စပ်စုသောကြောင် အသတ်ခံရတတ်သည်
Vol. 72 Ch. 1005
မျက်နှာအလေးအနက်ဖြစ်သွားသောမိုအားဝူအား လေ့လာရင်း ထန်ရှုက ဆက်ပြောလေသည်"အနာဂတ်မှာ မှော်မန္တန်တွေ အသုံးပြုရတဲ့နေရာတွေမှာ မင်းက ရန်သူတွေနဲ့ တိုက်ခိုက်ရမှာပဲ။ အချို့သောမန္တန်တွေမှာ ကြောက်စရာကောင်းတဲ့စွမ်းအားရှိပြီး မင်းမှာ စွမ်းအားချင်းညီမျှတဲ့မန္တန်မရှိရင် အလွန်ခက်ခဲတဲ့အနေအထားတစ်ခုကို ကျရောက်သွားရလိမ့်မယ်။ အဲဒီလိုစွမ်းအားရှင်တွေနဲ့ တိုက်ခိုက်ရရင် မင်းရဲ့အသက်တောင် ဆုံးရှုံးသွားရနိုင်တယ်"
မိုအားဝူက နှုတ်ဆိတ်သွားလေသည်။ ထန်ရှု ပြောခဲ့သည်ကား သူ့အား ရိုးတွင်းခြင်ဆီထိတိုင် တုန်လှုပ်စေသည်။ ဤအချိန်တွင် သူက ဘယ်လောက်ရိုးစင်းသလဲကို သဘောပေါက်လာခဲ့၏။ ကျင့်ကြံခြင်းတစ်ယောက်ဖြစ်ခြင်းက စွယ်စုံကျွမ်းသူတစ်ယောက် ဖြစ်ရန် မလိုသော်ငြား အရာအားလုံးတွင် လုံလောက်သောကျွမ်းကျင်မှုတော့ ရှိရမည်။
အတတ်ပညာအပိုအရံရှိခြင်းက မကောင်းသောအရာတစ်ခု မဟုတ်ပေ။ ပညာရပ်များ ပိုလာလေလေ၊ ကိုယ်ပိုင်ခွန်အားက ပို တိုးတက်လာသည်ပင်။ သို့မှသာ အကောင်းဆုံးစစ်သည်တစ်ယောက် အမှန်တကယ် ဖြစ်လာနိုင်သည်။
လေးစားသောမျက်နှာအမူအရာနှင့် မိုအားဝူက အရိုအသေပေးလိုက်သည်"မင်းရဲ့သတိပေးချက်ကို ငါ နားလည်ပါတယ်၊ သူဌေး။ အနာဂတ်မှာ ပညာရပ်အသစ်တွေ ငါ အမြဲမပြတ် သင်ယူမှာပါ။ ငါက မင်းလက်အောက်မှာ အကောင်းဆုံးစစ်သည်တစ်ယောက် ဖြစ်စေရမယ်၊ အနာဂတ်မှာလဲ ငါ့ကို အခုလို ထပ်ညွှန်ကြားပေးစေချင်ပါတယ်"
"မင်း ဆန္ဒရှိသရွေ့ ငါ မင်းကို ကူညီထောက်ပံ့ပေးမှာပါ၊ အားဝူရေ"ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ဆို၏"ငါ လိုအပ်တာ အစစ်အမှန်စွမ်းအားရှင်တွေဆိုတာ မင်း မှတ်ထားရမယ်။ အစစ်အမှန်စွမ်းအားရှင်တွေကပဲ ငါ့နောက်လိုက်ဖို့ အရည်အချင်းမီတယ်။ မင်းကို အခြားသူတွေ ကျော်ဖြတ်သွားတဲ့အခါ မင်းအနေနဲ့ ငါ့အနားမှာ ထပ်ရှိပိုင်ခွင့်မရှိတော့ဘူး"
မိုအားဝူက လက်သီးကြပ်ကြပ်ဆုပ်လျက် အခိုင်အမာပြောလိုက်၏"သေချာပေါက် ငါ့ရဲ့အားထုတ်မှုကို နှစ်ဆတိုးစေပါ့မယ်၊ သူဌေး။ စိတ်ချပါ"
"ကောင်းပြီလေ၊ နဂါးကိုးကောင်ကျွန်းကို ရောက်တဲ့အခါ ကျီချီးမိန်ဆီမှာ နှစ်ဝက်စာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ သွားယူ"ထန်ရှုက ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်"အဲဒါကို မင်း ပေးခဲ့တဲ့ အဆင့်မြင့်သားရဲရိုင်းသွေးအတွက် လျော်ကြေးအဖြစ် သတ်မှတ်လိုက်ပေါ့"
မိုအားဝူက မငြင်းပယ်ပေ၊ ရိုသေလေးစားစွာ ပြောလိုက်သည်"ကျေးဇူးတင်ပါတယ်၊ သူဌေး...."
မိုအားဝူအား ညွှန်ကြားသင်ကြားပြီးနောက် ထန်ရှုက သန့်စင်ခြင်းနှင့်သာ အချိန်ဖြုန်းခဲ့ပြီး နောက်ဆုံးတွင် မှော်ဓားအလက်နှစ်ဆယ်အား ထုတ်လုပ်နိုင်ခဲ့သည်။ သို့သော် ကျိုးတာချွမ်းနှင့်ခန်အဂျာတို့အတွက် သူက အပိုနှစ်လက် သန့်စင်ခဲ့၏။
"သွားကြစို့......"
အားလုံးအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းပြီးနောက် ထန်ရှုနှင့်မိုအားဝူတို့ မြေအောက်သိုလှောင်ခန်းမှ ထွက်လာခဲ့သည်။ မြေပြင်ပေါ်သို့ ရောက်သောအခါ အပျက်အဆီးများ ရှင်းလင်းပြီးဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းများနှင့်ကုန်တင်ကားများက ရောက်ရှိနေလေ၏။
"နတ်ဆေးဆရာထန်....."
ကျိုချင်းက သားနှစ်ယောက်လက်ကို ဆွဲလျက် ထန်ရှုထံ လျှောက်လာသည်။ အပြုံးတစ်ခု မျက်နှာပေါ်တွင် ရေးဆွဲလျက် သူမက ထန်ရှုအား နွေးထွေးစွာ ကြည့်လိုက်ချေ၏။
"ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ မင်းအဖေက မင်းတို့နေဖို့အတွက် ဘန်ကောက်မြို့ထဲမှာ စီစဉ်ပေးထားတာ မဟုတ်လား"ထန်ရှုက ပြုံးလျက် မေး၏။
"အာ၊ အဲနေရာမှာ နေရတာ ပျင်းစရာကြီး၊ ဒါကြောင့် ဒီကို ရောက်လာခဲ့တာ"ကျိုချင်းက ပြုံးကာ ဖြေ၏"ဒါနဲ့ ရှင်က မြေအောက်ခန်းမှာ ရှိတယ်လို့ အဖေပြောတဲ့အတွက် ကျွန်မတို့ ဒီနေရာမှာ စောင့်နေတာ။ ပြီးတော့ ရှင်က မကြာခင် တရုတ်ကို ပြန်တော့မယ်ဆို၊ နတ်ဆေးဆရာထန်"
"ဟုတ်တယ်"ထန်ရှုက ခေါင်းညိတ်ပြသည်"ငါ လေဆိပ်ကို အခုချက်ချင်းပဲ သွားရတော့မယ်"
ကျိုချင်း၏မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားလေပြီး သူမက အသံနိမ့်လျက် ပြောလေ၏"ကောင်းပါပြီ....ဒါဆို ရှင် ကျွန်မကို တစ်ခုခု ကူညီပေးနိုင်မလား"
"ပြောပါ။ ငါ ဘာကူညီပေးရမလဲ"ထန်ရှုက ပြုံးကာ မေးလိုက်သည်။
ကျိုချင်းက ပြောလိုက်၏"ငါ့အဖေရဲ့မိတ်ဆွေနဲ့ငါ့မိတ်ဆွေရဲ့အကူအညီကြောင့် ကလေးနှစ်ယောက်နဲ့အတူ တရုတ်ကို ပြေးလာနိုင်ခဲ့တာ။ ဒါပေမယ့် ငါ့ကို ကူညီပေးတဲ့အတွက် သူမက ကျင်းမန်ကျွန်းမှာ ဂိုဏ်စတားလိုကောင်လေးတစ်ယောက်ကို ရန်စမိခဲ့တယ်။ ငါတို့သုံးယောက် ထွက်လာတာနဲ့ ပုန်းဖို့ ပေကျင်းကို ချက်ချင်း သွားခဲ့တယ်လို့ သူမက ပြောတယ်။ ငါ သူမကို ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူး။ တရုတ်ကို ပြန်ရောက်တဲ့အခါ သူမကို ရှာဖို့ ရှင် ကူညီပေးနိုင်မလား"
"သူမနာမည်က ဘာတဲ့လဲ။ သူမရဲ့နံပါတ်နဲ့အိမ်လိပ်စာကို ငါ့ကို ပေးပါ"ထန်ရှုက ပြော၏"မစိုးရိမ်ပါနဲ့၊ ငါ သူမကို ရှာတွေ့တဲ့အခါ သူမ ဒုက္ခဖြစ်နေရင် ကူညီပေးမှာပါ"
"ကျေးဇူးတင်ပါတယ်၊ နတ်ဆေးဆရာထန်။ ရှင်က လူကောင်းတစ်ယောက်ပါပဲ"ကျိုချင်းက ကျေးဇူးတင်စွာနှင့် ဆိုလေသည်။
"ကောင်းပါပြီ။ ဒါနဲ့ ငါ့မှာ အချိန်သိပ်မရှိတော့ဘူး။ ကလေးနှစ်ယောက်အတွက် လက်ဆောင်အချို့ ပေးခဲ့မယ်"ထန်ရှုက ပြုံးကာ ပြော၏။
"မလိုပါဘူးလေ"ကျိုချင်းက ပြောလိုက်သည်။
ထန်ရှုက လက်မြှောက်လျက် သူမအား တားလိုက်သည်။ သူက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းလည်ဆွဲနှစ်ခု ထုတ်ပြီး ကလေးနှစ်ယောက်၏လည်ပင်းပေါ်တွင် ဆွဲပေးပြီးနောက် ပြုံးကာ ပြောလိုက်၏"မှတ်ထားပါ၊ ဘာပဲဖြစ်ဖြစ် ဒီလည်ဆွဲနှစ်ခုကို မချွတ်နဲ့။ အနာဂတ်မှာ အန္တရာယ်တွေ ကြုံလာတဲ့အခါ အဲဒါက သူတို့လေးတွေရဲ့အသက်ကို ကယ်ပေးပါလိမ့်မယ်"
****
မှော်ရီပျိုးချိန်တွင် ထန်ရှုနှင့်မိုအားဝူတို့က ဘန်ကောက်လေဆိပ်သို့ ရောက်ရှ်ိလာခဲ့သည်။ ကားပါကင်တွင် ကားရပ်ပြီးသည်နှင့် ခန်အဂျာက သူ၏ဘော်ဒီဂတ်အနည်းငယ်နှင့်အတူ အလျင်အမြန် ရောက်ရှိလာခဲ့၏။
"အားလုံးစီစဉ်ထားပေးပြီးပါပြီ၊ မစ္စတာထန်။ လေယာဉ်က ညရှစ်နာရီခွဲမှာ စထွက်မယ်၊ ကျင်းမန်ကျွန်းကို မနက်တစ်နာရီမှာ ဆိုက်ရောက်လိမ့်မယ်။ မင်းမှာ ဘန်ကောက်ကို ဝင်ဖို့ ပတ်စ်ပို့လဲမရှိ၊ ဗီဇာလဲ မရှိတာကြောင့် လေယာဉ်ဝန်ထမ်းတွေက မင်းအတွက် သူတို့ရဲ့အလုပ်နေရာမှာ နေဖို့ စီစဉ်ပေးထားတယ်။ ဒီအစီအစဉ်ကို မင်း သဘောကျရဲ့လား"ခန်အဂျာက တရိုတသေပြောလေ၏။
"တရုတ်ကို ချောချောမွေ့မွေ့နဲ့ ပျံနိုင်သရွေ့ အဆင်ပြေပါတယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည်"တရုတ်ကို ရောက်တာနဲ့ ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး။ ဒါနဲ့ ဟုတ်တယ်။ ငါ မင်းကို ဒီမှော်ဓားပေးမယ်။ မင်းအတွက် အများကြီး အသုံးမဝင်ပေမယ့် ဒါက စစ်မှန်တဲ့မှော်လက်နက်တစ်ခုပဲ။ မင်း ဒါကို မင်းရဲ့မိသားစုအမွေအနှစ်လို့ သတ်မှတ်လို့ရတာပေါ့"
ခန်အဂျာက စိတ်လှုပ်ရှားစွာနှင့် ဓားအား ထူးခြားကောင်းမွန်သောအနုပညာလက်ရာတစ်ခုအနေနှင့် သတ်မှတ်လိုက်လေသည်။ လက်ခံသည့်အချိန်တွင် အေးစက်စက်အရှိန်အဝါတစ်ခုက သူ့လက်ဖဝါးမှတစ်ဆင့် လက်မောင်းနှင့်ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဝင်လာသည်ကို သူ ခံစားမိလေ၏။ ယခင်က ပူပြင်းသောရာသီဥတုကြောင့် အနည်းငယ်အဆင်မပြေခံစားနေရသော်လည်း ယခု လန်းဆန်းသွားသလို ခံစားမိလာသည်။
သူက သက်ပြင်းချလျက် မနေနိုင်မထိုင်နိုင်ချီးကျူးလိုက်သည်"ခမ်းနားကြီးကျယ်တဲ့ရတနာတစ်ခုပဲ....."
စိတ်ထဲတွင် ထန်ရှုက အနည်းငယ် သဘောကျမိလေသည်။ ဤလူက ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် မှော်လက်နက်တစ်ခု၏အရည်အသွေးအား အဘယ်သို့ ပြောနိုင်မည်နည်း။ သို့သော် ခန်အဂျာ၏အတွေးစိတ်ကူးအား မချိုးဖျက်လိုသဖြင့် သူက ပြုံး၍သာ ပြောလိုက်သည်"ငါသန့်စင်သမျှမှော်လက်နက်တွေ၊ ပစ္စည်းတွေက အမြဲတမ်း ထိပ်တန်းပဲ။ မင်း ငါ့ကို ရွှေ၊ ငွေ၊ ကြေးနဲ့ သံသတ္တုတွေ အမြောက်အများ ထောက်ပံ့ပေးခဲ့တာကြောင့် ငါ မင်းကို ဒီမှော်လက်နက်အပြင် နောက်ထပ်ပစ္စည်းတစ်ခု ပေးမယ်"
"ဘာများလဲ"
သိလိုစိတ်က မျက်နှာပေါ်တွင် ထွက်ပေါ်လာသလို ခန်အဂျာ၏နှလုံးသားက မျှော်လင့်ချက်အပြည့်နှင့်။ ထန်ရှုကဲ့သို့ထူးခြားသောပုဂ္ဂိုလ်တစ်ယောက်ပေးမည့်ပစ္စည်းက သာမန်မဟုတ်လောက်ဟု သူ တွေးလိုက်သည်။
ထန်ရှုက သိုလှောင်လက်စွပ်မှ ကျောက်စိမ်းလည်ဆွဲတစ်ခု ယူထုတ်ကာ သူ့အား ကမ်းပေးလိုက်သည်"ငါ အားလပ်နေတဲ့အချိန်အတောအတွင်း ကာကွယ်ဖို့ရည်ရွယ်ချက်အတွက် ဒီမှော်ပစ္စည်းကို သန့်စင်ခဲ့တယ်။ ဒါပေမယ့် သန့်စင်တုန်းက ပစ္စည်းတွေ အလုံအလောက်မရှိခဲ့ဘူး၊ ဒါကြောင့် သက်ရောက်မှုက သုံးခါပဲ သုံးလို့ရတယ်။ ဒါကို နေ့တိုင်း ဝတ်ဖို့ မမေ့ပါနဲ့၊ အဲဒါက မင်းကို အန္တရာယ်ကနေ သုံးကြိမ်တိုင်တိုင် ကယ်တင်ပေးလိမ့်မယ်"
"ဒါပေမယ့် ဒါက ကျောက်စိမ်းလည်ဆွဲတစ်ခုမျှပဲလေ၊ ဒါက ငါ့ကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ"ခန်အဂျာက ခေါင်းရှုပ်စွာနှင့် မေး၏။
"မင်း တိုက်ခိုက်ခံရတဲ့အခါကျရင် ဒါက မမြင်နိုင်တဲ့အကာအကွယ်ဒိုင်းတစ်ခုကို တည်ဆောက်ပြီး မင်းခန္ဓာကိုယ်ကို ဖုံးကာထားပေးမယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်"တစ်ယောက်ယောက်က အားကောင်းတဲ့စနိုက်ပါရိုင်ဖယ်တစ်လက်နဲ့ အနီးကပ် ပစ်ခဲ့ရင်တောင် မင်း မသေနိုင်ဘူး"
"ဒီပစ္စည်းက ဒီလောက်အားကောင်းတာလား"ကြားရပြီး ခန်အဂျာက တုန်လှုပ်သွားလေသည်။ စနိုက်ပါရိုင်ဖယ်နှင့် အနီးကပ်ပစ်ချက်အား အကောင်းဆုံးကျည်ကာပင် မတားဆီးနိုင်ပေ။ သက်ရောက်မှုက ထန်ရှုပြောသလို အမှန်တကယ်ကောင်းမွန်သည်ဆိုလျှင် အသက်သုံးသက်ရှိခြင်းနှင့် ညီမျှပေးမည်။
"မစိုးရိမ်ပါနဲ့၊ ငါ မင်းကို မလိမ်ပါဘူး"ထန်ရှုက အာမခံလျက် ပြောလေသည်"ဒါပေမယ့် မင်း စိတ်မချဘူးဆိုရင် စမ်းသပ်ကြည့်လို့ရပါတယ်"
"စမ်းသပ်ရမှာလား။ ဘယ်လိုမျိုးလဲ"ခန်အဂျာက အလျင်စလိုမေး၏။
"မင်း ပြန်သွားတဲ့အခါ ဒီကျောက်စိမ်းလည်ဆွဲကို ဝတ်ဆင်ထားပြီး မင်းရဲ့လူတွေထဲက တစ်ယောက်ကို သေနတ်နဲ့ အနီးကပ် ပစ်ခိုင်းပေါ့"ထန်ရှုက ရှင်းပြလိုက်သည်"မင်းက အဲလိုစမ်းဖို့ ကြောက်တယ်ဆိုရင်လဲ တစ်ယောက်ယောက်ကို မင်းအစား ဝတ်ပြီး စမ်းသပ်ခိုင်းပေါ့"
"ငါ နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်၊ မစ္စတာထန်"ခန်အဂျာက တရိုတသေပြောလေသည်"ဒီကျောက်စိမ်းလည်ဆွဲက ငါ့အတွက် မှော်ဓားထက် အများကြီး ပိုကောင်းတယ်"
****
ဘန်ကောက်လေဆိပ်။
ဘန်ကောက်မှ ကျင်းမန်ကျွန်းသို့ ပျံသန်းမည့် လေယာဉ်က ဆိုက်ရောက်လာလေပြီ။ ထန်ရှုအပေါ် သူ၏အလေးထားမှုအား ပြသရန်အတွက် ခန်အဂျာကိုယ်တိုင် ထန်ရှုနှင့်မိုအားဝူတို့အား လေယာဉ်ထဲအထိ လိုက်ပါပို့ဆောင်ပေးခဲ့၏။
"မစ္စတာထန်၊ ကျွန်မတို့ ရှင့်အတွက် နေ့လည်စာ ပြင်ဆင်ထားပေးတယ်။ အဲဒါကို မစ္စတာခန်က အပြင်ကနေ ယူလာပေးခဲ့တာ။ ကျေးဇူးပြုပြီး သုံးဆောင်ပါရှင့်"လှပသောလေယာဉ်မယ်တစ်ယောက်က အရသာရှိသောဟင်းလျားများအား သယ်လျက် ထန်ရှုနှင့်မိုအားဝူတို့ထံ ရောက်ရှိလာခဲ့သည်။
ထန်ရှုက လက်မထောင်ကာ ချီးကျူးလိုက်သည်"အလးအနက်ပြောရရင် ခန်အဂျာက ကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာ ဒီလောက်တော်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒီကောင်ရဲ့ဉာဏ်ပညာကို လျော့တွက်လို့မရဘူးပဲ။ ဒါနဲ့ ခန်အဂျာက အရမ်းစွမ်းဆောင်နိုင်ပုံပဲ။ သူက ဘန်ကောက်မှာ ဆရာကြီးတစ်ယောက်လား"
"ကျွန်မတို့က မစ္စတာခန်ကို ကွယ်ရာမှာ မဝေဖန်ရဲပါဘူး၊ မစ္စတာထန်"လေယာဉ်မယ်က တိုးတိုးလေးပြန်ဖြေသည်။"ဒါပေမယ့် ကျွန်မ သိထားသလောက် သူက တကယ်အားကောင်းတယ်။ ကျွန်မတို့လေယာဉ်လိုင်းပိုင်ရှင်ကတောင် သူ့ကို မြင်တဲ့အခါတိုင်း ရိုရိုသေသေဆက်ဆံရတယ်"
မနက်တစ်နာရီစွန်းစွန်းတွင် ထန်ရှုနှင့်မိုအားဝူတို့က ကျင်းမန်ကျွန်းလေဆိပ်မှ ထွက်လာခဲ့သည်။ ကြိုတင်အကြောင်းကြားထားသဖြင့် ထာဝရခန်းမမှတစ်စုံတစ်ယောက်က စောင့်နေလေ၏။ အနှီပုဂ္ဂိုလ်က ချီနန်ပင်။
"တရုတ်ကို ပြန်ရောက်လာတာ ကြိုဆိုပါတယ်၊ သူဌေး....."
တောက်ပသောအပြုံးမျက်နှာနှင့် ချီနန်က နှုတ်ဆက်၏။
"အာ။ ဒီတစ်ကြိမ်လာတာ ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေရတာလဲ၊ ချီနန်"ထန်ရှုက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"ကျွန်မတို့လူအများစုက ကျင်းမန်ကျွန်းကနေ ဌာနချုပ်ကို ထွက်သွားကြပြီ"ချီနန်က ပြန်ဖြေ၏"ဒါပေမယ့် ကျွန်မက အလုပ်တစ်ခုရှိလို့ မသွားသေးတာ။ သူဌေး ပြန်လာမှာကို ကြားခဲ့တယ်၊ ဒါကြောင့် ဒီကို လာကြိုတာ"
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါဆို သွားကြတာပေါ့။ အရေးတကြီးလုပ်စရာတစ်ခုရှိတဲ့အတွက် ဒီနေရာက ဌာနချုပ်ကို သွားကြမယ်"
"မင်း ဘာလုပ်ဖို့လဲ၊ သူဌေး"ချီနန်က သိလိုစိတ်နှင့် မေးလိုက်သည်။
"မင်းမှာ လက်ရှိဖြေရှင်းစရာကိစ္စတွေ အများကြီး ရှိပုံပဲ၊ ချီနန်။ ဒါပေမယ့် အခုကစပြီး ဘာတစ်ခုမှ မမေးနဲ့"ထန်ရှုက သူမအား ကြည့်ကာ ပြောလိုက်သည်"မင်း ပိုသိလေ၊ မင်းအတွက် အကောင်းတရား ပိုနည်းလေပဲ"