← Chapters

သေမင်း၏ ဆင့်ခေါ်သံ

Vol. 80 Ch. 1107

သေမင်း၏ ဆင့်ခေါ်သံ

Vol. 80 Ch. 1107

ကျန်းရီက အလွန်သိမ်မွေ့ခဲ့၏။ သို့ကြောင့် ယဉ်ရို့ပင်း သိပ်မနာကျင်ခဲ့ပေ။ ကျန်းရီသည် ထိုကဲ့သို့သော ချစ်မြတ်နိုးဖွယ် မိန်းမလှလေးကို ချစ်ခင်ယုယမည်သာ။ ယခုတွင် ယဉ်ရို့ပင်းက အလွန်အားနည်းနေသဖြင့် ကျန်းရီသည် သူမ အနည်းငယ် နာကျင်သွားမည်ကိုပင် စိုးရိမ်ခဲ့သည်။

“အာ...”

ယဉ်ရို့ပင်းသည်လည်း ကျန်းရီ၏ သိမ်မွေ့မှုကို ခံစားလိုက်ရသည်။ သူမ၏ မျက်ခုံးလေးများ အတန်ငယ် ပင့်တက်သွား၏။ သူမ၏ မျက်လုံးများက မှိတ်ထားဆဲဖြစ်ပြီး သူမ၏ မျက်နှာလေးက အလွန်နီမြန်းနေသည်။ သို့သော် အတန်ကြာပြီးနောက် ကျန်းရီက သိမ်မွေ့နေသေးဆဲဖြစ်ကြောင်း သူမသိလိုက်ရသည်။ ထို့ကြောင့် သူမ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မက အဲ့လောက်ကြီးလည်း အားနည်းမနေပါဘူး။ ရှင် အဲ့လောက်သိမ်မွေ့စရာမလိုပါဘူး... နည်းနည်း လှုပ်လှုပ်ရှားရှားလုပ်လို့ ရပါတယ်”

ဒုန်း...

ကျန်းရီ၏ သွေးများ ‌ဦးနှောက်ကို ဆောင့်တက်သွား၏။ ယောက်ျားတစ်ယောက်ကို အပျိုစင်လေးတစ်ယောက်၏ ထိုစကားများထက် မည်သည့်အရာက ပို၍စိတ်လှုပ်ရှားစေဦးမည်နည်း။ ယဉ်မျိုးနွယ်၏ ဂုဏ်သရေရှိ ယဉ်သခင်မလေး၊ အရှေ့ဘက် တော်ဝင်နယ်မြေမှ မရေမတွက်နိုင်သော သခင်လေးများ၏ အိပ်မက်နတ်မိမယ်လေးက ထိုကဲ့သို့သော စကားများကို သူမဘာသာ ပြောနေခြင်းဖြစ်ရာ ယင်းထက် ပို၍စိတ်ကြွစေမည့် ကာမဆေးများ မရှိတော့ပေ။

ကျန်းရီသည် သားရဲတစ်ကောင်ကဲ့သို့ အရာအားလုံးကို မေ့သွားပြီး လူသားမျိုးနွယ်၏ ရှေ့အကျဆုံး အမှုကိစ္စကို လုပ်ဆောင်လိုက်လေသည်။

အချစ်ဆိုသည်မှာ အကြည့်ချင်းဖလှယ်ခြင်း၊ ခန္ဓာကိုယ်ချင်းပွတ်တိုက်ခြင်း၊ အရည်ချင်းဖလှယ်ခြင်းဟု တစ်စုံတစ်ယောက်က ဆိုခဲ့သည်။ သို့သော် ထိုအရာက ညစ်ညမ်းသောအရာတစ်ခု မဖြစ်သင့်ပေ။ ယင်းက အလေးမြတ်ဆုံး အမှုကိစ္စတစ်ခုပင်။ ထိုအမှုကိစ္စကြောင့် လူသားမျိုးနွယ်က ဆက်လက်ပျံ့ပွားနိုင်ခြင်းဖြစ်သည်။ ထို့ပြင် အချစ်က မိမိ၏ စိတ်ကို ရွှင်လန်းစေသည်။

ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ဝိညာဉ်ကလည်း အမှန်ပင် ရွှင်လန်းလာသည်။ သူ၏အတွင်းအားကလည်း စတင် တိုးတက်လာသည်။ ထို့ပြင် ယဉ်ရို့ပင်း၏ ခန္ဓာကိုယ်မှ ထွက်လာသော ဖော်ပြ၍မရနိုင်သော ညို့ဓာတ်တစ်ခုက ကျန်းရီ၏ ဦးနှောက်အတွင်းသို့ ဝင်သွားသည်။ ၎င်းက မိုးမြေစည်းမျဉ်း၏ နက်ရှိုင်းသော အဓိပ္ပာယ်ကဲ့သို့ပင်။ သို့သော် ကျန်းရီသည် ယစ်မူးနေသဖြင့် ၎င်းကို အာရုံမစိုက်နိုင်ဘဲ နှလုံးသား၊ ခံစားချက်နှင့် စွမ်းအင်တို့ကိုသုံး၍ သူ့အောက်ရှိ မိန်းမလှလေးနှင့်သာ ချစ်ကြိုးသွယ်နေလေသည်။

ယဉ်ရို့ပင်းသည်လည်း ယစ်မူးနေ၏။ သူမ၏ မျက်ဝန်းများက ဝေဝါးနေပြီး သူမအောက်ရှိ စောင်ကလည်း စုတ်ပြဲနေပေပြီ။ သူမသည် အလွန်အားနည်းနေခဲ့သော်လည်း ထိုအခိုက်တွင် သူမ၏အတွင်းအားက လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာပြီး သူမ၏အတွင်းဒဏ်ရာများကလည်း ပြန်ကောင်းလာလေသည်။ ထိုစဉ် သူမသည် တစ်စုံတစ်ခု တွေးမိသွားပြီး ကျန်းရီ၏နားထဲသို့ တီးတိုးပြောလိုက်သည်။

“ကျန်းလန်... နံ့သာသခင်မမျိုးနွယ်ရဲ့ ယင်ဓာတ်အတွင်းအားက ဆက်ဆံဖော်ရဲ့ အတွင်းအားနဲ့ စိတ်ဝိညာဉ်ကို တိုးတက်စေတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အသန့်စင်ဆုံး မိုးမြေညှို့ဓာတ်ရှိတယ်။ ရှင် အဲ့ညှို့ဓာတ်ကို အသေးစိတ် နားလည်နိုင်မှဖြစ်မယ်။ အဲ့လိုဆို ရှင့်ရဲ့ စွမ်းအားက အများကြီးတိုးတက်သွားနိုင်လောက်တယ်”

“ညှို့ဓာတ်”

နောက်ဆုံးတွင် ကျန်းရီ ပြန်၍အသိကပ်လာ၏။ သူသည် နှလုံးသားကိုသုံး၍ သူ့အတွေးထဲရှိ ညှို့ဓာတ်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ မကြာခင်တွင် ရှီးဖေးက နတ်ရနံ့ပုံရိပ်ယောင်အစီအရင်အတွင်းမှ ထွက်လာနိုင်တော့မည်ဖြစ်သည်။ သို့ဆိုလျှင် သူတို့နှစ်ယောက် သေသွားပေလိမ့်မည်။ ယဉ်ရို့ပင်းက သူမ၏အစွမ်းအကုန်လုံးကို သုံးခဲ့ပြီဟု ဆိုခဲ့သည်။ ထို့ကြောင့် သူတို့၏ သေခြင်း၊ ရှင်ခြင်းက သူ့အပေါ်တွင်သာ မူတည်နေပြီဖြစ်သည်။

ကျန်းရီသည် ထိုသို့တွေးမိသောအခါ အတွေးများ ပိုရှင်းသွား၏။ သူသည် သူ့အောက်တွင် လှဲနေသော မိန်းမလှလေးကို ကြည့်လိုက်ပြီးနောက် မျက်လုံးများမှိတ်ကာ နှလုံးသားတစ်ခုလုံးကိုသုံး၍ ညှို့ဓာတ်ကို သိမြင်နားလည်အောင် ကြိုးစားလိုက်သည်။ ယဉ်ရို့ပင်းအတွက် သူ အဆင့်တက်နိုင်ရပေမည်။ သူ ရှီးဖေးကို အနိုင်ယူရမည်ဖြစ်သည်။ အနိုင်မယူနိုင်လျှင်ပင် လက်ရည်တူတော့ ရှိသင့်သည်။

‘အဲ့ဒါက တာအိုပုံသဏ္ဌာန် အရှိန်အဝါတစ်ခုလား။ အဲ့လို့တော့ ဟုတ်ပုံမပေါ်ဘူး’

ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူသည် ယဉ်ရို့ပင်းနှင့် ဆက်၍ဆက်ဆံနေပြီး သူ့ဦးနှောက်အတွင်းသို့ ဝင်လာသော ညှို့ဓာတ်ကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေသည်။ ညှို့ဓာတ်မှာ တာအိုပုံသဏ္ဌာန် အရှိန်အဝါတစ်ခုနှင့် အလွန်ဆင်တူနေသဖြင့် ကျန်းရီ အံ့အားသင့်နေသည်။ သို့သော် အသေအချာကြည့်လျှင် ၎င်းက တာအိုပုံသဏ္ဌာန် အရှိန်အဝါ မဟုတ်ပေ။ ထိုညှို့ဓာတ်မှာ ထူထပ်သော မြူခိုးများအတွင်းရှိ လေနှင့်မိုးကဲ့သို့ ဖမ်းဆုပ်နိုင်ရန် အလွန်ခက်ခဲ့ပြီး လူတစ်ယောက်ကို ရွှင်လန်းစေသလို ယစ်လည်းယစ်မူးစေသည်။

အပြင်ဘက် လမ်းမတွင် ဖုတ်ကောင်စစ်သည်များနှင့် ပြည့်နှက်နေသည်။ အေးစက်သော လေပြင်းများကလည်း တစ္ဆေအော်သံများ၊ ဝံပုလွေအူသံများကဲ့သို့ တဟူးဟူး တိုက်ခတ်နေသည်။ မရေမတွက်နိုင်သော ဖုတ်ကောင်စစ်သည်များက ရူရီဒိုင်းကို အဆက်မပြတ် တိုက်ခိုက်နေကြ၏။ ဖုတ်ကောင်များ၏ အနံ့အသက်များက လမ်းတစ်လျှောက်လုံး ပျံ့နှံ့နေသည်။ လမ်းမဘေးတစ်ဘက်စီမှ မီးအိမ်များကလည်း မှေးမှိန်နေသည်။ ထိုနေရာက ငရဲနှင့် မခြားပေ။

အိမ်ခန်းထဲတွင်မူ အပြင်နှင့် လုံးဝကွဲပြားနေသော မြင်ကွင်းတစ်ခု ရှိနေသည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်က ရှက်ရွံ့ဖွယ်အမှုကို လုပ်ဆောင်နေကြသည်။ ယောက်ျားက နွားသိုးတစ်ကောင်ကဲ့သို့ တရှူးရှူးတရှဲရှဲ ဖြစ်နေပြီး မိန်းမက ခပ်သဲ့သဲ့ညည်းတွားနေသည်။ အခန်းတစ်ခန်းလုံးတွင်လည်း ယစ်မူးဖွယ်မွှေးရနံ့တစ်ခု ပြည့်နှက်နေသည်။ အခင်းစောင်က တွန့်ကြေစုတ်ပြဲသွားသည်မှာ ကြာပြီဖြစ်သည်။ စောင်အလယ်တွင် အနီရောင်အစွန်းကွက်တစ်ကွက်လည်း ရှိနေသည်။ အိမ်ခန်းထဲမှ မြင်ကွင်းနှင့် အပြင်ဘက်မှ မြင်ကွင်းမှာ မည်သို့မှ ပနံမသင့်ချေ။

အချိန်က ဆက်၍ကုန်ဆုံးသွား၏။ မကြာခင်မှာပင် တစ်နာရီ ပြည့်သွားသည်။ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ မရပ်တန့်ကြသေးပေ။ ယဉ်ရို့ပင်းသည် ပီတိအဟုန်ကြောင့် အကြိမ်အနည်းငယ်ပင် သတိလစ်မလို ဖြစ်သွားခဲ့သေးသည်။ သူမ၏ မျက်ဝန်းများထဲတွင် ချိုရှသော မျက်ရည်စလေးများ ရှိနေပြီး သူမ၏ နှုတ်ခမ်းတွင် အပြုံးသဲ့သဲ့တစ်ပွင့် ရှိနေသည်။ သူမ၏ အရေပြားပေါ်တွင်လည်း ချေးစက်လေးများ သီးနေသည်။

ကျန်းရီက မရပ်တန့်သေးပေ။ သူက မျက်လုံးများ မှိတ်ထားပြီး သူ၏မျက်နှာပေါ်တွင် သိမ်မွေ့မှုများ ပြည့်နှက်နေသည်။ သို့သော် သူ၏ လှုပ်ရှားမှုများက ပြင်းထန်း ကြမ်းတမ်းပေသည်။ သူသည် တစ်နာရီကြာ ကြိုးစားလေ့လာနေခဲ့သော်လည်း ယခုအထိ မည်သည်ကိုမှ မသိမြင်မနားလည်နိုင်သေးပေ။ သူသည် ညှို့ဓာတ်ကို နားမလည်နိုင်သလို ညှို့ဓာတ်အတွင်းရှိ နက်ရှိုင်းသော အဓိပ္ပာယ်ကိုလည်း နားမလည်နိုင်ပေ။

နောက်တစ်နာရီ ထပ်မံကုန်ဆုံးသွား၏။ နောက်ဆုံးတွင် ကျန်းရီ တစ်ချက်အော်လိုက်ပြီး ရပ်တန့်လိုက်သည်။ ယဉ်ရို့ပင်း၏ ခန္ဓာကိုယ်ကလေးလည်း တုန်ယင်သွားသည်။ သူမ မျက်လုံးများ ဖွင့်လိုက်သည်။ သူမကိုယ်ပေါ်မှ မွှေးရနံ့က ချိုမြသော စမ်းရေအလား ပြောင်းလဲသွားကာ အပြင်သို့ စီးထွက်သွားသည်။ ထိုစမ်းရေသည် ထူးဆန်းသော စွမ်းအင်တစ်ခုအဖြစ် ဆက်ပြောင်းလဲ၍ ကျန်းရီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။

ကျန်းရီသည် ယဉ်ရို့ပင်းကို တင်းကြပ်စွာ ဖက်ထားပြီး မလှုပ်မယှက်ရှိနေသည်။ ယဉ်ရို့ပင်းကလည်း အသက်ပြင်းပြင်းရှူကာ ကျန်းရီကို ပြန်ဖက်ထားသည်။ သူမ၏ မျက်ဝန်းများထဲတွင် မည်သည့် မျက်ရည်စမှ မရှိတော့ဘဲ နောင်တကင်းသည့် ပျော်ရွှင်မှုသာ ရှိနေသည်။ မိန်းမပျိုလေးတစ်ယောက်က အမျိုးသမီးတစ်ယောက် ဖြစ်လာပေပြီ။ လက်ရှိအခြေအနေ၊ လက်ရှိအနေအထားအောက်တွင် ဖြစ်သော်လည်း သူမ လုံးဝ မကျေမနပ် မခံစားရပေ။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိလျှင် မည်သည့်အရာကိုမှ အရေးစိုက်မည် မဟုတ်ပေ။ သူမတို့၏ အချစ်က ရူးမိုက်ကာ အပြစ်ကင်းလွန်းလှသဖြင့် လူများပင် ရင်နာရလေသည်။

ယဉ်ရို့ပင်းသည်လည်း မလှုပ်ဘဲ ကျန်းရီကို တိတ်တဆိတ် ပြန်ဖက်ထားပြီး ကျန်းရီ၏ ယောက်ျားဆန်သော ကိုယ်သင်းရနံ့ကို ရှူရှိုက်နေသည်။ နှစ်နာရီ ပြည့်ရန် ဆယ့်ငါးမိနစ်သာ လိုတော့သည်။ ရှီးဖေးက သူတို့ကို ရှာနေလောက်ပေပြီ။ အကယ်၍ ကျန်းရီသာ မည်သည့်အရာကိုမှ မသိမြင်မနားလည်နိုင်လျှင် သူတို့နှစ်ယောက် အ‌လောင်းဘဝသို့ ကူးပြောင်းကာ ဆန်းကြယ်နတ်ဘုရားနန်းတော်ထဲတွင် ထာဝရ လဲလျှောင်းနေရတော့မည်ဖြစ်သည်။

“ကျန်းလန်... ကျန်းလန်... ကျန်းလန်”

ယဉ်ရို့ပင်းသည် သူမသာကြားနိုင်သော လေသံလေးဖြင့် ကျန်းရီကို ထပ်ခါထပ်ခါ ခေါ်နေသည်။ သူမက ကျန်းရီကို သူမ၏အသံကို ကြားမသွားစေလိုပေ။ သူမ သူ၏အမည်ကို အကြိမ်အနည်းငယ် ခေါ်ကြည့်လိုခြင်းသာ။ ကျန်းရီက အဆင့်တက်သွားနိုင်လိမ့်မည်ဟု သူမ မထင်ပေ။ သူ အဆင့်တက်သွားလျှင်ပင် ရှီးဖေးနှင့် သရေကျအောင် တိုက်ခိုက်ရန်မှာ ခက်ခဲပေလိမ့်မည်။ ကောင်းကင်ဧကရာဇ်နှင့် နတ်ဘုရားတစ်ပိုင်းဆိုသည်မှာ လုံးဝကွာခြားသော အဆင့်နှစ်ခု မဟုတ်ပါလား။ ထို့ပြင် ရှီးဖေးက ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်တစ်ခုကို တတ်မြောက်ထားပြီး သွေးဧကရာဇ်ချပ်ဝတ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

သို့သော် ယဉ်ရို့ပင်း အနည်းငယ်ပင် မကြောက်ပေ။ သူမသည် ကျန်းရီနှင့် အတူသေရမည်ကို အလွန်ကျေနပ်ပေသည်။ သူမသည် တစ်ဘဝလုံး ထိုကဲ့သို့ အေးချမ်းမှုကို မခံစားခဲ့ရဖူးပေ။ ယင်းမှာ တစ်စုံတစ်ယောက်ကို ချစ်ခင်ခြင်းမှသာ ရနိုင်သော ခံစားချက်ပင်။ ထိုခံစားချက်က အလွန်လှပသဖြင့် ကောင်းကင်ပျက်စီးသွားလျှင်ပင် သူမချစ်သောအမျိုးသား၏ ဘေးတွင် နေရမည်ဆိုပါက မည်သည့်အရာမှ အရေးပါတော့မည် မဟုတ်ပေ။

အချစ်က ရှုပ်ထွေးလွန်းသည်။ ထို့ပြင် မိန်းမများကလည်း နားလည်ရခက်သော သက်ရှိများ ဖြစ်ကြသည်။

‘ညှို့ဓာတ်က တာအိုပုံသဏ္ဌာန်တစ်ခုလား။ မဟုတ်ဘူး..မဟုတ်ဘူး... အဲ့ဒါက တာအိုပုံသဏ္ဌာန်မဟုတ်ဘူး။ အဲ့ဒါက အရှိန်အဝါတစ်မျိုးပဲ’

ကျန်းရီ၏ ဦးနှောက်အတွင်းမှ ညှို့ဓာတ်က ပြီးပြည့်စုံနေပြီဖြစ်သည်။ ထိုအခိုက်တွင် သူသည် ၎င်းက တာအိုပုံသဏ္ဌာန်မဟုတ်ဘဲ အရှိန်အဝါတစ်မျိုးဖြစ်ကြောင်းကို သဘောပေါက်သွားသည်။ ယင်းက သတ်ဖြတ်အရှိန်အဝါနှင့် ဆင်တူသည်။ သို့သော် သူ၏ သိမြင်နားလည်မှုက နောက်ကျသွားပေပြီ။ နှစ်နာရီပြည့်ရန် ဆယ်မိနစ်သာ လိုတော့သည်။ ထို့ပြင် အရှိန်အဝါတစ်ခုက သူ၏တိုက်ခိုက်စွမ်းအားကို များစွာတိုးမြှင့်ပေးနိုင်မည် မဟုတ်ပေ။

သို့သော်...

ကျန်းရီ လက်မလျှော့လိုက်ပေ။ သူ ညှို့ဓာတ်အပေါ် အပြည့်အဝ အာရုံစိုက်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ အဆုံးအထိ တိုက်ခိုက်မည်ဖြစ်သည်။ သူသည် နောက်ဆုံးစက္ကန့်အထိ အရှုံးပေးတတ်သူတစ်‌ယောက် မဟုတ်ပေ။

ဆယ်မိနစ်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ယဉ်ရို့ပင်းသည် ကျန်းရီက မျက်လုံး ပြန်ဖွင့်မလာသေးကြောင်း တွေ့လိုက်၍ မျှော်လင့်ချက် ကုန်ဆုံးသွား၏။ သူမက လောဘကြီးခဲ့ခြင်းပင်။ အဘယ်သို့ လူတစ်ယောက်က ညှို့ဓာတ်ကို အချိန်တစ်ခဏအတွင်း နားလည်နိုင်မည်နည်း။ နားလည်နိုင်ခဲ့လျှင်ပင် အချိန်တိုအတွင်း နတ်ဘုရားတစ်ပိုင်း ပညာရှင်တစ်ယောက်ကို ယှဉ်နိုင်လောက်သည်အထိ စွမ်းအား တိုးတက်လာပါမည်လော။

ယဉ်ရို့ပင်းသည် ကျန်းရီဘေးမှ တိတ်တဆိတ် ခွာလိုက်ပြီး သူမ၏ အဝတ်အစားများကို ပြန်ဝတ်ကာ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် လုပ်လိုက်သည်။ သေရမည်ဆိုလျှင်ပင် ဂုဏ်သိက္ခာရှိရှိ သေရပေမည်။ သူမသည် ကျန်းရီကိုလည်း အတန်ငယ် ရှက်ရွံ့စွာဖြင့် အဝတ်အစားများ ဝတ်ပေးလိုက်သည်။ ထို့နောက် သူမ ဓားတိုတစ်ချောင်းကို ကိုင်ထားလိုက်ပြီး အသက်စွန့်ရန် အသင့်ပြင်ထားလိုက်လေသည်။

“အာ... ခွေးမ၊ မျိုးမစစ်ကောင်၊ ခွေးမနဲ့ မျိုးမစစ်ကောင်”

အဝေးမှနေ၍ ဒေါသတကြီးအော်လိုက်သော အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ရှီးဖေးက သူမတို့နောက်သို့ လိုက်လာပေပြီ။ ဖုတ်ကောင်များ လွင့်ပျံထွက်သွားနေပြီး ရှီးဖေး၏ ဆဲဆိုသံက တဖြည်းဖြည်း နီးကပ်လာသည်။ ထိုအသံများက သေမင်း၏ဆင့်ခေါ်သံနှင့် ဆင်တူသည်ဟုပင် ယဉ်ရို့ပင်း ခံစားနေရလေသည်။

***

All Chapters