← Chapters

အဆိပ်အသုံးပြုခြင်း

Vol. 72 Ch. 998

အဆိပ်အသုံးပြုခြင်း

Vol. 72 Ch. 998

အရှေ့အရပ်မှ နေထွက်လာသော်လည်း အမှောင်တိမ်တိုက်များက ကောင်းကင်အား သိမ်းပိုက်ထားဆဲပင်။ မုန်တိုင်းတစ်ခုအစပျိုး‌တော့မည့်အလား လေထုက ဖိနှိပ်နေလှကာ မွန်းကျပ်သောခံစားချက်တစ်ခုအား ပေးစွမ်းနေလေသည်။

သွေးရနံ့မျာက နှာခေါင်း၌ ရစ်ဝဲနေသလို၊ သတ်ဖြတ်လိုစိတ်က လေထဲ၌ စိမ့်ဝင်ပျံ့နှံ့နေပြီး ပူပြင်းသောနွေရာသီက ချမ်းစိမ့်စိမ့်ဖြစ်နေလေသည်။ ထန်ရှုက ကားထဲ၌ တည်ငြိမ်စွာ ထိုင်နေသော်လည်း သူ့စိတ်များက လျင်မြန်စွာ လှုပ်ရှားနေသည်။ မဟာတာအိုလမ်းကြောင်းက အကြင်နာမဲ့သော်လည်း သူက ခံစားချက်များနှင့် လူသားတစ်ယောက်သာ။ ကံမကောင်းစွာနှင့် သူက အမြင့်ရောက်ချင်လျှင် ရန်သူများအား ရက်စက်ရမည်သာ ဖြစ်၏။

'အမှောင်နတ်ဆရာကလန်'

ပေါင်ပုတ်ရင်း ကလန်ခေါင်းဆောင်စင်းထို့အား မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေသည်။ စင်းလုအန်ထံမှရရှိသောအချက်အလက်အရ စင်းထိုက အားကောင်းသောမှော်ဆရာတစ်ယောက်ဖြစ်ပြီး သူ့ကလန်၏နံပါတ်တစ်ကျွမ်းကျင်သူဟု ဆိုကြသည်။

ဤလူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည့်အပေါ် ထန်ရှုက မစိုးရိမ်ပေ။ သို့သော် သူက အမှောင်နတ်ဆရာကလန်တစ်ခုလုံးအား သတ်ဖြတ်ရန်အတွက် လာသည်မဟုတ်၊ စင်းလုအန်အတွက် ခေါင်းဆောင်နေရာယူပေးရန်အတွက်သာ။ ထို့ပြင် စင်းလုအန်က သူ့အဖေအား မသတ်ဖြတ်လိုပေ။ သို့ဖြစ်၍ စင်းထို့က သူ့နေရာမှ အသာတကြည်ဆင်းပေးမည့်နည်းလမ်းတစ်ခုအား ရှာရမည်ဖြစ်သည်။

သွေးမထွက်ဘဲအောင်မြင်နိုင်လျှင် အကောင်းဆုံးပင်။

ထန်ရှုက ခေါင်းမော့လိုက်ပြီး သူ့မျက်လုံးများက သူ့ဘေးနားတွင်ထိုင်နေသောထန်ကွမ်း၊ ထိုမှ အရှေ့ခုံတွင်ထိုင်နေသောမိုအားဝူနှင့် ထိုမှတဖန် ကားမောင်းနေသောကျင်းရှီထံ ရောက်ရှိသွားလေသည်။ မိနစ်အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် သူက သာမန်မျှစွာ မေးလိုက်သည်"အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မင်းတို့မှာ အိုင်ဒီယာတစ်ခုခုရှိလား"

"ငါတို့ သူ့ကို တိုက်ရိုက်ဖမ်းလိုက်ရင်ရော ဘယ်လိုလဲ၊ သူဌေး"အရှေ့ခုံမှမိုအားဝူက အေးစက်စွာ ပြောသည်"သူက ခုခံရဲရင် သူ့ကို အဆုံးသတ်လိုက်ရုံပေါ့။ တိုက်ခိုက်နေရင်း သူ သေသွားရင် ဓားတွေမှာ မျက်လုံးမပါဘူးလေ၊ စင်းလုအန်လဲ ဘာမှပြောနိုင်မှာမဟုတ်ဘူး"

"မင်းတို့နှစ်ယောက်ကရော။ အကြံဉာဏ်တစ်ခုခုများ ရှိသလား"ထန်ရှုက ထပ်မေး၏။

ကျင်းရှီက လှည့်မကြည့်ဘဲ ပြောလိုက်သည်"ငါလဲ အားဝူနဲ့ အတွေးတူတယ်၊ သူဌေး။ ငါတို့မှာ လုပ်နိုင်စွမ်းအားရှိမှတော့ ခေါင်းဆောင်နေရာမှ ဆင်းပေးဖို့ အားသုံးလိုက်ရုံပေါ့"

ထန်ကွမ်းက ထန်ရှုအား အရင်ကြည့်ပြီးနောက် တစ်လုံးချင်းစီ ပြောလိုက်သည်"အမှောင်နတ်ဆရာကလန်ရဲ့လက်ရှိကလန်ခေါင်းဆောင်ကို သတ်ဖြတ်ဖို့ ရွေးချယ်တာကို ငါတော့ ဆန့်ကျင်တယ်။ တကယ်တော့ သူ့ကို သတ်ဖြတ်တာက အကောင်းဆုံးမဟုတ်ဘူး။ လက်ရှိမှာ ငါတို့က စင်းလုအန်နဲ့ ပူးပေါင်းဆောင်ရွက်နေရတာ။ ငါတို့က သူ့အဖေကို သတ်လိုက်ရင် ငါတို့ သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်းဆက်ဆံ သူ့ရင်ထဲမှာ အပေါက်တစ်ခုဖြစ်နေမှာပဲ။ လက်ရှိမှာ သူ့ကလန်ရဲ့ခွန်အားက အားနည်းလွန်းမှန်း သိတာကြောင့် သူက ငါတို့ကို ဆန့်ကျင်ရဲမှာတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် သူ့ကလန်က ခွန်အားရှိလာတာနဲ့ ငါတို့ကို သစ္စာမဖောက်ဘူးလို့ မပြောနိုင်ဘူး"

"ဆက်ပြော"ထန်ရှုက ပြောလိုက်သည်။

"ကျွန်တော်ကတော့ နည်းဗျူဟာတစ်ခုအသုံးပြုဖို့ အကြံပေးချင်တယ်"ထန်ကွမ်းက ပြော၏"အကောင်းဆုံးနည်းလမ်းက လက်ရှိအမှောင်နတ်ဆရာကလန်ခေါင်းဆောင်ကို ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာ ထားရှိတာပဲ။ သူ့အသက်ကို ထိန်းချုပ်နိုင်သရွေ့ သူ မနာခံမှာ၊ သူ့နေရာကနေ မဆင်းပေးမှာကို စိုးရိမ်စရာမလိုတော့ဘူး"

အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ကပ်တွယ်လာပြီး သူက ထပ်မေးလိုက်၏"ဒီကလန်ခေါင်းဆောင်ရဲ့အသက်ကို ထိန်းချုပ်ဖို့ ငါတို့ ဘာနည်းလမ်းအသုံးပြုရမလဲ၊ မင်းမှာ အကြံပြုချက်များရှိမလား"

"မှတ်ဉာဏ်ထဲမှာအရ သူဌေးမှာ ဂျပန်အမျိုးသမီးကူဝါကိုကို ထိန်းချုပ်ဖို့အသုံးပြုခဲ့တဲ့နည်းလမ်းလိုမျိုး ရှိတယ်မလား"ထန်ရှုက မေးရင်း ဆက်ပြောသည်"ဒီနည်းစနစ်ကို လက်ရှိအမှောင်နတ်ဆရာကလန်ခေါင်းဆောင်အပေါ်မှာ အသုံးပြုလိုက်မယ်ဆိုရင် စင်းလုအန်က ခေါင်းဆောင်အသစ်ဖြစ်လာရင်တောင်မှ ငါတို့က ဒီကလန်ပေါ်မှာ သံတစ်ချောင်းရိုက်ထားသလိုပဲ။ ထပ်ပြောရရင် နောက်တစ်ချိန်မှာ သူက ငါတို့ကို နောက်ကြောင်းပြန်တိုက်ခိုက်လာရင် သူ့အဖေကို သူ့နေရာမှာ အစားထိုးလို့ရတာပဲ"

"ဒီနည်းစနစ်ကို အသုံးပြုတာက ကောင်းမွန်တဲ့အိုင်ဒီယာတစ်ခုပဲ၊ ဒါပေမယ့် အဲဒါက ကူဝါကိုလိုကိစ္စရပ်မျိုးမှာပဲ ထိရောက်တာ"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"အဲဒါက လက်ရှိအမှောင်နတ်ဆရာကလန်ခေါင်းဆောင်အပေါ်မှာ အသုံးပြုဖို့က အရမ်းခက်ခဲလိမ့်မယ်"

နည်းစနစ်က စိတ်ဝိညာဉ်ထိန်းချုပ်မန္တန်ပင်။ ဤပညာရပ်အား တစ်ယောက်ယောက်အပေါ် အသုံးပြုရန် အခြေအနေနှစ်ရပ်လိုအပ်သည်။ ပထမအားဖြင့် အသုံးပြုသူက ပစ်မှတ်ထက် ခွန်အားပိုကောင်းရမည်။ ဒုတိယအားဖြင့် ပစ်မှတ်က လက်ခံရာ၌ ပူးပေါင်းဆောင်ရွက်ရမည်၊ သူသို့မဟုတ်သူမအသက်အား အသုံးပြုသူထံ ပေးအပ်လိုစိတ်ရှိရမည်။

ထန်ရှုက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်နှင့် ဘယ်တော့မှ မတွေ့ဖူးသော်ငြား ဤလူက သူ့စိတ်ဝိညာဉ်အား ဖွင့်ပေးပြီး သူ့အသက်အား စိတ်ဝိညာဉ်ထိန်းချုပ်မန္တန်နှင့် ထိန်းချုပ်စေမည်ကို ခွင့်ပြုမည်မဟုတ်မှာ သေချာသည်။

ထန်ကွမ်းက ခဏနှုတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်ပြန်သည်"အဲဒီနည်းလမ်းက အဆင်မပြေဘူးဆိုရင် ငါတို့မှာ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်၊ သူဌေး"

"ပြောပါ"ထန်ကွမ်း၏အိုင်ဒီယာအား ခန့်မှန်းခဲ့ပြီးဖြစ်သော်လည်း ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည်။

"အဆိပ်အသုံးပြုတာပဲ"ထန်ကွမ်းက ပြော၏။

ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"အဆိပ်ကို အသုံးပြုတာက တကယ်ကို ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲ။ ငါက အဆိပ်အမျိုးမျိုးဖော်စပ်နိုင်တယ်။ ကံမကောင်းစွာနဲ့ ငါတို့မှာ အချိန်အလုံအလောက်မရှိတာပဲ၊ ဒါကြောင့် သူတို့ကို သူတို့ကို သန့်စင်ဖို့ဆိုတာ အတော်ကလေးလက်တွေ့မကျဘူး။ ရှိခဲ့ရင်တော့....."

"ရှိခဲ့ရင် ဘာဖြစ်လဲ၊ သူဌေး"ထန်ကွမ်းက ကမန်းကတန်းမေးလိုက်သည်။

"ကောင်းမွန်စွာထိန်းသိမ်းထားတဲ့အဆင့်မြင့်သားရဲရိုင်းရဲ့သွေးရှိမယ်ဆိုရင်ပေါ့"ထန်ရှုက ပြော၏"ငါ အဲဒါကို အချိန်တိုအတွင်းမှာ အဆိပ်ကို ထုတ်ဖို့ အသုံးပြုနိုင်တယ်။ ဒါပေမယ့် ငါ့မှာ အဆင့်နိမ့်နဲ့ အလယ်ဆင့်သားရဲရိုင်းတွေရဲ့သွေးပဲ ရှိတယ်။ မဟုတ်ရင် သူ မသိဘဲနဲ့ အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ကို ငါ အဆိပ်ခပ်နိုင်တယ်"

ထိုအချိန်တွင် မိုအားဝူက ကြားဖြတ်ပြောလာသည်"ငါ့မှာ အဆင့်မြင့်သားရဲရိုင်းသွေးရှိတယ်၊ သူဌေး"ထိုသို့ပြောပြီးနောက် သူ၏သိုလှောင်လက်စွပ်မှ‌ ကျောက်စိမ်းပုလင်းတစ်လုံးယူထုတ်ကာ ထန်ရှုထံ ကမ်းပေးပြီးနောက် ထပ်ပြောလိုက်သည်"လွန်ခဲ့တဲ့နှစ်အနည်းငယ်က အာဖရိကမှာ မစ်ရှင်တစ်ခု ထမ်းဆောင်တုန်းက ငါ ဒါကို မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်စီကနေ ရရှိထားတာပဲ။ ဒါက နတ်ဘုရားသားရဲဒါမှမဟုတ်တစ်ခုခုရဲ့သွေး၊ ဒါကို ရဖို့ သူ့ဘိုးဘေးတွေက အစွမ်းကုန်အားထုတ်ခဲ့ရတယ်လို့ သူ ပြောတယ်။ ဒီသွေးက သာမန်လူတွေရဲ့အသက်အားနဲ့ရုပ်ပိုင်းဆိုင်ရာကို တိုးတက်စေနိုင်တယ်လို့ သူ ပြောတယ်"

ထန်ရှု၏အမူအရာက ပြောင်းလဲသွား၏။ ကျောက်စိမ်းပုလင်းကို လက်ခံပြီးနောက် အဖုံးဖွင့်ကာ အနံ့ခံလိုက်သည်။ ကျေနပ်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက ချီးကျူးလိုက်သည်"ဒါ တကယ်ကို အဆင့်မြင့်သားရဲရိုင်းသွေးပဲ။ ဒါ အတော်တော်လေးတန်ဖိုးရှိတယ်၊ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားနိုင်တာလဲ အတော်လေးထူးခြားတယ်။ ဒါနဲ့ဆိုရင် အဆိပ်ကို အချိန်တိုအတွင်း ငါ သန့်စင်နိုင်တယ်"

"ဒါ ဘယ်သားရဲရိုင်းကနေ ထုတ်ထားတဲ့သွေးဆိုတာ မင်း သိလား၊ သူဌေး"မိုအားဝူက သိလိုစိတ်မျက်နှာနှင့် မေးလိုက်သည်။

"ဒါက ရေနဂါးတစ်ကောင်အဖြစ်ဆင့်ကဲပြောင်းလဲမယ့်စပါးအုံးတစ်ကောင်ဆီကပဲ"ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလျက် ပြော၏"ဒီကောင် အသက်ရှင်လာတာ နှစ်ထောင်ချီရှိမယ်၊ ပြီးနောက် ကျင့်ကြံခြင်းလမ်းကြောင်းကို ရောက်သွားခဲ့တာ။ ဒါကြောင့် ၎င်းရဲ့သွေးမျိုးဆက်က မြင့်တက်သွားပြီး အခုလိုကြောက်စရာကောင်းတဲ့စွမ်းအားရှိနေရတာပဲ။ မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ဒီကောင်ကို မတိုက်ခိုက်နိုင်ဘူး။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်မှပဲ တိုက်ခိုက်နိုင်မှာ။ ဒီအကြောင်းပြောရရင် မင်းတွေခဲ့တဲ့မျိုးနွယ်စုက မျက်စိနဲ့မြင်နိုင်တာထက် ပိုတယ်၊ မိုအားဝူ"

"သူတို့က တကယ်ထူးခြားတဲ့မျိုးနွယ်စုတစ်ခုပဲ"မိုအားဝူက ခေါင်းညိတ်ကာ ပြော၏"ဒီမျိုးနွယ်စုလေ့ကျင့်တဲ့ယဇ်ပူဇော်ခြင်းဓလေ့က တိရိစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်တဲ့ အထူးစွမ်းရည်တစ်ခုပေးတယ်။ ဒါပေမယ့် သူတို့က တိရိစ္ဆာန်အားလုံးနဲ့တော့ မဆက်သွယ်နိုင်ဘူးပေါ့၊ ဉာဏ်ရည်နိမ့်တဲ့တိရိစ္ဆာန်မျိုးတွေပေါ့"

"သူတို့လိုလူတွေ တကယ်ပဲ ရှိတယ်၊ သားရဲထိန်းကျောင်းသူတွေလို့ခေါ်တယ်။ ခွန်အားအရ သူတို့က အလွန်သာမန်ပေမယ့် သူတို့က သားရဲရိုင်းတွေ၊ စိတ်ဝိညာဉ်သားရဲတွေ၊ အင်မော်တယ်သားရဲတွေရဲ့အကူအညီကို ရနိုင်တယ်။ ဒါကို ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။ အမှောင်နတ်ဆရာကလန်ကို ရောက်တဲ့အခါ ငါတို့တွေ ကလန်ခေါင်းဆောင်ဆီ ချက်ချင်းမသွားဘူး။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုရှာပြီး ငါ အဆိပ်သန့်စင်ရမယ်"

"နားလည်ပါပြီ"အားလုံးက ပြန်ဖြေလိုက်သည်။

နှစ်နာရီကြာပြီးနောက် ကားတန်းက အမှောင်နတ်ဆရာကလန်အနီးနားသို့ ရောက်ရှိလာသည်။ စင်းလုအန်က ကလန်သို့ သွားရန် စိတ်အားထက်သန်နေသော်လည်း ထန်ရှုက လောလောဆယ်တွင် မသွားလိုပေ။ ထို့ကြောင့် စင်းလုအန်က သူ၏မကျေမနပ်မှုကို စိတ်ထဲတွင်သာ ထားလျက် ကားထဲ၌ တိတ်တဆိတ်စောင့်နေသည်။

"ငါတို့ဒီနေရာမှာ အချိန်ဘယ်လောက်ထိ စောင့်ရအုံးမလဲ။ မစ္စတာထန်က ဘယ်နေရာကို သွားတာလဲ"

နာရီဝက်ကျော်စောင့်ပြီးနောက် စင်းလုအန်က သည်းမခံနိုင်တော့ဘဲ အပြင်ဘက်ရှိမိုအားဝူအား မေးလိုက်သည်။

"တစ်ခုခုလုပ်စရာရှိတယ်လို့ သူဌေးက ပြောခဲ့ပြီးသားမလား။ ငါတို့က သူ့ကို ဒီနေရာမှာ စောင့်ဖို့ပဲ လိုတယ်"မိုအားဝူက ပြန်ဖြေ၏"သခင်လေးစင်းလုအန်၊ သူ့ရဲ့စိတ်ကို မင်းလဲ သိတယ်မလား။ အကြောင်းပြချက်မရှိဘဲ သူက မင်းကလန်ကို သွားဖို့ နှောင့်နှေးစေမှာမဟုတ်ဘူး။ မင်းကလန်ကို သွားတဲ့အခါ ဘာအမှားအယွင်းမှမရှိအောင် တစ်ခုခုပြင်ဆင်နေတာ ဖြစ်နိုင်တယ်"

"ဒါပေမယ့်....."စင်းလုအန်က စိုးရိမ်သောမျက်နှာနှင့် ပြန်ပြောသည်။ သူ ပြောမည့်အချိန်တွင် မိုအားဝူက သူ့အား ကြားဖြတ်ပြောလိုက်၏။

"မပြင်ဆင်ထားတဲ့တိုက်ပွဲကို ငါ့သူဌေးက ဘယ်တော့မှ မတိုက်ခိုက်ဘူး၊ သခင်လေးစင်းလုအန်။ ဒီခရီးရဲ့ရည်ရွယ်ချက်က မင်း ကလန်ခေါင်းဆောင်ဖြစ်ဖို့ဆိုတာ မင်းလဲ သိပါတယ်။ သူဌေးက ကောင်းကောင်းမပြင်ဆင်ထားရင် ကြိုတင်မမြင်နိုင်‌တဲ့မတော်တဆတစ်ခုခုဖြစ်လာခဲ့ရင် မင်းကို ကူညီပေးနိုင်တော့မှာမဟုတ်ဘူးလေ။ ဒါကြောင့် သူက ပိုပြင်ဆင်ထားလေလေ၊ မင်း ပိုပျော်ရွှင်သင့်လေပဲလို့ ငါတော့ ထင်တယ်"မိုအားဝူက ပြုံးကာ‌ ပြောလိုက်သည်။

စင်းလုအန်က မှင်တက်သွားသည်။ မိုအားဝူပြောသည်က အမှန်တရားမှန်း သူ သိ၏။ သူ ပိုတွေးလေ၊ ဖြစ်သင့်သည်ဟု ခံစားရလာလေဖြစ်သည်။ ထန်ရှုက ပိုပြင်ဆင်ထားလေလေ၊ သူ ကလန်ခေါင်းဆောင်ထိုင်ခုံ‌ပေါ်တွင် ထိုင်နိုင်ဖို့ အခွင့်အရေးများလေလေပင်။

"စင်းခေါနဲ့ပတ်သက်ပြီး မင်း ဘာသတင်းတွေ ရသေးလဲ"

သူ့ကိုယ်သူ ထိန်းချုပ်ပြီးနောက် သူ့အကိုအား မသတ်နိုင်သေးသည်ကို စင်းလုအန်က သတိရသွားသည်။

"အခုထိတော့ သူနဲ့ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူး"မိုအားဝူက ခေါင်းခါယမ်းကာ ပြော၏"ဉာဏ်ကောင်းတဲ့ယုန်တွေမှာ ပုန်းဖို့ တွင်းသုံးခုရှိတယ်ဆိုတဲ့တရုတ်စကားပုံတစ်ခုကို မင်း သိမှာပါ။ စင်းခေါက ဘန်ကောက်မှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒါကြောင့် ခိုလှုံဖို့အိမ်အချို့ ကြိုတင်ပြင်ဆင်ထားမှာပဲလေ။ လောလောဆယ် ဒါကို စိုးရိမ်ဖို့မလိုသေးပါဘူး။ ငါတို့ပထမဆုံးလုပ်ရမယ့်အရာက မင်းကလန်ခေါင်းဆောင်နေရာကို ရဖို့ပဲ။ ဒါပြီးမှ ငါတို့တွေ သူ့ကို ခြေရာခံလိုက်ရှာနိုင်တယ်။ သူ့ကို တွေ့တာနဲ့ သတ်လိုက်ရုံပဲ"

စင်းလုအန်က ခေါင်းညိတ်ကာ ပြောသည်"ဒါကပဲ ငါတို့ရဲ့တစ်ခုတည်းသောရွေးချယ်စရာဖြစ်ပုံပဲ။ ငါ့အဖေက ငါ့အပေါ် အရမ်းသတိမထားဖို့ ငါ မျှော်လင့်တယ်။ ငါ့ကလန်ရဲ့ကျွမ်းကျင်သူများစွာက ပြန်လာနေပြီ။ သူတို့ရောက်လာပြီးမှ ငါ့အဖေကို တိုက်ခိုက်မယ်ဆိုရင် မလွယ်လောက်တော့ဘူး"

"ငါသူဌေးက ဘာပဲလုပ်လုပ် အောင်မြင်တယ်။ မင်းရဲ့အမှောင်နတ်ဆရာကလန်သားတွေအားလုံးပြန်ရောက်လာရင်တောင် ငါ့သူဌေးသာ ဆန္ဒရှိရင် သူတို့အားလုံးကို ဖိနှိပ်နိုင်တယ်"မိုအားဝူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။

သူ ပြောပြီးနောက် စင်းလုအန်က စိတ်ထဲ၌ တုန်လှုပ်သွားသည်။ သူက ဘာမှ ထပ်မပြောတော့ပေ။

နေ့လည်လောက်တွင် ထန်ရှုက ထန်ကွမ်းနှင့်အတူ ပြန်ရောက်လာသည်။ ကားထဲဝင်ပြီးနောက် အမှောင်နတ်ဆရာကလန်သို့ တိုက်ရိုက်သွားရန် သူက အမိန့်ပေးလိုက်သည်။ သူ့သိုလှောင်လက်စွပ်ထဲတွင် ဆေးပင်အမြောက်အများသိမ်းထားသည်၊ ထို့ကြောင့် အဆိပ်နှင့်ဖြေဆေးအား သန့်စင်နိုင်ခဲ့၏။ စင်းထို့ ထိမိသည်နှင့် သူ့ကျင့်ကြံခြင်းအဆင့်က အခြေတည်စိတ်ဝိညာဉ်အဆင့်ဆိုရင်တောင်  အဆိပ်မိပေလိမ့်မည်။

All Chapters