← Chapters

အဆိပ်အစွမ်း

Vol. 72 Ch. 1001

အဆိပ်အစွမ်း

Vol. 72 Ch. 1001

ထန်ရှုလက်ထဲတွင် ကျောက်စိမ်းပုလင်းလေးတစ်လုံး ထွက်ပေါ်လာသည်။ သူ့လက်ချောင်းများ လှုပ်ရှားလျက် ပုလင်းအဖုံးအား ဖွင့်လိုက်၏။ အရောင်မရှိအနံ့မရှိသောဓာတ်ငွေ့တစ်ခုက ပုလင်းအဝမှ လွင့်ပျံလာသည်။ ထို့နောက် သူ့စွမ်းအားကို ထုတ်ဖော်လျက် စင်းထို့နှင့်လူအိုကြီးထံ လွင့်မျောသွားစေ၏။

ဤအရာအားလုံးအား သူက တိတ်တဆိတ်သာ လုပ်ခဲ့သည်၊ စင်းထို့နှင့်လူအိုကြီးတို့က သူ့အပြုအမူအား ရှာမတွေ့နိုင်ခဲ့ပေ၊ သူ့ဘေးနားတွင်ရပ်နေသောစင်းလုအန်ပင် မသိခဲ့ပေ။

"ဒါဆို ခင်ဗျားတို့ထဲကဘယ်တစ်ယောက်က အမှောင်နတ်ဆရာကလန်အတွက် အမှန်တကယ်တာဝန်ရှိတာလဲ"စင်းထို့နှင့်လူအိုကြီးတို့အား ကြည့်ရင်း ထန်ရှုက ပြုံးကာ မေးလိုက်သည်။

"ထို့အာက ခေါင်းဆောင်ပဲ။ သူပဲ ကလန်စီမံပိုင်ခွင့်ကို ထိန်းချုပ်ထားတာ"လူအိုကြီးက သာမန်မျှစွာ ပြန်ဖြေ၏။

"ဒါဆို ဒီနေရာမှာ တာဝန်ရှိသူ ရှိနေမှတော့ ကိစ္စတွေကို ဖြေရှင်းရတာ ပိုလွယ်သွားတာပေါ့"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဒါနဲ့ အမှောင်နတ်ဆရာကလန်က ဒီနှစ်တွေမှာ ရပ်တန့်နေတယ်လို့ ခင်ဗျားတို့ မခံစားရဘူးလား။ ခင်ဗျား မြင်မှာပါ၊ အမှောင်နတ်ဆရာကလန်ရဲ့သခင်လေးဖြစ်တဲ့ခင်ဗျားရဲ့ကိုယ်ပိုင်သားကတောင် ပစ္စည်းအချို့ မဝယ်နိုင်လောက်တဲ့အထိ သနားစရာကောင်းလှအောင် ဆင်းရဲနေပြီမလား"

"မင်း ဘာတွေ ပြောနေတာလဲ"စင်းထို့က အေးစက်စက် တုံ့ပြန်၏။

"ကျုပ် ဆိုလိုတာ ရိုးရှင်းပါတယ်။ ခင်ဗျားရဲ့‌နေရာက ဆင်းပေးပြီး ပိုအရည်အချင်းရှိတဲ့လူကို လွှဲပေးလိုက်"ထန်ရှုက ပြုံးဖြဲဖြဲနှင့် ပြော၏"ဒါပေမယ့် စင်းလုအန်ကို လွှဲပေးရင်တော့ အကောင်းဆုံးပေါ့။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ အမှောင်နတ်ဆရာကလန်က ပိုထွန်းတောက်လာမယ်လို့ ကျုပ်ယုံတယ်"

"ဟမ့်၊ ဒါက ငါ့အမှောင်နတ်ဆရာကလန်ရဲ့အတွင်းပိုင်းကိစ္စပါ။ မင်းလိုအပြင်လူနဲ့ ဘာမှမဆိုင်ဘူး"

"ကျုပ်ပြောနေတာ အမှန်တွေပဲ၊ ဒါက စင်းလုအန်ရဲ့နှလုံးသားထဲမှာ အမြဲတမ်းရှိခဲ့တဲ့ရည်ရွယ်ချက်ပဲ"ထန်ရှုက ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်"ခင်ဗျားမယုံရင် သူ့ကို မေးကြည့်လိုက်လေ"

ထန်ရှု၏တည်ငြိမ်‌မှုကို မြင်ပြီး ဂနာမငြိမ်ဖြစ်နေသောစင်းလုအန်က သက်ပြင်းရှိုက်လိုက်သည်။ ထို့နောက် သူက စင်းထို့အား ကြည့်ကာ ပြောလိုက်၏"အဖေ၊ သင်က အသက်ကြီးနေပြီ၊ အမှောင်နတ်ဆရာကလန်ရဲ့ခေါင်းဆောင်လုပ်တာက အဖေ့ရဲ့ကျင့်ကြံခြင်းကို ထိခိုက်စေတယ်။ ဒါကြောင့် ကလန်ခေါင်းဆောင်နေရာကို ကျုပ်ကို လွှဲပေးလိုက်ပါ။ ကလန်ရဲ့ဂုဏ်သတင်းနဲ့ပတ်သက်ပြီး အဖေ စိတ်ချ။ ကျုပ် ကလန်ခေါင်းဆောင်ဖြစ်လာတာနဲ့ ကလန်ရဲ့စွမ်းအားကို သေချာပေါက် တိုးတက်လာစေရမယ်။ အချိန်တိုအတွင်းမှာ ကလန်သားတိုင်းရဲ့ခွန်အားက ခုန်ပေါက်သလို ဖြစ်သွားစေရမယ်၊ ဒီလိုဆိုရင် အဖေလဲ စိတ်အေးအေးနဲ့ တံခါးပိတ်ကျင့်ကြံနိုင်တာပေါ့"

"ပါးစပ်ပိတ်စမ်း၊ သားမိုက်"စင်းထို့က ဒေါသတကြီးအော်ပြောလိုက်သည်"ဒီမတိုင်ခင်တုန်းက မင်းကို ကလန်ခေါင်းဆောင်နေရာပေးဖို့ ငါ စဉ်းစားပြီးသား။ ဒါပေမယ့် မင်းက အပြင်လူတွေနဲ့ ပူးပေါင်းပြီး မင်းရဲ့အဖေနဲ့ရင်ဆိုင်တဲ့သစ္စာဖောက်မှုကို ကျူးလွန်ခဲ့တယ်။ မင်းလိုလူက မထိုက်တန်ဘူး။ မင်းက ကလန်ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူး- မင်းက ကလန်သားတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး"

စင်းလုအန်၏အမူအရာက အေးစက်သွားပြီး သူက နက်ရှိုင်းသော‌အသံနှင့် ပြောလိုက်သည်"ဒါဆို ကျုပ်ကို ခေါင်းဆောင်နေရာလုံးဝမပေးဘူးပေါ့၊ အဖေ။ စင်းခေါက သေ‌လောက်ပြီဆိုတာ ခင်ဗျား သိသင့်တယ်။ ခင်ဗျားမှာ ကျုပ်က လွှဲပြီး ‌နေရာပေးစရာအခြားသားတစ်ယောက် ရှိတော့မှာ မဟုတ်ဘူး"

စင်းထို့၏မျက်လုံးများက လင်းလက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏"ဒါဆို စင်းခေါက အသက်ရှင်နေသေးတယ်လို့ မင်း ပြောတာလား"

"သူ အခု သက်ရှင်နေသေးတယ်....ဒါပေမယ့် မကြာခင် သူ သေရမှာပါ"စင်းလုအန်က အေးစက်စွာ ပြန်ဖြေ၏။

"သူ အခု ဘယ်မှာလဲ"စင်းထို့က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

"ခင်ဗျားက ခင်ဗျားရဲ့အကြီးဆုံးသားကို ဂရုစိုက်နေတုန်းပဲလား"စင်းလုအန်က ခါးသီးစွာ ရယ်လျက် ပြောလေ၏"ဟားဟားဟား....ကျုပ် သိပြီးသားပါ။ ခင်ဗျားက သူ့ကို အမြဲတမ်း ဘက်လိုက်ခဲ့တာပဲ၊ ဒါပေမယ့် ဒီအတိုင်းအတာအထိ မျက်နှာသာပေးမယ်လို့တော့ ကျုပ် မထင်ထားဘူး။ ဒီနှစ်‌တွေမှာ စင်း‌ခေါက ကျုပ်ကို ဖိအားပေးခဲ့တယ်၊ ကျုပ်မှာ အသက်ရှုစရာနေရာမရှိလောက်အောင်ပဲ။ ခေါင်းဆောင်ဖြစ်လာဖို့အတွက် ကျုပ်ကို ဒီလိုအဆုံးသတ်အထိ သူက တွန်းပို့ခဲ့တယ်။ ပြီးတော့ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို ဘယ်တော့မှ မကူညီခဲ့ဘူး။ အဲအစား ခင်ဗျားက သူ့ကိုပဲ တစ်လျှောက်လုံး ကူညီခဲ့တယ်။ ကျုပ် ခင်ဗျားကို အရမ်းစိတ်ပျက်တယ်"

"စင်းခေါက မင်းထက် ပိုသတ္တိရှိတယ်၊ ကလန်ခေါင်းဆောင်‌‌နေရာအတွက် အသင့်တော်ဆုံးသူပဲ။ ဘယ်သူက အထူးချွန်ဆုံးလဲဆိုတာ ငါ ရွေးချယ်ခဲ့ပြီးပြီ၊ မင်းက သူနဲ့ မယှဉ်နိုင်ဘူး"စင်းထို့က စိတ်မကောင်းဖြစ်စွာနှင့် ပြော၏"ပြီးတော့ ငါ ဘယ်တော့မှ မင်းကို မသေချင်ခဲ့ဘူး၊ ဒါကြောင့်ပဲ မင်းကို ကာကွယ်ဖို့ စင်းဂလီနဲ့နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ကို လွှတ်ခဲ့တာပဲလေ"

ထန်ရှုက စင်းလုအန်အား ပခုံးပုတ်ကာ ပြောလိုက်သည်"ထပ်ပြောနေလို့လဲ အသုံးမဝင်ဘူး။ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာပြီပဲ၊ သူက မင်းဆီ ခေါင်းဆောင်‌နေရာကို အလွယ်တကူမပေးချင်ဘူးဆိုတာ သိသာတယ်။ ဒါကြောင့် ငါတို့က သူ့ကို အင်အားသုံးပြီး ခြိမ်းခြောက်လို့ပဲ ရမယ်"

"ကြည့်ရတာ မင်းက တကယ်ပဲ ငါတို့ရဲ့အတွင်းပိုင်းကိစ္စတွေမှာ ပါဝင်ချင်နေတာပဲ၊ တရုတ်ကောင်လေး"စင်းထို့က ထန်ရှုအား စိုက်ကြည့်ကာ အော်ပြောလိုက်သည်"ဒီနေရာမှာ မင်းရဲ့အသက် ပျောက်သွားမှာကို မင်း မကြောက်ဘူးလား"

"ငါလား။ ဒီနေရာမှာ သေမှာတဲ့လား။ ခင်ဗျားက မဖြစ်နိုင်တာကို အိမ်မက်မက်နေတဲ့ အရူးတစ်ယောက်လား"ထန်ရှုက သရော်လိုက်သည်"ခင်ဗျားရဲ့မှော်စွမ်းအားကို လှည့်ပတ်ကြည့်လိုက်ပါအုံး၊ စင်းထို့၊ ပြီးရင် ခင်ဗျား ဘယ်လိုခံစားရတယ်ဆိုတာ ကျုပ်ကို ပြော"

စင်းထို့က မှင်တက်သွားပြီး သူ၏မှော်စွမ်းအားအား ချက်ချင်းလှည့်ပတ်လိုက်သည်။ သူ့မျက်နှာက အရောင်ဖျော့သွားပြီး ခန္ဓာကိုယ်က အားနည်းသလို ခံစားလာရ၏။ သူက မရီဒျာန်ထဲရှိမှော်စွမ်းအားအား လှည့်ပတ်ရန် ကြိုးစားခဲ့ပြီး ထိန်းချုပ်ရခက်ခဲသည်ကို ‌တွေ့ရှိလိုက်သည်။

"ဘာဖြစ်နေတာလဲ"

သူက သူ့အဖေအား လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

လူအိုကြီးက မျက်မှောင်ကြုတ်ကာ သူ့ခန္ဓာကိုယ်ထဲရှိမှော်စွမ်းအားအား တိတ်တဆိတ်လှည့်ပတ်လိုက်သည်။ သူ့အသားအရောင်က အလားတူပြောင်းသွားပြီး ကြောက်ရွံ့မှုက မျက်လုံးထဲ၌ ထင်ဟပ်လာ၏။ သူက ထန်ရှုအား စိုက်ကြည့်ကာ ကြိမ်းဝါးလိုက်သည်"မင်း ဘာလုပ်ခဲ့တာလဲ။ ဘာလို့...."

"ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲကမှော်စွမ်းအား လှည့်ပတ်ရတာ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲလို့ မေးချင်တာလား"ထန်ရှုက ကြားဖြတ်ပြောလိုက်သည်"ကောင်းပြီလေ၊ ဒါဆိုလဲ ခင်ဗျားရဲ့သိလိုစိတ်ကို ဖြည့်ဆည်းပေးပါ့မယ်။ ကျုပ် ရောက်ကတည်းက ခင်ဗျားတို့ကို တိတ်တဆိတ် အဆိပ်ခတ်ခဲ့တာပဲ။ ဒီကမ္ဘာမှာ ကျုပ်တစ်ယောက်က လွဲပြီး ဘယ်သူမှ အဲဒီအဆိပ်ကို မဖယ်ရှားပေးနိုင်ဘူး"

"တောက်"

လူအိုကြီး၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက ထန်ရှုထံ ချက်ချင်း ပြေးလာ၏။

ထန်ရှုက စင်းလုအန်၏ပခုံးအား ကိုင်ကာ အနောက်သို့ ပို့လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ ရယ်လျက် ပြောလိုက်၏"ဟားဟား၊ ခင်ဗျားတို့ ကျုပ်နဲ့ ရင်ဆိုင်ချင်ရင် မြန်မြန်လုပ်တာ အကောင်းဆုံးပဲ။ အချိန်ဖြုန်းလေ၊ ခင်များတို့ရဲ့မှော်စွမ်းအား လှည့်ပတ်ရ ခက်ခဲပြီး ခန္ဓာကိုယ်က ပိုအားနည်းလာလေ‌ပဲ။ ဒါပေမယ့် ကျုပ်တို့ကို တိုက်ခိုက်တာနဲ့ ခင်ဗျားတို့ တစ်ခုတော့ ပြင်ဆင်ထား၊ ခင်ဗျားတို့ရဲ့ခွန်အား လျော့ကျလာတာနဲ့ ကျုပ်က ခင်ဗျားတို့ကို သတ်မှာမို့လို့ပဲ"

"ပြန်သွားစမ်း"

ရုတ်တရက် ထန်ကွမ်းက ထန်ရှုအရှေ့၌ ထွက်ပေါ်လာပြီး အင်မော်တယ်ဓားအား ဝှေ့ယမ်းလိုက်သည်။ လူအိုကြီး၏နှလုံးခုန်သံက မြန်ဆန်သွား၏။ သူက ပုတ်ထုတ်မည့်ဆဲဆဲတွင် နောက်ထပ်အင်မော်တယ်ဓားတစ်လက်က သူ့အရှေ့၌ အသံမထွက်ဘဲ ထွက်ပေါ်လာသည်။ ဓားစွမ်းအားက အများကြီးပိုအားနည်းသော်ငြား မြန်လွန်းကာ အလွန်အမင်းပညာသားပါ၏။ သူက ထန်ရှုအား တိုက်ခိုက်ရန် လက်လျော့ကာ ချက်ချင်း နောက်ဆုတ်လိုက်ရသည်။

ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်ကာ နှစ်ရှိုက်ဖွာ၏။ အငွေ့များ မှုတ်ထုတ်ရင်း သူက ပြောလိုက်သည်"အချိန်အခါကိုသိတဲ့သူတွေက ဉာဏ်ရှိတယ်လို့ ပြောကြတယ်။ ငါတို့ ဒီကို ရောက်လာတာ အပြည့်အဝပြင်ဆင်ပြီးလို့ ဆိုလိုတယ်။ ခင်ဗျားတို့ ဘယ်လောက်ပဲ ရုန်းကန်နေပါ‌စေ၊ ခင်ဗျားတို့ရဲ့ကံကြမ္မာက ကျုပ်ရဲ့ထိန်းချုပ်မှုအောက်မှာပဲ။ အသက်ရှင်ချင်ရင် စင်းလုအန်ကို ကလန်ခေါင်းဆောင်နေရာပေးလိုက်။ ခင်ဗျားတို့ သေချင်တယ်ဆိုရင်လဲ ကျုပ်က ကူညီပေးရတာပေါ့"

"ငါ မင်းကို သတ်မယ်"

စင်းထို့က သူ့ခါးမှ လခြမ်းဓားအား ရုတ်ချည်းထုတ်လိုက်သည်။ တောင်ဝှေးအား ဘယ်ဘက်လက်တွင် ကိုင်လျက် ညာဘက်လက်ဖြင့် လခြမ်းဓားအား ထန်ရှုထံ ခုတ်ပိုင်းချ၏။

"တော်လောက်ပြီ....."

လူအိုကြီးက စင်းထို့၏တိုက်ခိုက်မှုအား တိုက်ရိုက်တားဆီးလိုက်သည်။ သူက ထန်ရှုအား ကြည့်ကာ ပြော၏"မင်းရဲ့ရည်ရွယ်ချက်က တကယ်ကို ရိုးရိုးရှင်းရှင်းပဲလား။ စင်းလုအန်ကို အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်အောင် ကူညီဖို့ပဲလား။ မင်းနဲ့သူ့ကြားမှာ အခြားအပေးအယူတစ်ခုခုများ ရှိနေလား"

လက်မထောင်လျက် ထန်ရှုက ချီးကျူးလိုက်သည်"တော်တယ်၊ ချင်းပင်အဟောင်းက အပင်သစ်ထက် ပိုပူတယ်ဆိုတာ တကယ်ပါပဲ။ ခင်ဗျားက ခန့်မှန်းပြီးပြီပဲ။ ကျုပ်က စင်းလုအန်နဲ့ အပေးအယူတစ်ခုရှိတယ်၊ အဲဒီအရောင်းအဝယ်က နှစ်ဖက်စလုံးအတွက် အကျိုးရှိမှာပါ။ ငါ ပြောတာ မှန်တယ်မလား စင်းလုအန်"

"မှန်ပါတယ်"စင်းလုအန်က ခေါင်းညိတ်သည်။

လူအိုကြီးက မျက်လုံးများကျဉ်းမြောင်းသွားလျက် ထပ်မေး၏"ဒါဆို မင်းတို့ရဲ့အပေးအယူကို ငါ အရင် သိချင်တယ်"

"မစ္စတာထန်က မှော်ကျောက်တုံးကို လိုချင်တယ်၊ အဘိုး။ သူက အဲဒါကို ဆေးလုံးနဲ့ ဖလှယ်မှာ"စင်းလုအန်က ရှင်းပြလိုက်သည်"မစ္စတာထန်က ငါ့ကို မ‌ပေးခင် ဒီလိုဆေးမျိုးရှ်ိမယ်ဆိုတာ ငါ မသိခဲ့ဘူး။ ဒီဆေးလုံးတွေက ငါတို့ရဲ့မှော်ကျင့်ကြံခြင်းအတွက် အကြီးအကျယ်အကျိုးပြုတယ်ဆိုတာ ငါ သိခဲ့တယ်"

သူ့စကားများကြားပြီး လူအိုကြီးက မယုံကြည်နိုင်သောမျက်နှာထားနှင့် ဒေါသထွက်စွာ အော်ပြောလိုက်သည်"ပါးစပ်ပိတ်စမ်း။ ငါတို့ကလန်ရဲ့မှော်ကျောက်တုံးနဲ့ပတ်သက်ပြီး မင်း မသိဘူးလို့ ငါ့ကို မပြောနဲ့။ ဒါက ငါတို့ကလန်ရဲ့အခြေခံအုတ်မြစ်ပဲ၊ ငါတို့ရဲ့ကျင့်ကြံခြင်းအတွက် အကောင်းဆုံးအထောက်အပံ့ပဲ။ ဒါ မရှိရင် ငါတို့ကလန်က မြင့်မားတဲ့ကျင့်ကြံခြင်းနယ်ပယ်တွေဆီ ရောက်တော့မှ မဟုတ်ဘူး။ မင်း....မင်းက တကယ်ကို အမှိုက်ပဲ"

စင်းလုအန်က စိတ်ထဲ၌ ကျိန်ဆဲရင်း ဆက်ရှင်းပြလိုက်လေသည်"အဘိုး၊ ဒီဆေးက ငါတို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ မင်း မသိသေးဘူး။ ဆေးတစ်လုံးက ငါတို့ရဲ့စွမ်းအားကို ရက်အနည်းငယ်အတွင်း ခုန်ပေါက်သွားစေဖို့ လုံလောက်တယ်။ မစ္စတာထန်ကို သိပြီးကတည်းက ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က နှစ်ဆင့်ခုန်တက်သွားခဲ့တယ်။ စဉ်းစားကြည့်ပါ၊ မှော်ကျောက်တုံးကို စုပ်ယူရုံနဲ့ ဒီလိုအချိန်တိုလေးအတွင်းမှာ နှစ်ဆင့်ကျော်ဖြတ်နိုင်ပါ့မလား"

လူအိုကြီးက အံ့အားသင့်သွားသော်လည်း သံသယဖြစ်နေဆဲပင်။ ခဏနှုတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်သည်"အဓိပ္ပါယ်မရှိတာတွေ၊ ဒီဆေးက ငါတို့အတွက် အသုံးဝင်တယ်ဆိုရင် ဘာလို့ အရင်က ကလန်အကြီးအကဲတစ်ယောက်မှ အဲဒါကို မတွေ့ရှိခဲ့ရတာလဲ"

စင်းလုအန်က အမျိုးသမီးနှင့်အကြီးအကဲငါး‌ယောက်အား လက်ညှိုးထိုးကာ လေးနက်သောမျက်နှာနှင့် ပြောလိုက်သည်"ငါ မလိမ်ဘူး၊ အဲလိုလုပ်စရာလဲ မလိုဘူး။ သူတို့အားလုံးက ဆေးလုံးသုံးပြီးတာနဲ့ သူတို့ရဲ့ကျင့်ကြံခြင်းနဲ့စွမ်းအားက အကြီးအကျယ်တိုးလာခဲ့တယ်။ မင်း အဲဒါကို မသိနိုင်ပေမယ့် အဖေကတော့ ငါနဲ့အဲဒီခြောက်ယောက်ရဲ့ခွန်အားကို အတိအကျသိမှာပါ။ ငါတို့ အရင်ကထက် ပိုသန်မာလာတယ်မလား"

စင်းထို့က စင်းလုအန်နှင့်အခြားခြောက်ယောက်၏အရှိန်အဝါအား အာရုံခံလိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့အမူအရာက မယုံကြည်နိုင်သဖွယ် သူက အလွန်အံ့အားသင့်သွားလေ၏။

ဤမတိုင်ခင်တုန်းက စင်းလုအန်နှင့်သူ့လူများ၏ခွန်အားက ခုန်ပေါက်သလို တိုးတက်လာသည်၊ စင်းခေါ၏အကြီးအကဲငါးယောက်နှင့် ညီမျှနေသည်ဟု နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ထံမှ ကြားခဲ့သည်၊ သူ မယုံကြည်ခဲ့သော်လည်း ယခု သက်သေပြနေချေပြီ။

"မင်းရဲ့မိသားစုနာမည်က ထန်လား"စင်းခေါက ထန်ရှုအား စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဟုတ်တယ်။ မိသားစုနာမည်ထန်၊ ကိုယ်ပိုင်နာမည်က ရှု"ထန်ရှုက ပြုံး၍ ဖြေ၏"ခင်ဗျားက တရုတ်ရဲ့အနေအထားနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိမယ်ဆိုရင် ကျုပ်အကြောင်း ကြားဖူးမှာပါ"

All Chapters