သေကံမရောက်
Vol. 72 Ch. 1007
ကျင်းမန်ကျွန်အိုးရန်မိသားစုဝင်တစ်ယောက်၊ သုခဘုံအသင်း၏မန်နေဂျာတစ်ယောက်အနေနှင့် အိုးရန်ယွင်က ထူးခြားသောအဆင့်အတန်းနှင့်အထောက်အထားရှိသည်။ အိုးရန်မိသားစုသခင်မလေးအိုးရန်လုလုပင် သူမအား ဝမ်းကွဲအမဟု ခေါ်ရသည်။ သူမက ကူဖူကွေ့၏အထောက်အထားအား သိသည်မှာ သဘာဝပင်။
သို့သော် ဤစားပွဲထိုး၏အမက ကူဖူကွေ့အား ရန်စရဲသည့်သတ္တိဘယ်လိုရှိလာသလဲကိုတော့ သူမက မတွေးတတ်ပေ။
စက္ကန့်အနည်းငယ်နှုတ်ဆိတ်သွားပြီးနောက် အိုးရန်ယွင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်"မင်းအမက ကူဖူကွေ့ကို ရန်စခဲ့တာကြောင့် ရှောင်ပုန်းရမယ်။ ဒါပေမယ့် မင်းက သုခဘုံအသင်းရဲ့လူတစ်ယောက်ပဲ၊ ဒါကြောင့် သူ့ကို ကြောက်စရာမလိုဘူး"
"ငါ မလုပ်နိုင်ဘူး၊ မန်နေဂျာ"ယန်ဖေက ခေါင်းခါယမ်းကာ ပြော၏"အမက ငါ့ရဲ့တစ်ဦးတည်းသောဆွေမျိုးပဲ။ သူမကို တစ်ယောက်တည်း ငါ မချန်ထားနိုင်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို အလုပ်ထွက်ခွင့်ပြုပါ"
"ဟူး"အိုးရန်ယွင်က သက်ပြင်းချလိုက်သည်"မင်းက ထွက်ဖို့ ဆန္ဒပြင်းပြနေမှတော့ ငါ သဘောတူပါ့မယ်။ အထဲသွားပြီး မင်းရဲ့အလုပ်ထွက်စာကို ပေးလိုက်၊ ပြီးရင်...."
ရုတ်တရက် သူမက စကားရပ်လိုက်ပြီး တမူထူးခြားသောအမူအရာတစ်ခုက သူမမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထို့နောက် သူမက ခေါင်းခါယမ်းကာ သက်ပြင်းချပြန်သည်"မင်း အခု ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ငါ ထင်တယ်။ ကူဖူကွေ့ရဲ့လူဆယ်ယောက်ကျော်လောက်က ဒီအနားဝန်းကျင်မှာ ရောက်နေပြီ။ အရက်စက်ဆုံးဖြစ်တဲ့မြေပွေးတောင် ပါလာတယ်"
ယန်ဖေက ချက်ချင်း လှည့်ကြည်၏၊ သူ့အမက ကြောက်လန့်တကြား သူ့ထံ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ လူနှစ်ယောက်က သူ့အမအနောက်မှ သတ်ဖြတ်လိုစိတ်နှင့် လျှောက်လာနေ၏။
"ဖေလေး၊ အမြန်ထွက်ပြေးတော့....."
ပြေးလာရင်း ယန်ယန်က သူမလွယ်အိတ်မှ ဟင်းရွက်လှီးဓားတစ်လက်အား ထုတ်ကာ ကမန်းကတန်း အော်ပြောလိုက်သည်။
"ငါ မလုပ်နိုင်ဘူး၊ အမ"ယန်ဖေက ခေါင်းခါယမ်းကာ ပြော၏"ကံကောင်းတာပဲဖြစ်ဖြစ် ကံဆိုးတာပဲဖြစ်ဖြစ် လာမှတော့ ပြေးတွေ့လိုက်ကြတာပေါ့။ ဒါပေမယ့် ငါ မတ်တပ်ရပ်နိုင်နေသရွေ့ အမကို ဘယ်သူမှ နာကျင်အောင် မလုပ်စေရဘူး။ မန်နေဂျာ၊ ငါ အလုပ်ထွက်တာကို ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ အခု သုခဘုံအသင်းရဲ့ဝန်ထမ်း မဟုတ်တော့ဘူး။ ဒါကြောင့် ငါတို့မောင်နှမနှစ်ယောက်က မင်းအတွက် ပြဿနာမဖြစ်စေနိုင်ဘူးလို့ ငါ မျှော်လင့်တယ်"
"ကူဖူကွေ့တစ်ယောက်လောက်နဲ့ ငါ့ဆီ ပြဿနာသယ်လာဖို့ မလုံလောက်ပါဘူး"အိုးရန်ယွင်က အထင်အမြင်သေးလျက် ပြောသည်"ဒါပေမယ့် မင်းက ဘာလုပ်မှာလဲ။ မင်း ဒါကို ရှင်းရှင်းလင်းလင်း တွေးထားပြီးပြီလား။ သုခဘုံအသင်းကနေ ထွက်သွားတာနဲ့ မင်းတို့ကို စောင့်နေမှာက သေခြင်းတရားပဲ"
ခဏနှုတ်ဆိတ်သွားပြီးနောက် ယန်ဖေက ခါးသီးသောမျက်နှာနှင့် ပြန်ဖြေသည်"ငါ နားလည်ပါတယ်၊ မန်နေဂျာ။ ဒီနေ့ ငါ သေတာပဲဖြစ်ဖြစ် ရှင်တာပဲဖြစ်ဖြစ်၊ မင်းနဲ့ မပတ်သက်စေရပါဘူး"
ထိုသို့ပြောပြီးနောက် သူက ယန်ယန်လက်ထဲမှ ဟင်းရွက်လှီးဓားအား လုယူကာ သူမအား နောက်သို့ တွန်းပို့လျက် သူတို့ထံ လာနေသော လူနှစ်ယောက်အား အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
သူ၏အပြုအမူကို မြင်ပြီး အိုးရန်ယွင်က အနည်းငယ် ဝမ်းနည်းမိသွား၏။ ခေါင်းခါယမ်းလျက် စိတ်ထဲ၌သာ သက်ပြင်းချလိုက်သည်။ သူမက ယန်ဖေ၏သတ္တိအား လေးစားသော်လည်း သူမမိသားစုနှင့်ကူဖူကွေ့က တစ်ဘက်နှင့်တစ်ဘက် အနှောင့်အယှက်ပေးခြင်း မရှိပေ၊ သူမဘက်က သူ့အား မကြောက်သော်ငြား သူမက နှစ်ဘက်ကြား ပြဿနာမဖြစ်စေလို။
"မစ္စအိုးရန်"
မျက်နှာပေါ်တွင် အမာရွတ်တစ်ခုနှင့် အနက်ဝတ်သက်လတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်က ယန်ယန်နှင့်ယန်ဖေတို့အား တစ်ချက် ကြည့်ပြီးနောက် သူမအား နှုတ်ဆက်လိုက်လေသည်။
"မြေပွေး၊ အကြောင်းပြချက်မရှိဘဲ မင်းတို့ကောင်တွေ ညလယ်မှာ ထွက်ပေါ်လာခဲပါတယ်"အိုးရန်ယွင်က ပြုံး၍ ပြန်ဖြေသည်"ဒီနေ့ ဒီနေရာကို ဒီလောက်များတဲ့လူတွေ မင်း ခေါ်လာခဲ့တယ်၊ မင်းက ငါတို့ကို ရန်စချင်တာလား ဒါမှမဟုတ် တခုခုလား"
"မစ္စတာအိုးရန်က အထင်လွဲနေပါပြီ။ ငါ့မှာ သတ္တိပိုရှိလာရင်တောင် ငါ့လူတွေ ခေါ်လာပြီး မင်းတို့ကို ရန်မစရဲပါဘူး"မျက်နှာအမာရွတ်လူက ခေါင်းခါယမ်းလျက် ပြော၏"ငါ ဒီနေရာကို လာတာ ဒီကောင်မအတွက်ပဲ။ သူမက ငါတို့ညီအကိုတွေကို ဒဏ်ရာရစေခဲ့တယ်၊ ဒါကြောင့် ငါ သူမကို ခေါ်သွားပြီး သူဌေးဆီ လွှဲပေးရမယ်"
"သူမကို ကြည့်ရတာ ကြက်တစ်ကောင်ကို သတ်နိုင်လောက်တဲ့ခွန်အား မရှိပါဘူး၊ ဘယ်လိုလုပ်ပြီး သူမက မင်းလူတွေကို ထိခိုက်စေနိုင်မှာလဲ။ မင်း တစ်ခုခု အထင်မှားနေတာများလား"အိုးရန်ယွင်က ပြုံးလျက် မေး၏။
"ငါတို့ ဒါကို ရှင်းရှင်းလင်းလင်း စုံစမ်းခဲ့ပြီးပါပြီ၊ မစ္စအိုးရန်။ သူမက ငါတို့လူတွေထဲကတစ်ယောက်ကို ရက်ရက်စက်စက်ဒဏ်ရာရစေခဲ့တဲ့သူပဲ"မျက်နှာအမာရွတ်နှင့်လူက ခေါင်းခါယမ်းကာ ပြော၏"ငါ့ညီအကိုက အခု ဆေးရုံရောက်နေပြီ၊ သူ့ရဲ့လက်ကျန်ဘဝကို ဝှီးချဲပေါ်မှာပဲ ဖြတ်သန်းရဖို့ များတယ်။ သူမ....သူမက မင်းလူတွေထဲကတစ်ယောက်လား"
ယန်ယန်အား အံ့အားသင့်စွာ စိုက်ကြည့်ပြီးနောက် အိုးရန်ယွင်က ခေါင်းခါယမ်းလိုက်သည်"သူမက ငါတို့အိုးရန်ကလန်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး၊ ငါ မင်းတို့ကြားကိစ္စမှာ မပါဝင်ဘူး။ ဒါပေမယ့် ဒီနေရာက အိုးရန်တွေ ပိုင်တယ်ဆိုတာ သိတယ်မလား။ မင်းတို့ရဲ့ကိုယ်ရေးကိုယ်တာကို ဖြေရှင်းချင်တယ်ဆိုရင် အပြင်ထွက်သွားကြပါ"
မျက်နှာအမာရွတ်နှင့်လူက ခေါင်းညိတ်ပြပြီး ယန်ဖေအား ပြုံးဖြဲဖြဲကြည့်ကာ အေးစက်စွာ ပြောလိုက်သည်"မင်းက ယန်ယန်ရဲ့မောင်လေးယန်ဖေပဲ ဖြစ်မယ်၊ ဟုတ်တယ်မလား ကောင်လေ။ ငါတို့က မင်းတို့မောင်နှမနှစ်ယောက်ကို စုံစမ်းထားပြီးပြီ။ ကျေးဇူးပြုပြီး ငါတို့နောက် လိုက်လာပါ"
ယန်ဖေက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သူ့လက်က ယန်ယန်လက်ကို ဆုပ်ကိုင်ကာ နက်ရှိင်းသောအသံနှင့် ပြောလိုက်သည်"ကောင်းပြီလေ၊ ငါတို့ မင်းတို့နဲ့ လိုက်သွားမယ်"
အိုးရန်ယွင်က ထွက်ခွာသွားသောသူတို့နောက်ကျောအား ကြည့်နေရုံသာ။ ယန်ယန်နှင့်ယန်ဖေတို့က ထိုအကောင်မြေပွေးလက်ထဲ ကျရောက်သွားသည်နှင့် အသက်ရှင်ဖို့ မဖြစ်နိုင်လုနီးပါးဖြစ်သောကြောင့် သူမက ခေါင်းခါယမ်းလိုက်သည်။ သို့သော် သုခဘုံအသင်းအား တာဝန်ယူပြီးကတည်းက သေရေးရှင်ရေးအခြေအနေများစွာအား မြင်ဖူး၏၊ ဤကိစ္စတွင် ပါဝင်ရလောက်သည့်အထိ သူမက ဂရုမစိုက်နိုင်ပေ။
တောက်၊ တောက်၊ တောက်......
စာဝင်လာသံများက သူမဖုန်းမှ ရုတ်တရက် မြည်လာသည်။ သူမက ယူထုတ်ကာ ဖွင့်ကြည့်လိုက်ရာ အံ့အားသင့်သောအကြည့်တစ်ခုက သူမ၏မျက်နှာပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာလေ၏၊ စာပို့ထားသော ဓာတ်ပုံက ခုလေးတင်ထွက်သွားသောယန်ယန်၏ဓာတ်ပုံဖြစ်နေသည်။
ဒါ တကယ် ထူးဆန်းတာပဲ ....
သူမက ရေရွတ်လိုက်ပြီး စာပို့ထားသောဖုန်းနံပါတ်အား ခေါ်မည်ပြင်လိုက်စဉ် ဖုန်းမြည်လာပြန်သည်။ စာပို့ထားသောဖုန်းနံပါတ်ပင်။
"ဘာကိစ္စလဲ"အိုးရန်ယွင်က မေး၏။
ခဏနားထောင်ပြီးနောက် သူမက ဖုန်းချကာ အမိန့်ပေးလိုက်သည်"သူတို့ကို ချက်ချင်းတား။ ယန်ယန်လို့ခေါ်တဲ့အမျိုးသမီးကို ငါ့ဆီ ခေါ်လာခဲ့"
လျှပ်တစ်ပြက်အတွင်း လူရှစ်ယောက်က ယန်ယန်နှင့်ယန်ဖေတို့အား ခေါ်သွားသော လူများထံ ပြေးသွား၏။ သူတို့က တားဆီးခံရသည်ကို မြင်ပြီး မျက်နှာအမာရွတ်နှင်လူက မစ်ရှုဘီရှီစစ်တပ်သုံးဓားအား ထုတ်ကာ တစ်လှမ်းချင်းလျှောက်လာနေသောအိုးရန်ယွင်အား မြွေလိုမျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။
"မစ္စအိုးရန်၊ ဒါ ဘာသဘောလဲ"
သူမလက်ထဲရှိ ဖုန်းအား ခါပြရင်း အိုးရန်ယွင်က အကူအညီမဲ့သောမျက်နှာနှင့် ပြန်ပြောလိုက်သည်"အရင်ကတော့ ငါ မင်းတို့ရဲ့ကိစ္စမှာ မဝင်ပါချင်ပါဘူး၊ ဒါပေမယ့် ကလန်ရဲ့စီနီယာတွေဆီကနေ သူမကို ရှာပေးဖို့ ဖုန်းခေါ်လာတယ်၊ ဒါကြောင့် ငါ့မှာ ရွေးချယ်စရာမရှ်ိခဲ့ဘူး"
ထို့နောက် သူမက ယန်ယန်အား လက်ညှိုးထိုးလိုက်သည်။
မျက်နှာအမာရွတ်နှင့်လူက မျက်မှောင်ကြုတ်ကာ မေး၏"သူမ ဘာလုပ်ခဲ့တာလဲ။ သူမလဲ မင်းတို့အိုးရန်မိသားစုကို ရန်စခဲ့တာလား"
"သူမဘာလုပ်ခဲ့တယ်ဆိုတာ မင်းကို ရှင်းပြဖို့ လိုမယ်လို့တော့ ငါ မထင်ဘူး"အိုးရန်ယွင်က ခေါင်းခါယမ်းကာ မေး၏"တစ်ယောက်ယောက်က အိုးရန်မိသားစုကို သူမရဲ့ဘေးကင်းမှုအတွက် အာမခံခိုင်းခဲ့တာကြောင့် သူမက ငါ့အတွက် အရမ်းအရေးကြီးတယ်ဆိုတာပဲ မင်း သိဖို့လိုတယ်။ ကောင်းပြီ၊ မင်းတို့ကောင်တွေ သွားလို့ရပြီ"
"မစ္စအိုးရန်.....မင်းက ငါတို့ကို ထွက်သွားဖို့ ပြောတာလား"မျက်နှာအမာရွတ်နှင့်လူက အော်လိုက်သည်"သူမကို ဖမ်းဖို့ ငါ့သူဌေးက အမိန့်ပေးထားတယ်၊ ဒါပေမယ့် မင်းက သူမကို တကယ်ပဲ က ကွယ်ချင်တာလား။ ငါ့သူဌေးကို စိတ်ဆိုးရအောင်လုပ်ဖို့ ဒါက ထိုက်တန်ရဲ့လား"
"ဟမ့်၊ ငါက ဘာလို့ နင့်သူဌေးကို စိတ်ဆိုးအောင် မလုပ်ရဲရမှာလဲ"အိုးရန်ယွင်က အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်"အိုးရန်မိသားစုက ကူဖူကွေ့ကို ကြောက်နေပြီး သူ့ကို ဘာမှမလုပ်ရဲဘူးလို့ မင်းထင်နေတာလား၊ ထွက်သွား။ မဟုတ်လို့ကတော့ ငါက ထပ်ပြီးယဉ်ကျေးနေမှာ မဟုတ်ဘူး"
မျက်နှာအမာရွတ်နှင့်လူက ဒေါသထွက်သွားသော်ငြား အိုးရန်ယွင်၏အထောက်အထားအား သိသောကြောင့် ဒေါသအား ဖိနှိပ်လိုက်ရလေသည်။ သူက ယန်ယန်အား လှည့်ကြည့်ကာ လေးလံသောအသံနှင့် ပြောလိုက်သည်"မင်း ကံကောင်းသွားတယ်။ ဒါပေမယ့် စောင့်နေစမ်းပါ၊ အိုးရန်တွေက မင်းကို အမြဲတမ်းကာကွယ်နိုင်မလား ကြည့်ရတာပေါ့...."
ကူဖူကွေ့၏လက်ထဲသို့ ကျရောက်ပြီးနောက် ဆိုးဝါးသောအဆုံးသတ်ကိုသာ မျှော်လင့်ထားသဖြင့် ယန်ယန်နှင့်ယန်ဖေတို့က စိတ်ပျက်လက်ပျက်ဖြစ်နေလေ၏။ အိုးရန်ယွင်က ရုတ်တရက် ကြားဝင်စွက်ဖက်လာလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပေ။
ယန်ယန်က မျက်နာအမာရွတ်နှင့်လူတို့ ထွက်သွားပျောက်ကွယ်သွားသည့်အထိ ကြည့်နေခဲ့သည်။ ထို့နောက် သူမအကြည့်အား အိုးရန်ယွင်ထံ ရွှေ့ပြောင်းလိုက်ပြီး ပြောလိုက်လေသည်"မစ္စအ်ိုးရန်၊ ကျေးဇူးတင်ပါတယ်...."
"မင်း ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ တစ်ယောက်ယောက်က မင်းကို ရှာနေတယ်လို့ ဖုန်းဝင်လာလို့ပဲ။ ငါ မင်းကို တွေ့ပြိီးဆိုတာ သူတို့ကို ပြန်ပြောထားပြီးပြီ။ မကြာခင် လူအချို့ ဒီကို ရောက်လာမယ်လို့ ငါ ထင်တယ်"အိုးရန်ယွင်က မရေမရာပြောသည်"ဒါနဲ့ သူတို့ ရောက်လာတဲ့အထိ မင်းတို့ ဒီမှာပဲ စောင့်နေနိုင်တယ်"
"ဒီလူတွေက ဘယ်သူတွေလဲ"ယန်ယန်က မေး၏။
"ငါလဲ မသိဘူး"အိုးရန်ယွင်က ခေါင်းခါယမ်းလိုက်သည်။
****
ကမ်းခြေလမ်းပေါ်တွင် အမည်းရောင်ကားတစ်စီးက ထာဝရခန်းမ၏ဌာနချုပ်ဆီသို့ အရှိန်တင်လျက် ရွေ့လျားနေသည်။ ကားမောင်းနေသူက ချီနန်ဖြစ်ပြီး သူမ၏အမူအရာက ရုတ်တရက် ပြောင်းသွား၏။ သူမက နားကျပ်တပ်ကာ ဖုန်းကိုင်လိုက်သည်။ တခဏ အပြန်အလှန်ဖုန်းစကားပြောပြီးနောက် သူမက ပြောလိုက်သည်"ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ဆိုင်းပေးပါ"
ထို့နောက် နားကျပ်သိမ်းကာ သူမက ပြောလိုက်သည်"ရှာခိုင်းထားတဲ့အမျိုးသမီးကို တွေ့ပြီ၊ သူဌေး။ သူမက ဆိပ်ကမ်းမှာ ရှိနေတယ်၊ စောနက သူမကို ရန်သူတွေ ဖမ်းသွားတော့မလိုပဲ။ လွန်ခဲ့တဲ့နာရီဝက်လောက်က သူမကို ရှာနေတဲ့အကြောင်း ငါတို့ သတင်းပို့ထားခဲ့တယ်။ ဒီတစ်ကြိမ်မှာ အိုးရန်တွေရဲ့ထောက်လှမ်းရေးဌာနက ငါတို့ကို ကူညီပေးခဲ့တာပဲ"
ဆိပ်ကမ်းမှာလား။ ထန်ရှုက မျက်မှောင်ကြုတ်ကာ မေး၏"ဒီနေရာကနေ ဆိပ်ကမ်းထိ ဘယ်လောက်ဝေးလဲ"
"သိပ်မဝေးပါဘူး၊ ကားမောင်းဆယ်မိနစ်လောက်ပဲ"ချီနန်က ပြန်ဖြေသည်။
"ဒါဆိုလဲ ဆိပ်ကမ်းကို အရင်သွားကြတာပေါ့"ထန်ရှုက အမိန့်ပေးလိုက်သည်။
"နားလည်ပါပြီ"
ဆယ်မိနစ်ကြာပြီးနောက် သူတို့က ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။ ပြတင်းပေါက်မှတစ်ဆင့် ထန်ရှုက ပတ်ဝန်းကျင်အနေအထားအား မြင်တွေ့လိုက်ရသည်။ သူ့အာရုံက အိုးရန်ယွင်ဘေးနားတွင်ရပ်နေသောယန်ယန်ထံ ကျရောက်သွားသည်။ တစ်ချက်ကြည့်ရုံနှင့် သူက သူမအား မှတ်မိ၏။
အိုးရန်ယွင်က သက်လတ်ပိုင်းအရွယ်ယောင်္ကျားလေးယောက်အား ဦးဆောင်လာလျက် ကားနားသို့ ချဉ်းကပ်လာသည်။ ဘယ်လိုပုဂ္ဂိုလ်မျိုးက အိုးရန်တို့၏ထောက်လှမ်းဌာနအား လှုပ်ရှားစေနိုင်သလဲဆိုသည်ကို သူမက သိချင်၏။
မိုအားဝူ အရင်ထွက်လာပြီး သူက ကားတံခါးအား ဖွင့်ပေးလိုက်သည်။ ထန်ရှု ထွက်လာသည်ကို မြင်ပြီး အိုးရန်ယွင်၏မျက်နှာပေါ်တွင် အံ့ဩသောအကြည့်တစ်ခု ထွက်ပေါ်သွားလေတော့၏။
ထန်ရှုမလား။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်၊ အိုးရန်မိသားစုရဲ့သားမက်လောင်းမလား။ ဘယ်လိုလုပ်ပြီး သူ ဖြစ်နေတာလဲ။
သူမက ထန်ရှုထံ လျှောက်လာပြီး ပြုံးလျက် ပြောလိုက်သည်"မင်္ဂလာပါ၊ မစ္စတာထန်။ ငါက လုလုရဲ့အမဝမ်းကွဲအိုးရန်ယွင်ပါ"
ထန်ရှုက သူမအား လက်ခါပြကာ ပြုံးလိုက်သည်"တွေ့ရတာ ဝမ်းသာပါတယ်၊ အမယွင်။ ဒီတစ်ခါ ငါ အမကို ဒုက္ခပေးမိသွားပုံပဲ"
သူ့စကားများကို ကြားပြီး အိုးရန်ယွင်က ခေါင်းခါယမ်းကာ ပြုံးလိုက်သည်"မဟုတ်တာ။ ယန်ယန်ကို ရှာနေတဲ့သူက မင်း ဖြစ်နေမယ်လို့ ငါ တကယ် မထင်ထားတာ"
"တစ်ယောက်ယောက်က ယန်ယန်ဆိုတဲ့အမျိုးသမီးကို ရှာဖွေကူညီပေးဖို့ တောင်းဆိုထားလို့ပါ"ထန်ရှုက ပြော၏"ပြီးတော့ အမယွင်။ မင်းက လုလုရဲ့ဝမ်းကွဲအမပဲ၊ ဒါကြောင့် ငါတို့က ဆွေမျိုးတွေလိုပေါ့။ ကျေးဇူးပြုပြီး ငါ့ကို မစ္စတာထန်လို့ မခေါ်ပါနဲ့။ ငါ့ကို ထန်ရှုလို့ပဲ တိုက်ရိုက်ခေါ်ပါ"