← Chapters

အပိုင်း(၄၇၃)

Vol. 32 Ch. 473

အပိုင်း(၄၇၃)

Vol. 32 Ch. 473

ကျားဖြူ၏ကိုယ်မှ အဖြူရောင်အလင်းတို့ပျောက်ကွယ်

သွားပြီးနောက်  ရှစ်ဖုန့်က လှောင်ပြုံးပြုံးလိုက်သည်။  အတွေးတစ်ချက်ဖြင့် ကျားဖြူမှာ ဟင်းလင်းပြင်ထဲ၌ ပြင်းပြင်းထန်ထန်လူးလှိမ့်နေပြီး ညည်ူးညူ ဟစ်အော်နေသည်။

“ဝေါင်း.ဝေါင်း..ဝေါင်း..ဝေါင်း”

ကျားဖြူမှာ ရှစ်ဖုန့်အား  အသနားခံနေသကဲ့သို့   ဟိန်းပြနေသည်။

ရှစ်ဖုန့်က ကျားဖြူ၏ကိုယ်ပေါ်သို့ အမှတ်သားတစ်ခု ခက်နှိပ်ပြီးသည့်နောက်တွင် ကျားဖြူမှာ ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိသွားသည်။ကျားဖြူ၏ ‌သေခြင်းရှင်ခြင်းက ရှစ်ဖုန့်၏လက်အတွင်း၌ရှိနေပြီဖြစ်သည်။

ရှစ်ဖုန့်က ကျားဖြူအား ညှင်းပန်းနှိပ်စက်နေခြင်းကို ရပ်တန့်လိုက်သည်။  ကျားဖြူက လွတ်လပ်သွားသည်နှင့် ရှစ်ဖုန့်အား ဟိန်းပြလိုက်ပြီး   ရှစ်ဖုန့်ပေါ်သို ခုန်အုပ်လိုက်သည်။  ၎င်းက ရှစ်ဖုန့်၏ ခြေရင်းနားပျံသန်းလာပြီး ရှစ်ဖုန့်၏ ရှေ့၌၎င်း၏ ကိုယ်အား ဝမ်းလျားမှောက်ပေးလိုက်သည်။

အဆင့်ခုနှစ်သူတော်စင်နယ်ပယ် ကျားဖြူမှာ  ရှစ်ဖုန့်၏ညှင်းပန်းနှိပ်စက်မှုအား

ခံရပြီးသည့်နောက်ရှစ်ဖုန့်အး သခင်အဖြစ်မှတ်ယူလိုက်ပုံရသည်။ သို့သော် ကျားဖြူအများစုမှာ လင်မိသားစု၏ ပျိုးထောင်ပေးမှုနှင့်လေ့ကျင့်ပေးမှုအား ငယ်စဉ်ကတည်းက ခံခဲ့ကြရပြီး ခယဝပ်တွားမှုတို့ဖြင့် ပြည့်နေသည်ဖြစ်သည်။

ကျားဖြူက သူ၏ခြေရင်း၌ သူ့ကိုယ်သူ ဝပ်ပေးသည်ကိုကြည့်လိုက်ပြီး ရှစ်ဖုန့်ကျားဖြူ၏ ကျောပေါ်သို့ခြေလှမ်းလိုက်၍ အော်ပြောလိုက်သည်။

“သွားစို့”

ကျားဖြူက ရှစ်ဖုန့်အားသယ်ဆောင်သွားပြီး   မြောက်ဘက်သို့ ဦးတည်လျှက် ကျယ်ပြောသော ကောင်းကင်ပြင်ထဲသို့ စတင်ပြေးလွှားလိုက်သည်။

မြို့မြောက်ပိုင်းဂိတ်အပြင်ဘက်တွင်   လုံချန်အား မှူးမတ်အရာရှိ အုပ်စုတစ်ခုက ဝန်းရံထားသည်။  သူက ဟင်းလင်းပြင်အတွင်းဖြတ်သန်းလာနေသော‌ လူနှင့်ကျားပုံရိပ်တို့ထံသို့ကြည့်နေသည်။ သိုသော် ပုံရိပ်မှာ ရပ်တန့်ခြင်းမရှိဘဲ ဤဧရိယာအားဖြတ်ကျော်သွားသည်။ထို့နောက် လုံချန်မှာ ရှစ်ဖုန့်၏ အသံအားသူ၏ စိတ်အတွင်းကြားလိုက်ရသည်။

“ဒီသခင်လေး အမေကို ဂရုစိုက်ပါ..ဒီသခင်လေးထွက်သွားပြီ”

ရှစ်ဖုန့်က ဤစကားအားလုံချန်ထံသို့ သူ၏ ဝိညာဉ်စွမ်းအားဖြင့် ပို့ခဲ့ခြင်းဖြစ်သည်။သူ့အောက်တွင်ရှိ

နေသောကျားဖြူက  ဟင်းလင်းပြင်အတွင်းရှေ့သို့

ဆက်လက်ပြေးလွှားနေသည်။

အောက်ဘက်တွင် မှူးမတ်စစ်သည်များ ဝန်းရံနေသောလုံချန်မှာ အပြာရောင်ကောင်းကင်အား မျက်တောင်မခတ်စတမ်းကြည့်နေဆဲဖြစ်သည်။ ဟင်းလင်းပြင်အတွင်းရှိ ပုံရိပ်အားကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“မင်းထွက်သွားပြီလား”

အကြောင်းပြချက်အချို့ကြောင့်လုံချန်မှာရှစ်ဖုန့် ၏ ထွက်ခွာသွားသောပုံရိပ်အားကြည့်ရင်း ရှစ်ဖုန့်ထွက်ခွာသွားပြီးနောက်၎င်းအား အချိန်တစ်ခုကြာမြင့်သည်အထိ  သူမတွေ့နိုင်တော့ဟု ခံစားရသည်။

ရှစ်ဖုန့်အားတွေးမိရင်း သူတို့ပထမဆုံးတွေ့ဆုံခဲ့သော အခိုက်အတန့်၊သူ၏ငယ်ရွယ်ပြီး ကြင်နာတတ်သော ပုံရိပ်များ၊တစ်ဆင့်ပြီးတစ်ဆင့်

မည်ကဲ့သို့ကြီးမြင့်လာခဲ့ပုံများ ၊သူ့တွင်ဖြစ်လာခဲ့သော အရာအားလုံးက ၎င်းပေါ်လာသောကြောင့်ဖြစ်သည်များကို တွေးမိသောအခါတွင်  လုံချန်မှာ  ဤအရာအားလုံးက အိမ်မက်တစ်ခုနှယ်ဖြစ်နေသေးသည်ဟု ခံစားရသည်။

အရာအားလုံးက ရှစ်ဖုန့်ပေါ်လာခြင်းကြောင်း

ပြောင်းလဲသွားခဲ့သည်။  သူ၏ကံကြမ္မာကလည်းလုံးဝ

ပြောင်းလဲသွားခဲ့သည်။ရှစ်ဖုန့်ကသူနေ့နေ့ညညတောင့်တခဲ့ရသောစွမ်းအား

အာဏာကိုပေးအပ်ခဲ့ပြီး  ယခင်ကထက်ပင်ပိုသေးသည်ဖြစ်သည်။

ထိုအချိန်က အကယ်၍ သူသာ ယွင်လိုင်အင်ပါယာကဲ့သို့သော

နိုင်ငယ်ငယ်လေးတစ်ခု၏ ဧကရာဇ်တစ်ပါးဖြစ်ခွင့်ရခဲ့လျှင် ကျေနပ်နိုင်လိမ့်မည်တစ်ခုတည်း

ကိုသာတွေးခဲ့သည်။ သူ့အနေဖြင့် တကယ်ကြီး ထျန်းမြောင်အင်ပါယာကဲ့သို့ အင်ပါယာအသေးလေးတစ်ခုအား စိုးစံရသော  ဧကရာဇ်မင်းတစ်ပါးဖြစ်လာရလိမ့်မည်ဟု ဘယ်တုံးကမှ  မမျှော်လင့်ထားခဲ့ပေ။ ထျန်းမြောင်အင်ပါယာ၏

လက်အောက်ခံနိုင်ငံတစ်ခုဖြစ်သည့်

ယွင်လိုင်အင်ပါယာမှရှစ်ဖုန့် ကြောင့် ထျန်းမြောင်အင်ပါယာကိုသိမ်း

ပိုက်နိုင်ခဲ့သည်ဖြစ်သည်။

ယင်းမှာ သူတစ်ခါမှ တွေးရဲခြင်းပင်မရှိသောအရာမျိုးဖြစ်သည်။

သို့သော် ယခုအခါတွင်  ၎င်းက သူ့ထံ၌ အမှန်တကယ်ဖြစ်လာခဲ့သည်။

“သခင်လေးဖုန့်.. ဂရုစိုက်ပါ. ကျေးဇူးတင်ပါတယ်”

လုံချန်က ဟင်းလင်းပြင်အတွင်း၌ပျောက်

ကွယ်သွားသော   ရှစ်ဖုန့်၏ ပုံရိပ်အားကြည့်နေရင်းစိတ်ရင်းအတိုင်းပြောလိုက်သည်။ သူ၏မျက်လုံးများက ထိုဦးတည်ချက်ကောင်းကင်ထဲသို့ ကျရောက်နေဆဲဖြစ်သည်။ သူကရှစ်ဖုန့်အား သူ၏နှလုံးသားအခြေမှနေ၍ ကျေးဇူးတင်ခြင်းဖြစ်သည်။

ဟင်းလင်းပြင်ထဲ၌ ရှစ်ဖုန့်မှာသူ၏ သွေးချပ်ဝတ်အားချွတ်လိုက်ပြီး ခေါင်းဆောင်းပါသော အနက်ရောင်ဝတ်ရုံကိုထုတ်လဲလိုက်သည်။ သူ့ရှေ့ရှိတဝှီဝှီတိုက်ခတ်နေသော လေပြင်းအား ရင်ဆိုင်ရင်း ရှစ်ဖုန့်ကျားဖြူပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။  ကမ္ဘာဦးကျောက်တုံးတို့က သူ၏ညာလက်မှ စစ်သေနတ်မှာ ကျည်ဆံပစ်လွှတ်သလို  ရွှတ်ခနဲထွက်လာပြီး ပေါက်ကွဲသွားသည်။ သန့်စင်သောကမ္ဘာဦးချီများ

သာကျန်ရစ်ခဲ့သော်လည်း ၎င်းတို့က  ရှစ်ဖုန့်၏ကိုယ်အတွင်းရှိသူ၏ဒန်တန်ဆီသို့   အလျှင်အမြန်စုပ်ယူခြင်းခံလိုက်ရသည်။

ရှစ်ဖုန့်မှာ ကျင့်ကြံခြင်းအခြေအနေသို့ဝင်ရောက်နေသည်။

ယွင်လိုင်အင်ပါယာ၏မြောက်ဘက်မှာအရှေ့ပိုင်းဒေသကြီး၏ အင်ပါယာကြီးသုံးခုထဲမှတစ်ခုဖြစ်သော ထျန်းလျန် အင်ပါယာရှိရာဦးတည်ချက်ဖြစ်သည်။ သို့သော်ကြားထဲ၌ အင်ပါယာလေးသုံးခုရှိနေသေးသည်။ ထို့အပြင်ပင်လယ်တစ်ခုကလည်းရှိနေသေး၏။  ၎င်းက အရှေ့ပို်ငး ဒေသကြီးအတွင်းတည်ရှိနေသောကြောင့် ဤပင်လယ်အားအရှေ့ပင်လယ်

ဟုခေါ်ခြင်းဖြစ်သည်။

ယွင်လိုင်အင်ပါယာရှိကိစ္စရပ်များ

အားဖြေရှင်းခဲ့ပြီးဖြစ်သည်။  နတ်ဘုရားဆေးပင်၏ အကူအညီဖြင့် ဟုန်ယွဲ့မှာ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ မိုယန်၏ စောင့်ရှောက်ပေးမှုအောက်တွင်   လုံမုန်သည်လည်း မကြာခင်သူမ၏မူလအခြေအနေသို့ ပြန်ကောင်းလာတော့မည်ဖြစ်သည်။

သူမအတွက် စိုးရိမ်စရာဘာမှကျန်ရစ်မနေတော့ပေ။

ရှစ်ဖုန့်မှာ ပို၍များပြားသောစွမ်းအားများ

ကိုရရှိကာချိုးဖျက်နိုင်ရန်အတွက် ထျန်းလျန်အင်ပါယာသို့သွား

ရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကျားဖြူမှာ ရှစ်ဖုန့်၏ အမိန့်အတိုင်းကောင်းကင်ထဲ၌ ပြေးလွှားနေသည်။  ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်၍  ဆိတ်ငြိမ်စွာကျင့်ကြံနေ၏။

အချိန်တို့ကလျှင်မြန်စွာကုန်ဆုံးသွားသည်။

တစ်လကြာမြင့်ပြီးနောက်တွင်   ကျင့်ကြံနေသော ရှစ်ဖုန့်မှာ  သူ၏မျက်လုံးတို့အားဖြည်းဖြည်းချင်းဖွင့်လိုက်သည်။သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး  သူ၏ကိုယ်မှာအက်ကွဲသံများ အတွဲလိုက်ထွက်ပေါ်လာသည်။  ယင်းမှာ ပဲစေ့များမီးလောင်သော ကြောင့်ထွက်ပေါ်လာသော အသံကဲ့သို့ဖြစ်သည်။

ရှစ်ဖုန့်မှာ ကျားဖြူဦးတည်ရာအောက်ဘက်

သို့မြင်နိုင်ပြီးဖြစ်ပြီး ယင်းမှာ တလိပ်လိပ်ထနေသော သမုဒ္ဒရာတစ်ခုပင်ဖြစ်သည်။

“ငါတို့ အရှေ့ပင်လယ်ကိုရောက်ပြီလား”

ရှစ်ဖုန့်ကသူ့အောက်ရှိလှိုင်းလေထန်နေသော  ပင်လယ်ပြင်ကိုကြည့်ရင်းတီးတိုးရေရွတ်လိုက်သည်။ သူသည်တစ်လကြာမြင့်အောင်ကျင့်ကြံခဲ့သည်။ ဤကျင့်ကြံမှုအတွင်း သူ့အနေဖြင့် ကမ္ဘာဦးကျောက်တုံး   သန်းနှစ်ရာအသုံးပြုခဲ့သည်။သို့သော် သူ့အနေဖြင့် ကောင်းကင်မီးတောက်နှင့်ပေါင်း

စပ်ထားသောသူ၏ဒန်တန်အား ပြည့်တင်းအောင်မလုပ်ဆောင်နိုင်ခဲ့ပေ။  တစ်ဝက်ခန့်သာ ပြည့်တင်းစေနိုင်ခဲ့သည်ဖြစ်သည်။

ပြောရလျှင် တစ်လတာကျင့်ကြံ၍ ကမ္ဘာဦးကျောက်တုံးတို့အားဝါးမျိုပြီးနောက်  ရှစ်ဖုန့်အနေဖြင့် ကြယ်လေးပွင့်သူတော်စင်နယ်ပယ်အဆင့်မှ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်

သို့တက်လှမ်းရန်အတွက် မူလချီ ထက်ဝက်ခန့်ကိုသာစုဆောင်း

နိုင်ခဲ့ခြင်းဖြစ်သည်။

စွမ်းအားကြီး ပင်လယ်သားရဲများက အရှေ့အတွင်းမကြာခဏပေါ်လာတတ်သည်။

ထို့ကြောင့် ရှစ်ဖုန့်ကျင့်ကြံခြင်းအားရပ်တန့်လိုက်ပြီး   စွမ်းအားကြီးပင်လယ်သားရဲတို့၏ ရုတ်တရက်တိုက်ခိုက်မှုအားတားဆီးနိုင်ရန် အာရုံခံလိုက်သည်။

ကျယ်ပြောလှသော အရှေ့ပင်လယ်မှာ အရှေ့ပိုင်းဒေသကြီးတစ်ခုလုံးထက်များ

စွာကြီးမားသည်ဖြစ်သည်။၎င်းတွင် မရေတွက်နိုင်သော ပင်လယ်သားရဲများ၊မရေတွက်နိုင်

သောမျိုးစိတ်များနှင့် မရေတွက်နိုင်သော ရတနာများရှိသည်ဖြစ်သည်။

အချို့လူတွေက အရှေ့ပင်လယ်အတွင်း စွမ်းအားကြီးနတ်ဆိုးသားရဲတို့နှင့်

ပက်ပင်းတိုးခဲ့ရသည်ဟုပြောကြသည်။အချို့က အရှေ့ပင်လယ်အတွင်းမှ ရှားပါးရတနာများအား ရှာတွေ့ခဲ့သည်ဟုပြောကြသည်။

ကျားဖြူ၏ လက်ရှိ အမြန်နှုန်းဖြင့်ဆိုလျှင်  အရှေ့ပင်လယ်မှထွက်ပြီး ထျန်းလျန်အင်ပါယာသို့ရောက်ရှိရန်အတွက်  နှစ်လသုံးလခန့်အချိန်ယူရလိမ့်မည်ဖြစ်သည်။

“ဝေါင်း..ဝေါင်း”

ရုတ်တရက်  ရှစ်ဖုန့်အောက်ရှိကျားဖြူက အောက်ဘက်ရှိသမုဒ္ဒရာ  ဦးတည်ချက်သို့ကြည့်ပြီး နှစ်ချက်ဟိန်းလိုက်သည်။

ရှစ်ဖုန့်မျက်လုံးတို့ ကျဉ်းမြောင်းသွားပြီး ပင်လယ်ထံသို့ကြည့်လိုက်၏။ ပင်လယ်အတွင်းရွက်လွှင့်နေသော  ဧရာမ ရွက်လှေတစ်စီးကိုမြင်တွေ့လိုက်ရသည်။

ဤရွက်လှေက ကုန်သည်ရွက်လှေတစ်စီးဖြစ်ပုံပေါ်သည်။

ဤအချိန်တွင် ကုန်းပတ်ပေါ်မှ အသံတစ်ခုကရှစ်ဖုန့်ရှိရာဘက်သို့ အော်ပြောလိုက်သည်။

“သားရဲပေါ်က မိတ်ဆွေ…ကျုပ်သခင်လေးက သင့်ကို

အတူလာသောက်ဖို့ဖိတ်ခေါ်နေပါတယ်”

အသံနောက်သို့လိုက်ပါ၍ ကုန်းပတ်ပေါ်၌ ဒါဇင်နှင့်ချီသော ပုံရိပ်များရပ်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။  ဤပုံရိပ်များအလယ်တွင် ဖောင်းကြွဝတ်ရုံကို ဝတ်ဆင်ထားသည့် သပ်ရပ်ကျော့ရှင်းသော သခင်လေးတစ်ယောက်ရှိနေ၏။ သူ၏ဘယ်လက်က ယပ်တောင်တစ်ခုကို ခပ်နေပြီး  ညာလက်က ဝိုင်ခွပ်တစ်ခုကိုကိုင်ထားသည်။ သူက ဝိုင်ကိုမြည်းစမ်းရင်း အပြုံးတစ်ခုနှင့်ခေါင်းမော့၍  ရှစ်ဖုန့်ထံကြည့်လိုက်သည်။

“ဆင်းလိုက်”

ရှစ်ဖုန့်ကသူ့အောက်မှ ကျားဖြူအားပြောလိုက်သည်။ရှစ်ဖုန့်၏  အမိန့်အောက်တွင် ကျားဖြူကချက်ချင်း ကုန်သည်ရွက်လှေပေါ်သို့ပြေးဆင်းလိုက်ပြီး ကုန်းပတ်ပေါ်၌ ဆင်းသက်လိုက်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters