← Chapters

နာမှာကြောက်တယ်

Vol. 80 Ch. 1106

နာမှာကြောက်တယ်

Vol. 80 Ch. 1106

ယဉ်ရို့ပင်းက ကျန်းရီကို မော့ကြည့်ကာ ခပ်ယဲ့ယဲ့ ပြောလိုက်သည်။

“ကျွန်မ မသေပါဘူး။ ကျွန်မ ပြောသလိုသာ သန့်ရှင်းတဲ့ အိမ်တစ်လုံးကို ရှာလိုက်ပါ”

“အင်း..အင်း...”

ကျန်းရီသည် ကြက်အစာကောက်သကဲ့သို့ ခေါင်းညိတ်လိုက်ပြီး အိမ်ကို အသည်းအသန် ရှာလိုက်သည်။ အနီးရှိ လမ်းထောင့်တစ်ခုတွင် အိမ်အလွတ်တစ်လုံးကို တွေ့သည်။ သူ ထိုအိမ်ဆီသို့ လျင်မြန်စွာ ပျံသွားလိုက်ပြီး အိမ်အရှေ့တွင် ရှိနေသော ဖုတ်ကောင်စစ်သည်များကို သက်တန့်ဝိညာဉ်လှံနှင့် သတ်ပစ်လိုက်သည်။ သူ အိမ်ထဲသို့ ရောက်ပြီးနောက် ယဉ်ရို့ပင်း၏ လက်စွပ်ထဲမှနေ၍ ရူရီဒိုင်း ပျံထွက်လာပြီး တံခါးကို ကာလိုက်လေသည်။

ကျန်းရီက တံခါးကိုကြည့်ကာ အံ့ဩတကြီး ပြောလိုက်သည်။

“ငါတို့က ရှီးဖေးနဲ့ သိပ်မကွာသေးဘူး။ ရို့ပင်း... ငါတို့ နည်းနည်းလောက် ထပ်ပြေးကြမလား။ သူသာ ငါတို့နောက်ကို လိုက်လာရင်...အာ... အသုံးမကျတဲ့ ငါ့အပြစ်တွေပါ”

“ကျွန်မတို့ ဘယ်လောက်ပြေးပြေး သူက ကျွန်မတို့ကို လိုက်ရှာနိုင်မှာပဲ”

ယဉ်ရို့ပင်းက အားဖြည့်ဆေးလုံးတစ်လုံးကို ထုတ်၍ သောက်လိုက်၏။ ထို့နောက် သူမ ခါးသီးစွာဖြင့် ခေါင်းခါလိုက်သည်။

“ကျွန်မက နတ်ရနံ့ပုံရိပ်ယောင်အစီအရင်ကို ထုတ်ခဲ့ပြီဆိုတော့ ကျွန်မရဲ့ခန္ဓာကိုယ်ကနေ အဲ့ရနံ့က အဆက်မပြတ် ထွက်နေတော့မှာ။ ရှီးဖေးက အဲ့ရနံ့ကို အနံ့ခံပြီး ကျွန်မတို့နောက်ကို လိုက်လာနိုင်တယ်။ အချိန်ဆက်ဖြုန်းနေလို့မဖြစ်ဘူး။ နတ်ရနံ့ပုံရိပ်ယောင်အစီအရင်က သူ့ကို နှစ်နာရီလောက်ပဲ ထိန်းထားနိုင်မှာ”

ရွှီး...

ယဉ်ရို့ပင်း၏လက်စွပ်က ထပ်မံလင်းလက်လာ၏။ သူမ လက်စွပ်ထဲမှနေ၍ ပန်းရောင်စောင်တစ်ထည်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမ ရှက်ရွံ့စွာဖြင့် တီးတိုးပြောလိုက်၏။

“ကျန်းရီ... စောင်ကို ဖြန့်လိုက်”

“ဒီစောင်က ဘာလုပ်ဖို့လဲ”

ကျန်းရီသည် နားမလည်နိုင်သော်လည်း ယဉ်ရို့ပင်း ခိုင်းသည့်အတိုင်း လုပ်လိုက်လေသည်။ သူသည် ထူထဲသော စောင်ကို ကြမ်းပြင်ပေါ်တွင် ဖြန့်လိုက်ပြီး ယဉ်ရို့ပင်းကို စောင်ပေါ်တွင် လှဲစေလိုက်သည်။  ထို့နောက် သူ စိုးရိမ်ဟန်ဖြင့် မေးလိုက်သည်။

“ရို့ပင်း... မင်း မင်းရဲ့အတတ်တွေကို သုံးပြီး ဒဏ်ရာကုသမလို့လား။ ငါ ဘာကူညီပေးရမလဲ”

ယဉ်ရို့ပင်းက စောင်ပေါ်တွင်လှဲကာ မျက်လုံးမှိတ်ထားသည်။ သူမ၏ မျက်တောင်လေးများက တုန်ယင်နေပြီး သူမ၏ မျက်နှာလေးကလည်း နီမြန်းနေသည်။ သူမသည် အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားဆဲပင်။ အတော်ကြာမှ သူမ ပြောလိုက်သည်။

“ကျွန်မ ရှင့်ရဲ့ အကူအညီကို လိုတယ်။ ကျန်းရီ... ကျွန်မရဲ့ အဝတ်တွေကို ချွတ်လိုက်”

“ဘာ...”

ကျန်းရီ နားမလည်နိုင်ဖြစ်သွားပြီး သူ နားကြားမှားခြင်းဟု ထင်လိုက်မိ၏။ ထို့ကြောင့် သူ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

“ရို့ပင်း... မင်း ဘာပြောလိုက်တာလဲ”

“ကျွန်မရဲ့ အဝတ်တွေကို ချွတ်လိုက်”

ယဉ်ရို့ပင်းသည် သတ္တိမွေးကာ မျက်လုံးများ ဖွင့်လိုက်၏။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင် ရှက်ရွံ့နေသော အရိပ်အယောင်များ ရှိနေသေးသည်။

“ကျန်းရီ... ရှင် နားကြားမမှားပါဘူး။ ကျွန်မကို... ချစ်လိုက်ပါ”

ကျန်းရီ မှင်တက်သွား၏။ အချိန်အတော်ကြသည်အထိ သူ မည်သို့ တုံပြန်ရမည်မသိ ဖြစ်နေသည်။ ယဉ်ရို့ပင်းက ရူးသွားခြင်းလော။ သူတို့နှစ်ယောက်သည် ရှီးဖေး၏လက်ထဲမှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားခဲ့ရသည်။ ထို့ပြင် ရှီးဖေးက သူတို့နောက်သို့ အချိန်မရွေးလိုက်လာနိုင်သည်။ ဤကဲ့သို့သော အခြေအနေတွင် သူမက ‘ထိုအရာ’ကို လုပ်လိုနေသည်‌လော။ သူမ ထိုမျှပင် စိတ်မထိန်းနိုင် ဖြစ်နေသည်လော။ သူသည်လည်း ဤအခြေအနေတွင် ထိုကဲ့သို့ မလုပ်ချင်ပေ။

ဟူး...ဟူး...

ယဉ်ရို့ပင်း၏ အသက်ရှူသံက မြန်လာ၏။ ယခုတွင် သူမ၏ မျက်နှာတစ်ပြင်လုံးက နီရဲနေပေပြီ။ သူမသည် ရှက်ရွံ့လွန်းလှသဖြင့် ကျန်းရီနှင့် မျက်လုံးချင်းပင် မဆုံးဝံ့ပေ။ ကျန်းရီက သူမကို မှင်တက်စွာ စိုက်ကြည့်နေ၏။ သူမသည် အတန်ကြာ စောင့်ပြီးနောက် နှုတ်ခမ်းကိုက်ကာ ပြောလိုက်ရတော့သည်။

“ကျန်းရီ... ကျွန်မ ပြောတာကို နားထောင်။ ကျွန်မက ရူးသွားတာ မဟုတ်ဘူး။ ကျွန်မ ဘာလုပ်နေတယ်ဆိုတာကို ကျွန်မသိတယ်။ ကျွန်မက နံ့သာသခင်မမျိုးနွယ်ရဲ့ ဆန်းကြယ်တဲ့စွမ်းရည်တစ်ခုကိုသုံးပြီး ရှီးဖေးကို နှစ်နာရီလောက် ချုပ်ထားခဲ့တာ...”

“ကျွန်မ အဲ့စွမ်းရည်ကို ထုတ်သုံးလိုက်တာနဲ့ ယောက်ျားတစ်ယောက်နဲ့... ဆက်ဆံဖို့ လိုတယ်။ မဟုတ်ရင် နှစ်နာရီအတွင်း ကျွန်မ သေသွားလိမ့်မယ်။ ကျွန်မတို့ ထွက်ပြေးရင်လည်း ရှီးဖေးက ကျွန်မတို့နောက်ကို လိုက်လာနိုင်တယ်။ ကျွန်မတို့ မလွတ်နိုင်ဘူး။ အခု ရှင် ကျွန်မကို ကူညီပေးနိုင်ဖို့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ယူမှရမယ်။ ကျွန်မရဲ့ အတွင်းအားနဲ့ နံ့သာသခင်မမျိုးနွယ်ရဲ့ ညှို့ဓာတ်ကို ယူလိုက်။ အဲ့ကျရင် ရှင်ရဲ့ စွမ်းအားတွေ တိုးတက်လာနိုင်တယ်။ နှစ်နာရီအတွင်း ရှင် ရှီးဖေးကို အနိုင်ယူနိုင်လောက်တဲ့အထိ စွမ်းအားမကြီးလာဘူးဆိုရင် ကျွန်မတို့ သေရလိမ့်မယ်။ ရှင် နားလည်ရဲ့လား”

“အာ...”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပေပြီ။ သို့သော် သူ လက်မခံနိုင်သေးပေ။ ယဉ်ရို့ပင်းက သူ့ကို များစွာကူညီပေးခဲ့သည်။ သူသည် သူမ အားအနည်းနေဆုံး အချိန်တွင် အဘယ်သို့ သူမအပေါ် အခွင့်ကောင်းယူရက်မည်နည်း။ ထို့ကြောင့် သူ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ရို့ပင်း...ငါ..ငါ...”

“ကျန်းရီ... ရှင်က ဘယ်တုန်းက ပျော့ညံ့သွားရတာလဲ”

ယခုတွင် ယဉ်ရို့ပင်း ဒေါသထွက်လာပေပြီ။ သူမသည် အသက်ပြင်းပြင်းရှူ၍ သူမ၏အတွင်းအားကို တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ကျန်းရီကို အလွန်လေးနက်စွာ စိုက်ကြည့်လိုက်သည်။

“ကျန်းရီ... ကျွန်မလည်း... စိတ်ပါပါတယ်။ ရှင် ပိုင်ရီအဖြစ် ဟန်ဆောင်ထားကတည်းက ကျွန်မ ရှင့်ကို သဘောကျနေခဲ့တာပါ။ အဲ့တုန်းက ကျွန်မ မသေချာခဲ့ပေမယ့် ပန်းချီကမ်းပါးက ရှင့်ရဲ့အပြုံးကို ကျွန်မ မေ့မရခဲ့ဘူး။ ရှင် ပျောက်သွားခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကျွန်မ ရှင့်အကြောင်းကို မကြာမကြာ အိပ်မက်မက်ခဲ့တယ်...”

“နတ်ဘုရားအသံလှိုင်းတောင်ကြားမှာ ရှင် ကျွန်မကို ‘ပန်းနတ်သမီး’ ပန်းချီကား ပေးလိုက်တဲ့အချိန်မှာမှ ကျွန်မ နားလည်သွားခဲ့တာ။ ကျွန်မ ရှင့်ကို ချစ်နေမိပြီ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဘဝတွေက ကွာခြားလွန်းတယ်။ ရှင် ဆန်းကြယ်နတ်ဘုရားတောင်ခြေမှာ ပြောခဲ့တဲ့စကားက ကျွန်မကို လှုပ်နှိုးလိုက်တာပဲ။ ကျွန်မ ကိုယ့်အတွက်ကိုယ်ပဲ ရှင်သန်ချင်တယ်။ အဲ့ဒါက နည်းနည်း တစ်ကိုယ်ကောင်းဆန်ပေမယ့် ကျွန်မ စိတ်ဆုံးဖြတ်ပြီးပြီ။ ကျွန်မ တစ်ဘဝလုံး နောင်တရမနေချင်ဘူး။ ကျွန်မ ရှင့်နောက်ကို လိုက်ချင်တယ်... ရှင် ကျွန်မကို ခေါ်ချင်တယ်ဆိုရင်ပေါ့။ ကျန်းရီ... ရှင် ကျွန်မကို ခေါ်မှာလား”

ယဉ်ရို့ပင်းသည် စကားပြောရင်းဖြင့် မျက်ရည်များ စီးကျလာ၏။ သူမ၏ မျက်နှာလေးက နီမြန်းမနေတော့ပေ။ ကျန်းရီသည် ရင်ထဲအလွန်ထိသွား၍ ကောင်းကောင်းပင် မတွေးတောနိုင်တော့ချေ။ ထို့ပြင် သူသည် မငိုမိအောင် မနည်းထိန်းထားရလေသည်။

ထို့နောက်တွင် ကျန်းရီ ယဉ်ရို့ပင်း၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အင်း..အင်း...အင်း.. ရို့ပင်း... ငါ မင်းကို ခေါ်မယ်။ ငါ မင်းကို လက်ထပ်မယ်။ ငါ မင်းကို စောင့်ရှောက်ကာကွယ်ပေးမယ်၊ တစ်သက်လုံး ချစ်ခင်ယုယပေးမယ်”

မိန်းမတစ်ယောက်၊ ဂုဏ်သရေရှိ သခင်မလေးတစ်ယောက်၊ အနှိုင်းမဲ့ အလှပဂေးလေးတစ်ယောက်၊ ပါရမီရှင်တစ်ယောက်...

ယဉ်ရို့ပင်းသည် ကျန်းရီအတွက်နှင့် သူမ၏အဆင့်အတန်း၊ သူမ၏မာန၊ သူမ၏မျိုးနွယ်နှင့် သူမ၏မိဘဆွေမျိုးတို့ကို စွန့်ပစ်လိုနေသည်။ သူမသည် တစ်သက်လုံး လူအများ၏ ပြစ်တင်ရှုတ်ချမှုကို ခံရမည်၊ မည်သည့်အန္တရာယ်များ စောင့်ကြိုနေသည်ကိုပင် မသိရသည့် လမ်းကို ရွေးချယ်ခဲ့သည်။ သူမသည် ကျန်းရီအနောက်သို့လိုက်၍ တစ်သက်လုံး လောကအနှံ့ ခြေဆန့်လိုနေသည်။ သူမက သူ့အတွက်ဖြင့် အရာများစွာကို စွန့်လွှတ်နိုင်ရာ အကယ်၍ ကျန်းရီသာ တုံ့ဆိုင်းနေသေးလျှင် လူဟုပင် အခေါ်ခံထိုက်တော့မည် မဟုတ်ပေ။

ကျန်းရီသည် ယဉ်ရို့ပင်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်လေသည်။

“ရို့ပင်း... ငါ ကျန်းရီ ဒီနေ့မှာ ကျိန်ဆိုတယ်။ ဘဝတစ်လျှောက်လုံး ငါ မင်းကို စိတ်မပျက်စေရဘူး။ ယဉ်မျိုးနွယ်က ငါတို့ကို လက်ခံလာအောင် ငါ အမြဲ ကြိုးစားမယ်။ တစ်နေ့ကျရင် ယဉ်မျိုးနွယ်က မင်းရဲ့ ဆုံးဖြတ်ချက်အတွက် ဂုဏ်ယူစေရမယ်”

“အဲ့ဒါမှ ကျွန်မချစ်တဲ့ယောက်ျား”

ယဉ်ရို့ပင်း  ပြုံးလိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရှက်ရွံ့စွာ မျက်လုံးမှိတ်လိုက်၏။ သူမ သိမ်မွေ့စွာ ပြောလိုက်သည်။

“ကျန်းရီ... အချိန်မဖြုန်းနဲ့တော့။ ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ ကျွန်မတို့ ရှင်သန်နိုင်မလား၊ သေမလားဆိုတာ အခု ရှင့်အပေါ်မှာပဲ မူတည်နေပြီ။ ကျွန်မတို့ အတူတူသေရမယ်ဆိုရင်လည်း ကျွန်မ ဘာနောင်တမှရမှာ မဟုတ်ပါဘူး။ ကျန်းရီ... ကျွန်မကို ရှင့်ရဲ့ဇနီးမယားဖြစ်သွားအောင် လုပ်လိုက်ပါတော့...”

ကျန်းရီသည် ယဉ်ရို့ပင်း၏ နောက်ဆုံးစကားကို ကြားလိုက်သောအခါ အာခေါင် ခြောက်သွား၏။ သူ ယဉ်ရို့ပင်း၏ ခါးစည်းလေးကို ဖြည်လိုက်၏။ ထို့နောက် သူသည် သိမ်မွေ့စွာဖြင့် သူမ၏ အဝတ်အစားများကို ချွတ်လိုက်သည်။ ထိုအခိုက်တွင် သူ သူ၏ရင်ခုန်သံကိုပင် ပြန်ကြားနေရသည်။ ယဉ်ရို့ပင်း၏ အသံရှူသံကလည်း ပို၍မြန်လာသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်ကလေးကလည်း အောက်မှ စောင်ကို ပြဲလုမတတ် ဆုပ်ကိုင်ထားသည်။

ကျန်းရီ အသက်ရှူအောင့်လိုက်သည်။ သူသည် တုန်ယင်နေသော လက်များဖြင့် ယဉ်ရို့ပင်း၏ အတွင်းဝတ်ကို ဆက်ချွတ်လိုက်သည်။ နောက်ဆုံးတွင် ယဉ်ရို့ပင်းတစ်ယောက် မိမွေးတိုင်း၊ ဖမွေးတိုင်း ဖြစ်သွားပေပြီ။ သူမ တုန်ယင်သွား၏။ သူမ၏ပါးပြင်ထက်တွင်လည်း မျက်ရည်စီးကြောင်းနှစ်ကြောင်း လိမ့်ဆင်းလာသည်။

“မင်းက ပြီးပြည့်စုံလွန်းတယ်။ ကောင်းကင်ဘုံရဲ့ အကောင်းဆုံး လက်ရာတစ်ခုပဲ...”

ကျန်းရီ မှင်တက်နေသည်။ သူသည် ယဉ်ရို့ပင်း၏ ခန္ဓာကိုယ်လေးကို ကြည့်ရင်း အသက်ပင် မရှူနိုင်တော့ချေ။ သူမ၏ခန္ဓာကိုယ်က ပြီးပြည့်စုံလွန်းသည်။ သူမ၏ အသားအရေက ဖြူဝင်းကာ ချောမွေ့နေသည်။ ထို့ပြင် သူမ၏အရေပြားက တစ်လက်မမကျန် သင်းပျံ့သော မွှေးရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။ ထိုရနံ့က ကျန်းရီ၏ မွေးရာပါ လိုအင်ရမ္မက်ကို နိုးထလာစေလေသည်။

“ရို့ပင်း... ငါ စပြီနော်”

ကျန်းရီ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် သူ၏ဘောင်းဘီကို လျင်မြန်စွာ ချွတ်လိုက်ပြီး တံတွေးမျိုချလိုက်သည်။ သူက အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်သော်လည်း ထိုအခိုက်တွင် လူပျိုတစ်ယောက်ကဲ့သို့ အလွန်စိတ်လှုပ်ရှားနေလေသည်။ ထို့ကြောင့် ရုတ်တရက် သူ မည်သို့စရမည်ကို မေ့သွားသည်။

ယဉ်ရို့ပင်း၏ အသက်ရှူသံက ပိုမြန်လာသည်။ သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထား၏။ ထို့နောက် သူမသည် လွန်စွာ တိုးညှင်းသော လေသံလေးဖြင့် တီးတိုးပြောလိုက်လေသည်။

“ကျန်းလန်... ဖြေးဖြေးလုပ်နော်။ အခု ကျွန်မက အရမ်းအားနည်းနေတာ... ပြီးတော့ ကျွန်မ နာမှာကြောက်တယ်”

***

All Chapters