← Chapters

ငြင်းခုံခြင်း

Vol. 72 Ch. 1000

ငြင်းခုံခြင်း

Vol. 72 Ch. 1000

"မင်း သေရမယ်....."

စင်းရှော့က ကြိမ်းဝါးလိုက်ပြီး သူ့ခန္ဓာကိုယ်လည်း လေထဲသို့ အလားတူ မြင့်တက်သွားခဲ့သည်။ အမှောင်မြူက တလိပ်လိပ်ထလျက် အနက်ရောင်ကောက်ရိတ်ဓားက ၎င်း၏ကိုယ်ပိုင်အရိပ်ကို ဖွဲ့စည်းကာ ဓားအလင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"မင်း ဘယ်သူလဲ"

သို့သော် စင်းရှော့၏မျက်နှာက စိုးရိမ်ဖွယ်ရာပြောင်းလဲသွားသည်။ သူ့အသံထွက်လာသည်နှင့် ဓားအလင်းတစ်ခုက ဘယ်ဘက်အောက်ခြေမှ လက်သွား၏။ မရှောင်တိမ်းနိုင်တော့သဖြင့် သူ၏ဘယ်ဘက်နံရိုးအား ထိုးဖောက်သွားခဲ့သည်။ ထို့နောက် ဓားက နံရိုးတစ်လျှောက် ဆက်လက်ရွေ့လျားသွားပြီး ဖြတ်တောက်သွားလေ၏။

"လျှပ်စီး......"

ထန်အန်းက ရုတ်တရက် ထွက်ပေါ်လာပြီး ဓားအလင်းပြီးနောက် သေးငယ်သောလျှပ်စီးတစ်ခုက စင်းရှော့၏ခန္ဓာကိုယ်အား ထိုးဖောက်သွားသည်။ ခန္ဓာကိုယ် တောင့်တင်းနေစဉ်မှာပင် အင်မော်တယ်ဓားတစ်လက်က သူ့ခန္ဓာကိုယ်မှ ထွက်လာကာ လည်ပင်းအား ပိုင်းဖြတ်သွား၏။

ဝှစ်.....

ချောင်းမြောင်းတိုက်ခိုက်လျက် ချက်ခြင်းသတ်ဖြတ်ခြင်း။

ထန်ကွမ်းက အလွန်အံ့အားသင့်သွားသည်။ ဤတိုက်ပွဲနှင့်ပတ်သက်၍ သူ့ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းပြောပြခဲ့သည်။ မည်သည့်အတွက် သူ့ညီမက လှုပ်ရှားလာပြီး ပစ်မှတ်အား တိုက်ခိုက်ခဲ့ရသနည်း။ ဒေါသထွက်သွားပြီး စင်းရှော့၏ခေါင်းပြတ်အလောင်းအား လေပေါ်မှ ကြည့်ရင်း ဒေါသတကြီး အော်လိုက်သည်"သူ့ကို တိုက်ခိုက်ဖို့ ဘယ်သူက မင်းကို ပြောတာလဲ၊ အန်း"

အနက်ဝတ်ထန်အန်းက လေထဲမှ ထွက်လာပြီး ထန်ကွမ်းအား အေးစက်စွာ တစ်ချက်စိုက်ကြည့်၏။ ထို့နောက် သူမက သာမန်မျှစွာ ပြောလိုက်သည်"ဆရာအဘိုးက သူ့ကို သတ်ခိုင်းတာ။ သူက ရှင်းလင်းဖယ်ရှားရမယ့်ရန်သူပဲ။ နောက်ကျမှ မင်းအတွက် ပြိုင်ဘက်တစ်ယောက်ရှာပေးမယ်လို့ ဆရာအဘိုးက ပြောတယ်။ ဒါပေမယ့် အခုက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်နေရာကို စင်းလုအန်ရဖို့ သတ်ဖြတ်ရမယ့်အချိန်ပဲ"

ဆရာအဘိုးရဲ့အမိန့်လား။

ထန်ကွမ်း၏ဒေါသက ချက်ချင်းငြိမ်ကျသွားသည်။ အချိန်တစ်ခုကြာပြီးနောက် သူက ခေါင်းခါယမ်းလျက် ခါးသီးစွာ ပြုံးလိုက်သည်။ သူက ထန်ရှုဘေးသို့ ရောက်ရှိလာပြီး ခြောက်ကပ်ကပ်ပြုံးလျက် ပြောလိုက်၏"ဒါက ငါ့ကိုယ်ငါသွေးဖို့ အခွင့်အရေးကောင်း‌တစ်ခုပဲ၊ ဆရာအဘိုး။ အဲကောင်ကို သတ်ပြီးရင် ငါ ချိုးဖြတ်မှုတစ်ခု ရှိလာမယ်လို့တောင် ခံစားရတယ်"

"ငါတို့လုပ်ရမည့်အရေးအကြီးကိစ္စတွေရှိတယ်၊ ဒီနေရာမှာ ဖြုန်းဖို့ အချိန်မရှိဘူး"ထန်ရှုက ပေါ့ပေါ့ပါးပါးပြန်ဖြေ၏"ငါ မင်းအတွက် ဘက်ညီတဲ့ပြိုင်ဘက်တစ်ယောက် ရှာပေးမယ်လို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် အခုက အခုက အဲဒါလုပ် ဖို့ သင့်လျော်တဲ့အချိန်မဟုတ်ဘူး"

ထန်ကွမ်းက သက်ပြင်းရှိုက်လိုက်ပြီး တရိုတသေပြောလိုက်သည်"ငါ နားလည်ပါပြီ၊ ဆရာအဘိုး"

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီး အမှောင်နတ်ဆရာကျွမ်းကျင်သူများအဖွဲ့အား ကြည့်လိုက်သည်။ သူတို့၏အမူအရာက အလွန်အရုပ်ဆိုးနေပြီး ကြောက်ရွံ့မှုတို့ ဖြစ်တည်နေလေ၏။ သူက နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်"နတ်ဘုရားအစောင့်အရှောက်သုံးယောက်၊ ငါတို့ရဲ့စွမ်းအားကို မင်းတို့တွေ ရှင်းရှင်းလင်းလင်းနားလည်သင့်ပြီထင်တယ်။ မင်းတို့ကောင်တွေ ငါတို့ကို တားဖို့ မကြိုးစားနဲ့၊ မင်းတို့ရဲ့အကန့်အသတ်ကို သိ။ မဟုတ်လို့ကတော့ မင်းတို့ရဲ့မွေးရပ်အိမ်မှာပဲ မင်းတို့အားလုံး အလောင်းဖြစ်သွားရလိမ့်မယ်"

ဤအချိန်တွင် သူတို့အရှေ့ရှိအ‌နေအထားကြောင့် နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က ထိတ်လန့်နေလေသည်။ သူတို့က စင်းရှော့၏စီနီယာများဖြစ်ကြပြီး သူ့အား ကျင့်ကြံရာ၌ ညွှန်ပြပေးခဲ့သည်။ နောက်ပိုင်းတွင် စင်းရှော့က သူတို့အားလုံးအား ကျော်ဖြတ်သွားပြီး သူတို့အားလုံးပူးပေါင်းလျှင်ပင် သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ပေ။ သို့သော် ယခုတော့ သူက အသတ်ဖြတ်ခံခဲ့ရသည်လား။

သူတို့အားလုံးက ထိပ်တန်းစစ်သားများဖြစ်ကြပြီး အမှောင်နတ်ဆရာကလန်၏သစ္စာရှိစစ်သည်များဖြစ်ကြသော်လည်း သူတို့က သေရမည်ကို မကြောက်ဟု မဆိုလိုပေ။ စင်းရှော့၏သေဆုံးမှုက သူတို့အား အရိုးထိတိုင် အေးစက်စက်ဖြစ်ပြီး နောက်ဆုတ်လိုသောအတွေးများက ပြည့်နှက်လာလေ၏။

အ‌စောင့်ဒါဇင်လုံးက ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။ စက္ကန့်အနည်းငယ်အတွင်း သူတို့က နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်အရှေ့သို့ ရောက်ရှိလာ၏။ တစ်ယောက်ယောက်သာ ပြန်ဆုတ်ရန် အော်ခဲ့လျှင် သူတို့က ချက်ချင်းပြေးပုန်းနေမည်မှာ အသေအချာပင်။

နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်က သူ့အဖော်များနှင့် စကားပြောလိုက်သည်။ ခဏကြာပြီးနောက် သူက အော််လိုက်သည်"ငါတို့နေရာကို ဝင်လာမှတော့ ဒီလူတွေက သေချင်နေတာပဲ၊ ဒါကြောင့် သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ အားလုံးပဲ ကလန်ထဲကို ပြန်ဆုတ်ပြီး ပြန်တိုက်ခိုက်ဖို့ အမိန့်ကို စောင့်ကြ...."

ချက်ချင်းလျှင်ပင် လူနှစ်ဆယ်ကျော်က အမှောင်နတ်ဆရာကလန်နယ်မြေထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

အထင်အမြင်သေးသောမျက်လုံးများနှင့် ထန်ရှုက အမိန့်ပေးလိုက်သည်"အထဲကို ဝင်ကြစို့။ တစ်ယောက်ယောက်က ခုခံတားဆီးရဲရင် ညှာတာဖို့ မလိုအပ်ဘူး"

ဤအချိန်တွင် စင်းလုအန်က ထန်ရှုနောက်သို့ ပြေးသွးခဲ့သည်။ စင်းရှော့၏အလောင်းအား စိုက်ကြည့်ရင်း သူက အလွန်တရာတုန်လှုပ်နေလေသည်။ သူက စင်းရှော့နှင့် ဘယ်သောအခါမှ မနီးကပ်ခဲ့ဘဲ ထိုအကောင်အား အနည်းငယ်တောင် ကြောက်ရွံ့နေခဲ့၏။ သို့သော် ထန်ကွမ်းနှင့်ထန်အန်းတို့၏လက်ထဲ၌ ဤအကောင် သေသွားသည်ကို မြင်သောအခါ သူက ကျောချမ်းလာတော့၏။

ထန်ရှု၏တစ်ဦးချင်းစွမ်းအားက ဘယ်လောက်အားကောင်းသလဲကို သူ သိသည်။ ထန်ကွမ်းနှင့်ထန်အန်းတို့က ပူးပေါင်းလျှင်ပင် ထန်ရှုအား ထိန်းချုပ်ရန် မလုံလောက်ပေ။ ထိုနှစ်ယောက်၏ပူးပေါင်းမှုက စင်းရှော့အား သတ်ဖြတ်နိုင်သည်။ ထန်ရှုက သူ့အဖေအား သတ်ဖြတ်နိုင်သည့်စွမ်းရည်ရှိသည်ဟု ဆိုလိုသည်မဟုတ်လော။ သူ့အဖေကသာ ကလန်ခေါင်းဆောင်နေရာမှ ဆင်းပေးရန် ငြင်းဆန်ခဲ့လျှင် သူက အမှောင်နတ်ဆရာကလန်သားအားလုံးအား သတ်ဖြတ်ရန် အမိန့်ထုတ်ပြန်မည်လား။

ရုတ်တရက် နောင်တရမှုက သူ့နှလုံးသားထဲ၌ ပြည့်သွားသည်။ ဝံပုလွေအား အိမ်ထဲသို့ ခေါ်သွင်းလာမိသည်ကို နောင်တရလာ၏။ ထန်ရှူက အမှောင်နတ်ဆရာကလန်တစ်ခုလုံးအား သတ်ဖြတ်ရန် အမိန့်ပေးခဲ့လျှင် သူက ကလန်၏ပျက်ဆီးမှုအတွက် အပြစ်သားဖြစ်လာပေလိမ့်မည်။

"ထန်ရှု...."စိုးရိမ်မှုနှင့်ဂနာမငြိမ်မှုတို့အလယ်တွင် စင်းလုအန်က ခေါ်လ်ိုက်သည်။

"မင်း ဘာပြောချင်တယ်ဆိုတာ ငါ သိတယ်၊ စင်းလုအန်"ထန်ရှုက လက်မြှောက်ပြကာ ကြားဖြတ်ပြောလိုက်သည်"မင်း စိတ်ပူစရာမလိုဘူး။ ငါက မင်းရဲ့အိမ်မှာ သတ်ဖြတ်မယ်လို့ ပြောခဲ့ပေမယ့် ငါ မလုပ်ပါဘူး။ ခြိမ်းခြောက်လိုက်ရုံပါပဲ။ ဒီလိုမှ မင်းအဖေနဲ့ တွေ့ရလွယ်ကူမှာပေါ့၊ ဒီလိုမှ မင်းရဲ့ကလန်သားတစ်ယောက်မှ သေစရာမလိုဘဲ မင်းက ကလန်ခေါင်းဆောင်ဖြစ်လာမှာပေါ့။ ပြီးတော့ ဒါကို အခွင့်ကောင်းယူပြီး မင်းအပေါ် ရန်လိုတဲ့သူတွေကို ဖယ်ရှားလို့ရနိုင်တယ်မလား"

"မဟုတ်ဘူး၊ ငါ အဲလိုမလုပ်နိုင်ဘူး"စင်းလုအန်က ခေါင်းခါယမ်းလိုက်သည်။

သူ့တုံ့ပြန်ချက်က ထန်ရှုမျက်လုံးအား ကျဉ်းမြောင်းသွားစေသည်။ သူက မရေမရာပြုံးလိုက်ပြီး အမှောင်နတ်ဆရာကလန်ဆီသို့ ပျံသန်းသွားလေသည်။

ဘိုးဘေးခန်းမထဲတွင် စင်းထို့က သတ်ဖြတ်လိုစိတ်အား ထိန်းချုပ်ထားလျက် သူ့မျက်လုံးများက ခန်းမဂိတ်ပေါက်သို့ အဆက်မပြတ်ကျရောက်နေသည်။ သူက စင်းရှော့ပြန်လာမည့်သတင်းအား စောင့်နေခြင်းပင်။ စင်းရှော့က ရန်သူအား ဂိတ်ပေါက်တွင် ထိန်းထားနိုင်သရွေ့ ဤပြဿနာက ဖြေရှင်းပြီးသားဖြစ်၏။ သို့သော် သူက မတားဆီးနိုင်လျှင် ကလန်နှင့်တစ်ဖက်အဖွဲ့ကြားတိုက်ပွဲက ရှောင်လွှဲလို့မရဟု ဆိုလိုသည်။

ဝှစ်.....

ပုံရိပ်တစ်ခုက ဘိုးဘေးခန်းမ၏အတွင်းပိုင်းထဲသို့ ရုတ်ချည်းထွက်ပေါ်လာ၏။ နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ခေါင်းဆောင်ဖြစ်ပြီး စင်းထို့အရှေ့သို့ လျှောက်လာကာ ခါးသီးစွာ တင်ပြလိုက်သည်"စင်းရှော့ သေသွားပြီ၊ ခေါင်းဆောင်။ ငါတို့ မတားနိုင်ဘူး၊ သူတို့ လာတာနဲ့ စတင်သတ်ဖြတ်ခဲ့တာပဲ။ သူတို့ မကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်"

စင်းထို့၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့ပြီး မယုံကြည်နိုင်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် သိသိသာသာပေါ်လာ၏။ သူများ နားကြားလွဲသလားဟုတောင် သံသယဝင်မိ၏။

"စင်းရှော့ ‌သေသွားပြီလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"လက်ရှိစင်းရှော့က အရမ်းပြောင်မြောက်ပြီး သူနဲ့တောင် ယှဉ်နိုင်တယ်လို့ အဖေ ပြောခဲ့တာလေ။ ဘယ်လိုလုပ်ပြီး သူ့ကို ရန်သူက သတ်နိုင်ရမှာလဲ"

စင်းထို့က နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်အား စိုက်ကြည့်ကာ အော်ပြောလိုက်သည်"မင်းက ဘာမဟုတ်တရုတ်တွေ ပြောနေတာလဒ။ စင်းရှော့ရဲ့စွမ်းအားနဲ့ ပတ်သက်ပြီး ငါ ကောင်းကောင်းသိတယ်။ လက်ရှိမှာ ငါတောင် သူ့ပြိုင်ဘက်မဟုတ်တော့ဘူး၊ ဒါပေမယ့် ရန်သူက သူ့ကို သတ်ဖြတ်ခဲ့တယ်လို့ မင်း ငါ့ကို ပြောခဲ့တယ်။ ငါ့ကို ရှင်းရှင်းလင်းလင်းပြောစမ်း၊ အဲမှာ ဘာဖြစ်ခဲ့တာလဲ"

"ဒီနောက်လိုက်က အမှန်အတိုင်းပြောတာပါ၊ ခေါင်းဆောင်။ စင်းရှော့ကို ရန်သူ သတ်သွားပြီ။ ဒါပေမယ့် ဒါက ရန်သူရဲ့ရွံ့စရာကောင်းတဲ့လှုပ်ရှားမှုကြောင့်ပဲ။ စင်းရှော့က သူနဲ့လက်ရည်ညီမျှတဲ့ရန်သူတစ်ယောက်နဲ့ တိုက်ခိုက်နေချိန်မှာ လူသတ်သမားတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်"

ဆံဖြူလူအိုကြီးက စင်းထို့အား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်"မင်း စောစောက ဘာပြောခဲ့တာလဲ၊ ခေါင်းဆောင်။ စင်းရှော့က မင်းထက် ပိုသန်မာတယ်လို့ ပြောခဲ့တာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ငါတို့ကလန်ရဲ့နံပါတ်တစ်ကျွမ်းကျင်သူပဲလေ"

"သူပြောတာ အမှန်အတိုင်းပဲ။ စင်းရှော့က လက်ရှိစင်းထို့ထက် ပိုအားကောင်းတယ်။ စင်းရှော့ကိုသာ နှစ်အနည်းငယ်အချိန်ထပ်‌ပေးလိုက်ရင် ငါ‌တောင် သူ့ပြိုင်ဘက်မဖြစ်နိုင်တော့ဘူး။ ဆိုလိုတာကတော့ ဒီတစ်ကြိမ် ငါတို့ရဲ့ရန်သူက အရမ်းအားကောင်းတယ်လို့ပြောတာပဲ"လူအိုကြီးတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာပြီး ကြားဖြတ်ပြောလိုက်သည်။

"မင်းက....."

"ခေါင်းဆောင်ဟောင်းလား...."

"အို....ဘုရားသခင်။ ငါ့မျက်လုံးတွေများ အမြင်မှားနေတာလား။ အရင်ခေါင်းဆောင်က လွန်ခဲ့တဲ့ဆယ်စုနှစ်က သေသွားခဲ့ပြီမလား။ ဘယ်လို.....ဘယ်လိုလုပ်ပြီး သူက အသက်ပြန်ရှင်လာရတာလဲ"

"မင်း ပြောတာမှန်တယ်။ ခေါင်းဆောင်ဟောင်းပဲ။ ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ"

"..."

အမှောင်နတ်ဆရာကလန်၏အဆင့်မြင့်ကလန်သာအချို့က အံ့အားသင့်စွာ ပြောလိုက်ကြသည်။ နှစ်ယောက်ဆိုလျှင် လူအိုကြီးအရှေ့သို့ ပြေးလာပြီး သူတို့များ လှည့်စားခံနေရသလားကိုပင် အတည်ပြုလိုက်သေး၏။

"ငါ ထွက်ပေါ်လာတဲ့အတွက် မင်းတို့အားလုံး ခေါင်းရှုပ်နေမယ်ဆိုတာ သိတယ်"လူအိုကြီးက ပြော၏"ငါ မင်းတို့ကို ပြောပြမယ်၊ လွန်ခဲ့တဲ့ဆယ်စုနှစ်က ငါ မသေခဲ့ဘူး။ ကလန်ရဲ့အသေးအဖွဲ့ကိစ္စတွေကို မစီမံမခန့်ခွဲချင်တော့တာကြောင့် သေတယ်လို့ သတင်းတုလွှင့်ခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေခဲ့တာပဲ။ ငါတို့ကလန်ရဲ့ပျက်ဆီးမှုကို ဖြစ်စေနိုင်တဲ့ ဒီသေရေးရှင်ရေးအခြေအနေကြောင့်သာမဟုတ်ရင် ငါ မင်းတို့အရှေ့ကို ထွက်လာမှာမဟုတ်ဘူး"

ဆံဖြူလူအိုကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်"မင်းက အသက်ရှင်နေသေးတာပဲ၊ ခေါင်းဆောင်ဟောင်း။ မင်းရဲ့ဦးဆောင်မှုနဲ့ဆိုရင် ရန်သူက ဘယ်လောက်ပဲ အားကောင်းကောင်း ငါတို့ အနိုင်ယူနိုင်မယ်ဆိုတာ သေချာတယ်"

"ကျွတ်၊ ကျွတ်။ စောစောစီးစီးကြွားဝါနေတာပါလား"

ထန်ရှုပုံရိပ်က ဘိုးဘေးခန်းမအပြင်ဘက်၌ ထွက်ပေါ်လာပြီး အတွင်းရှိထိပ်တန်းအဆင့်ကလန်သားဒါဇင်ကျော်အား အထင်သေးသောအကြည့်နှင့် ကြည့်လိုက်လေသည်။

သို့သော် သူ့နောက်မှလိုက်လာသော စင်းလုအန်က လူအိုကြီး၏မျက်နှာကို မြင်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းပမာ ချက်ချင်းပြောင်းလဲသွားတော့၏။

"ဘာဖြစ်တာလဲ"ထန်ရှုက တိုးတိုးမေးလိုက်သည်။

စင်းလုအန်က ထိတ်လန့်တုန်လှုပ်ရာမှ ပြန်ထလာသော်လည်း ကြောက်ရွံ့မှုက သူ့နှလုံးသားအား ဝါးမျိုသွားခဲ့လေပြီ။ သူက အရာအားလုံး တွက်ချက်ခဲ့သော်လည်း ယခင်ခေါင်းဆောင်သူ့အဖိုးက အသက်ရှင်နေသေးသည့်ဖြစ်နိုင်ချေအား ဖယ်ထားခဲ့သည်။ သူ့အရှိန်အဝါအရ သူ့အဖိုးက လွန်ခဲ့သောဆယ်စုနှစ်ကထက် ပိုကောင်းလာပုံရ၏။

သူ့အဖိုးက အသက်ရှင်နေသေးသည်ကိုသာ သိခဲ့လျှင် သူ့တွင် သတ္တိအဆတစ်သောင်းရှိခဲ့လျှင်ပင် သူက ထန်ရှုနှင့်ပူးပေါင်းရဲမည်မဟုတ်ပေ၊ ခေါင်းဆောင်နေရာအား တပ်မက်ရဲမည်မဟုတ်ပေ။

"အာ၊ အဲဒါ ....သူ...သူက ငါ့အဖိုးပဲ"စင်းလုအန်အသံက အနည်းငယ်တုန်ယင်နေ‌လေ၏။

"သူက အရမ်းအားကောင်းတာလားဒါမှမဟုတ်တစ်ခုခုလား"ထန်ရှုက မေးလိုက်သည်။

"သူက လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက အမှောင်နတ်ဆရာကလန်ရဲ့နံပါတ်တစ်ကျွမ်းကျင်သူပဲ။ အခု သူ့စွမ်းအားက လွန်ခဲ့တဲ့ဆယ်စုနှစ်ကထက် ပိုပြောင်မြောက်လာတယ်။ သူ သန်မာလာတာနဲ့အမျှ ငါတို့ကလန်က ကောင်းကင်ဘုံမှော်ဆရာကလန်ကို လိုက်မီဖို့ သိပ်မကြာတော့ဘူးလို့ ကလန်သားအားလုံး တွေးခဲ့ကြတယ်။ သူက ရုတ်တရက် ပျောက်ကွယ်သွားမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ ကြည့်ရတာ....သူက သေဆုံးတယ်လို့ သတင်းတုလွှင့်ခဲ့တာပဲ"

"ဟမ့်၊ သူ ဘယ်လောက်ပဲသန်မာပါစေ၊ ငါ့ထက် အားနည်းနေတုန်းပါပဲ"ထန်ရှုက နှာခေါင်းရှုံလိုက်သည်။"အမ်၊ ငါကြိုတင်ပြင်ဆင်ထားခဲ့တာက တကယ်ကို ဉာဏ်ရှိတဲ့လုပ်ရပ်တစ်ခုပဲ။ မဟုတ်ရင် မင်း ကလန်ခေါင်းဆောင်နေရာကို ရလာရင်တောင် ငါတို့တွေ အလွန်နာကျင်စရာကောင်းတဲ့တန်ဖိုးတစ်ခုကို ပေးချေရမှာ အသေအချာပဲ"

စင်းလုအန်၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး သူက အလျင်စလိုမေးလိုက်သည်"မင်းက ဘာတွေ ကြိုတင်ပြင်ဆင်ထားတာလဲ၊ မစ္စတာထန်။ ငါ့အဖိုးအသက်ရှင်နေတာတောင် ငါ ကလန်ခေါင်းဆောင်ဖြစ်အောင် မင်း တကယ် ကူညီပေးနိုင်တာလား"

All Chapters