စနစ် နှိုးထလာခြင်း
Vol. 1 Ch. 1
"လင်းရီ နင့်အထုပ်တွေကို သိမ်းပြီး လစ်လိုက်တော့"
ချောင်ရန်အုပ်စုမှ အရောင်းမန်နေဂျာ ယွီလီလီက ပြောလိုက်သည်။
"ငါ အလုပ်ထုတ်ခံရတာလား" လင်းရီ စကားကို ခဏရပ်၍ "ငါအလုပ်ကြိုးစားနေတာဘဲလေ ဘာလို့ငါက အလုပ်ထုတ်ခံရတာလဲ"
"ကုမ္ပဏီက နင့်ကို ဒီအလုပ်နဲ့ မကိုက်ညီဘူးလို့ထင်တယ် ဒါကြောင့်နင်လာစရာ မလိုတော့ဘူး"
လင်းရီမှာ ချောင်ရန် အရောင်းဌာန၏ ၀န်ထမ်းတစ်ဦး ဖြစ်သည်။ အလုပ်စ၀င်သည့်နေ့မှစ၍ နှစ်၀က်ကျော် မနားတမ်း အလုပ်ကြိုးစားခဲ့သော်လည်း ပြန်ရခဲ့သည်မှာ ရာထူးတိုးခြင်းမဟုတ်၊ အလုပ်ထုတ်ခံရခြင်းသာဖြစ်၏။ ယခုကဲ့သို့နေ့မျိုးကို သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့။
"မန်နေဂျာယွီ ခင်များ ရှည်ရှည်ဝေးဝေးတွေ ပြောနေစရာမလိုပါဘူး ခင်များ ကျွန်တော့်ကိုအလုပ်ထုတ်တာ
ခင်များဆီ လက်ဆောင်တွေမပေးလို့မလား ဒါက သိပ်ပြီးတော့ အကျိုးကြောင်းမသင့်သလိုဘဲနော်" လင်းရီ ပြန်ငြင်းလိုက်သည်။
"အကျိုးကြောင်း သင့်ချင်တာလား နင့်မှာငါနဲ့ အကျိုးကြောင်းသင့်ဖို့ ဘာအခွင့်အရေးရှိလို့လဲ ကိုယ့်ကိုယ်ကို ဆရာကြီးများ အောက်မေ့နေလား"
"ခဏနေ ငါ့မှာ အစည်းအဝေး ရှိသေးတယ် သွားစို့ ငါ့အချိန်တွေကို လာမဖြုန်းစမ်းနဲ့ " ယွီလီလီ သူမရဲ့လက်ကို စိတ်မရှည်စွာ ဝှေ့ရမ်းလိုက်ပြီး လက်ထဲတွင် စာရွက်စာတမ်းများနှင့် ထွက်သွားခဲ့သည်။
ထို့နောက် ရုံးခန်းထဲတွင် လင်းရီ တစ်ယောက်တည်း ။
ယခု သူသည် အလုပ်လက်မဲ့။ အနာဂတ်တွင် စား၀တ်နေရေး အတွက်တောင် အခက်အခဲ ရှိလာနိုင်သည်။
"-ိုးဘဲကွာ" လင်းရီ ကျိန်ဆဲလိုက်ပြီး "တော်သေးတာပေါ့ ငါ့မှာ shari အစုတ်လေး ကျန်နေသေးလို့ အဲ့တာနဲ့ Didi ဒရိုင်ဘာ လုပ်ရမယ် ဒါမှဘဲ မငတ်မှာဟ"
[ ဒင် အဆင့်တန်းမျိုးစုံ အသက်မွေး၀မ်းကျောင်းစနစ်ကို အသက်သွင်းပြီးပါပြီ။အပတ်စဉ် အလုပ်ကိုင် အသစ်ကို အသက်သွင်းမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားသော မစ်ရှင်များကို ပြီးဆုံးခြင်းဖြင့် စနစ်မှ သင့်ကို အန္တိမ ဆုလာဘ်များ ချီးမြှင့်ပြီး စနစ်ရှင်ကို ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်အောင် ကူညီပေးမှာဘဲဖြစ်ပါတယ်]
[မစ်ရှင် - DiDi ဒရိုင်ဘာ]
[အလုပ်ကိုင် ပြီးမြောက်မှုနှုန်း: ၀% (အကယ်၍ တစ်ပတ်အတွင်း မစ်ရှင်ပြီးမြောက်မှု ၉၀%အထက် ရှိပါက မစ်ရှင်အသစ်ကို စောလျင်စွာ အသက်သွင်းနိုင်ပါတယ်။ အကယ်၍ ၁၀၀% ပြီးမြောက်ပါက ဆန်းကြယ်သော လက်ဆောင်တစ်ခုကို ရရှိမှာဘဲ ဖြစ်ပါတယ်]
[ကျေးဇူးပြု၍ DiDi ဒရိုင်ဘာ အဖြစ် မှတ်ပုံတင်ပြီး လက်ဆောင်ထုပ်: ၁၀မီလီယမ်ဒေါ်လာ၊ ပန်နီဆူလာဟိုတယ်၏ ၁၀၀% ရှယ်ယာအစုနှင့် ၂၈ မီလီယမ် တန်ကြေးရှိသော pagni zondaကို လက်ခံရယူပေးပါ]
"-ိုးမဘဲ"
သူ့စိတ်ထဲတွင် ပေါ်လာသောအကြောင်းကြားစာကိုမြင်ပြီးနောက် လင်းရီ၏ စိတ်အခြေအနေမှာ အတော့်ကို ဆိုးရွားသွားခဲ့သည်။
လင်းရီသည် ရှန်းရှနိုဗယ်ဖန်စစ်စစ်တစ်ဦး ဖြစ်သည့်အလျောက် စနစ်များနှင့် စိမ်းကားခြင်းတော့မရှိ။ သို့သော်လည်း ယခုကဲ့သို့ စနစ်တစ်ခု ရရှိလာလိမ့်မည်ဟု ထင်မှတ်မထားရုံတင်။
"စနစ် ငါကတစ်ပတ်အတွင်း မစ်ရှင်ကို ၁၀၀% မပြီးဘူးဆိုရင်ကော"
[ပိုင်ရှင်က မစ်ရှင်အသစ်ကို လုပ်ဆောင်ဖို့ ရွေးချယ်နိုင်ပါတယ်။ ဒါမှမဟုတ် ၁၀၀% ပြီးမြောက်အောင် လုပ်ေဆာင်ချင်လည်း ရပါတယ် ၁၀၀%ပြီးမြောက်ရင်တော့ စနစ်က အလိုအလျောက် မစ်ရှင်အသစ်ကို သတ်မှတ်ပေးသွားမှာဘဲ ဖြစ်ပါတယ်]
စနစ်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရီ စနစ်၏လုပ်ဆောင်ချက် အသေးစိတ်ကို နားလည်သွားသည်။
စနစ်၏ ပြုပြင်ပြောင်းလဲနိုင်စွမ်းမှာ လွန်စွာမြင့်သည်။ထို့ပြင်သတ်မှတ်ချက်အားလုံးမှာလည်း သူလုပ်ဆောင်နိုင်သော အတိုင်းအတာအတွင်းသာလျင် တည်ရှိသည်။
သောက်ရမ်းမိုက်တာပေါ့ဟ
"ရယူမယ်"လင်းရီ တုန့်ဆိုင်းမနေခဲ့။
[ဒင် ၁၀မီလီယမ် ဒေါ်လာကို ပိုင်ရှင်၏ ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းပြီးပါပြီ။]
[ပန်နီဆူလာဟိုတယ်ကို မှတ်ပုံတင်ပြီး ချက်ချင်း ရယူနိုင်ပါပြီ]
[Pagani zondaကို ချောင်ရန်အုပ်စု၏ ကားပါကင် နေရာတွင် ရပ်နားထားပြီးပါပြီ ပိုင်ရှင်အနေနဲ့ ကားသော့ကိုဓာတ်လှေကားထဲတွင် ရယူနိုင်ပါတယ်]
ထိုအချိန်တွင်လင်းရီဖုန်းသို့ မက်ဆေ့တစ်စောင် ရောက်ရှိလာသည်။
"လူကြီးမင်း၏ ကဒ်နံပါတ် ၄၂၅၅နှင့်ဆုံးသော စုငွေအကောင့်မှာ ဧပြီလ ၂၇ရက် ၊ညနေ ၉:၄၈ တွင် ၀င်ငွေ တစ်မီလီယမ်ဒေါ်လာ၊ စုစုပေါင်းလက်ကျန်ငွေမှာ ၁၀၀၀၀၁၀၁.၁၅ ဒေါ်လာ ဖြစ်ပါတယ်။ "
တစ်ချိန်တည်းတွင် အခြားမက်ဆေ့တစ်စောင် ၀င်လာခဲ့သည်။
"ဂုဏ်ယူပါတယ် သင်သည် DiDi ဒရိုင်ဘာအဖြစ် မှတ်ပုံတင်ပြီးပါပြီ"
လင်းရီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
'ငါ့မှာ စနစ်ရှိနေပြီလေ ဘာလို့ဒီသောက်သုံးမကျတဲ့ အလုပ်ကို ဆက်လုပ်နေရဦးမှာလဲ'
ကလင် ကလင် ကလင်....
လင်းရီဖုန်း မြည်လာခဲ့သည်။ လင်းရီ ချစ်သူ ရိုစီစီမှ ခေါ်ဆိုလာခြင်းပင်။
"လင်းရီ ငါတို့ လမ်းခွဲကြရအောင် နင်ငါ့ရဲ့ မွေးနေ့ပါတီကိုလည်း လာစရာမလိုတော့ဘူး ပြီးတော့ ငါ့ကိုလည်း ထပ်ပြီး မဆက်သွယ်နဲ့တော့"
ရိုစီစီ၏ ရေခဲတမျှ အေးစက်နေသော အသံက သူ့ကို အံ့ဩသွားစေသည်။
"မင်း အတည်ကြီးလား"
"ဒါပေါ့ ငါနင်နဲ့တွဲလာတာ ဒီလောက်ကြာနေပြီ ဒါပေမဲ့ နင်ငါ့ကို ဘာများ၀ယ်ပေးဖူးလို့လဲ ငါ့ရဲ့ ဖုန်းစုတ်လေးက်ိုတောင် ၀ယ်လဲပေးဖို့ မတတ်နိုင်တဲ့ဟာ တော်ပြီ ငါ့ရဲ့ငယ်ရွယ်မှုတွေကို မင်းနဲ့ ဆက်မဖြုန်းချင်တော့ဘူး"
"မင်းလမ်းခွဲလို့ နောင်တမရမှာ သေချာပြီလား"
"ဟားဟား.... နောင်တ..နင်နဲ့နှစ်၀က်ကျော်တွဲမိတာကိုက ငါ့အကြီးမားဆုံးနောင်တဘဲ ခုကစပြီး မဆက်သွယ်နဲ့တော့ ကြားလား"
"ကောင်းပြီလေ ဒါဆိုလည်း လမ်းခွဲကြတာပေါ့"
လင်းရီး အပိုတွေ မပြောဘဲ ဖုန်းချလိုက်သည်။
"ကြည့်ရတာ စနစ်တစ်ခုတည်း ပေါ်လာတာမဟုတ်ဘူးပဲ နိုဗယ်ထဲက တစ်ခြားဇာတ်ကွက်တွေပါ ပါလာတာပဲဟ လမ်းခွဲပြီးတော့ နောက်လာမယ့်အရာတွေက ကောင်းမယ့်ဟာတွေကြီးဘဲ ဟီးဟီး.."
လင်းရီ နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲပြီးနောက် ပျင်းရိစွာ အညောင်းဆန့်လိုက်သည်။
တစ်ခြားကိစ္စတွေက အရေးမကြီးသေးဘူး။သူ့ရဲ့ပြိုင်ကားကို အရင်သွားစစ်ကြည့်ရမယ် ။
လင်းရီစိတ်ကို ပြင်ဆင်ပြီးနောက် ရုံးခန်းထဲမှ အရူးတစ်ကောင်လို ထွက်ခွာသွားခဲ့သည်။အခြားသော လုပ်ဖော်ကိုင်ဖက်တွေက သူ့တို့ကဲ့ခေါင်းကို အကူညီမဲ့စွာ ရမ်းရင်း"သနားစရာ လင်းရီလေး သူကလူကောင်းလေးပဲ ဒါပေမဲ့ရိုးသားလွန်းတယ် သူသာနှစ်တိုင်း မန်နေဂျာကို လက်ဆောင်တွေပေးခဲ့မယ်ဆိုရင် ဟင်း..... (သက်ပြင်းချသံ)"
"ငါတို့ကုမ္ပဏီက အချောဆုံးကောင်လေးကတော့ လစ်သွားပြီ သူ့မှာ ကောင်မလေးတောင် မရှိတော့ဘူး"
"အဲ့စုန်းမအိုကြီးက သူ့ကို အကြိမ်အနည်းငယ်လောက် အရိပ်အမြွက် ပေးသေးတယ် ဒါပေမဲ့ သူကသဘောမတူဘူးလေ ငါတို့လည်းသူ့ကို ကူပြောပေးဖို့ မတတ်နိုင်ဘူး"
"ဘယ်လောက်တောင်သနားဖို့ကောင်းတာလဲ"
ဓာတ်လှေကားထဲတွင် ပါဆယ်ထုပ်ကလေးတစ်ထုပ် ရှိနေသည်။
လင်းရီ ဘာမျှ ရှင်းပြမနေတော့ဘဲ တစ်ခါတည်း ဖောက်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ ပန်ဂနီကားသော့ပင်။
လင်းရီ မြေအောက် ကားပါကင် ဧရိယာ C,22 သို့ တန်းနေအောင် ပြေးသွားခဲ့သည်။
လင်းရီ ယခုနေရာနှင့်လွန်စွာ ရင်းနီးနေသည်။ သူ၏ shariအစုတ်လေးကိုလည်း ဤနေရာတွင် ရပ်နေကြဖြစ်၏။
"ဘာဖြစ်လို့လဲ ကားကဘာလို့ နှိုးမရတာလဲဟ"
လင်းရီရှေ့တွင် အညိုနုရောင်၀တ်စုံနှင့် အမျိုးသမီးတစ်ဦး ရပ်နေခဲ့သည်။ အ၀တ်စား ခပ်လန်းလန်း၊ ဖြောင့်စင်းသောနှာတံ၊ စတော်ကင် အနက်ရောင်နှင့် ဒေါက်မြင့်ဖိနပ်တို့က သူမအားပြိုင်ဘက်ကင်း အလှဘုရင်မတစ်ဦးအလား ထင်ဟပ်နေစေသည်။ စွဲမက်ဖွယ်ကိုယ်လုံးကိုယ်ပေါက်လေးနှင့် မြင်သူတကာ အကြည့်မလွှဲနိုင်လောက်အောင် လှရက်ပေသည်။
"သူဌေး ကျီ...."
လင်းရီ သူ့အရှေ့က ပုံရိပ်ကိုမြင်တော့ မရဲတရဲလေး မေးလိုက်သည်။
အမှန်တော့ သူ့ရှေ့တွင်ရပ်နေသူမှာ မည်သူမှန်းသူမသိ၊
မောင်းသည့်ကားကြောင့်သာ မှတ်မိခြင်းပင်။
ဥက္ကဠကျီဟုခေါ်သော အလှလေးမှာ ချောင်ရန်အုပ်စု၏ ဥက္ကဠ ကျီချင်းရန် ဖြစ်သည်။
သူမနာမည်ကို ခေါ်သံကြားသောအခါ ကျီချင်းရန်သည် သူမ၏ဆံပင်ကို ဘေးဘက်သို့ သပ်လိုက်ပြီး
"နင်က အရောင်းဌာနက လင်းရီမလား"
"ဘော့စ် ကျီက ကျွန်တော့်ကို မှတ်မိတယ်ပေါ့"
သူသည် မထင်မရှား အလုပ်သမားလေး တစ်ဦးမျှသာ။သို့သော်လည်း ဘော့စ်ကျီကဲ့သို့ အဆင့်အတန်းမြင့်သူတစ်ဦးက သူ့ကိုမှတ်မိလိမ့်မယ်လို့ တကယ့်ကို ထင်မှတ်မထားပေ။
ဤသည်မှာ လုံး၀ကို အံ့ဖွယ်ပင်။
"ငါနင့်ကိုတစ်ခါတွေ့ဖူးတယ် ဒါကြောင့်မှတ်မိနေတာလေ"
သူမက လင်းရီ၏ ချောမောခန့်ညားသော အဆင်းသဏ္ဍာန်ကြောင့် မှတ်မိနေသည်ကိုတော့ ဘယ်တော့မှ ၀န်ခံမည်မဟုတ်။
"ဘော့စ်ကျီ ကားတစ်ခုခုဖြစ်လို့လား"
ကျီချင်ရန် ခေါင်းညိတ်လိုက်ပြီး ၀မ်းနည်းစွာဖြင့်
"ငါမောင်းနေတုန်းကတော့ အဆင်ပြေနေတာဘဲ ခုမှ ဘာထဖောက်လဲတော့ မသိဘူး"
"ကျွန်တော် ကားပြင်တာတော့ မကျွမ်းဘူး ဒါပေမဲ့ အရေးကြီးကိစ္စရှိတယ်ဆိုရင်တော့ ကျွန်တော့်ကားကို ယူသွားလို့ရတယ်"
ကျီချင်းရန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ငါအစိုးရဌာနကို သွားစရာရှိတယ် ကျေးဇူးပြုပြီး အဲ့ဒီကို လိုက်ပို့ပေးပါလား"
"ကိစ္စမရှိပါဘူး"လင်းရီ ပြုံးလိုက်ပြီး
"ကျွန်တော့်ကားက ဧရိယာ C ထဲမှာ အဲ့ဒီကိုလိုက်ခဲ့လေ"
ဧရိယာC မှာ ၀န်ထမ်းများ ကားနားနေရန် အတွက်ဖြစ်ပြီး ထိုနေရာသို့ရောက်ရန် အချိန်ခဏလောက်တော့ ကြာသည်။
"ရတယ်လေ ကျေးဇူးပါ"
လင်းရီ အလုပ်ထုတ်ခံလိုက်ရပြီဆိုတာကို ကျီချင်းရန်မသိသေးသော်လည်း သူ့အပေါ် ယဉ်ကျေးစွာ ပြောဆိုခဲ့သည်။
ထိုအချိန်မှာဘဲ
လူတစ်ယောက် သူတို့အနောက်ကနေ အပြုံးဖြင့် ၀င်လာပြီး
"ချင်းရန် မင်းကားပျက်သွားပြီလို့ကြားတယ် မင်းဘယ်သွားချင်လဲ ကိုယ်လိုက်ပို့ပေးမယ်လေ ဘာကိစ္စသူများကို အနှောက်ယှက် ပေးနေဦးမှာလဲ"