← Chapters

အနည်းငယ်စိတ်မကောင်းဖြစ်မိ

Vol. 72 Ch. 1008

အနည်းငယ်စိတ်မကောင်းဖြစ်မိ

Vol. 72 Ch. 1008

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ ရင်းရင်းနှီးနှီးပဲ ခေါ်တော့မယ်"အိုးရန်ယွင်က ပြုံး၍ ပြန်ပြောသည်"ဒါနဲ့ ယန်ယန်က ပြဿနာအချို့ ရှာထားတယ်၊ ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကို မင်း တွေ့တယ်မလား။ သူတို့က ကျင်းမန်ကျွန်းဒေသခံကူဖူကွေ့ရဲ့လူတွေပဲ။ သူတို့က ငါ့ခြိမ်းခြောက်မှုကြောင့် ထွက်သွားခဲ့ပေမယ့် အနားတဝိုက်မှာ ရစ်သီရစ်သီလုပ်နေတုန်းပဲ၊ အခွင့်အရေးရတာနဲ့ ယန်ယန်နဲ့ယန်ဖေတို့ကို ဖမ်းခေါ်သွားဖို့ သူတို့က စောင့်နေတာ ဖြစ်ရမယ်"

ထန်ရှုက အဝေးရှိမီတာဒါဇင်အကွာအလင်းမှိန်ဖျော့ဖျော့ဧရိယာအား တစ်ချက်စိုက်ကြည့်ပြီးနောက် မေးလိုက်သည်"ဒီကူဖူကွေ့ဆိုတဲ့အကောင်က ဘယ်သူလဲ"

"သူက ကျင်းမန်ကျွန်းမှာ အတော်လေးစွမ်းဆောင်နိုင်တဲ့လူတစ်ယောက်ပဲ။ ဒီနေရာမှာ သူ့ရဲ့တရားမဝင်စီးပွားရေးတွေ အများကြီး ရှိတယ်"အိုးရန်ယွင်က ပြန်ဖြေ၏"ငါတို့ရဲ့အိုးရန်မိသားစုကတော့ သူ့ကို မျက်လုံးထဲ‌တောင် မထည့်ပါဘူး"

"သူက အရေးမပါတဲ့လူဆိုမှတော့ သူ့ကို လစ်လျူရှုထားလိုက်ပါ"ထန်ရှုက ပြုံးကာ ပြော၏"ဒါနဲ့ နောက်ကျရင် ဒီကူဖူကွေ့ကို သတိပေးဖို့ ငါ တစ်ယောက်ယောက် လွှတ်လိုက်မယ်။ အမယွင်၊ ငါ ပြည်ပက‌နေ အခုမှ ပြန်ရောက်လာတာ၊ ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ငါ ယန်ယန်ကို ခေါ်သွားမယ်၊ နောင်အခွင့်အရေးရှိလာတဲ့အခါ အမကို သေချာကျေးဇူးတင်မှာပါ"

"အာ၊ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါ့ညီမလေးကိုပဲ ကောင်းကောင်းဆက်ဆံပေးပါ၊ မင်း အဲဒါကို လုပ်ပေးရုံနဲ့တင် ငါ ကျေးဇူးတင်နေပါပြီ"အိုးရန်ယွင်က ပြုံးကာ ပြောလိုက်သည်။

"လုလုက ငါ့အမျိုးသမီးပဲ၊ ဒါကြောင့် ငါ သူမကို ကောင်းကောင်းဆက်ဆံရမှာပေါ့။ ဒါကိုတော့ စိတ်ချပါ၊ အမယွင်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

အိုးရန်ယွင်က ပြုံးကာ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

ထို့‌နောက် ထန်ရှုက ယန်ယန်ထံ လျှောက်လာပြီး မေးမြန်းလိုက်သည်"မင်းက ယန်ယန်၊ ကျိုချင်းရဲ့သူငယ်ချင်းကောင်းမလား"

ယန်ယန်က မျက်လုံးများ ကျဉ်းမြောင်းလျက် ခြေတစ်လှမ်းဆုတ်သွားသည်။ သတိထားသောမျက်နှာနှင့် သူမက မေးလိုက်၏"ရှင် ဘယ်သူလဲ။ ရှင် ကျိုချင်းကို ဘယ်လိုလုပ်ပြီး သိတာလဲ"

"မင်း ငါ့ကို ကြောက်စရာမလိုပါဘူး။ ငါနဲ့ကျိုချင်းကို မိတ်ဆွေတွေလို့ ပြောနိုင်ပါတယ်။ ကလေးနှစ်ယောက်နဲ့သူမ ထိုင်းနိုင်ငံကို ဘေးကင်းကင်းနဲ့ ရောက်သွားပြီဆိုတဲ့အကြောင်း မင်းကို ပြောပြပေးဖို့ ငါ့ကို မှာခဲ့တယ်။ အခု သူတို့ သူမအဖေရဲ့ကာကွယ်မှုအောက်မှာ ရှိနေပါပြီ။ ဒါပေမယ့် မင်းက ဟွမ်တွေနဲ့ ရင်ဆိုင်ရ‌လောက်မယ်လို့ သူမက တွေးထားတယ်။ ဟွမ်‌တွေက ကျိုတွေနဲ့ ရန်ငြိုးကို သင်ပုန်းချေဖျက်ပြီးလို့ဆိုပေမယ့် မင်းက ဒုက္ခတွေ့နေပြီဆိုတာ သူမက သေချာသိတယ်၊ ဒါကြောင့် မင်းကို ကူညီဖို့ ငါ့ကို တောင်းဆိုခဲ့တာပဲ။ မင်း ထိုင်းနိုင်ငံကို သွားဖို့ ဆန္ဒရှိသလားကိုလဲ သူမက မေးခိုင်းခဲ့တယ်"

"ရှင်က တကယ်ပဲ ကျိုချင်းရဲ့သူငယ်ချင်းလား"ယန်ယန်က အံ့အားသင့်စွာ မေးလိုက်သည်။

"ငါ လိမ်စရာလိုမယ်လို့တော့ ငါ မထင်ဘူး"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

"ရှင့်နာမည်က ယန်ယန်မလား။ ရှင်က ငါတို့အိုးရန်မိသားစုအကြောင်းကို သိမယ်လို့တော့ ကျွန်မ ထင်တယ်။ ထန်ရှုက ငါတို့မိသားစုရဲ့သားမက်ပဲ။ သူက ငါ့ဝမ်းကွဲအိုးရန်လုလုရဲ့ယောင်္ကျားပဲ၊ သူ ပြောခဲ့တာက အမှန်တွေပဲ။ သူအနေနဲ့ မင်းကို လှည့်စားစရာအကြောင်းရင်း မရှိဘူး"

အိုးရန်လုလုလား။ ကျင်းမန်ကျွန်းမှာ မကောင်းသတင်းနဲ့ ကျော်စောနေတဲ့ အမျိုးသမီးလား။ ဒီချောမောခန့်ညားတဲ့လူရွယ်က သူမရဲ့အမျိုးသားဆိုတာ တကယ်ပဲလား။

ပျာယာခတ်သောအမူအရာနှင့် ယန်ဖေက ရုတ်တရက် ပြောလိုက်သည်"မင်းကို ထပ်တွေ့ရတာ ငါ တကယ် ဝမ်းသာပါတယ်၊ မစ္စတာထန်။ အမ၊ မစ္စတာထန်က မစ္စအိုးရန်လုလုရဲ့အမျိုးသားဆိုတာ ငါ အာမခံတယ်။ အရင်က ငါ သူ့ကို သုခဘုံအသင်းမှာ မြင်ဖူးတယ်၊ သူ့ရဲ့ဒဏ္ဍာရီဆန်တဲ့စွမ်းဆောင်မှုတွေအကြောင်း ကြားဖူးတယ်"

အဟွတ်၊ အဟွတ်.....

ယန်ဖေ၏အာမခံမှုက ထန်ရှုအား ရယ်မတတ်ဖြစ်သွားစေသည်။ သူက ဤလူငယ်အား ကြည့်လိုက်သည်။ ငါက ဒဏ္ဍာရီတစ်ယောက်ဆိုတာ ဘာများလဲ။ ဘယ်လိုလုပ်ပြီး ငါနဲ့ပတ်သက်တဲ့ဒဏ္ဍာရီဆန်ဆန်ပုံပြင်တွေ ရှိနေရတာလဲ။ သူက ခေါင်းခါယမ်းကာ ပြုံးလျက် မေးလိုက်သည်"ဒါနဲ့ မင်းက"

"မင်္ဂလာပါ၊ မစ္စတာထန်။ ငါ့နာမည်က ယန်ဖေပါ။ ဒီမတိုင်ခင်တုန်းက ငါက သုခဘုံအသင်းရဲ့စားပွဲထိုးတစ်ယောက်ပါ။ ယန်ယန်က ငါ့ရဲ့အမအရင်းပါ"ယန်ဖေက ပြန်ဖြေ၏။

"ငါ သိပြီ"ထန်ရှုက နားလည်သွားပြီး ပြုံးလျက် ပြောလိုက်သည်"ကောင်းပြီလေ၊ ကျင်းမန်ကျွန်းကနေ ခပ်မြန်မြန်ထွက်ခွာဖို့ မင်းနဲ့မင်းအမကို ငါ အကြံပေးရမှာပဲ။ ငါက ကူဖူကွေ့ဆီ လူအချို့လွှတ်ပြီး သတိပေးထားမယ်ဆိုပေမယ့် နောက်လိုက်တွေက သူဌေးထက် ပိုပြဿနာများတယ်လေ။ ငါ ဂရုမစိုက်တော့တဲ့အချိန်ကျရင် သူ့လူ‌တွေ လွှတ်ပြီး မင်းတို့ကို မရပ်မနားအနှောင့်အယှက်ပေးနိုင်တယ်။ ဒါက အတော်လေးဒုက္ခများတယ်"

ယန်ဖေက တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်"မစ္စတာထန်ပြောတာ မှန်တယ်၊ အမ။ ငါတို့တွေ ကျင်းမန်ကျွန်းကနေ ထွက်သွားဖို့ လိုတယ်။ သူက အလွန်ရက်စက်တဲ့လူတစ်ယောက်ဖြစ်ပြီး အသေးအမွှားတစ်ခုအတွက်နဲ့ လက်စားချေတတ်သူအဖြစ် နာမည်ဆိုးကျော်ကြားတယ်။ ထိုင်းနိုင်ငံကို ထွက်သွားတာက ငါတို့အတွက် အကောင်းဆုံးပဲ"

ယန်ယန်က ခေါင်းညိတ်လိုက်သည်။ သူမတို့မောင်နှမယောက် ယခုကဲသို့လှိုင်းလေထန်သောခရီးကြမ်းတစ်ခုအား ဖြတ်ကျော်နိုင်ခဲ့သည်။ ယခု သူမတို့၏ဘေးကင်းမှုအတွက် အာမခံချက်တစ်ခု ရှိချေပြီ၊ ကယ်တင်ရှင်ရုတ်တရက်ပေါ်လာမှုအတွက် ကောင်းကင်ကို ကျေးဇူးတင်မိ၏၊ ထန်ရှုပြောခဲ့သည်အား သူမက သဘောတူသည်။

အိုးရန်ယွင်အား နှုတ်ဆက်ပြီးနောက် ထန်ရှုက မောင်နှမနှစ်ယောက်လုံးအား သူ့ကားသို့ ခေါ်လာသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြော၏"ချီနန်၊ သူတို့ကို ဘန်ကောက်ကို လိုက်ပို့ဖို့ လူအချို့ကို တာဝန်ပေးလိုက်။ လမ်းခရီးမှာ ဘာအမှားအယွင်းတစ်ခုမှ ငါ မကြားချင်ဘူး။ ပြီးတော့ မင်း ကူဖူကွေ့ဆီ လူကိုယ်တိုင် သွားတွေ့။ အနာဂတ်မှာ ယန်ယန်ကို ဘယ်တော့မှ မနှောင့်ယှက်ဖို့ သူ့ကို ပြော"

"သူက လက်မခံရင်ရော၊ သူဌေး"ချီနန်က မေး၏။

"သူ ငြင်းရင် သူက  ကျင်းမန်ကျွန်းမှာ ခြေချဖို့ မလိုတော့ဘူး"ထန်ရှုက သာမန်မျှစွာ ပြော၏"ဒါကို မြန်မြန်ဖြေရှင်းပြီးတာနဲ့ ဌာနချုပ်ဆီ ပြန်လာ"

ချီနန်က ခေါင်းညိတ်ကာ ရုတ်တရက် ‌မေးလိုက်သည်"သူဌေး၊ ကားက တစ်စီးပဲ ရှိတာ၊ ဒါဆို...."

"အဆင်ပြေပါတယ်။ ဒါကို မစိုးရိမ်ပါနဲ့။ သွားတော့"ထန်ရှုက အမိန့်ပေးလိုက်သည်။

သူမ ထွက်သွားပြီးနောက် ထန်ရှုက အိုးရန်ယွင်ထံ ပြန်လျှောက်လာကာ မေးလိုက်သည်"အမယွင်၊ ငါ့ကို ကားတစ်စီးငှားပေးလို့ရမလား။ ငါ အရေးတကြီး လုပ်စရာတစ်ခုရှိတယ်၊ ဒါကြောင့် အဲဒါကို အမြန်ဖြေရှင်းရမယ်"

"ဒါ အသေးအဖွဲပါ။ မင်းဆီ ယူလာပေးဖို့ ငါ ချက်ချင်း ပြောလိုက်မယ်"အိုးရန်ယွင်က ပြုံးလျက် ပြန်ပြောသည်"ဒါနဲ့ ငါ ဝမ်းကွဲအက်ိုကို ဖုန်းခေါ်ခဲ့တယ်၊ မင်း ဒီမှာ ရောက်နေတယ်လို့ သူ့ကို ပြောပြခဲ့တယ်။ မင်း သူ့ကို ‌စောင့်ချင်သလား၊ မကြာခင် သူ လာလိမ့်မယ်"

သူမရဲ့ဝမ်းကွဲအကိုလား။ ထန်ရှုက ထပ်မေး၏"မင်းရဲ့ဝမ်းကွဲအကိုက ဘယ်သူလဲ။ အိုးရန်လဲ့လား"

"ဟုတ်တယ်၊ သူပဲ"အိုးရန်ယွင်က ပြုံးလျက် ပြန်ဖြေသည်"သူက ငါ့ထက် လေးရက်စောမွေးခဲ့တာလေ၊ ဒါကြောင့် ငါ သူ့ကို ဝမ်းကွဲအကိုလို့ ခေါ်တာ"

ထန်ရှုက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်"ကောင်းပြီ။ သူ လာမယ်ဆိုမှတော့ ငါ သူ့ကို ခဏစောင့်နေမယ်။ ပြီးတော့ ဒါက ငါ့ကို တစ်ခုခုသတိပေးခဲ့တယ်။ ဒီသုခဘုံအသင်းကို အရင်က အိုးရန်လုလု စီမံခန့်ခွဲခဲ့တာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး ဒါက အိုးရန်တွေရဲ့လက်အောက်မှာ ရှိနေသေးတာလဲ"

"အာ၊ လုလုက ဒီဇိမ်ခံသင်္ဘောကို ရောင်းခဲ့တာလေ၊ ဒါပေမယ့် ဝယ်သူက အိုးရန်မိသားစုဝင်တစ်ယောက်ပါပဲ"အိုးရန်ယွင်က ပြန်ဖြေသည်။

"အော်၊ သိပါပြီ"ထန်ရှုက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

နာရိီဝက်ကုန်ဆုံးသွားသည်။ ယခု ထန်ရှုက သုခဘုံအသင်း၏ဇိမ်ခံခန်းမထဲတွင် ထိုင်ကာ အိုးရန်ယွင်နှင့် စကားပြောနေရင်း အိုးရန်လဲ့အလာအား စောင့်ဆိုင်းနေ၏။

ဘန်း.....

ခန်းမတံခါး ပွင့်သွားပြီး အိုးရန်လဲ့က အခန်းထဲသို့ အပြေးဝင်လာသည်။ ထန်ရှုကို မြင်ပြီး ‌ကျေနပ်သောမျက်နှာနှင့် သူက အော်ပြောလိုက်သည်"ဝိုး၊ ဒါ တကယ်ကို မင်းပဲ၊ ယောက်ဖလောင်းလေးရေ။ မင်း ဒီမှာ ရှိနေတယ်လို့ ထောက်လှမ်းရေးဒါရိုက်တာပြောတုန်းက စနေတယ်လို့ပဲ ငါ ထင်ခဲ့တာ။ ဟားဟား၊ ငါတို့မတွေ့တာ ခြောက်လလောက် ရှိပြီမလား။ မင်းက အရင်ကထက် ပိုချောပိုခန့်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး"

ထန်ရှုက ရယ်မိသွားလေသည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏"နောက်ကျနေပြီ၊ အခုထိ မင်း မအိပ်ရသေးဘူးပဲ၊ အကိုလဲ့။ ဒါနဲ့ မကြာသေးမီက မင်းက အိုးရန်မိသားစုရဲ့စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်း လက်လွှဲယူလာခဲ့တယ်လို့ ငါ ကြားတယ်။ မင်းက မကြာခင်မှာ အိုးရန်မိသားစုရဲ့ခေါင်းဆောင်အသစ်ဖြစ်တော့မယ်လို့ ငါ ထင်တယ်"

"အာ၊ ငါ့အဖိုးကြီးက အခုထိ ကြံ့ခိုင်ဖြတ်လတ်‌သွက်လက်နေတုန်းပဲ။ သူက လက်ရှိငါထက် အများကြီးပိုသန်မာတယ်"အိုးရန်လဲ့က လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည်"ဘာပဲပြောပြော မကြာခင်တော့ ငါ ခေါင်းဆောင်ဖြစ်လာတော့မှာပါ။ ဒါနဲ့၊ မင်းကကျရော.....။ မင်းရဲ့အလုပ်က ဒီလောက်ကောင်းနေတာ၊ မင်းရဲ့စွမ်းအားနဲ့လွှမ်းမိုးမှုက တစ်နေ့တစ်ခြား ပိုပိုကြီးမားလာနေတာကို ငါ ကြားမြင်‌နေရပါတယ်။ ငါ လုလုကို ဖုန်းခေါ်တဲ့အခါတိုင်း မင်းက အမြဲတမ်း အလုပ်များနေတယ်တဲ့၊ သူမနဲ့ အတူနေဖို့ အချိန်အများကြီး မရှ်ိဘူးတဲ့"

"ငါ ဒါကို မငြင်းပါဘူး။ ငါ အမြဲတမ်း တစ်ခုပြီးတစ်ခု ဖြေရှင်းနေရတာ"ထန်ရှုက ပြုံးကာ ပြန်ပြောသည်"ဒါနဲ့ မင်းကရော။ လုလု ပြောတယ်၊ မင်း အချစ်တွေ့နေပြီဆို။ ဒါဆို မင်းတို့ ဘယ်အချိန်လက်ထပ်မှာလဲ။ အဲအချိန်ကျရင် ခမ်းနားထည်ဝါတဲ့လက်ဆောင်တစ်ခု ငါ ပေးမှာပါ"

"ဟီးဟီး"အိုးရန်လဲ့က ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်"မကြာခင်ပေါ့။ ဒီနှစ်ကုန်လောက်ဖြစ်နိုင်တယ်။ ဒါနဲ့ ဘာလို့ ငါ့ကို လက်ဆောင် အရင်မပေးတာလဲ"

သူ၏တုံ့ပြန့်မှုက ထန်ရှုအား ငိုရမလားရယ်ရမလား ဖြစ်သွားစေသည်။"ဟမ်၊ မင်းက လက်ဆောင်အတွက် အရင်မေးနေတာပဲ။ မင်းက လက်တောင်မထပ်ရသေးဘဲနဲ့လေ။ ဒါပေမယ့် မင်းကိုပေးချင်တဲ့ပစ္စည်းကောင်းအချို့ ငါ့မှာ ရှိပါတယ်"

ထိုသို့ပြောပြီးနောက် ထန်ရှုက သိုလှောင်လက်စွပ်မှ ကြွေပုလင်းတစ်လုံးယူထုတ်ကာ အိုးရန်လဲ့ထံ ကမ်းပေးလိုက်သည်။"အထဲမှာ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်ဆယ်စက်ရှိတယ်။ မင်း ရေစိမ်တဲ့အခါ ကန်ထဲကို တစ်စက်ထည့်လိုက်။ ဖြစ်စဉ်က အနည်းငယ်နာကျင်ရပေမယ့် မင်းရဲ့ရုပ်ပိုင်းဆိုင်ဂာအတွက် အရမ်းအကျိုးရှိတယ်။ မှတ်ထား၊ မင်း ပိုကြာကြာစိမ်လေ၊ ရလဒ်က ပိုကောင်းလေပဲ။ ပြီးတော့ ဒါက မင်းရဲ့ကျင့်ကြံခြင်းအတွက် သင့်တော်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းလမ်းညွှန်စာအုပ်တစ်ခုပဲ"

ပျော်ရွှင်သောမျက်နှာနှင့် အိုးရန်လဲ့က ကြွေပုလင်းနှင့်စာအုပ်အား တင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူ့လက်မှ ဘယ်တော့မှ မချတော့သည့်အတိုင်းပင်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောသည်"ငါ့ရဲ့ညီမလေးက ဒီလို'ယောင်္ကျား'တစ်ယောက်ကို ရှာဖွေနိုင်တာ ကောင်းချီးတစ်ခုပဲ၊ ယောက်ဖရေ။ ဒါနဲ့ မင်း ငါ့အမေနဲ့ တွေ့ပြီးပြီဆို။ သူမ မင်းကို သွေးအန်အောင် လုပ်ခဲ့သေးလား"

"အာ....."

ထန်ရှု၏နှလုံးက တစ်ချက် ခုန်သွားသည်။ သူ၏ယောက္ခမနှင့် တွေ့ဆုံမှု၊ သူမက သူ့အား ပါးပါးလှီးခဲ့သည့် ဖြစ်ရပ်တို့အား အမှတ်ရသွား၏။ စိတ်လှုပ်ရှားနေသောအိုးရန်လဲ့အား ကြည့်ကာ ထန်ရှုက မျက်လုံးကလယ်ကလယ်နှင့် ပြုံးဖြဲဖြဲပြောလိုက်သည်"ဒါနဲ့ စစ်မှန်တဲ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ မင်း စိတ်ဝင်စားလား၊ အကိုလဲ့။ ခေါင်မိုးပေါ်မှာ ပျံနိုင်တဲ့၊ နံရံတွေမှာ တွယ်ကပ်နိုင်တဲ့၊ သစ်ရွက်‌တွေသုံးပြီး ရန်သူတွေကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူမျိုးတွေလိုပေါ့"

အိုးရန်လဲ့က ပြုံးဖြဲဖြဲနှင့် ပြန်ပြောလေသည်"ငါ ဒါတွေအားလုံး လုပ်နိုင်ပြီးသားပါ။ ငါ့ကို အထင်မသေးနဲ့နော်။ လက်ရှိမှာ ငါ့ကို ကျွမ်းကျင်သူတစ်ယောက်လို့ သတ်မှတ်လို့ရနေပြီ။ မကြာသေးမီက သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ ငါ ယှဉ်ပြိုင်ခဲ့တယ်၊ သူ့ကို အနိုင်ယူဖို့ အကွက်ဒါဇင်လောက်ပဲ သုံးခဲ့ရတယ်"

သူ၏ခေါင်းပုံဖြတ်အမြတ်ကြီးစားသောယောက္ခမက အိုးရန်လဲ့အား သူပေးခဲ့သည့်ကျင့်ကြံခြင်းပညာရပ် သင်ကြားပေးခဲ့မှန်း သူက ချက်ချင်း နားလည်လိုက်သည်။ သူမထံမှ ရှက်စရာကောင်းသောအပြုအမူတစ်ခုအား တွေ့ရှိခဲ့မိသည့်အပေါ် သူက အနည်းငယ်စိတ်မကောင်းဖြစ်မိ၏၊ သို့သော် ဤအရာအား မျက်နှာတွင် မပေါ်စေဘဲ သူမက တိုးတိုးလေးပြောလိုက်သည်"အကိုလဲ့၊ မင်း ငါနဲ့ပတ်သက်ပြီး တစ်ခုခုကို သိထားပြီးမလား။ ဒါပေမယ့် ပိုသန်မာစေနိုင်မယ့်အခွင့်အလမ်းတိုင်းကို ဘယ်သူမဆို ဆုပ်ကိုင်တတ်ရမယ်။ ဒါကြောင့် အခု ငါ မင်းကို အခွင့်အလမ်းတစ်ခုပေးမယ်။ မင်း ငါ့လူတွေနဲ့ လေ့ကျင့်ချင်လား။ လေ့ကျင့်ပြီးရင် လက်ရှိထက် ဆယ်ဆမကပိုသန်မာလာစေရမယ်လို့ ငါ အာမခံတယ်"

"ဆယ်ဆကျော်ပိုသန်မာလာမှာလား။ မင်း ငါ့ကို ဟာသလုပ်နေတာလား"အိုးရန်လဲ့က စိတ်လှုပ်ရှားစွာ ပြော၏"ငါ ငြင်းပယ်စရာမရှိဘူး။ ငါ ပိုသန်မာလာနိုင်သရွေ့ မင်းပြောတဲ့အတိုင်း ငါ လုပ်မယ်"

ထန်ရှုက လက်ခုပ်တီးကာ ပြုံးလျက် ပြောလိုက်သည်"ကောင်းပြီလေ၊ မင်းက ပိုသန်မာလိုတဲ့ဆန္ဒရှိတာပဲ။ ဒါဆိုရင် မင်းလက်ထဲမှာ ရှိသမျှ အရာအားလုံးကို လွှတ်ချပြီး တစ်ယောက်ယောက်ကို လက်လွှဲပေးလိုက်။ အဲဒါ ပြီးရင် ငါ မင်းကို လေ့ကျင့်နေရာကို ပို့ပေးမယ်"

All Chapters