ထန်ရှု၏ဒေါသ
Vol. 72 Ch. 1002
စင်းထို့က ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ပြီးနောက် လူအိုကြီးဘက်လှည့်ကာ တီးတိုးပြောလိုက်သည်။ တရုတ်ပြည်ရှိအနေအထားအား ဘယ်သောအခါမှ အာရုံမစိုက်ခဲ့သောကြောင့် ထန်ရှုအား သူ မကြားဖူးပေ။ လက်ရှိအချိန်တွင် သူက စဉ်းနှီးတုံးပေါ်ရှိငါးတစ်ကောင်ပမာပင်။ အဆိပ်က သူတို့၏ခန္ဓာကိုယ်ထဲတွင် အလွန်အမင်မြန်ဆန်စွာ ပျံ့နှံ့နေပြီး တစ်ဖက်လူအား ပြန်တိုက်ခိုက်ရန် အခွင့်အရေးမရှိ။
အချိန်အတော်ကြာသွားပြီးနောက် သူက ထန်ရှုအား လှည့်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"ငါ ခေါင်းဆောင်နေရာကို စင်းလုအန်ဆီ လွှဲပေးပြီးတာနဲ့ မင်း ချက်ချင်း ထွက်သွားမှာလား"
"ဒါပေါ့။ ကျုပ်က ခင်ဗျားတို့အမှောင်နတ်ဆရာကလန်နဲ့ ဘာရန်ငြိုးမှ မရှိဘဲ" ထန်ရှုက ခေါင်းညိတ်ပြသည်"ကျုပ် ဒီနေရာကို လာတာ စင်းလုအန် ခေါင်းဆောင်နေရာရအောင် ကူညီဖို့ပဲ။ ကျုပ်ရည်မှန်းချက်ပြည့်ပြီးရင် ထပ်နေစရာအကြောင်းမရှိဘူး"
စင်းထို့က ဖြည်းဖြည်းချင်း မေး၏"အဆိပ်ကရော ဘယ်လိုလုပ်မလဲ"
ထန်ရှုက စင်းထို့ထံ ကြွေပုလင်းတစ်လုံးပစ်ပေးကာ ပြောလိုက်သည်"ဒါက အဆိပ်ဖြေဆေးပဲ။ ဒါပေမယ့် အဆိပ်က အရမ်းထူးခြားပြီး တခါတည်းနဲ့ အဆိပ်မပြယ်နိုင်ဘူး။ တစ်နှစ်ကို တစ်ကြိမ် ခင်ဗျားတို့တွေ အဆိပ်ဖြေဆေးသောက်ဖို့ လိုအပ်တယ်။ စင်းလုအန်ကို ဆယ်နှစ်စာ လုံလုံလောက်လောက် ပေးထားမယ်။ ခင်ဗျားတို့က သူ့ကို သစ္စာရှိပြီး ဆယ်စုနှစ်တစ်ခုအထိ စင်းလုအန်ကို ခက်ခဲအောင် မလုပ်ရင် ကျုပ် ခင်များတို့ရဲ့ခန္ဓာကိုယ်ကနေ အဆိပ်ကို ဖယ်ရှားပေးမယ်"
ဘာ.....
စင်းထို့နှင့်လူအိုကြီး၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး အမှောင်နတ်ဆရာကလန်၏ထိပ်တန်းကလန်သားအချို့က ဖြူဖတ်ဖြူရော်သွား၏။ သူတို့က ထန်ရှုအား စိုက်ကြည့်လိုက်သော်ငြား ဘာမှ မပြောရဲကြပေ။
"ကျုပ်ကို အထင်မလွဲပါနဲ့။ ကျုပ်က ခင်ဗျားတို့ရဲ့အသက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး"ထန်ရှုက ပြော၏"သူက ကလန်ထဲမှာ အားနည်းနေတာကြောင့် ဒါတွေအားလုံးက စင်းလုအန်ရဲ့ဘေးကင်းမှုအတွက်ပဲ။ ကျုပ် ထွက်သွားပြီးမှ ခင်ဗျားတို့က သူ့ကို အနိုင်ကျင့်ရင် သူ ဘာတတ်နိုင်မှာလဲ။ အားလုံးကို စဉ်းစားပြီးတော့ ခင်ဗျားတို့မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုက ခုခံရင် သေရမယ်၊ ဒုတိယတစ်ခုက စင်းလုအန် ကလန်ခေါင်းဆောင်ဖြစ်အောင် ထောက်ပံ့ပေးဖို့ပဲ။ ဒုတိယတစ်ခုက ခင်များတို့အတွက် အကျိုးအမြတ်ရရုံတင်မကဘူး၊ ခင်ဗျားတို့ရဲ့ကလန်ပါ စွမ်းအားတွေ တိုးလာမှာပါ"
လူအိုကြီးက ရှေ့နှစ်လှမ်းတက်လာကာ မေးလိုက်သည်"ထန်ရှုမလား။ စင်းလုအန်ကို ခေါင်းဆောင်နေရာပေးရင် ငါတို့အတွက် ကြီးမားတဲ့အကျိုးအမြတ်တွေ ရမယ်လို့ ဆက်တိုက်ပြောခဲ့တယ်မခလား။ ဒါပေမယ့် အတိအကျ ဘာအကျိုးအမြတ်တွေလဲ။ ဆေးလုံးတွေနဲ့ အမှောင်ကျောက်တုံးဖလှယ်တာကို ယူဆကြပါစို့၊ ဆေးလုံးတွေက စင်းလုအန်ပြောသလို အစွမ်းထက်ပါ့မလား"
ခင်ဗျား မယုံကြည်ရင် ခင်ဗျားရဲ့အမှောင်ကျောက်တုံးနဲ့ ဆေးလုံးတွေကို ဖလှယ်နိုင်တယ်"ထန်ရှုက တည်ငြိမ်စွာ ပြော၏"ဒါပေမယ့် အမှောင်ကျောက်တုံးနှစ်ရာအတွက် ဆေးတစ်လုံးပဲ ပေးနိုင်တယ်"
"ဘာ"
လူအိုကြီး၏အမူအရာက မယုံကြည်နိုင်မှုတို့နှင့် အကြီးအကျယ်ပြောင်းလဲသွားတော့သည်။
"အမှောင်ကျောက်တုံးနှစ်ရာက ဆေးတစ်လုံးပဲ ရတာလား။ ဒါ လောဘကြီးလွန်းတယ်၊ နေ့လည်ကြောင်တောင် လုယက်နေတာပဲ။ ငါတို့ကို အသုံးအဖြုန်းကြီးတဲ့အရူးတွေလို့ ထင်နေတာလား"
"မစ္စတာထန်၊ မင်းက....."ထန်ရှုအား အံ့အားသင့်စွာ ကြည့်ရင်း စင်းလုအန်က ကြားဖြတ်ပြောလိုက်သည်။
ထန်ရှုက လက်မြှောက်ကာ သူ့အား တားဆီးလိုက်သည်။ သူက လူအိုကြီးအား ကြည့်ကာ ပြောလိုက်၏"ဒါပေါ့၊ တန်ဖိုးက စင်းလုအန်နဲ့ဖလှယ်နှုန်းနဲ့ ဘယ်တူမလဲ။ ကျုပ်တို့က မိတ်ဆွေတွေလေ၊ ကျုပ် သူ့ကို ဒီလို ဘယ်ရိုက်စားလုပ်ပါ့မလဲ။ ဒါပေမယ့် ခင်ဗျားက ဘာလဲ။ ကျုပ်တို့မှာ ဘာဆက်ဆံရေးရှိလို့လဲ။ ခင်ဗျားက ဆေးလုံးလိုချင်တယ်၊ ဒီတော့ လုယက်ခံရဖို့ ပြင်ဆင်ထားရမယ်မလား"
ထန်ရှု၏ရည်ရွယ်ချက်အား ချက်ချင်း နားလည်ပြီး စင်းလုအန်က သူ့အား ကျေးဇူးတင်စွာ တစ်ချက်ကြည့်လိုက်သည်။ ထန်ရှုအကြောင်း သူ ပိုသိလေလေ၊ ဤလူက သူ့အတွက် ကြီးမားသောအကျိုးပေးသူတစ်ဦးဟု ခံစားရလေလေပင်။
"ခင်ဗျား သိလား၊ ကြိုတင်သဘောတူညီချက်အနေနဲ့ စင်းလုအန်က ဆေးလုံးတော်တော်များများရခဲ့တယ်"ထန်ရှုက ပြုံး၍ ပြော၏"အခု သူ ကျုပ်ကို အမှောင်ကျောက်တုံးပြန်ပေးဖို့ စောင့်နေတယ်။ သူက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်နေရာကို ရပြီးရင် ဒါက ပြဿနာတစ်ခုလို့ ကျုပ် မထင်ဘူး"
စင်းလုအန်က ထိတ်လန့်သွားရပြန်သော်ငြား ထန်ရှုအား နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်မိလေသည်။ ကလန်၏အသိအမှတ်ပြုခြင်းအား ရရှိရန် ထန်ရှုက သူ့အား ကူညီပေးနေသည်ကို သဘောပေါက်၏။ ဘန်ကောက်သို့ ရောက်လာပြီးကတည်းက ထန်ရှုပြုလုပ်ခဲ့သမျှ အရာအားလုံး၊ ဘန်ကောက်မြေအောက်ခေါင်းဆောင်ခန်အဂျာနှင့် မိတ်ဆွေဖွဲ့ခြင်းအပါအဝင် သူ့အား ကူညီမည့် ရည်ရွယ်ချက်တစ်ခုသာရှိသည်ကို သူက ရုတ်တရက် သဘောပေါက်ခဲ့သည်။
"ဒါမှ စစ်မှန်တဲ့ညီအကိုတစ်ယောက်ပဲ"
သူက ထန်ရှုအား သူ၏သွေးချင်းစပ်အကိုစင်းခေါနှင့် နှိုင်းယှဉ်မိသည်၊ အနောက်လူက သူ့အား သတ်ဖြတ်လိုသည့်ဗီလိန်တစ်ယောက်သာ ဖြစ်ပြီး အရှေ့လူက သူ့အား ညီအကိုတစ်ယောက်အဖြစ် အမှန်တကယ် သတ်မှတ်ခဲ့သည်ကိုသာ တွေ့ရှိခဲ့၏။
ထန်ရှုက စင်းလုအန်၏အတွေးများအား မသိပေ။ သူက သတိပေးလိုက်သည်"အခု မင်းအလှည့်ပဲ၊ စင်းလုအန်"
သတိပေးချက်က စင်းလုအန်အား ငေးကြောင်ရာမှ နိုးသွားစေသည်။ ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးများက သူ့ကလန်၏ထိပ်တန်းကလန်သားများထံ ပြောင်းရွှေ့သွား၏"အဘိုး၊ အဖေနဲ့ ကလန်အကြီးအကဲတို့။ မင်းတို့အားလုံးက ငါ အရွယ်ရောက်လာတဲ့အထိ မြင်တွေခဲ့ပါတယ်။ အစကတည်းက ငါက ကလန်ကို အန္တရာယ်ပြုလိုခြင်းမရှိခဲ့ဘူး။ ဒါပေမယ့် စင်းခေါ၊ ငါ့ရဲ့သွေးချင်းစပ်အကိုက ငါ့ကို ဆူးတစ်ချောင်းအဖြစ် အမြဲတမ်း ရှုမြင်ခဲ့တယ်။ သူက ငါ့ကို အမြဲတမ်း ဖယ်ရှားချင်ခဲ့တယ်။ ငါ မသေချင်ဘူး၊ ဒါပေမယ့် ခွန်အားဒါမှမဟုတ်စွမ်းအားအရဖြစ်စေ ငါ သူနဲ့ မယှဉ်နိုင်ဘူး။ ခုခံတာကပဲ ငါ လုပ်နိုင်တဲ့တစ်ခုတည်းသောအရာပဲ၊ ဒါကြောင့် မစ္စတာထန်ရဲ့ခွန်အားကို ငါ မှီခိုခဲ့ရတာပဲ"
"ဒီမတိုင်ခင်တုန်းက ကလန်ခေါင်းဆောင်နေရာကို ယူဖို့ ငါ စိတ်ကူးမရဲခဲ့ပါဘူး။ ဒါပေမယ့် မစ္စတာထန်သန့်စင်ခဲ့တဲ့ဆေးလုံးကို ရပြီးနောက် ငါ့ရဲ့ကျင့်ကြံခြင်းက အလွန်မြန်မြန်ဆန်ဆန်တိုးတက်လာတယ်။ ယခင်ကထက် ငါ ဆယ်ဆပိုတိုးတက်လာတယ်။ ငါ့ရဲ့နောက်လိုက်တွေမှာလဲ အလားတူဖြစ်ပျက်ခဲ့တယ်။ ဒါကြောင့် ငါ တွေးခဲ့တယ်၊ ငါ့ကလန်ရဲ့အလုံးစုံခွန်အားကို တိုးတက်ဖို့ ငါ ဘာလို့ မလုပ်နိုင်ရမှာလဲပေါ့"
"ငါ မင်းတို့ကို ကတိပေးတယ်၊ ငါ အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာတာနဲ့ သုံးလအတွင်းမှာ မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်တစ်ဆင့် သေချာပေါက် တိုးလာစေရမယ်။ ငါ မအောင်မြင်ရင် ခေါင်းဆောင်နေရာကို ငါ့အဖေ့ကို ပြန်ပေးလိုက်မယ်။ဒါက ငါ့ရဲ့ကတိပဲ"
စင်းထို့က တုန်လှုပ်သွားပြီး နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"မင်း သေချာလား"
"ငါက အရွယ်ရောက်ပြီးသားလူတစ်ယောက်ပါ။ ငါ့စကား ငါတည်တယ်၊ ငါ ပြောခဲ့တာတွေအတွက် ငါ တာဝန်ယူတယ်"စင်းလုအန်က လေးနက်သောမျက်နှာနှင့် ပြော၏။
စင်းထို့က သူ့အဖေအား ကြည့်လိုက်သည်။ ထို့နောက် သူက ချက်ချင်းပြော၏"ဒီနေ့မှာ ကလန်ခေါင်းဆောင်နေရာကို စင်းလုအန်ဆီ လွှဲပေးမယ်လို့ ငါ ကြေငြာတယ်။ ယနေ့ကစပြီး သူက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ပဲ။ အခမ်းအနားကို လာမယ့်သုံးရက်မြောက်နေ့မှာ ကျင်းပမယ်။ ပြီးတော့၊ မစ္စတာထန်။ မင်းက စင်းလုအန်ရဲ့မိတ်ဆွေဆိုမှတော့ အခမ်းအနားကို တက်ရောက်နိုင်မယ်လို့ ငါ မျှော်လင့်တယ်"
နောက်သုံးရက်လား။
ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ကျင်းမန်ကျွန်းသို့ ပြန်သွားရန် လိုအပ်သောကြောင့် သူက ဘန်ကောက်မှ ဖြစ်နိုင်သမျှ အမြန်ထွက်ခွာသွားချင်သည်။ သူက ကူးယန်အာ၏ပုန်းကွယ်မျှော်စင်အား နဂါးကိုးကောင်းကျွန်းသို့ ပြောင်းရွှေ့ချင်သည်။
ကရင်း၊ ကရင်း၊ ကရင်း.....
ဤအချိန်တွင် သူ၏မိုဘိုင်းဖုန်းက ရုတ်တရက် အသံမြည်လာသည်။
သူက မျက်မှောင်ထပ်ကြုတ်ကာ ဖုန်းယူထုတ်လိုက်သည်။ ဖုန်းစခရင်အား မြင်ပြီး သိလိုသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ လက်သွား၏။ သူက ဖုန်းကိုင်ကာ ပြောလိုက်သည်"တစ်ခုခု ဖြစ်ပျက်သွားတာလား"
"ဒီနေရာမှာ အနေအထားတစ်ခုရှိတယ်၊ သူဌေး"တွမ်ရက်ဂျီ၏အသံက ဖုန်းမှ ထွက်လာသည်။"နဂါးကိုးကောင်ကျွန်းအနီးရေပြင်ထဲမှာ ရတနာအချို့ ရှိတယ်လို့ လူတချို့က သတင်းလွှင့်ခဲ့တယ်။ ရတနာက ကျင့်ကြံသူတွေအတွက် အရမ်းအကျိုးရှိတယ်လို့ ကောဟဟာလထွက်နေတယ်။ စိုင်းဖန်မှာ သံသယဖြစ်စရာနိုင်ငံခြားသားတွေ ထွက်ပေါ်လာနေတယ်။ သူတို့တွေက ဒေသခံသယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ပင်လယ်ပြင်ကို ထွက်နေကြတယ်"
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး ပြင်းထန်သောသတ်ဖြတ်လိုစိတ်တစ်ခုက သူ့မျက်လုံးများထဲ၌ ပြည့်သွား၏။ နဂါးကိုးကောင်ကျွန်းက ပစိဖိတ်သမုဒ္ဒရာအနက်ပိုင်းထဲတွင် တည်ရှိသည်။ ထိုနေရာတွင် ရတနာတစ်ခု ထွက်ပေါ်လာသည်ကား မဖြစ်နိုင်ပေ။ ဤသတင်းဖြန့်သူများက ယုတ်မာလိုသောရည်ရွယ်ချက်များ ရှိကြပြီး နဂါးကိုးကောင်ကျွန်း၏တည်ရှိမှုအား ဖော်ထုတ်ချင်နေသည်။
ယခု ကမ္ဘာပေါ်တွင် ကျင့်ကြံသူများစွာ ရှိသည်ကို သူ သိသွားခဲ့လေပြီ။ တာအိုကျင့်ကြံသူများ၏အရေအတွက်က နည်းပါးသော်လည်း မှော်ဆရာမျိုးနွယ်၊ ဗုဒ္ဓကျောင်းများ၊ အမှောင်ကောင်စီရှိမတူကွဲပြားသည့်မျိုးနွယ်စုများစသည့်အခြားကျင့်ကြံခြင်းစနစ်များနှင့်ကျင့်ကြံသူများစွာရှိသည်။ ကမ္ဘာပေါ်ရှိကျင့်ကြံသူအားလုံးက နဂါးကိုးကောင်ကျွန်း၏အနီးဝန်းကျင်သို့ ဦးတည်လာခဲ့လျှင် ကျွန်း၏တည်ရှိမှု မထွက်ပေါ်လာရန်က မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ကျွန်းပေါ်၌ ရတနာများရှိသည်ဟု လူအချို့က ကောလဟာလလွှင့်ခဲ့လျှင် သူက အများတကာ၏ရန်သူဖြစ်လာပြီး ကျင့်ကြံသူအဖွဲ့အားလုံးအား ရင်ဆိုင်ရပေလိမ့်မည်။
"ဒီယုတ်မာတဲ့ကောင်းကင်ဘုံမှော်ဆရာကလန်....."
ထန်ရှုက သတ်ဖြတ်လိုစိတ်နှင့် လက်သီးတင်းကြပ်စွာ ဆုပ်လိုက်သည်။ ကောင်းကင်ဘုံမှော်ရောကလန်ပြုလုပ်ခဲ့သည့်အကြံအစည်က ရက်စက်လွန်းလှသည်ကို သူ ဝန်ခံရပေမည်။ သူတို့၏လက်စားချေလိုသောရည်ရွယ်ချက်အတွက် ကမ္ဘာတစ်ဝှမ်းရှိကျင့်ကြံသူများအား သွေးဆောင်ဖြားယောင်းခဲ့သည်။ နဂါးကိုးကောင်ကျွန်းအပါအဝင် အဖွဲ့အားလုံးထိခိုက်ရန် သူတို့က အစီအစဥ်ချထားဖို့များသည်။ ထိုအချိန်ကျလျှင် ကောင်းကင်ဘုံမှော်ဆရာကလန်က ရှေ့ထွက်လာကာ အကျိုးအမြတ်အား ရိတ်သိမ်းပေလိမ့်မည်။
လက်ရှိတွင် လူတိုင်းက ထန်ရှုထံ အာရုံစိုက်လာကြသည်။ အဘယ့်ကြောင့် သတ်ဖြတ်လိုစိတ်တစ်ခုက သူ့ထံတွင် ထွက်ပေါ်လာမှန်း သူတို့ နားမလည်ခဲ့ပေ။
"သူဌေး......"
မိုအားဝူက ထန်ရှုဘေးသို့ ရောက်လာပြီး တိုးတိုးလေး အော်ခေါ်လိုက်သည်။
"ငါ့အမိန့်ကို ဖြန့်လိုက်။ သူတို့ကျွန်းကနေထွက်လာတဲ့ဘယ်ကောင်းကင်ဘုံမှော်ဆရာကလန်သားကိုမဆို သတ်ပစ်"ထန်ရှုက ခမ်းနားကြီးကျယ်သောအသံနှင့် ပြောလိုက်သည်"မင်းတို့သတ်တာပိုများလေလေ၊ ငါ့ဆီကနေရမယ့်ဆုလာဒ်က ပိုများလေလေပဲ။ ပြီးတော့ ကမ္ဘာ့အကြီးမားဆုံးလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကို ဆက်သွယ်။ ဆုကြေးစုစုပေါင်းဒေါ်လာတစ်ဘီလီယံကို လျာထား။ ကောင်းကင်ဘုံမှော်ဆရာကလန်သားတစ်ယောက်ရဲ့အသက်တစ်သက်အတွက် ဒေါ်လာတစ်သန်းပေးမယ်"
မိုအားဝူ၏အမူအရာက ပြောင်းလဲသွားသည်။ သူတို့က ကောင်းကင်ဘုံမှော်ဆရာကလန်မှကျွမ်းကျင်သူများနှင့် တိုက်ပွဲဝင်ခဲ့သည်မှာ မကြာသေးပေ။ သို့သော် ယခု သူဌေးက ဒေါသူပုန်ထကာ အမိန့်ထုတ်ပြန်ခဲ့သည်။ ကောင်းကင်ဘုံမှော်ဆရာကလန်က သူ့အား အလွန်အမင်းဒေါသထွက်စေသည့်တစ်စုံတစ်ခု ပြုလုပ်ခဲ့သည်ဖြစ်ရမည်။
"ငါ အခုပဲ ဆက်သွယ်လိုက်ပါ့မယ်၊ သူဌေး"
အလားတူသတ်ဖြတ်လိုစိတ်က မိုအားဝူ၏မျက်လုံးများထဲ၌ ပြည့်သွားပြီး သူက အဝေးသို့ လျှောက်သွား၏။
ထို့နောက် ထန်ရှုက ထန်ကွမ်းအား နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"ငါ မင်းကိုလုပ်ခိုင်းထားတဲ့အစီအစဉ်ကို မင်း မှတ်မိသေးလား။ ကူဝါကိုကို ချက်ချင်းသွားရှာပြီး အဲဒါကို အောင်မြင်အောင်လုပ်။ သုံးလအတွင်း လက်ရွေးစင်ကျွမ်းကျင်သူတစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရမယ်"
"ငါ အခု ထွက်သွားပါ့မယ်၊ ဆရာအဘိုး"
ထန်ကွမ်းက လက်သီးဆုပ်ကာ အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။
ထန်ရှုက ထပ်ပြောလိုက်၏"အန်၊ အခုကစပြီး ကျင်းရှီရဲ့အဖွဲ့က မင်းလက်အောက်ကပဲ။ သူတို့ကလန်ရဲ့အနီးတစ်ဝိုက်မှာ ကောင်းကင်ဘုံမှော်ဆရာကလန်သားတစ်ယောက်မှ ထွက်ပေါ်လာတာကို ငါ မမြင်ချင်ဘူး။ တစ်ယောက်ယောက် အပြင်ကို ထွက်လာတာနဲ့ သတ်ပစ်။ နောက်ပိုင်းမှာ ပြဿနာမဖြစ်ဖို့အတွက် ခြေရာလက်ရာတွေ မကျန်စေနဲ့အုံး"