စွမ်းအားမြင့် အသံလှိုင်း
Vol. 80 Ch. 1109
ဝုန်း...
ရှီးဖေးသည် အဝေးမှနေ၍ ကျန်းရီနှင့် ယဉ်ရို့ပင်းတို့ ရှိနေသော အိမ်အရှေ့မှ ရူရီဒိုင်းဆီသို့ လျင်မြန်စွာ ရောက်လာ၏။ သူသည် ပျက်သုဉ်းကောင်းကင်ဘီးလုံးကို ထုတ်၍ ရူရီဒိုင်းဆီ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ရူရီဒိုင်းက ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အိမ်၏ အကာအရံများကလည်း အဆက်မပြတ် တောက်ပလာလေသည်။ ပြင်းထန်သောအဟုန်က ကျန်းရီနှင့် ယဉ်ရို့ပင်းတို့၏ အဝတ်အစားများကို တုန်ခါသွားစေပြီး သူတို့ကို အနောက်သို့ ငါးပေ လွင့်သွားစေသည်။
“ခွေးမ ယဉ်ရို့ပင်း... မင်းက ဒီလိုနေရာမျိုးမှာ မင်းကိုယ်မင်း အဲ့မျိုးမစစ်ကျန်းရီကို ပေးလိုက်တယ်ပေါ့လေ။ ယဉ်မျိုးနွယ်က မင်းကြောင့် မျက်နှာပျက်ရပြီ။ သတ်သေဖို့ မစဉ်းစားနဲ့.. မင်း သတ်သေလိုက်ရင်တောင် ငါ မင်းရဲ့အလောင်းကို မုဒိမ်းကျင့်ပစ်မယ်”
ရှီးဖေးက ဒေါသတကြီး အော်ပြောလိုက်သည်။ သူသည် ယဉ်ရို့ပင်း၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေပြီး သူ့ လုပ်ရပ်ကိုသူ နောင်တရနေသည်။ အကယ်၍ သူသာ ကျန်းရီကို ချက်ချင်း သတ်ပစ်လိုက်ပြီး ယဉ်ရို့ပင်းကို ဖမ်းလိုက်ပါက နံ့သာသခင်မမျိုးနွယ်၏ ယင်ဓာတ်အတွင်းအားက သူ့အပိုင်ဖြစ်သွားမည်ဖြစ်သည်။ ထို့ပြင် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်လေးကိုလည်း သူ သုံးဆောင်ရပေလိမ့်မည်။
“ဟင်းဟင်း...”
ယဉ်ရို့ပင်းက အတန်ငယ်ပင် ဒေါသမထွက်သွားဘဲ ရှီးဖေးကို လှောင်ပြောင်သည့်ဟန်ဖြင့် ကြည့်၍ အိမ်ထဲမှ တည်ငြိမ်စွာ ထွက်သွားလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းကောင်များပေါ်တွင် ရပ်လိုက်လေသည်။ သူမသည် ဆံပင်ကို အပျိုတစ်ယောက်၏ပုံစံ မထားတော့ဘဲ ခပ်မြင့်မြင့် ထုံးဖွဲ့ထားသည်။ ယင်းမှာ အိမ်ထောင်ရှင်အမျိုးသမီးများ၏ ဆံပင်ပုံစံဖြစ်သည်။
ယဉ်ရို့ပင်းသည် ရှီးဖေးကို ရွံရှာဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ရှီးဖေး... ရှင့်ကိုယ်ရှင် ကြည့်ပါဦး။ ရှင့်ရဲ့ တောက်တောက်ပြောင်ပြောင် အသွင်နဲ့ သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်ကို ခွာချလိုက်ရင် ရှင့်ရဲ့ အတွင်းပိုင်းက ဘယ်လောက်တောင် ညစ်ညမ်းပြီး ရွံစရာကောင်းလဲဆိုတာကို တွေ့ရမှာပဲ။ ရှင်သာ ကျန်းရီလို မွေးဖွားလာခဲ့ရင် အခုဆို ဘယ်မိသားစုရဲ့ ကျွန်တစ်ယောက် ဖြစ်နေမလဲဆိုတာကို ဘယ်သူ ပြောနိုင်မလဲ။ ရှင်က ကျန်းရီနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ရှီးမျိုးနွယ်ရဲ့ အဆင့်အတန်းမရှိရင် ရှင်က ခွေးတစ်ကောင်ထက်တောင် နိမ့်ကျသေးတယ်။ ရှင်လို့ လူယုတ်မာတစ်ယောက်က အစ်မချန်ကို ပိုးပန်းချင်သေးတယ်ပေါ့။ ရှင်က မမီတဲ့ပန်းကို တုံးခုလှမ်းနေတာပဲ။ ကျွန်မ ရှင့်ကို သနားမိတယ်...”
“ထွီ...”
ယဉ်ရို့ပင်း၏ စကားများက ရှီးဖေး၏အရှိုက်ကို ထိသွားသည်။ သူသည် အလွန်ဒေါသထွက်စွာဖြင့် သွေးများကို ထွေးထုတ်လိုက်၏။ သူ၏ အရှိန်အဝါကလည်း နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် ပျက်သုဉ်းကောင်းကင်ဘီးလုံးကို ထပ်မံဖန်တီးလိုက်ပြီး အော်ပြောလိုက်လေသည်။
“ယဉ်ရို့ပင်း... ခွေးမ.. သေပေတော့”
“ဟားဟားဟား... ရှင် လက်တစ်ချောင်းတောင် မြှောက်ဖို့ မလိုပါဘူး။ ရှင့်ရဲ့ လက်တွေက ညစ်ပတ်လွန်းတယ်။ ကျွန်မ ယဉ်ရို့ပင်းက ဘယ်လိုလုပ် ရှင့်ရဲ့ လက်ထဲမှာ အသေခံနိုင်မှာလဲ”
ယဉ်ရို့ပင်းက လွန်စွာတည်ငြိမ်နေသည်။ သူမသည် ရှီးဖေးကို ကြည့်ပင်မကြည့်ဘဲ ပျက်သုဉ်းကောင်းကင်ဘီးလုံးကိုလည်း လျစ်လျူရှုလိုက်သည်။ သူမသည် အိမ်ထဲတွင် သက်တောင့်သက်သာ ထိုင်နေသော ကျန်းရီကို လှည့်ကြည့်လိုက်ပြီး ချိုသာစွာပြုံး၍ နူးညံ့စွာ ရေရွတ်လိုက်လေသည်။
“ကျွန်မ အချစ်ရဆုံးယောက်ျား... ထာဝရအတွက် နှုတ်ဆက်လိုက်ပါတယ်”
ရွှီး...
ထိုအခိုက်တွင် ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပွင့်သွားပြီး တောက်ပစွာ လင်းလက်လာလေသည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် လျှပ်စီးတစ်ချက် လက်သွားသလိုမျိုး ခံစားလိုက်ရသည်။ သူသည် သိမ်မွေ့စွာ ပြုံး၍ ယဉ်ရို့ပင်းကို နူးညံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
“ရို့ပင်း... ငါ မင်းကို နှုတ်မဆက်ချင်သေးဘူး။ ငါက မင်းနဲ့အတူ အိုမင်းပြီး ကလေးတွေအများကြီး ယူချင်သေးတယ်”
ဝှစ်...
ကျန်းရီသည် ကြမ်းပြင်ကို လက်တစ်ဘက်ဖြင့် ရိုက်လိုက်ပြီး ထရပ်လိုက်သည်။ ထို့နောက် သူ ယဉ်ရို့ပင်းကို အိမ်ထဲသို့ ပြန်ခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ ဓားပျော့တစ်ချောင်း ထွက်ပေါ်လာ၏။ သူ ဓားပျော့ကို လျင်မြန်စွာ လှုပ်ယမ်းလိုက်ပြီး ရှီးဖေးကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
“ရှီးဖေး... မင်းက ငါ့အမျိုးသမီးကို သတ်ဖို့ အဆင့်မမီသေးဘူး။ အပြစ်ဆေးကြောဒေသမှာတုန်းက ငါ မင်းခြေထောက်ကို ဖြတ်နိုင်ခဲ့တယ်။ ဒီနေ့တော့ ငါ မင်းကို သတ်ပစ်မယ်”
စကားဆုံးသွားသောအခါ ကျန်းရီ၏ မျက်လုံးများ နီရဲလာသည်။ သူ၏ ဆံပင်နီများကလည်း လေထဲတွင် ဝဲလွင့်သွားသည်။ သူသည် ယခင်ကထက် ပိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဓားပျော့ကလည်း အသံလှိုင်းများကို ဖြစ်ပေါ်လာစေသည်။ သတ်ဖြတ်အရှိန်အဝါက အသံလှိုင်းများနှင့် ပေါင်းစည်းသွား၏။ ထို့နောက် ထိုပေါင်းစပ်အသံလှိုင်းသည် ကန်ရေပြင်ပေါ်မှ ဂယက်များကဲ့သို့ အရှေ့သို့ ရွေ့လျားသွားလေသည်။
အသံက မည်မျှလျင်မြန်စွာ ရွေ့လျားနိုင်သနည်း။
ရှီးဖေး၏ ပျက်သုဉ်းကောင်းကင်ဘီးလုံးက ပေရာဂဏန်းအနည်းငယ်လောက် ပျံသန်းလာပြီးပေပြီ။ သို့သော် အသံလှိုင်းများ ရွေ့လျားသွားသောအခါ ဘီးလုံးက လေထဲမှာပင် အမှုန့်ဖြစ်သွားသည်။
“အာ...”
အိမ်ထဲမှ ချောင်းကြည့်နေသော ယဉ်ရို့ပင်းသည် အပြင်ဘက်မှ မြင်ကွင်းကို မြင်လိုက်သောအခါ မှင်တက်သွား၏။ ထို့နောက် ရှီဖေးက သူ့ခေါင်းကို ဆုပ်ကိုင်၍ ထူးဆန်းစွာ အော်ဟစ်နေသည်ကိုလည်း သူမ ဆက်တွေ့လိုက်ရသည်။ သူမသည် သူမ၏မျက်လုံးများကိုပင် မယုံနိုင်ဖြစ်နေလေသည်။
ရှီးဖေးက ထောင်ချောက်အတွင်း ရောက်သွားခြင်းဖြစ်ကြောင်း ထင်ရှား၏။ သူ၏စိတ်ဝိညာဉ်က တိုက်ခိုက်ခံနေရသဖြင့် သူ ပျက်သုဉ်းကောင်းကင်ဘီးလုံးကို မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် ဘီးလုံးက အမှုန့်ဖြစ်သွားခြင်းပင်။ မည်သည့်တာအိုပုံသဏ္ဌာန်တိုက်ခိုက်မှုကိုမဆို အသုံးပြုသူက အတွေးဖြင့် ထိန်းချုပ်ရမည်ဖြစ်သည်။ မဟုတ်လျှင် ၎င်းက ဆက်တည်ရှိနိုင်မည် မဟုတ်ချေ။ သို့သော် ရှီးဖေးက နတ်ဘုရားတစ်ပိုင်းဖြစ်သဖြင့် နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်ထားမည်ဖြစ်သည်။ ထို့ပြင် သူ၏ စိတ်ဝိညာဉ်က အဆင့်နိမ့် နတ်ဘုရားတစ်ပိုင်းများ၏ စိတ်ဝိညာဉ်ထက်လည်း ပို၍ သန်မာလောက်သည်။ သို့ဖြစ်ရာ ကျန်းရီက အဘယ်သို့ ရှီးဖေး၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သေးသနည်း။ ယဉ်ရို့ပင်း နားမလည်ပေ။
“သေပေတော့...”
ကျန်းရီသည် အော်၍ အရှေ့သို့ ပျံသန်းသွားလိုက်၏။ သူသည် ကျန်လက်တစ်ဘက်ဖြင့် ဝိညာဉ်လေများ ထုတ်လွှတ်၍ ဝိညာဉ်လေဓားများအဖြစ် ပေါင်းစည်းလိုက်သည်။ ထို့နောက် ဝိညာဉ်လေဓားများကို ရှီးဖေးသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်လေသည်။ သူ၏ ဘက်ဘက်လက်ထဲမှ ဓားပျော့ကလည်း တစ်ချက်ပင် လှုပ်ရှားမှု ရပ်တန့်မသွားပေ။ အသံလှိုင်းများက ဒီရေများအလား ရွေ့လျား၍ ရှီးဖေး၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေကြသည်။
အသံလှိုင်းများက အလွန်အားကောင်းသဖြင့် သာမန်လူများဆိုလျှင် ချက်ချင်း လဲကျသွားပေလိမ့်မည်။
“အား...အား...”
ရှီးဖေးက သူ၏ခေါင်းကို ဆုပ်ကိုင်၍ အဆက်အပြတ် အော်ဟစ်နေ၏။ သူသည် ကြောက်ရွံ့တုန်လှုပ်သော မျက်နှာထားဖြင့် လေထဲတွင် လူးလှိမ့်နေသည်။ သူ၏ မျက်လုံးများကလည်း နီရဲနေပေပြီ။ သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်၍ ကြောက်ရွံ့သွားသော အားနည်းသည့် မိန်းမပျိုလေးတစ်ယောက် သို့မဟုတ် ရှေးဟောင်းသားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသော သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူ၏ မျက်နှာထားက လွန်စွာကြောက်ရွံ့နေသော မျက်နှာထားပင်။
ထိုအခိုက်တွင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က လွန်စွာ သက်ရောက်မှုအားကောင်းနေသည်။ သူ၏ သတ်ဖြတ်အရှိန်အဝါကလည်း အဆင့်တက်သွားပြီဖြစ်သည်။
သတ်ဖြတ်အရှိန်အဝါမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်သည်။ ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေတွင် သိုင်းပညာရှင်တစ်စုကို သတ်ရန် သတ်ဖြတ်အရှိန်အဝါကို သုံးခဲ့ဖူးသည်။ သာမန်သိုင်းသမားများသည် သတ်ဖြတ်အရှိန်အဝါ၏ ဖိနှိပ်မှုကို မည်သို့မှ ခံနိုင်မည် မဟုတ်ပေ။ သူတို့သည် သေရန် စောင့်နေရုံသာ ရှိသည်။
သို့သော်....
သတ်ဖြတ်အရှိန်အဝါက အဆင့်ငါးဆင့်သာရှိသည်။ ထို့ပြင် ၎င်းက စွမ်းအားကြီး သိုင်းပညာရှင်များအပေါ် မသက်ရောက်နိုင်ပေ။ ထို့ကြောင့် ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါကို နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ ဆန်းကြယ်ဧကရာဇ်မြို့သို့ လာရာလမ်းတွင် သူသည် သတ်ဖြတ်အရှိန်အဝါနှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်မည့် တေးသွားတစ်ပုဒ်ကို ဖန်တီးနေခဲ့သည်။
ယဉ်ရို့ပင်း၏ ခန္ဓာကိုယ်တွင် ညှို့ဓာတ်တစ်မျိုးရှိသည်။ သို့သော် ၎င်းက တာအိုပုံသဏ္ဌာန်တစ်ခု မဟုတ်ဘဲ အရှိန်အဝါတစ်မျိုးဖြစ်သည်။
ကျန်းရီသည် အချိန်မရသဖြင့် ညှို့ဓာတ်ကို အပြည့်အဝ နားမလည်နိုင်ခဲ့ပေ။ သူသည် ၎င်း၏စွမ်းအားကို မည်သို့သုံးရမည်ကိုလည်း မသိခဲ့ချေ။ နောက်ဆုံးတွင်မူ အရိုးရှင်းဆုံးနှင့် အကျိုးသက်ရောက်မှုအရှိဆုံး နည်းတစ်ခုကို သူ တွေးမိခဲ့သည်။ သတ်ဖြတ်အရှိန်အဝါကသာ အဆင့်တစ်ဆင့် တက်သွားလျှင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း စွမ်းအားကြီးလာနိုင်သည်။ သို့ဆိုလျှင် သူ ရှီးဖေးနှင့် တန်းတူလောက် ဖြစ်သွားနိုင်သည်။
ကျန်းရီ အောင်မြင်ခဲ့ကြောင်း ထင်ရှားပေသည်။
ရှီးဖေးက ထောင်ချောက်အတွင်း ကျသွားခဲ့သည်။ သူ၏ သွေးဧကရာဇ်ချပ်ဝတ်က သူ၏ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်သော်လည်း နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုမူ မခုခံနိုင်ပေ။ ရှီးဖေး၏ စိတ်ဝိညာဉ်က အမှန်ပင် အလွန်သန်မာ၏။ ထို့ပြင် သူ၏ စိတ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်လည်း ဖြစ်နေပြီဖြစ်သည်။ သို့သော်ငြား သူက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ခါစသာ ရှိသေးပေသည်။ ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက ညှို့ဓာတ်ကြောင့် အဆင့်တက်သွားကာ စွမ်းအားနှစ်ဆတိုးသွားပြီဖြစ်သည်။ ယင်းအပြင် နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် ပေါင်းစည်းလိုက်သောအခါ စွမ်းအား ဆယ်ဆတိုးသွားခဲ့သည်။ ထို့ကြောင့် ၎င်း၏ စွမ်းအားက အဆမတန်ဖြစ်နေပေပြီ။
သတ်ဖြတ်အရှိန်အဝါ အဆင့်မတက်သေးခင်ကပင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ရှီးဖေးအပေါ် သက်ရောက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ယခုတွင် ရှီးဖေးတစ်ယောက် အလူးအလိမ့်ဖြစ်နေသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။
ဝုန်း...ဝုန်း...ဝုန်း...
ဝိညာဉ်လေဓားများကလည်း ရှီးဖေး၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ခုတ်ဖြတ်လိုက်ကြသည်။ ရှီးဖေး မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ဝိညာဉ်လေဓားများသည် ဖုတ်ကောင်စစ်သည်များကိုလည်း လွင့်ပျံထွက်သွားကာ အိမ်နံရံများနှင့် သွားဆောင့်စေလေသည်။
သွေးဧကရာဇ်ချပ်ဝတ်က အလွန်စွမ်းအားကြီးသည်။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများ၏ အောက်တွင်ပင် သွေးဧကရာဇ်ချပ်ဝတ်က တစ်ချက်ပင် စုတ်ပြဲမသွားသေးချေ။ ရှီးဖေးသည် ပြင်းထန်သော တုန်ခါမှုကြောင့်သာ သွေးအနည်းငယ် အန်လိုက်လေသည်။
အားကောင်းသော အသံလှိုင်းများက ဆက်၍ ပဲ့တင်ထပ်နေ၏။ ၎င်းတို့က မြေပြင်ပေါ်မှ ရှီးဖေးကို ထပ်၍ ဖိနှိပ်ထားလိုက်သည်။ ထိုစဉ် ကျန်းရီသည် ရှီးဖေးထံသို့ နဂါးရိုင်းတစ်ကောင်အလား ပျံသန်းသွားပြီး ဝိညာဉ်လေဓားများကို ထပ်မံပစ်လွှတ်လိုက်သည်။ ထို့နောက် သူ အေးစက်စွာ အော်ပြောလိုက်လေသည်။
“ရှီးဖေး... မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာကို ကြည့်ကြတာပေါ့။ ဒါပေမဲ့ ဒီနေ့ မင်း ဒီနေရာမှာ သေရမှာပဲ”
***