက်နှာနှင့် တင်ပြလိုက်သည်"မထင်မှတ်တာတွေ ဖြစ်သွားခဲ့တယ်၊ ငါတို့က စင်းခေါကို မကယ်နိုင်ခဲ့ဘူး၊ ခေါင်းဆောင်နေရာကိုလိုချင်တဲ့စင်းဂလီကတော့ ထွက်ပြေးသွားပြီ"

စင်းထို့၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက ဒေါသတကြီးအော်ပြောလိုက်သည်"မင်း ဘာတွေ ပြောနေတာလဲ။ စင်းဂလီက အဆင့်မြင့်ကလန်အကြီးအကဲတစ်ယောက်ပဲ၊ ဘယ်လိုလုပ်ပြီး သူက ကလန်ခေါင်းဆောင်နေရာကို လိုချင်ရမှာလဲ။ မင်း.....မင်း ဘာပြောခဲ့တာလဲ။ ငါက စင်းလုအန်ကို ကယ်ဖို့ အမိန့်ပေးခဲ့တယ်၊ ဘာလို့ မင်းတို့က စင်းခေါကို မကယ်နိုင်ဘူးလို့ ပြောရတာလဲ။ ဘာတွေ ဖြစ်နေတာလဲ"

နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်က အဖြစ်အပျက်တစ်ခုလုံးအား အကျဉ်းချုပ်ပြောပြလိုက်သည်"စင်းခေါရဲ့လူ‌တွေအားလုံးသေသွားပြီ၊ အခုလောက်ဆို စင်းခေါလဲ သေပြီထင်တယ်။ စင်းဂလီက သတ်ဖြတ်လိုစိတ်ကို တစ်ချိန်လုံး ဖုံးကွယ်ထားတာ၊ သူ့မှာ အမှောင်နတ်ဘုရားမိုးကြိုးနှစ်လုံးတောင် ရှိတယ်။ သခင်လေးစင်းလုအန်ရဲ့ဘက်ကသာ သူ့ကို အဆုံးစွန်းထိ ဖိအားမပေးခဲ့ရင် သူက သူ့အသက်ကို ကယ်ဖို့ အမှောင်နတ်ဘုရားမိုးကြိုးကို ယူထုတ်ဖြစ်ခဲ့မှာမဟုတ်ဘူး"

စင်းထို့က မယုံကြည်နိုင်သောအကြည့်နှင့် စိုက်ကြည့်လိုက်သည်။ တင်ပြချက်အား သူ မယုံနိုင်သော်ငြား ဤလူများက သူ့ကလန်၏သစ္စာအရှိဆုံးစစ်သည်တော်များဖြစ်ကြ၏။ နတ်ဆရာအစောင့်အရှောက်များကသာ ယုံကြည်လို့မရလျှင် အမှောင်နတ်ဆရာကလန်၏အဆုံးသတ်ဟု ဆိုလိုသည်။

ဒါပေမယ့် ဒီကိစ္စက ဘယ်လိုလုပ်ပြီး အဲဒီလိုအဆုံးသတ်သွားရတာလဲ။ စင်းခေါကို စင်းလုအန်နဲ့တရုတ်ကျင့်ကြံသူတွေက တကယ်ပဲ သတ်ဖြတ်ခဲ့တာလား။

နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က တုံ့ဆိုင်းနေပုံပေါ်ပြီး ခါးသီးစွာ ထပ်ပြောလိုက်ပြန်၏"ငါတို့တွေ အချိန်ရှိတုန်း ပြင်ဆင်ထားတာ အကောင်းဆုံးပဲ၊ ခေါင်းဆောင်။သခင်လေးစင်းလုအန်၊ သူက....."

"သူ ဘာဖြစ်လို့လဲ"စင်းထို့က လေးလံသောအသံနှင့် မေးလိုက်သည်"သူက စင်းခေါကို သတ်တာနဲ့တင် မလုံလောက်ဘူးလား၊ ဘာလဲ၊ သူက သူ့ရဲ့အဖေကိုတောင် သတ်ချင်တာလား"

"သူ ပြောတယ်၊ စင်း‌ခေါကို သတ်ဖို့က ပထမဆုံးအလုပ်တဲ့၊ စင်းခေါကို သတ်ပြီးရင် ကလန်ကို ချက်ချင်းလာမယ်တဲ့"ခေါင်းဆောင်က ရှင်းပြ၏"သူက သင့်ကို ခေါင်းဆောင်ထိုင်ခုံကို လက်လွှဲစေချင်တယ်။ သူ့ရဲ့နောက်ဆုံးပန်းတိုင်က အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်ဖို့ပဲ"

"သူ ဘယ်လို လုပ်ရဲတာလဲ"စင်း‌ထို့က အော်ပြောလိုက်သည်။

"တစ်ဖက်လူက အရမ်းအားကောင်းတယ်၊ ခေါင်းဆောင်"ခေါင်းဆောင်က ဆက်ပြောသည်"အဲဒီတရုတ်ကျင့်ကြံသူတွေကို ဖယ်ထားလိုက်ရင်တောင် သခင်လေးစင်းလုအန်၊ သူ့ရဲ့အစောင့်အရှောက်အကြီးအကဲငါးယောက်နဲ့ အဲဒီမိန်းကလေးက အရင်ကထက် အများကြီး ပိုသန်မာလာတယ်။ သခင်လေးစင်းလုအန်က သခင်လေးစင်းခေါအတွက် ပြိုင်ဘက်မဟုတ်ဘူးလို့ ငါတို့ ထင်ခဲ့ပေမယ့် အခု သူတို့က ညီမျှနေပြီ"

"ဒါ အဓိပ္ပါယ်မရှိတာ"စင်းထို့က ဒေါသကြီးစွာ အော်လိုက်သည်"ငါ စင်းလုအန်ရဲ့ကျင့်ကြံခြင်းအဆင့်ကို သိတယ်။ သူ့စွမ်းအားက အားနည်းတယ်။ စင်းခေါကို မီစရာ အကြောင်းရင်းမရှိဘူး"

"ငါ အမှန်အတိုင်း တင်ပြတာပါ၊ ခေါင်းဆောင်။ သခင်လေးစင်းလုအန်က အရင်ကထက် အများကြီးပိုအားကောင်းလာပြီ"ခေါင်းဆောင်က အားတင်းပြုံးလျက် ပြန်ဖြေ၏"သူနဲ့တစ်ယောက်ချင်းတိုက်ခိုက်ရရင် ငါ့အနေနဲ့ အနိုင်ရဖို့ မလွယ်ဘူး။ ဒါ့ပြင် သူ့ရဲ့အစောင့်အရှောက်အကြီးအကဲငါးယောက်ကလဲ အများကြီးပိုအားကောင်းလာတယ်။ သူတို့ကို သတ်နိုင်‌ခြေက ငါ့အတွက် ခြောက်ဆယ်ရာခိုင်နှုန်းအောက်ပဲ"

တင်ပြချက်က စင်းထို့အား အလွန်ထိတ်လန့်သွားစေသည်။ မယုံကြည်နိုင်မှုမီးပွားများက သူ့မျက်လုံးများထဲ၌ လက်သွားပြီး အချိန်အတန်ကြာ နှုတ်ဆိတ်နေခဲ့၏။

ဝှစ်......

ပုံရိပ်တစ်ခုက စင်းထို့နှင့်နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်အရှေ့၌ ရုတ်ချည်းထွက်ပေါ်လာ၏။ ဉာဏ်ပညာနက်နဲသောအကြည့်နှင့် သူက ပြောလိုက်သည်"စင်းလုအန်နဲ့သူ့ရဲ့အစောင့်အရှောက်အကြီးအကဲတွေ အချိန်တိုအတွင်း ကျင့်ကြံခြင်းအဆင့်တိုးတက်လာဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ခွန်အားကို အမြန်တိုးစေတဲ့နည်းလမ်း‌တွေ တကယ်ပဲ ရှိတယ်"

"ဘာနည်းလမ်းတွေလဲ၊ အဖေ"စင်းထို့က မေးလိုက်၏။

"တရုတ်ဆေးလုံးတွေ"လူအိုကြီးက ရေးရေးလေးပြော၏။

တရုတ်ကျင့်ကြံသူများထဲတွင် ဆေးလုံးဖော်စပ်သူမာစတာများရှိသည်ကို စင်းထို့ကိုယ်၌က ကောင်းကောင်းသိ၏။ သို့သော် ဤအရာက ဒဏ္ဍာရီတစ်ခုမျှသာ။ သူသိသောဗဟုသုတများအရ တရုတ်ကျင့်ကြံသူများထဲတွင် ဆေးလုံးသန့်စင်သူများက ရှားသည်၊ နည်းပါးသည်၊ ဆေးလုံးတစ်လုံးစီက ထိုကျင့်ကြံသူများအတွက် အဖိုးမဖြတ်နိုင်သောရတနာတစ်ခုဖြစ်၏။

စင်းလုအန်မိတ်ဖွဲ့ခဲ့‌သောကျင့်ကြံသူများထဲတွင် ဆေးလုံးသန့်စင်သူတစ်ယောက်ရှိလျှင်ပင် ထိုလူက စင်းလုအန်နှင့်သူ့လူများအား တစ်ကြိမ်တည်းနှင့် ဆေးလုံးအမြောက်အများပေးရန် မဖြစ်နိုင်ပေ။

ထိုအချိန်တွင် နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က သူတို့အရှေ့ရှိလူအိုကြီးအား စိုက်ကြည့်လိုက်သည်။ သူတို့နှလုံးခုန်သံက အဆများစွာ ပိုမြန်လာ၏။

"အရင်ခေါင်းဆောင်လား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ခေါင်းဆောင်ဟောင်းက လွန်ခဲ့တဲ့ဆယ်စုနှစ်ငတည်းက သေသွားပြီမလား။ ဘယ်လိုလုပ်ပြီး သူက အသက်ရှင်နေသေးတာလဲ"

လူအိုကြီးက နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်အား ကြည့်ကာ ခပ်ဖျော့ဖျော့ပြောလိုက်သည်"မင်းတို့အားလုံး ခေါင်းရှုပ်နေမှာ ငါ သိတယ်၊ ငါ ဘာလို့ အသက်ရှင်နေသလဲဆိုတာ မင်းတို့ သိချင်နေမှာပေါ့။ အခု ငါ ရှိနေမှတော့ အမှန်တရားကို ပြောပြလိုက်ပါ့မယ်။ တံခါးပိတ်ကျင့်ကြံဖို့ ငါက သတင်းအတု လွှင့်ခဲ့တာပဲ။ ကလန်က သေရေးရှင်ရေးအခြေအနေတစ်ခုမရင်ဆိုင်ရ‌သရွေ့ ငါ မထွက်လာဖို့ ဆုံးဖြတ်ထားတယ်"

နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က ချက်ချင်းနားလည်လိုက်ပြီး လူအိုကြိးအား အရိုအသေပေးလိုက်သည်"ခေါင်းဆောင်ဟောင်းကို နှုတ်ဆက်ပါတယ်....."

လူအိုကြီးက ပျော်ရွှင်စွာ ခေါင်းညိတ်ကာ အင်္ကျီလက်အား ဝှေ့ယမ်းလိုက်သည်။ စွမ်းအင်စီးကြောင်းတစ်ခု ထွက်လာပြီး နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ထံ မြင့်တက်သွားကာ သူက ပြောလိုက်သည်"မင်းတို့က မင်းတို့ရဲ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ခဲ့တယ်။ အတိတ်မှာ ငါ မင်းတို့အားလုံးကို လေ့ကျင့်ပေးခဲ့တယ်၊ မင်းတို့အားလုံး အခု ပိုသန်မာလာပြီ။ ထို့ကို ကူညီရင်း ကလန်အတွက် အမြောက်အများလုပ်ဆောင်ပေးခဲ့တယ်။ ဒီအရေးကို ဖြတ်ကျော်ပြီးရင် မင်းတို့ရဲ့ကျင့်ကြံခြင်းတိုးတက်စေဖို့ အမှောင်ယဇ်ပလ္လင်ကို ငါ ဖွင့်ပေးမယ်"

ကျေနပ်ပီတိဖြစ်ခြင်းက နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားသည်။ လွန်ခဲ့သောဆယ်စုနှစ်က သူတို့၏ကျင့်ကြံခြင်းအဆင့်မြှင့်တင်ရန် အမှောင်ယဇ်ပလ္လင်အား အသုံးပြုခဲ့သည်။ သူတို့က အမှောင်ယဇ်ပလ္လင်အား ထပ်မံအသုံးပြုနိုင်မည်ဆိုလျှင် သူတို့၏ခွန်အားက လက်ရှိခေါင်းဆောင်နှင့် ယှဉ်နိုင်လာဖို့များ၏။

"ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ဟောင်း"

စင်းထို့က လူအိုကြီးအား ကြည့်ကာ ပြောလိုက်သည်"ဒီကိစ္စကို ဖြေရှင်းဖို့ မင်း ဘယ်လိုအကြံပေးချင်လဲ၊ အဖေ။ ကလန်ခေါင်းဆောင်ထိုင်ခုံကို စင်းလုအန်ကို ပေးဖို့ တကယ်ပဲ လိုအပ်လား"

"မင်းက သူ့ကို ကလန်ခေါင်းဆောင်နေရာပေးမယ်ဆိုရင် အမှောင်နတ်ဆရာကလန်ခေါင်းဆောင်နေရာက သူ့အတွက်ပဲ။ ဒါပေမယ့် သူက အင်အားသုံးလာမယ်ဆိုရင် သူက ပုန်ကန်မှုကျူးလွန်တာပဲ"လူအိုကြီးက ခပ်ဖျော့ဖျော့ပြောသည်။

စင်းထို့က ခေါင်းညိတ်ကာ ပြော၏"မင်း ဘာဆိုလိုချင်သလဲဆို ငါ နားလည်တယ်၊ အဖေ။ မင်း စိတ်ချပါ။ ငါ အားလုံးကို ပြင်ဆင်ထားတယ်။ စင်းလုအန်က ကြိုးစားမယ်ဆိုရင် အနာဂတ်ကျရင် ကလန်ခေါင်းဆောင်နေရာကို သူ့ကို လွှဲပေးမှာပါ။ ဒါပေမယ့် သူက လုယူဖို့ ကြိုးစားလာမယ်ဆိုရင်တော့ ငါ့လက်နဲ့ ငါ့ရဲ့သားကို သတ်ရလိမ့်မယ်"

များမကြာမီ အမှောင်နတ်ဆရာကလန်သားများက ကလန်သို့ပြန်လာရန်အမိန့်ကို လက်ခံရရှိခဲ့ကြသည်။ ကမ္ဘာတစ်ဝှမ်းရှိအမှောင်နတ်ဆရာကလန်သားများအားလုံးက သူတို့၏လုပ်လက်စအလုပ်များကို ရပ်ကာ ဘန်ကောက်ရှိကလန်သို့ အပြေးလာကြသည်။

****

အုန်းခြံအပျက်အဆီးအနီးနားတွင်။

"ဟမ်"သတင်းကို လက်ခံပြီးနောက် စင်းလုအန်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့ဘေးနားတွင်ရှိသောထန်ရှုက သူ့အမူအရာကို မြင်ပြီး ချက်ချင်းမေးလိုက်သည်"ဘာဖြစ်လို့လဲ"

"နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်တင်ပြလိုက်လို့ဖြစ်မယ်။ ဟမ့်၊ ငါက ကလန်‌ခေါင်းဆောင်နေရာကို အားသုံးလုယက်မယ်လို့ သူတို့က ငါ့အဖေကို ပြောခဲ့တာ ဖြစ်ရမယ်"စင်းလုအန်က အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်"အပြင်မှာရှိနေတဲ့ကလန်သားအားလုံး ချက်ချင်းပြန်လာရမယ်လို့ ငါ့အဖေက အမိန့်ထုတ်ပြန်ခဲ့တယ်။ ထူးဆန်းတာက ငါနဲ့ငါ့လူတွေက အဲ့အမိန့်ကို မရခဲ့ဘူး"

"အာ၊ ကြည့်ရတာ မင်းအဖေက မင်းကို သတိထားနေပုံပဲ၊ စင်းလုအန်"ထန်ရှုက သက်ပြင်းချလိုက်သည်"ငါတို့ အမြန်မလှုပ်ရှားရင် မင်းရဲ့ကလန်တစ်ခုလုံးနဲ့ ရင်ဆိုင်လာရနိုင်တယ်"

"ဒါဆို အခုပဲ အမှောင်နတ်ဆရာကလန်ကို သွားကြတာပေါ့၊ မစ္စတာထန်"စင်းလုအန်က ပြော၏"ငါ့အဖေက ငါ့ကို ကလန်ခေါင်းဆောင်နေရာမလွှဲပေးချင်မှန်း သိသာတယ်။ တစ်ခုတည်းသောရွေးချယ်စရာက အင်အားသုံးဖို့ပဲ"

"ဒီလိုဆိုမှတော့ ငါတို့သွားကြတာပေါ့"ထန်ရှုက ခေါင်းညိတ်လိုက်သည်။"ကျင်းရှီ၊ ထန်အန်ကို ကာကွယ်ဖို့ မင်း ဒီမှာ နေခဲ့။ ငါ စိတ်ချမယ်နော်"

"ငါ မသေသရွေ့ သူမကို ဘယ်သူမှ မနှောင့်ယှက်စေရပါဘူး၊ သူဌေး"ကျင်းရှီက ရိုသေလေးစားစွာ ပြန်ဖြေ၏။

"အဲဒါ မလိုပါဘူး"

ဝိုးတိုးဝါးတားအရိပ်တစ်ခုက သူတို့အဖွဲ့ရှေ့၌ ချက်ချင်းထွက်ပေါ်လာသည်။ ထန်အန်က ပုံမှန်အတိုင်း အနက်ရောင်ဝတ်စုံ၊ ကြေးမျက်နှာဖုံး၊ အနက်ရောင်လက်အိတ်တို့နှင့်ပင်။ သူမက ထန်ရှုဘက်လှည့်ကာ ရိုသေလေးစားစွာ ပြောလိုက်သည်"ငါ အခု နှစ်ဆယ်ရာခိုင်နှုန်းကျော် ပြန်ကောင်းနေပြီ၊ ဆရာအဘိုး။ အမှောင်နတ်ဆရာကလန်ကို ရောက်တဲ့အခါကျရင် ငါ့ဒဏ်ရာက အများကြီးပိုကောင်းလာလိမ့်မယ်လို့ ငါ ယုံတယ်"

"မင်း တကယ် အဆင်ပြေရဲ့လား"ထန်ရှုက သေချာမေးလိုက်သည်။

"ငါ အဆင်ပြေပါတယ်၊ ဆရာအဘိုး။ ငါ ထပ်တိုက်ခိုက်ရရင်တောင် ငါ့ကို အများကြီး မထိခိုက်စေနိုင်ပါဘူး"ထန်ရှုက အခိုင်အမာပြော၏"ငါက ချောင်းမြောင်းတိုက်ခိုက်ရာမှာ အကောင်းဆုံးပဲလေ"

"ဒါဆို အခုပဲ သွားကြတာပေါ့"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

ကားဒါဇင်ကျော်က အမှောင်နတ်ဆရာကလန်နယ်‌မြေသို့ လျင်မြန်စွာ ဦးတည်ထွက်လာခဲ့သည်။ ထန်ရှုက ထိုကားများအား ခန်အဂျာနှင့်ကျိုတာချွမ်းတို့ထံမှ ငှားလာခဲ့ခြင်းဖြစ်၏။

နာရီဝက်ကြာပြီးနောက် ကားများက ဘန်ကောက်မြို့လယ်ကို ဖြတ်ကျော်ကာ လမ်းကျယ်များဆီ ဆက်လက်ဖြတ်သန်းလာ၏။ အရိပ်တစ်ခုက လျှပ်စီးအလား ကားများဆီ ရွေ့လျားလာခဲ့သည်။ ကားတံခါးပွင့်ပြီး ပြန်ပိတ်ပြီးနောက် ထန်ကွမ်းက ထန်ရှုဘေးနား၌ ထိုင်နေပြီဖြစ်၏။

"ဘယ်လိုလဲ။ မင်း သူတို့ကို လိုက်မီခဲ့လား"

ထန်ရှုက မေးလိုက်သည်။

"သူတို့ရဲ့ခြေရာလက်ရာ ပျောက်သွားတယ်၊ သူဌေး"ထန်ကွမ်းက အားတင်းပြုံးလျက် ဆိုလိုက်သည်"စင်းခေါက ပုန်းဖို့နည်းလမ်းကောင်းတွေ တော်တော်ရှိတယ်၊ သူနဲ့အတူပြေးသွားတဲ့အဲ့အကောင်လဲ အတော်လေးစွမ်းဆောင်နိုင်တယ်"

"ငါတို့တွေ ရန်စခဲတဲ့ရန်သူတွေ တော်တော်လေးများနေပြီမလား။ ကြည့်ရတာ ပြည်မကို ပြန်ရောက်တာနဲ့ ငါတို့တွေ စစ်ဆေးမှုအချို့ ပြုလုပ်ဖို့လိုမယ်"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ကွမ်၊ စင်းလုအန် ကလန်ခေါင်းဆောင်ဖြစ်ပြီးတာနဲ့ ငါ မင်းကို လုပ်ခိုင်းစရာတစ်ခုရှိတယ်"

"ကျေးဇူးပြုပြီး ငါ့ကို ပြောပါ၊ ဆရာအဘိုး"ထန်ကွမ်းက မေးလိုက်သည်။

"မင်းကို ဂျပန်လွှတ်ဖို့ ငါ စီစဉ်ထားတယ်။ ယာမာမိုတိုအိမ်ကို လက်လွှဲယူနိုင်ဖို့ မင်း ကုဝါကိုကို ကူညီပေးရမယ်"ထန်ရှုက ရှင်းပြလိုက်သည်"ပြီးတော့ ကျွမ်းကျင်သူတစ်ဖွဲ့ကို လေ့ကျင့်ပေးတဲ့အခါမှာ သူမကို ကူညီပေးရမယ်။ အနာဂတ်မှာ ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါကျရင် သူတို့က အရေးပါလိမ့်မယ်"

All Chapters