← Chapters

ကျွမ်းကျင်သူတစ်ယောက်၏သေဆုံးမှု

Vol. 72 Ch. 999

ကျွမ်းကျင်သူတစ်ယောက်၏သေဆုံးမှု

Vol. 72 Ch. 999

အမှောင်နတ်ဆရာကလန်နယ်မြေ။

ကလန်ဘိုးဘေးခန်းမထဲတွင် အပြင်ကမ္ဘာတွင် အလုပ်လုပ်နေသော အဆင့်မြင့်ကလန်သားများအပြင် ထိပ်တန်းအဆင့်ကလန်သားအချို့ စုဝေးနေကြသည်။ တစ်ယောက်ချင်းစီက မှော်ဆရာကျွမ်းကျင်သူများဖြစ်ကြပြီး ဘယ်သူမှ စင်းလုအန်နှင့်စင်းခေါတို့ထက် အားမနည်းပေ။

ကလန်ခေါင်းဆောင်အနေနှင့် စင်းထို့က စိတ်တည်ငြိမ်သူဖြစ်သော်လည်း လက်ရှိတွင် သူက အတော်လေးဂနာမငြိမ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်တစ်ခု စိမ့်ထွက်နေသည်ကို လူတိုင်းက ပြောနိုင်ပေသည်။

သေချာပေါက် ဘာများဖြစ်ပျက်နေတာလဲ။ ဘာကြောင့်မို့ ကလန်ခေါင်းဆောင်က ဒီလောက်ထိ ဂနာမငြိမ်ဖြစ်နေရတာလဲ။ သူက အပြင်ကမ္ဘာမှကလန်သားအားလုံးကို ဆင့်ခေါ်ဖို့တောင် တုံ့ဆိုင်းမနေခဲ့ဘူးပဲ။

"ခေါင်းဆောင်"

သတ်ဖြတ်လိုစိတ်ဆူဝေနေလျက် သန်မာသောလူတစ်ယောက်က အပြင်ဘက်မှ ဝင်လာသည်။ မျက်လုံးများက အေးစက်စက်အလင်းတို့ ပြည့်နေလျက် စင်းထို့အရှေ့သို့ ရောက်ရှိလာ၏။

စင်းထို့အမူအရာက ပြောင်းလဲသွားပြီး သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"အနေအထားဘယ်လိုလဲ။ သူတို့ရဲ့လှုပ်ရှားမှုမှာ အပြောင်းအလဲတစ်ခုခုများရှိလား"

"သူတို့ရဲ့ကားတန်းက လွန်ခဲ့တဲ့မိနစ်အနည်းငယ်က ရွေ့လျားလာခဲ့တယ်။ သူတို့က ငါတို့ကလန်ဆီ လာနေတယ်"လူကြီးက တင်ပြနေ၏"ဆယ်မိနစ်အတွင်း ငါတို့ဂိတ်ပေါက်ကို ရောက်လာလောက်မယ်။ ပြီးတော့ စင်းလုအန်နဲ့သူ့နောက်လိုက်တွေ ဂိတ်ပေါက်ကို ဝင်လာတဲ့အခါ လက်နက်ချခဲ့ဖို့ ငါ အမိန့်ထုတ်ထားပြီးပြီ"

ခေါင်းညိတ်လျက် စင်းထို့၏မျက်လုံးများက ဘိုးဘေးခန်းမထဲရှိအဆင့်မြင့်ကလန်သားများထံ ပြောင်းရွှေ့သွားခဲ့သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့်ပြောလိုက်သည်"ငါ ဘာလို မင်းတို့အားလုံးကို ရုတ်တရက် ဆင့်ခေါ်ရသလဲဆိုတဲ့အ‌ပေါ် မင်းတို့အားလုံး စိတ်ရှုပ်ထွေးနေမယ်ဆိုတာ ငါ သိပါတယ်၊ ဘာလို့ ငါတို့ကလန်က တိုက်ခိုက်ဖို့အတွက် အသင့်ပြင်နေရသလဲဆိုတာရောပေါ့။ ငါတို့အမှောင်နတ်ဆရာကလန်က လက်ရှိမှာ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ ငါတို့ထဲကတစ်ယောက်က ပြင်ပရန်သူတွေနဲ့ ပူးပေါင်းနေတယ်။ ငါ့ကို ကလန်ခေါင်းဆောင်နေရာကနေ ဆင်းခိုင်းပြီး ငါ့ရဲ့‌သွေးမျိုးဆက်ဖြစ်တဲ့စင်းလုအန်နဲ့ အစားထိုးဖို့ပဲ"

"ဘာ"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ခေါင်းဆောင်"

"ဟုတ်တယ်၊ ငါတို့က သခင်လေးစင်းလုအန်ကြီးပြင်းလာတာကို မြင်ဖူးတယ်။ သူ့ရဲ့ဗီဇနဲ့စရိုက်တို့ကို ငါတို့တွေ ကောင်းကောင်းသိပါတယ်။ သူက အဆတစ်ရာသတ္တိရှိလာရင်တောင် ဒီလိုလုပ်ရဲစရာအကြောင်းမရှိဘူး။ မင်း.....အထင်လွဲမှားနေတာများလား"

"သေချာတယ်၊ မင်း အဲဒီ‌ကလေးကို အထင်လွဲနေတာပဲ ဖြစ်ရမယ်။ သူက ဒီနှစ်တွေမှာ လုံ့လဝီရိယရှိရှိနဲ့ ကျင့်ကြံခဲ့ပြီး ကလန်ကို အကြွင်းမဲ့သစ္စာရှိနေတာပါ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က စင်းခေါထက် အများကြီးအားနည်းတယ်၊ သူက နည်းဗျူဟာတွေချတဲ့အခါမှာလဲ မကျွမ်းကျင်ဘူး၊ ဘယ်လိုလုပ်ပြီး သူက ခေါင်းဆောင်နေရာကို တပ်မက်ရမှာလဲ"

"မင်းတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲမှားနေတာ သေချာတယ်။ သူ ဒီကို လာတော့မှ ဒီအကြောင်း သခင်လေးစင်းလုအန်ကို ပွင့်ပွင့်လင်းလင်း မေးကြတာပေါ့။ ဘာပဲပြောပြော သူက မင်းရဲ့ကိုယ့်သွေးကိုယ့်သားပဲလေ။ သူက ငါတို့ကလန်ရဲ့ဥပဒေနဲ့စည်းမျဉ်းကို သိပါတယ်၊ သူက ကလန်ခေါင်းဆောင်ဖြစ်ချင်တယ်ဆိုရင် ပြောင်မြောက်တဲ့ခွန်အားရှိရမယ်"

"......."

ထိပ်တန်းကလန်သားအချို့က မယုံကြည်နိုင်သောအကြည့်များနှင့် သူတို့၏အမြင်အသီးသီးအား ထုတ်ဖော်ပြောကြားနေလေသည်။

ဝမ်းနည်းသောအကြည့်တစ်ခုက စင်းထို့၏မျက်လုံးများထဲ၌ လက်သွားပြီး သူက လေးလံသောအသံနှင့် ပြောလိုက်သည်"ငါပြောတာ မင်းတို့အတွက် ယုံကြည်ဖို့ ခက်ခဲမယ်ဆိုတာ ငါ သိပါတယ်။ အမှန်တရားကတော့ ငါ ထင်တာမှန်ရင် သူက စင်းခေါကို သတ်ပြီးလောက်ပြီ။ စင်းလုအန်ကို ကယ်ဖို့ စင်းဂလီနဲ့နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ကို ငါ လွှတ်ခဲ့တယ်။ ဒါပေမယ့် နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က ပြန်ဆုတ်ပြေးလာခဲ့ရပြီး စင်းဂလီကတော့ သူ့အသက်ကို ကယ်ဖို့အတွက် သူတရားမဝင်ခိုးယူထားတဲ့အမှောင်နတ်ဘုရားမိုးကြိုးကို ယူထုတ်ခဲ့ရတယ်။ တစ်ဖက်အဖွဲ့က အမှောင်နတ်ဘုရားမိုးကြိုးကို ကြောက်ရွံ့တဲ့အတွက် သူ့ကို ထွက်သွားခွင့်ပြုခဲ့တယ်။ ဒါပေမယ့် သူက ပြစ်မှုကျူးလွန်ခဲ့တာကို သိတဲ့အတွက် စင်းဂလီက နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်နဲ့ ပြန်မလိုက်လာခဲ့ဘူး။ သူ ထွက်ပြေးသွားပြီ၊ ငါတို့ အခုထိ သူ့ရဲ့အရိပ်အယောင်ကို ရှာမတွေ့သေးဘူး"

သတင်းက ဧရာမငလျင်တစ်ခုပမာ ထိပ်တန်းကလန်သားများက ထိတ်လန့်တုန်လှုပ်သွားလျက် အချိန်အတန်ကြာစကားမပြောနိုင်ကြပေ။

စင်းထို့က ထပ်ပြောလိုက်၏"ဒါကြောင့် အားလုံးပဲ၊ ရန်သူနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြ။ စင်းလုအန်က ရန်သူရဲ့အကူအညီနဲ့ ငါတို့ကို တကယ်ပဲ ခြိမ်းခြောက်ချင်တယ်ဆိုရင် ငါတို့‌တွေ သူနဲ့အဲဒီလူတွေကို သတ်ရမယ်။ ဒါက ငါတို့အမှောင်နတ်ဆရာကလန်အတွက် ကပ်ဘေးပဲ။ ငါတို့တတွေ ဒီတစ်ကြိမ် ဖြတ်ကျော်နိုင်မလားဆိုတာက ငါတို့အားလုံးရဲ့စည်းလုံးမှုအပေါ်မှာ မူတည်တယ်"

ရုတ်တရက် ဆံဖြူလူအိုကြီးတစ်ယောက်က ကုလားထိုင်မှ ထရပ်လိုက်သည်။ သူက လက်ထဲရှိတောင်ဝှေးကို မြှောက်လျက်‌ အော်ပြော၏"ဘယ်လိုရန်သူကမှ ငါတို့ကလန်ကို အနိုင်ကျင့်ခွင့်မရှိဘူး။ စင်းလုအန်က တကယ်ပဲ ပြင်ပရန်သူတွေနဲ့ လျှို့ဝှက်ပူးပေါင်းနေတယ်ဆိုရင်  သူက ငါတို့ကလန်ရဲ့ရန်သူ ဖြစ်လာပြီပဲ။ ငါတို့ရန်သူအတွက် သေခြင်းတရားကပဲ တစ်ခုတည်းသောအဖြေဖြစ်တယ်။ သူတို့ကို သတ်....."

"သတ်......"

ကျန်လူများက အော်လိုက်ကြသည်။

အမှောင်နတ်ဆရာကလန်နယ်မြေဂိတ်ပေါက်တွင်။

ကားတန်းက ရပ်တန့်သွားခဲ့သည်။ အမှောင်နတ်ဆရာကလန်၏ကျွမ်းကျင်သူဒါဇင်ကျော်က ရက်စက်တင်းမာသောမျက်နှာထားများနှင့် ကားပေါ်မှဆင်းလာသည့်စင်းလုအန်နှင့်ထန်ရှုတို့အား စိုက်ကြည့်လိုက်ကြသည်။ ဂိတ်နားတွင် နတ်ဆရာအစောင့်အရှောက်ဆယ့်‌သုံးယောက်က သတိမပြတ်ထားလျက် တိုက်ခိုက်ရန် အသင့်ပြင်ထား၏။

"ရပ်စမ်း....."

စင်းရှော့က ပခုံးကျယ်ကျယ်၊ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနှင့် ရှေးသားရဲကဲ့သို့မျက်လုံးများရှိသည့်လူတစ်ယောက်ဖြစ်၏။ သူက တောခုတ်ဓားတစ်လက်ကိုင်လျက် ရှေ့တိုးလာပြီး သတ်ဖြတ်ချင်စိတ်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

စင်းရှော့ကို မြင်ပြီး ကြောက်ရွံ့‌သောအကြည့်တစ်ခုက စင်းလုအန်၏မျက်လုံးများထဲ၌ ဖြစ်တည်သွားသည်။ အမှောင်နတ်ဆရာကလန်တစ်ခုလုံးတွင် သူကြောက်ရသူ နှစ်‌ယောက်သာ ရှိသည်။ တစ်ယောက်က သူ့အဖေစင်းထို့ဖြစ်ပြီး အခြားတစ်ယောက်က သူ့အရှေ့မှစင်းရှော့ဖြစ်သည်။ သူ့အား ကလန်၏ထိပ်တန်းကျင့်ကြံခြင်းပါရမီရှင်အဖြစ် ကလန်သားအားလုံးက သတ်မှတ်ထားခဲ့၏။

ထို့ပြင် စင်းရှော့က အရိုးထဲ၌ ရက်စက်ကြမ်းကြုတ်မှုတို့ ထွင်းထုထားသည့် လူတစ်ယောက်ဖြစ်သည်။ ဗိီဇအားဖြင့် ကြောက်ရွံ့ခြင်းကင်းမဲ့လျက် ကလန်ခေါင်းဆောင်ဖြစ်သည့်သူ့အဖေကိုပင် မကြောက်ပေ။ သို့သော် သူ၏သစ္စာရှိမှုက မေးခွန်းထုတ်စရာမလိုဘဲ သူက စင်းထို့အား အလွန်ရိုသေလေးစားသည်။

စင်းလုအန်က ထန်ရှုအား စင်း‌ရှော့အကြောင်း တီးတိုးပြောပြလိုက်သည်"မစ္စတာထန်၊ ငါ့ရဲ့အစောင့်အရှောက်အကြီးအကဲငါးယောက်က လျင်မြန်စွာ တိုးတက်လာခဲ့တယ်။ ဒါပေမယ့် သူတို့က ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရင်တောင် သူတို့အနေနဲ့ စင်းရှော့ကို ယှဉ်ပြိုင်ဖို့ ခက်ခဲအုံးမှာကို ငါ စိတ်ပူတယ်။ သူ့ခွန်အားက ငါ့အဖေထက်တောင် ကျော်လွန်တယ်လို့ ကောလဟာလရှိတယ်"

ဤလူ၏အရှိန်အဝါမှ စင်းရှော့၏စွမ်းအားအား ထန်ရှုက ဆုံးဖြတ်နိုင်သည်။ ဤလူ၏ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေကျင့်ကြံခြင်းအဆင့်နှင့် ယှဉ်နိုင်ပြီး ထန်ကွမ်းနှင့် ညီမျှသောပြိုင်ဘက်တစ်‌ယောက် ဖြစ်ပေမည်။ သို့သော် အမှောင်နတ်ဆရာကလန်သို့ ထန်ကွမ်းတစ်ယောက်တည်းလာသည်မဟုတ်၊ ထန်အန်းလဲ ရှိသေးသည်၊ ဤလူအား သတ်ဖြတ်ရန် လုံလောက်သည်ထက် ပို၏။

"သူ့ကို ထွက်သွားဖို့ ပြောလိုက်၊ မဟုတ်ရင် သူ သေရမယ်"

ထန်ရှုက သတ်ဖြတ်လိုစိတ်နှင့် ပြောလိုက်သည်။ ဤလူက သူ့ထက် ဆယ်နှစ်ပိုကြီးလောက်သော်လည်း အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဒီလိုစွမ်းအားအား ပိုင်ဆိုင်နေပြီဖြစ်၏။ ဤလူ၏ကျင့်ကြံခြင်းပါရမီက ထူးခြားပြောင်မြောက်သည်ဟု ပြောနိုင်သည်။ ဤလူအား အသက်ရှင်ခွင့်ပေးလိုက်လျှင် စင်းလုအန်က ကလန်ခေါင်းဆောင်ဖြစ်သောအခါ စင်းရှော့က သူ့အတွက် အားကိုးရသည့်လက်ရုံးတစ်ဆူဖြစ်‌လာပေလိမ့်မည်။

ထို့ပြင် စင်းလုအန်အား ကူညီရခြင်းရည်ရွယ်ချက်က အပေးအယူတစ်ခုအတွက်မျှသာ။ စင်းလုအန်၏ထိန်းချုပ်မှုအောက်၌ အမှောင်နတ်ဆရာကလန်က ပို၍ပို၍ တိုးတက်လာမည်ကိုလဲ မလိုချင်ပေ။ ထိုအချိန်ကျလျှင် စင်းလုအန်က သစ္စာဖောက်လာနိုင်ဖို့များသည်။

လက်ရှိတွင် ထန်ရှုနှင့်သူ့လူများ၏ထောက်ပံ့ပေးမှုဖြင့် စင်းလုအန်က စိတ်အားတင်းလျက် ရှေ့တက်လိုက်သည်။ သူက စင်းရှော့အား တိုက်ရိုက်စိုက်ကြည့်ကာ ပြော၏"စင်းရှော့၊ ဘာလို့ မင်းက ငါ့ကို မောင်းထုတ်ဖို့ ဒီနေရာကို လူတွေအများကြီး ခေါ်လာရတာလဲ။ ငါလဲ အမှောင်နတ်ဆရာကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်ပါ။ ငါက ဒီကလန်ရဲ့သခင်လေးပဲ၊ ဒါကြောင့် ငါ့အိမ်ကို ဝင်ဖို့ မင်းရဲ့ခွင့်ပြုချက်ကို လိုတယ်လို့တော့ ငါ့ကို မပြောနဲ့နော်"

"ခေါင်းဆောင်က အမိန့်ပေးထားတယ်၊ ကလန်သားမဟုတ်တဲ့သူတွေကို ကလန်‌နယ်မြေထဲ ခြေချခွင့်မပြုဘူး။ ကလန်သားတိုင်းက လက်နက်တွေ ချပြီးမှ ဝင်ခွင့်ရှိတယ်"စင်းရှော့က အော်ပြောလိုက်သည်"စင်းလုအန်၊ မင်းက ကလန်ရဲ့ဒုတိယသခင်လေးပဲ၊ ဒီတော့ ငါ မင်းကို မတားဆီးဘူး။ ဒါပေမယ့် ကျန်တဲ့အပြင်လူတွေကတော့ ကလန်ထဲကို ဝင်ခွင့်မရှိဘူး။ မင်းလဲ မင်းရဲ့လက်နက်ကို ချန်ထားရမယ်။ ခေါင်းဆောင်က မင်းကို အထဲမှာ စောင့်နေတယ်"

ထန်ရှုက စင်းလုအန်ဘေးသို့ ရောက်လာပြီး စင်းရှော့အား စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်၏"ဟမ့်၊ မင်းက အရမ်းသန်မာတာပဲ၊ ဒါပေမယ့် မသေနိုင်တဲ့လူတစ်ယောက်တော့ မဟုတ်ဘူးလေကွယ်။ မင်းတို့အမှောင်နတ်ဆရာကလန်ပိုင်ဆိုင်တဲ့စွမ်းအားလောက်ကတော့ ငါ့အတွက် မင်းတို့အားလုံးကို အလွယ်ကလေးဖျက်ဆီးလို့ရတယ်။ ငါ့လမ်းကို မပိတ်နဲ့၊ ရထားလုံးကိုပိတ်တဲ့ရှိခိုးကောင်အဖြစ်မခံနဲ့။ မဟုတ်လို့ကတော့ ငါ မင်းကို သတ်လိုက်ရလို့ ပြဿနာမရှိဘူး"

"ပါးစပ်ပိတ်ထားစမ်း၊ မင်းတို့အားလုံးက ကလန်ရဲ့ပြင်ပရန်သူတွေပဲ။ မင်းတို့တွေပဲ ငါတို့ရဲ့နေရာကနေ ထွက်သွားရမှာ"စင်းရှော့က အော်လိုက်သည်။

"ဟမ့်၊ မင်းက ပေါင်မုန့်ကင်တစ်ခုကို ငြင်းပယ်နေတာပဲ"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"ထန်ကွမ်း၊ သူ့ကို သတ်လိုက်"

ထန်ကွမ်းပုံရိပ်က လျှပ်စစ်အလား ရွေ့လျားသွားသည်။ သူက မျက်စိတစ်မှိတ်အတွင်း စင်းရှောအရှေ့၌ ထွက်ပေါ်လာပြီး အင်မော်တယ်ဓားအား ထုတ်လွှတ်လိုက်သည်။ ဓားပုံရိပ်အလွှာများက ရှေ့သို့ လိမ့်လာလိမ့်လာပြီး လှိုင်းလုံးကြီးများပမာ စင်းရှော့အား ဝါးမျိုရန် ကြိုးစားလာခဲ့၏။

"အမှောင်ပိုင်နက်....."

စင်းရှော့က ခြေဆောင့်လိုက်ပြီး အမှောင်မြူက ရုတ်တရက် သူ့တစ်ဝိုက်၌ ထွက်ပေါ်လာသည်။ ၎င်းက မီတာတစ်ရာနီးပါးဧရိယာအား လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ ထို့နောက် လက်ထဲရှိတောခုတ်ဓားအား ခပ်မြင့်မြင့်မြှောက်ကာ မီတာဒါဇင်ရှိသောတောခုတ်ဓားပုံရိပ်တစ်ခုအား ဖန်တီးလျက် ဓားပုံရိပ်အားလုံးအား ဖျက်ဆီးရန် ရှေ့သို့ ခုတ်ပိုင်းချလိုက်သည်။

အုန်း......

အင်မော်တယ်ဓားနှင့်တောခုတ်ဓားကြားပွတ်တိုက်မှုက မီးလျှံလှိုင်းတစ်ခု ဖြစ်သွားသည်။ တုန်ခါမှုလှိုင်းဂယက်များက ဘေးတစ်ဝိုက်ရှိလူများအား နောက်ဆုတ်သွားစေသည်။

ထန်ကွမ်းနှင့်စင်းရှော့တို့က နောက်ဆယ်လှမ်း အသီးသီးဆုတ်သွားသော်လည်း သူတို့၏သတ်ဖြတ်လိုစိတ်များက တစ်ဟုန်ထိုးမြင့်တက်သွားလေ၏။

"သူက အားကောင်းတဲ့ရန်သူတစ်ယောက်ပဲ....."

နှစ်ယောက်လုံးက တူညီသောအတွေးရှိကြသည်၊ သူတို့၏တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကလည်း မြင့်တက်လာခဲ့၏။ ဤအချိန်တွင် ထန်ကွမ်းက အော်လိုက်သည်"ငါ သူ့ကို တစ်ယောက်တည်းရင်ဆိုင်မယ်။ သူက ငါ့ရန်သူပဲ၊ သူက ငါ့ဓားအောက်မှာပဲ သေရမယ်"

အနီးနားတွင်ရပ်နေသောထန်ရှုက မူလဖရိုဖရဲစွမ်းအားအား ထုတ်လွှတ်ကာ သူ့ပတ်လည်လေးမီတာကျော်အတွင်းရှိအမှောင်မြူအားလုံးအား တွန်းထုတ်လိုက်သည်။ ဤအချိန်တွင် ဖုံးကွယ်ထားသောအသံတစ်ခုက သူ့နားထဲသို့ ဝင်လာ၏-

"ငါ့ကို လှုပ်ရှားစေချင်လား၊ ဆရာအဘိုး"

ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်သည်"ငါတို့ရဲ့ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ်၊ သူ့ကို သတ်ဖို့ပဲ။ ထန်ကွမ်းက ယှဉ်ပြိုင်ချင်တယ်ဆိုရင် နောက်မှ ငါတို့ သူ့အတွက် တစ်ယောက်စီစဉ်ပေးမယ်။ ဒါပေမယ့် အခုတော့ အချိန်မကျသေးဘူး"

"နားလည်ပါပြီ"ထန်အန်းက တိုတိုတုတ်တုတ်ပြန်ဖြေသည်။ ထို့နောက် သူမထံမှ ဘာအသံမှ မထွက်လာတော့ပေ။

သိမ်မွေ့သောဓားပညာရပ်အား ပြသနေသည်။ တိုက်ခိုက်ရေးမှော်မန္တန်များ၏တရစပ်တိုက်ခိုက်မှုများက ရွှေအမြုတေအလယ်ဆင့်ထန်ကွမ်း၏ပေါက်ကွဲစွမ်းအားနှင့် ပေါင်းစပ်လျက် အမှောင်နတ်ဆရာကလန်ဂိတ်ပေါက်အား ပျက်ဆီးသွားစေသည်။ စင်းရှော့၏လှုပ်ရှားမှုများက အလွန်ရိုးရှင်းသော်လည်း တိုက်ခိုက်မှုတစ်ခုစီက သေကွင်းသေကွက်အား ချိန်ရွယ်ထား၏။ ထို့ပြင် အမှောင်ပိုင်နက်က ထန်ကွမ်းအတွက် အတားအဆီးတစ်ခုဖြစ်ပြီး သူတို့အား လက်ရည်ညီစေလေသည်။

"နှလုံးစုတ်တိုက်ကွက်....သတ်ပစ်...."

ထန်ကွမ်းပုံရိပ်က မြေပြင်မှ မြင့်တက်သွားသည်။ သူ၏အင်မော်တယ်ဓားက ဓားအလင်းများအဖြစ် မိုးကောင်းကင်မှ အချုပ်အချယ်မဲ့ကျဆင်းလာခဲ့၏။ သဲများ၊ ကျောက်စရစ်ခဲများအား တိုက်ခတ်သွားလျက် ‌မြေမှုန့်များ၊ ကျောက်တုံးများက ဓားပုံသဏ္ဍာန်တစ်ခု ဖွဲ့စည်းကာ စင်းရှော့ထံ ပစ်လွှတ်လိုက်သည်။

စင်းရှော့ပုံရိပ်က လုံးဝတည်ငြိမ်လျက်ပင်။ တောခုတ်ဓားအား ဝှေ့ယမ်းလိုက်ပြီး ဓားသွားပုံရိပ်များမှ အလွန်တရာကြီးမားသောစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ သူက အမြဲတမ်းရဲရဲဝံ့ဝံ့နှင့် ရန်သူအား ထိပ်တိုက်ရင်ဆိုင်ခဲ့သည်သာ။ သေရမည်ကို မကြောက်၊ သူ့ကိုယ်သူအား လေ့ကျင့်ပေးရန် ယခုကဲ့သို့ကြောက်စရာကောင်းသောတိုက်ပွဲတစ်ခုအား အမြဲတစေစောင့်မျှော်နေခဲ့သည်သာ ဖြစ်၏။

All Chapters