← Chapters

chapter(68)

Vol. 5 Ch. 68

chapter(68)

Vol. 5 Ch. 68

အသန့်စင်ဆုံးစနစ် အခန်း(68)

ဝတ်ရုံနီဂိုဏ်းမှ ယိုးမင်လို့ခေါ်တဲ့လူသည် ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားဖြစ်ပြီး ချန်ရှောင်အနားကို ရောက်ရှိလာကာ"မင်းတို့က ထွက်ပြေးချင်နေတာလား....." ဟု မေးလိုက်သည်။

ချန်ရောင်နှင့်ဇူလင်းဟူသည် သေရမှာကြောက်၍ ယိုးမင်အားဒူးထောက်ကာ တောင်းပန်နေလေသည်။

ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းက လူများအား တွေ့တာနှင့်သတ်ပစ်ချင်စိတ်ပေါ်လာခဲ့သည်။ချောင်ဖုန်းသည် အဆင့်ခြောက်နတ်ဆိုးသားရဲနှင့် ယိုးမင် အပြင် ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများ ရှိသောကြောင့် အစီအရင် တစ်ခုကို သူ့နေရာတွင် အမြန်ပုံဖော်လိုက်သည်။

"မင်းတို့က ငါရှေ့ရောက်လာမှာတော့......ကိုယ့်သေလမ်းကိုယ်ရှာတာပဲ"

ထို့နောက် ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ သားရေမျက်နှာဖုံးကို ထုတ်ကာ တပ်လိုက်ပြီး ပုံတူပွားကျင့်စဥ်ဖြင့် ကိုယ်ပွားလိုက်သည်။ထို့နောက် အသွင်ကိုးမျိူးမရဏဓားဖြင့် ချောင်ဖုန်းရဲ့ ကိုယ်ပွားသည် လေပေါ်ကပင် ယိုးမင်တို့ဆီကို ပျံသန်းသွားသည်။

ယိုးမင်သည် ချန်ရှောင်အား သတ်ပစ်တော့မည့်အချိန်မှာ ဧရာမဓားအကြီးကြီး ကျရောက်လာသဖြင့် လျင်မြန်စွာရှောင်လိုက်သည်။

ယိုးမင်သည် ခြုံခိုတိုက်ခိုက်ခံရသဖြင့် ဒေါသထွက်သွားပြီး " ဘယ်သူလဲ.......ထွက်ခဲ့စမ်း" ဟု အော်​ဟစ်ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းကိုယ်ပွားသည် သူရဲ့ဓားအားပြန်ယူလိုက်ပြီး "မင်းတို့ကသေရတော့မယ်ဆိုတော့ ငါဘယ်သူလဲဆိုတာ သိစရာမလိုတော့ဘူး" ဟု လေသံမာမာဖြင့်ပြောလိုက်သည်။ယိုးမင်သည် ဇာတ်ချိုးလိုက်ပြီး "စိတ်ဝင်စားစရာပဲ ဒီနေ့မှာ ဧကရာဇ်နယ်ပယ်အဆင့်ကလူကိုရှာတွေ့လိမ့်မယ်လို့ မထင်ထားဘူး......ဒါပေမယ့် မင်းလိုကောင်တွေပဲ လက်ထဲမှာ သေသွားတာ မနည်းဘူး " ဟု ပြန်​ဖြေလိုက်သည်။

ချန်ရှောင်သည် လေပေါ်တွင်ရှိနေသော ချောင်ဖုန်းကို ကြည့်ကာ "ဒီစီနီယာအကိုက မြေအောက်ကျင့်ကြံရေးအဆောင်မှာ ဧကရာဇ်နယ်ပယ်အဆင့်ကို ထိုးဖောက်သွားတဲ့လူပဲ ဖြစ်ရမယ်" ဟုပြောလိုက်သည်။

ဇူလင်းဟူကလဲ "ဟုတ်တယ်......စီနီယာအကိုက လူစိတ်ဝင်စားတာ မခံချင်လို့ ဂိုဏ်းသားအသစ်ဝတ်စုံကို ဝတ်ထားတာပဲ"ဟု ပြောလိုက်သည်။

ချောင်ဖုန်းကိုယ်ပွားသည် အသွင်ကိုးမျိုးမရဏဓားအားဝေလငါးဝိညဥ်စွမ်းအင်အသက်သွင်းကာ နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ဖြင့် ယိုမင်းအားတိုက်ခိုက်လိုက်သည်။ယိုးမင်သည် "မင်းကသေချင်နေတာပဲ...." ဟု ပြောပြီး ကျရောက်လာသော ဝေလငါးဝိညဥ်စွမ်းအင်ကြီးအား သူ့ရဲ့သွေးဝိညဥ်စွမ်းအင်ဧရာမ ဓားဖြင့် ခုခံလိုက်သည်။

ဧရာမဝေလငါးကြီးသည် ယိုးမင်၏ သွေးဝိညဥ်ဓားကြီးနဲ့ ထိပ်တိုက်ဆုံတဲ့အခါ သွေးဝိညဥ်ဓားကြီးသည် အက်ကွဲကြောင်းများဖြစ်ပေါ်တဲ့အခါ ယိုးမင်သည် "ဘယ်လိုလုပ်ပြီး ဒီကောင်က ငါ့ထက်သာလွန်နေရတာလဲ "ဟုပြောလိုက်သည်။

ထိုချိန်မှာ ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် ချောင်ဖုန်းကို အလစ်ဝင်တိုက်လေသည်။

ချန်ရှောင်တို့သည် အလစ်ဝင်တိုက်သောသူများကို တွေ့သော်အခါ "စီနီယာအကို......" ဟု အော်ကာ သတိပေးလိုက်သည်။

ဝေလငါးဝိညဥ်စွမ်းအင်ကြီးသည် သွေးဝိညဥ်ဓားကြီးကို ဖျက်ဆီးလိုက်တဲ့အခါ ယိုးမင်သည် သွေးများကိုအန်ထွက်လာကာ သူရင်ဘတ်ကို ညာဘက်လက်ဖြင့် ထိန်းထားလိုက်ပြီး ချောင်ဖုန်းကို အလစ်ဝင်တိုက်နေသော သူ့တပည့်များကို "အဲ့ခွေးမသားကို အမြန်သတ်လိုက်ကြစမ်း" ဟု နာကျင်စွာနဲ့ အမိန့်ပေးလိုက်သည်။

ချောင်ဖုန်းကိုယ်ပွားသည် သူ့နားရောက်ရှိလာသော ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများကို နတ်ဘုရားခြေလှမ်းကို သုံးကာ ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်သည်။ထိုအခါ ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် ချောင်ဖုန်းကိုယ်ပွားရဲ့ ကိုယ်ပိုင်လက်သီးအောက်မှာ ငရဲသို့ ရောက်ရှိသွားပြီဖြစ်သည်။

"ကြောက်စရာ​ကောင်းတဲ့စွမ်းအားပဲ .......စီနီယာအကိုက ဧကရာဇ်နယ်ပယ်အဆင့်ရောဟုတ်ရဲ့လား"ဟု ရဲရှောင်တို့သည် ရေရွတ်ကြလိုက်သည်။

ဧကရာဇ်နယ်ပယ်အဆင့်ရောက်လျှင် ​လေပေါ်တွင်တချိန်လုံးပျံသန်းနိုင်ပေမယ့် လျင်မြန်မှုသည် ချောင်ဖုန်းရဲ့နတ်ဘုရားခြေလှမ်းကို မှီဖို့ လိုအပ်သေးသည်။ဘုရင်နယ်ပယ်အဆင့်က လူများသေသွားသော်အခါ ယိုးမင်သည် ပေါက်ကွဲသွားလေသည်။

"ငါလူတွေကို မင်းကသတ်ရဲတဲ့အတွက် ငါမင်းကို ဝတ်ရုံနီဂိုဏ်းကို ခေါ်သွားပြီး မင်းအသက်ကို တဖြည်းဖြည်းနှုတ်ယူပစ်မယ်"

ထို့နောက် ယိုးမင်သည် ဆေးလုံးတစ်လုံးထုတ်သောက်လိုက်သည်။ထိုအခါ ယိုးမင်သည် နတ်ဆိုးသားရဲကြီးအသွင်သို့ ပြောင်းသွားလေသည်။ယိုးမင်သည် သားရဲအသံကြီးဖြင့် ချောင်ဖုန်းကိုသူနဲ့အတူ သတ်ရန် အဆင့်ခြောက်နတ်ဆိုးသားရဲအား ပြောလိုက်သည်။

ယိုးမင်သည် လျှာအရှည်ကြီးဖြင့် သူ့မျက်နှာကို ပွတ်သက်လိုက်ပြီး

ချောင်ဖုန်းကိုယ်ပွားအနားကို ရောက်ရှိသွားလေသည်။အဆင့်ခြောက်နတ်ဆိုးသားရဲကလဲ လေပေါ်သို့ ခုန်တက်လာလေသည်။

ချောင်ဖုန်းကိုယ်ပွားသည် ပြုံးလိုက်ပြီး "ဘယ်လိုလဲ သေဖို့မစောင့်နိုင်တော့ဘူးလား" ဟု ပြောလိုက်သည်။

ယိုးမင်သည် သူ့ရဲ့အမြှီးချွန်ကြီးဖြင့် ချောင်ဖုန်းကို ထိုးချလိုက်သည်။တစ်ချိန်ထဲမှာပဲ အဆင့်ခြောက်နတ်ဆိုးသားရဲသည် သူရဲ့ ပါးစပ်ထဲမှ အစိမ်းရောင်မီးလုံးကြီးဖြင့် တိုက်ခိုက်လိုက်သည်။

နှစ်ခုလုံးသည် တအားမြန်ဆန်တာကြောင့် ချောင်ဖုန်းသည် ယိုးမင်ရဲ့ အမြှီးချွန်ကြီးကို ရှောင်လိုက်နိုင်ပေမယ့် အစိမ်းရောင်မီးလုံးကြီးနဲ့ထိခိုက်မိသွားသည်။ယိုးမင်သည် "ဟားဟားဟား......မကြာခင်မ္မင်းဘဝကိုငါနိဂုံးချုပ်ပေးမယ်" ဟု ပြောပြီး ချောင်ဖုန်းကိုယ်ပွားအားထပ်မံတိုက်ခိုက်ဖို့ သူ့အမြှီးထိပ်ဖျားရှိသို့ စွမ်းအင်များကို စုစည်းလိုက်သည်။

ချောင်ဖုန်းကိုယ်ပွားသည် ဒဏ်ရာရနေပုံ ဟန်ဆောင်ကာ ထိုနေရာမှ ထွက်ပြေးလေသည်။ယိုးမင်သည် ပြုံးလိုက်ပြီး "ခုချိန်မှထွက်ပြေးချင်တာလား....." ဟု ပြောပြီး အဆင့်ခြောက်နတ်ဆိုးသားရဲနှင့်အတူ ချောင်ဖုန်းကိုယ်ပွားနောက်ကို လိုက်လေသည်။

ချောင်ဖုန်းကိုယ်ပွားသည် အစီအရင်အတွင်းသို့ရောက်တဲ့အခါ အရှိန်ကို လျော့ချလိုက်သည်။ထိုအခါ ယိုးမင်သည် ချောင်ဖုန်းရှေ့ကနေ ပိတ်ရပ်လိုက်ပြီး နတ်ဆိုးသားရဲကနေ ချောင်ဖုန်းနောက်ကနေ ပိတ်လိုက်သည်။

ချောင်ဖုန်းကိုယ်ပွားသည် ပြုံးလိုက်တဲ့အခါ ယိုးမင်သည် ပုံမှန်မဟုတ်တော့ အခြေအနေကို သတိထားမိသွားသည်။ထို့နောက်

ယိုးမင်သည် ချောင်ဖုန်းကိုယ်ပွားသည် သူတို့ရှေ့တွင် ရုတ်တရက်ပျောက်ကွယ်သွားပြီး ​မကောင်းသောကြောက်စရာအငွေ့အသက်ကို ခံစားလိုက်ရတဲ့အတွက် ထိုနေရာမှ ပြန်ထွက်မလို့ လုပ်စဥ်မှာ တစ်ကိုယ်လုံးရပ်တန့်သွားလေသည်။

ချောင်ဖုန်းသည် လက်ချောင်းများလှုပ်ရှားလိုက်တဲ့အခါ "ချုပ်နှောင်ခြင်းသင်္ချိုင်းအစီအရင်"သည် စတင်အသက်ဝင်လာလေသည်။

ထို့နောက် ယိုးမင်နှင့်နတ်ဆိုးသားရဲသည် အခြားနေရာတစ်ခုကိုရောက်ရှိသွားပြီး အနက်ရောင်စွမ်းအင်ကြိုးများသည် သူတို့ရဲ့လည်းပင်း ၊ ခြေ ၊ လက်တွေကို လှုပ်မရအောင် တုတ်ထားလေသည်။

ယိုမင်းနှင်နတ်ဆိုးသားရဲသည် မျက်လုံးမှာ ပြန်ပွင့်လာတဲ့အခါ ​အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့ရဲ့ခန္ဓာကိုယ်များသည် အနက်ရောင်စွမ်းအင်ကြိုးများ၏ ချုပ်နှောင်ထားမှုကြောင့် လှုပ်ရှား၍ မရဘဲ စွမ်းအင်များမှာ ချိတ်ပိတ်ခံထားရသည်။

ချောင်ဖုန်းသည် မျက်နှာဖုံးချွတ်လိုက်ပြီး ယိုးမင်းအား အေးစက်သောအသံဖြင့် "မင်းတို့က......နတ်ဆိုးသားရဲတွေနဲ့ ဘယ်အကြောင်းကြောင့်နဲ့ ပက်သက်နေတာလဲ " ဟု မေးလိုက်သည်။

ထိုအခါ ယိုးမင်သည် ချောင်ဖုန်းကို သေချာကြည့်လိုက်ပြီး မကျေနပ်စွာ ပြန်ပြောလိုက်သည်။

"မင်းမေးတိုင်းငါကဖြေရမှာလား......"

ထိုအခါ ယိုးမင်ရဲ့ လည်ပင်းရှိ အနက်ရောင်စွမ်းအင်ကြိုးသည် ပို၍ တင်းသွားပြီး ယိုးမင်သည် အသက်ပင်ရှုမရတဲ့အထိဖြစ်သွားသည်။ချောင်ဖုန်းသည် ဆက်မေးမည့်အချိန်မှာ ယိုးမင်သည် သူ့ကိုယ်သူအဆုံးစီရင်သွားလေသည်။

ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ဖြင့် ချုပ်နှောင်ထားသော အဆင့်ခြောက်နတ်ဆိုးသားရဲအား သတ်ဖြတ်လိုက်သည်။

ချောင်ဖုန်းသည် အဆင့်ခြောက်နတ်ဆိုးသားရဲ၏ ဝိညဥ်စွမ်းအင်နှင့် ယိုမင်း၏ သိုလှောင်ကွင်းကို သိမ်းပြီးနောက် "ဒီဝတ်ရုံနီဂိုဏ်းက လူတွေက တော်တော်လေးဂိုဏ်းအပေါ်သစ္စာရှိတာပဲ" ဟု ချီးကျူးလိုက်သည်။ထို့နောက် စနစ်မှ သန့်စင်ခွင့်အကြိမ်ရေကို သတ်မှတ်ပေးလိုက်သည်။

"ဂုဏ်ယူပါတယ် စနစ်ရှင်သည် သန့်စင်ခွင့်အကြိမ်သုံးဆယ်ကို ရရှိသွားပြီး သန့်စင်ခွင့်အကြိမ်ခုနှစ်ဆယ်ကျော်ရရှိသွားပါပြီ"

ချောင်ဖုန်းသည် မျက်နှာဖုံးကို ပြန်တက်လိုက်ပြီး ချန်ရောင်တို့ရှိကာ သွားလိုက်သည်။ချန်ရှောင်တို့သည် ချောင်ဖုန်းပြန်လာသည့်အခါ မျက်ရည်များပင် ကျကာ ဒူးထောက်လိုက်ပြီး "ကျွန်တော်တို့

အသက်ကိုကယ်ခဲ့တဲ့ စီနီယာအကို ဘာခိုင်းခိုင်းလုပ်ပါ့မယ်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် သူတို့ပြောတာကို ဂရုမစိုက်ဘဲ ယိုးမင်း၏ သိုလှောင်ကွင်းထဲမှ ချန်ရှောင်တို့၏ အစီအရင်စာရွက် ပြန်ထုတ်ပေးလိုက်ပြီး "မင်းတို့နှစ်ယောက် ဒီနေရာကနေ ထွက်ခွာသွားသင့်ပြီ " ဟု ပြောလိုက်ပြီး ထိုနေရာမှ ပျံသန်းထွက်ခွာလာခဲ့သည်။

ထိုအခါ ချန်ရှောင်တို့သည် အစီအရင်စာရွှက်ကို အသက်သွင်းလိုက်ပြီး လောင်ချုန်းတို့ ရှိသော အခန်းထဲသို့ ပြန်၍ ရောက်ရှိသွားခဲ့သည်။

All Chapters