မျှော်မှန်းထားသည်ထက် ကျော်လွန်၍
Vol. 72 Ch. 1004
ကျိုတာချွမ်းနှင့်ခန်အဂျာတို့ထံ သူ ပေးခဲ့သောအချိန်ကန့်သတ်ချက်အရ သူတို့အနေဖြင့် သန့်စင်ခြင်းပစ္စည်းအမြောက်အများ မရနိုင်လောက်ဟု ထန်ရှုက တွေးခဲ့သည်။ သို့သော် ကုန်တင်ကားများက တစ်စီးပြီးတစ်စီး ဝင်လာပြီး ကြေးနှင့်သံသတ္တုလှည်းများက မြေအောက်သိုလှောင်ခန်းထဲသို့ အဆက်မပြတ် ဝင်လာနေခဲ့၏။
ထို့ပြင် ရွှေနှင့်ငွေများကလည်း အမြောက်အများ ပို့ထားသည်။ အတိအကျမတွက်နိုင်သော်လည်း သူက ရွှေနှင့်ငွေအားလုံး၏တန်ဖိုးအား ခန့်မှန်းနိုင်သည်။ သူတို့အား ငွေသားအဖြစ် ပြောင်းလဲလျှင် အမေရိကန်ဒေါ်လာသန်းတစ်ရာ ကျော်ပေလိမ့်မှာ အသေအချာပင်။
သို့သော် ရွှေ၊ ငွေ၊ ကြေးနှင့် သတ္တုများ ပို့ဆောင်မှုနှုန်းထက် နတ်ဆိုးစိတ်ဝိညာဉ်ဝါးမျိုမီးဖိုထဲသို့ ပစ်သွင်းနှုန်းက ပိုမြန်၏။ အစစ်အမှန်မီးက အဆက်မပြတ်အပူပေးလျက် ရွှေ၊ ငွေ၊ ကြေးနှင့် သံတို့၏အဆီအနှစ်များသန့်စင်ထုတ်ယူခြင်းဖြစ်စဉ်က မရပ်မနားလုပ်ဆောင်နေခဲ့ပြီး အားလုံးအား ကျောက်စိမ်းပုလင်းများထဲသို့ သိုလှောင်ခဲ့သည်။
"အခု လုံလောက်ပြီ"
ခန်အဂျာနှင့်ကျိုတာချွမ်းတို့အား ဖုန်းခေါ်ပြောပြီးနောက် ကုန်တင်ကားများဝင်လာခြင်းက ရပ်သွားသလို သတ္တုလှည်းများကလည်း တဖြည်းဖြည်း လျော့ကျလာခဲ့၏။
မီးဖိုအရှေ့တွင် ရပ်နေရင်း ထန်ရှုမျက်လုံးများက တလက်လက်ဖြစ်နေ၏။ ကျိုတာချွမ်းအပေါ် သူ့အမြင်က ကောင်းသည်ဆိုးသည် မရှိသော်လည်း ခန်အဂျာက အလွန်စိတ်ဝင်စားစရာကောင်းသောလူတစ်ယောက်ဖြစ်သည်ကို တွေ့ရှိခဲ့သည်။ ဤလူက ဉာဏ်ရည်ထက်မြက်ပြီး အမြော်အမြင်ကြီးကာ လူရည်လည်လှသည်။ မှော်ပစ္စည်းတစ်ခုအတွက် ဒီလောက်အများအပြား ရင်းနှီးမြုပ်နှံရန် တွန့်ဆုတ်မနေခဲ့ပေ။
"ဟမ်.....သန့်စင်ခြင်းဖြစ်စဉ်ဆိုတာ အချိန်ဖြုန်းတာတစ်ခုပါပဲလား....."
ထန်ရှုက ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက ကျောက်စိမ်းပုလင်းများပေါ်သို့ ကျရောက်သွား၏။ နောက်ဆုံးသံကြွပ်အား အရည်ကျိုပြီး သံအဆီအနှစ်အား ကျောက်စိမ်းပုလင်းထဲသို့ ထည့်ပြီးနောက် သိုလှောင်လက်စွပ်မှ အဖိုးတန်သတ္တုရိုင်းများအား နတ်ဆိုးစိတ်ဝိညာဉ်ဝါးမျိုမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
သန့်စင်ခြင်းဖြစ်စဉ်တွင် အရေးကြီးဆုံးအဆင့်က အစီအရင်ထွင်းထုကာ ပုံသွင်းထားသောဓား၏သန္ဓေသားထဲသို့ ပေါင်းစပ်လျက် အစစ်အမှန်မီးနှင့် အပူပေးပြီးမှ ပြီးပြည့်စုံသောမှော်အဆင့်ဓားတစ်လက်ဖြစ်ပေါ်လာခြင်းပင်။ ထို့ပြင် ကြီးမားသောစိတ်စွမ်းအားပမာဏအားလည်း လိုအပ်သည်။
"စိတ်ဝိညာဉ် အရည်ကျိုလျက် ဓား ဖြစ်ပေါ်ခြင်း"
ထန်ရှုက မီးဖိုနှုတ်ခမ်း(အဖုံး)အား မလိုက်ပြီး ဓားအလက်နှစ်ဆယ်က မီးဖိုထဲမှ ပျံသန်းထွက်လာသည်။ သူ့စိတ်ဝိညာဉ်စွမ်းအားနှင့် ထိန်းချုပ်ကာ ၎င်းတို့က သူ့နားတစ်ဝိုက် မရပ်မနား လည်ပတ်နေတော့၏။
ထန်ရှုမှ ဆယ်မီတာအကွာတွင် မိုအားဝူက ရပ်နေ၏။ ဓားအလက်နှစ်ဆယ်က ထန်ရှုအနားတစ်ဝိုက် ပျံသန်းနေသည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေလေသည်။ ထန်ရှု မှော်လက်နက်များ သန့်စင်နေသည်ကို သူ သိသော်ငြား တစ်ချက်တည်းနှင့် ဓားအလက်နှစ်ဆယ်အား ထုတ်လုပ်နိုင်မည်ကိုတော့ မမျှော်လင့်ထားခဲ့ပေ။
ဘော့စ်ဟု ခေါ်ရန် တကယ် ထိုက်တန်သည်။ သူ၏ပန်းပဲအတတ်က အံ့အားသင့်စရာပင်။
စိတ်ထဲ၌ သက်ပြင်းချလျက် မိုအားဝူက နောက်ဆုတ်လိုက်သည်။ အနည်းငယ်ရယ်စရာကောင်းသလို ရုတ်တရက် ခံစားမိလာ၏။ သူဌေးက သန့်စင်ခြင်းပြုလုပ်နေသည်ကို ကြည့်နေခဲ့သော်ငြား သူက ဘာတစ်ခုမှ မသင်ယူနိုင်ခဲ့။ ကျင်းရှီသာ ဆိုလျှင် အမြောက်အများ သင်ယူနိုင်ပေလိမ့်မည်။
ကျင်းရှီက အစီအရင်ဝင်္ကပါများအား အလွန်တရာစိတ်ဝင်စားသည်ကို သူ သိသည်။ ဤနေရာတွင် ကျင်းရှီသာ ရှိလျှင် သူက တစ်ခုခု နားမလည်သည်နှင့် သူဌေးအား မေးမြန်းလျက် မမောမပန်းလေ့လာသင့်ယူပေလိမ့်မည်။
အာ၊ ထားလိုက်တော့။ ဒါက အရန်နည်းစနစ်တစ်ခုမျှပဲ။ ငါက တိုက်ခိုက်ရေးမှာ ကောင်းနေသေးတာပဲ၊ ဒါကြောင့် အစီအရင်တွေ၊ သန့်စင်တဲ့နည်းလမ်းတွေကို အများကြီး ဂရုစိုက်စရာမလိုဘူး။
ပြုံးလျက် ထန်ရှုက သူ့လက်အား ညင်သာစွာ မြှောက်လိုက်သည်။ ဓားအိမ်နှစ်ဆယ်က မီးဖိုမှ ပျံသန်းထွက်လာ၏။ သူ၏ပြောင်မြောက်သောထိန်းချုပ်မှုနှင့်အတူ ဓားအလက်နှစ်ဆယ်က ဓားအိမ်များထဲသို့ အသီးသီး ဝင်သွားခဲ့လေသည်။
ထိုအချိန်တွင် မိုအားဝူက ပြောလိုက်သည်"သူဌေး၊ နှစ်ရက် ကုန်သွားပြီး။ ငါတို့ တရုတ်ကို ပြန်ဖို့ အလျင်လိုနေတာ မဟုတ်လား"
ထန်ရှုက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်"တချက်လောက် စောင့်ကြတာပေါ့။ အလျင်လိုရင်တောင် အလောတကြီးသွားဖို့ မလိုပါဘူး။ အချိန်နည်းနည်းလေးပိုသုံးလိုက်လို့လဲ ပြဿနာမရှိလှပါဘူး။ ဒါပေမယ့် ကျင်းမန်ကျွန်းကို ပြန်ရောက်ပြီး ကူယန်အာနဲ့ တွေ့ပြီးရင်တော့ သန့်စင်ထာတဲ့မှော်လက်နက်တွေကို ငါတို့ရဲ့လက်နက်တိုက်ထဲမှာ သိမ်းဆည်းဖို့ လိုအပ်တယ်။ အနာဂတ်မှာ တာဝန်တွေကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်တဲ့သူတွေကို ဖြန့်ဝေပေးရမယ်"
ထန်ရှုရပ်လိုက်သည်ကို မြင်ပြီး မိုအားဝူက ခေါင်းရှုပ်စွာနှင့် ချက်ချင်း မေးလိုက်သည်"ပြီးတော့ရော၊ သူဌေး"
"လက်ရှိမှာ ငါတို့တွေ ရန်သူတွေကို ရင်ဆိုင်နေရတယ်၊ ဒါကြောင့် မှော်လက်နက်တွေ ပိုရှိလာလေလေ၊ ငါတို့အတွက် ပိုကောင်းလေလေပဲ"ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"ရန်သူတွေကို ရင်ဆိုင်ဖို့အတွက် ထာဝရခန်းမရဲ့အရန်အဖွဲ့ဝင်အားလုံးကို စမ်းသပ်ဖို့ ငါ ပြင်ဆင်ထားပြီးပြီ။ သူတို့က ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ရင် ပင်မအဖွဲ့ဝင်တွေထဲကို ပေါင်းစည်းခွင့်ရလာလိမ့်မယ်။ သူတို့ကို ပိုအဆင့်မြင့်တဲ့ကျင့်ကြံခြင်းပညာရပ်တွေကိုလဲ သင်ကြားပေးရလိမ့်မယ်။ သူတို့အတွက် ဂန္တဝင်စာကြည့်တိုက်စံအိမ်ကိုလဲ ဖွင့်ပေးမယ်၊ ဒါမှ သူတို့တွေ အခြားမှော်မန္တန်တွေ၊ ကျင့်ကြံသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ဗဟုသုတတွေကို သင်ယူနိုင်မှာ"
"ဂန္တဝင်စာကြည့်တိုက်စံအိမ်လား။ အဲဒါ ဘယ်နေရာမှာလဲ"မိုအားဝူက စိတ်ရှုပ်စွာနှင့် မေးလိုက်သည်။
သူ့မေးခွန်းက ထန်ရှုအား မျက်လုံးကလည်ကလည်ဖြစ်သွားစေသည်။"နဂါးကိုးကောင်းကျွန်းကနေ ငါ ထွက်လာတုန်းက စာအုပ်အမြောက်အများရေးခဲ့တာကို မင်း သတိမထားမိဘူးလား။ ကျင့်ကြံခြင်းကျမ်းစာအုပ်တွေ၊ ရှားပါးတဲ့မန္တန်တွေ၊ ကျင့်ကြံခြင်းအတွက် ယေဘုယျဗဟုသုတတွေစတာတွေကို ထပ်ခိုးအခန်းမှာ ထားခဲ့တယ်။ အဲနေရာမှာ ဂန္တဝင်စာကြည့်တိုက်စံအိမ်လို့ ငါကိုယ်တိုင်ပဲ ထွင်းထုခဲ့တာလေ။ မင်း ဒါကို မသိဘူးလို့တော့ ငါ့ကို မပြောဘူးမလား"
"အာ....မိုအားဝူက ငေးကြောင်စွာနှင့် ခေါင်းခါယမ်းလျက် ရေရွတ်လိုက်လေသည်"ဒါနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက် ပြောတာ ငါ တစ်ခါမှ မကြားဖူးဘူး။ သူဌေး အလုပ်များနေချိန်မှာဆိုရင် ငါလဲ ဘာလုပ်စရာမှမရှိတာနဲ့ နေ့တိုင်းနေ့တိုင်း တံခါးပိတ်ကျင့်ကြံနေခဲ့တာပဲ။ ဒါပေမယ့် ဒါ ထူးဆန်းတယ်။ ဘာလို့ ကျင်းရှီနဲ့ကျန်တဲ့လူတွေက ငါ့ကို မပြောပြတာလဲ"
သူ၏ရေရွတ်သံကို ကြားပြီး ထန်ရှုက အားတင်းပြုံးလျက် ပြောလိုက်သည်"အားဝူ၊ မင်းက ကျင့်ကြံခြင်းအရူးဆိုတာ ငါ သိတယ်။ ငါနဲ့ မရှိတဲ့အခါတိုင်း မင်းရဲ့အချိန်ကို ကျင့်ကြံဖို့အတွက်ပဲ အသုံးချခဲ့တာပဲ။ ဒါပေမယ့် မင်း မှတ်ထားရမှာက ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံဖို့ လိုအပ်ရုံတင်မက အခြားသောဗဟုသုတတွေကို နားလည်ဖို့၊ မန္တန်မျိုးစုံတွေ သင်ယူဖို့၊ လျှို့ဝှက်ပညာရပ်အမျိုးမျိုးကို လေ့လာလိုက်စားဖို့လဲ လိုအပ်တယ်။ အခြားအရေးကြီးပညာရပ်တွေဖြစ်တဲ့အစီအရင်ဝင်္ကပါတွေ၊ အဂ္ဂိရတ်ပညာရပ်တွေ၊ သန့်စင်ခြင်းပညာရပ်တွေကို မကျွမ်းကျင်ရင်တောင် တီးမိခေါက်မိရှ်ိထားသင့်တယ်။ အနည်းဆုံး သာမန်အစီအရင်တွေ၊ သန့်စင်ခြင်းတွေ၊ အဂ္ဂိရတ်ပညာတွေကို ဆုပ်ကိုင်ထားဖို့ လိုတယ်။ ဒီလိုမှ တစ်နေ့မှာ နေရာသစ်တစ်ခုကို ငါနဲ့ လိုက်လာတဲ့အခါ မင်းအနေနဲ့ ဆုံးရှုံးမှုတွေမဖြစ်လာမှာ"
"ငါ့ရဲ့ကျင့်ကြံခြင်းက လုံလုံလောက်လောက်မြင့်မားနေသရွေ့၊ ငါက အားကောင်းနေသရွေ့၊ အခြားပညာရပ်တွေကို မသင်ယူရင်တောင် အဆင်ပြေတယ်မလားလို့ ငါ တွေးထားတာ၊ သူဌေး"မိုအားဝူက ပြော၏။
"မင်ရဲ့ရန်သူတွေကို အနိုင်မယူနိုင်တဲ့အခါမျိုး ရှိလာနိုင်တယ်ဆိုတာ မင်းလဲ သိတာပဲ"ထန်ရှုက အလေးအနက်ထားပြောလေသည်"မင်းရဲ့ရန်သူက အစီအရင်မာစတာတစ်ယောက်ဖြစ်ပြီး မင်းကို သူ့ရဲ့အစီအရင်ထဲမှာ ပိတ်ထားရင် မင်း ဘယ်လိုလုပ်မလဲ။ မင်း သူ့ကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်မလဲ။ ငါ အစီအရင်တစ်ခု တည်ဆောက်ပြီး ရန်သူတွေကို ထောင်ဖမ်းသတ်ဖြတ်တာတွေကို မင်းလဲ မြင်ဖူးတာပဲလေ။ အဂွိရတ်ပညာရပ်အရဆိုရင် မင်းရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက် ဆေးလုံးတွေ လိုအပ်တာပဲ။ အနာဂတ်မှာ မင်းက နေရာအချို့ကို သွားဖို့ အကြောင်းဖန်လာတယ်၊ မင်းမှာ ဆေးဖော်စပ်ဖို့ အဂ္ဂိရတ်ဆရာတစ်ယောက်မရှိရင် ဘယ်လိုလုပ်မှာလဲ။ နောက်ထပ်ဥပမာတစ်ခုက ပန်းပဲပညာရပ်ပဲ။ မင်း လိုအပ်တဲ့အချိန်တိုင်း မင်းအတွက် အသင့်တော်ဆုံးလက်နက်ကို အမြဲတမ်း သန့်စင်နိုင်တာပေါ့ကွ"
"မှော်မန္တန်တွေကလဲ နောက်ထပ် မင်း သိဖို့လိုမယ့် ကဏ္ဍတစ်ခုပဲ"