← Chapters

အပိုင်း(၄၇၄)

Vol. 32 Ch. 474

အပိုင်း(၄၇၄)

Vol. 32 Ch. 474

ထို့နောက်ရှစ်ဖုန့်က ကျားဖြူပေါ်မှ ခုန်ဆင်းလိုက်ပြီး   သူ့ရှေ့ရှိကုန်းပတ်ပေါ်တွင်ရှိနေသော

လူစုထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားလိုက်သည်။ ကြော့ရှင်းရည်မွန်သောလူငယ်က သူ့အားအပြုံးတစ်ခုနှင့်ကြည့်နေဆဲဖြစ်ပြီး  ပြောလိုက်သည်။

“ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ထဲကို ရှေ့ခရီးဆက်ရင်းလာထိုင်ပါအုံး. အတူတူလက်တွဲသွားကြတာပေါ့. ကျုပ်က ရှစ်ကျင်းရွှိုက်ပါ..ဝမ်ပါး ရတနာစံအိမ်တော်ကပါ.

.ဒီကရောဘယ်လိုခေါ်ပါသလဲ”

“ရတနာစံအိမ်”

ရှစ်ဖုန့်မှာလူငယ်၏ နမည်အားကြားလိုက်ရသောအခါတွင်  ၎င်းမှာ စီးပွားရေးကိုသာ အာရုံစူးစိုက်ဦးတည်လုပ်ကိုင်သော ကုန်သွယ်ရေးအင်အားစုတစ်ခုဖြစ်သည်ကို သိလိုက်သည်။

ထျန်းဟန်တိုက်ကြီးပေါ်တွင် များစွာသော  ကုန်သွယ်ရေးအင်အားစုများရှိသည်။ အချို့ဆိုလျှင် နှစ်ထောင်ပေါင်းများစွာသက်တမ်းရင့်တည်ရှိနေခြင်းဖြစ်သည်။  ၎င်းတို့၏ အခြေခံအုပ်မြစ်က  မြင့်မြတ်ကုန်းမြေတစ်ခုဖြင့်ပင်နှိုင်းယှဉ်၍ ရနိုင်၏။

၎င်းမှာ အားလုံးက ငမ်းငမ်းတက်လိုချင်နေကြသော ရတနာစံအိမ်တစ်ခုပင်ဖြစ်သည်။  သို့သော်   အကယ်၍ တစ်ယောက်ယောက်ကသာ ဤကဲ့သို့ကြီးမားသောရတနာစံ

အိမ်တစ်ခုအား သက်လျှိုဝင်ရောက်ချင်သည်ဆိုလျှင် သူ သို့မဟုတ် သူမအနေဖြင့်  ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားအား

သုံးသပ်ရန်လိုလိမ့်မည်ဖြစ်သည်။

ချမ်းသာကြွယ်ဝခြင်းဆိုသည်ကလည်း စွမ်းအားကြီးမားသောလက်နက်တစ်မျိုးပင်ဖြစ်၏။ ထျန်းဟန်တိုက်ကြီး၏ သမိုင်းထဲတွင်  ဧရာမ ကုန်သွယ်အင်အားစုတစ်ခုအား စော်ကားခဲ့သော ဧကရာဇ်နယ်ပယ်တစ်ယောက်ရှိခဲ့ဖူးသည်။  အဆုံးသတ်၌ ကုန်သွယ်ရေးအင်အားစုက ဧကရာဇ်အဆင့်လက်နက်တစ်ခုအားထုတ်ဖော်ခဲ့ပြီး  ထိုဧကရာဇ် အသက်အတွက် ဆုလာဘ်တစ်ခုအဖြစ်ကမ်းလှမ်းခဲ့၏။

ဧကရာဇ်အဆင့်လက်နက်၏ စွဲဆောင်မှုအောက်တွင်  မရေတွက်နိုင်သော ကမ္ဘာပေါ်က ကျင့်ကြံသူများမှာ စွဲဆောင်ခံလိုက်ရသည်။  အဆုံးသတ်၌ ထိုဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူမှာ သူ့ထက်များစွာစွမ်းအားကြီးမားသော တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရ၏။

သူ့ရှေ့တွင်ရှိသော လူငယ်အား

ကြည့်လိုက်ပြီး ၎င်းက ကုန်သွယ်ရေးအင်အားစုတစ်ခုမှ

လာသော်လည်း  သူ၏ ကျင့်ကြံမှုနယ်ပယ်က  ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

အဆင့်သာရှိသည်ကို ရှစ်ဖုန့် မြင်နိုင်သည်ဖြစ်သည်။

ဤလူက သူ့အပေါ်၌မကောင်းသော ရည်ရွယ်ချက်တို့မရှိဘဲ အထူးတလည်ဖိတ်ကြားခြင်း

ဖြစ်သည်ကိုတွေ့ရသောအခါတွင်

သူ့ကိုယ်သူ ရှစ်ကျင်းရွှိုက်ဟုခေါ်သောလူငယ်

အားရှစ်ဖုန့်ခေါင်းညိမ့်ပြလိုက်ပြီး

ပြောလိုက်သည်။

“ဒီသခင်လေးနမည်က ရှစ်ဖုန့်”

“အိုး”

ရှစ်ဖုန့်၏  စကားအားကြားလိုက်ရသောအခါ ရှစ်ကျင်းရွှိုက်၏ မျက်လုံးတို့ အရောင်လက်သွားပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

“ငါတို့မိသားစုနမည်ကရှစ်ဖြစ်နေလိမ့်မည် လုံးဝမမျှော်လင့်ထားခဲ့ဘူး. ငါ့မိသားစုကလွဲပြီး  ငါ့လိုမိသားစုနမည်နဲ့လူတစ်ယောက်ကို   လုံးဝမတွေ့ခဲ့ဘူးဖူး.. ညီလေးရှစ်နဲ့ ဒီကျယ်ပြောလှတဲ့ပင်လယ်ပြင်ထဲမှ တွေ့ရမယ်လို့လည်းမမျှော်လင့်ထားခဲ့ဖူး. ကံတရား.ဒါကတကယ့်ကို ကံတရားပဲ”

“လာညီလေးရှစ်.. နည်းနည်းလောက်ပိုသောက်ကြတာပေါ့”

သူ၏ စကားအဆုံး၌ ရှစ်ကျင်းရွှိုက်က   သူ့ရှေ့ရှိ ကျောက်ဖြူစားပွဲ အသေးစားလေးကို  ညွှန်ပြလိုက်သည်။  စားပွဲပေါ်တွင် စားပွဲများနှင့် ဝိုင်တို့ရှိနေသည်။ ရှစ်ကျင်းရွှိုက်၏ ဆန့်ကျင်ဘက်တွင် ဝိုင်ခွပ်များ ၊အကင်များနှင့်ရှစ်ဖုန့်အတွက် ကျောက်ကုလားထိုင်တစ်လုံးရှိနေသည်။

ဤလူက အရမ်း ဧည့်ဝတ်ကျေပွန်ပြီး လေလုံးထွားခြင်းမရှိသည်ကို ရှစ်ဖုန့်တွေ့ရသည်။ သူကရှေ့ကိုသွားပြီး လူငယ်၏ဆန့်ကျင်ဘက်တွင်ထိုင်လိုက်သည်။

“လာကြစမ်း..လာကြစမ်း…ညီလေးရှစ်အတွက်ဝိုင်ထည့်ပေးလိုက်”

ရှစ်ဖုန့်ထိုင်လိုက်သည်ကိုတွေ့

ရသောအခါတွင် ရှစ်ကျင်းရွှိုက်က သူ့အနောက်ရှိ လှပသော အကူမိန်းကလေးအားပြောလိုက်သည်။

“ဟုတ်”

ရှစ်ကျင်းရွှိုက်၏ အမိန့်အားကြားလိုက်ရသောအခါတွင်  လှပသောအကူမိန်းကလေးက လျှင်မြန်စွာရှေ့တက်လာပြီး ဝိုင်ကရားအားကောက်ယူကာ ရှစ်ဖုန့်အားခွပ်ပြည့်ငှဲ့ပေးလိုက်သည်။

ခွပ်မှာ အစိမ်းရောင်ဖြစ်ပြီး ဝင်းလက်သော အစိမ်းရောင်အလင်းတစ်ခုအားထုတ်လွှတ်နေ၏။ ခွပ်အတွင်းဝိုင်အားသွန်း

လောင်းလိုက်ချိန်တွင်  ၎င်းက အနီရောင်အဖြစ်ပြောင်းသွားပြီး

ဝင်းလက်သော သွေးနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။

“ဒါက”

ခွပ်အတွင်းမှဝိုင်ကိုကြည့်၍ ရှစ်ဖုန့်အနည်းငယ်အံ့အားသင့်သွားသည်။

“ဟားဟား.မအံ့ဩပါနဲ့.. ညီလေးရှစ်ဖုန့် .ဒီဝိုင်ကို သွေးပိုးစာဝိုင်လို့ခေါ်တယ်..သူ့ရဲ့အဓိကအမည်က အဆင့်ရှစ်ရွှမ်းအဆင့်ဆေးဝါးဖြစ်တဲ့ သွေးပိုးစာသီးပဲ..ငါ့မှာ တစ်ကရားစာပဲရှိတာကတော့စိတ်မကောင်းစရာပါပဲ..ဒီဝို်ငကိုသောက်ရင်ခန္ဓာကိုယ်ကို အင်အားဖြစ်စေပြီးသန်မာစေတဲ့  အကျိုး သက်ရောက်မှုကိုပေးတယ်..ဒါက ခန္ဓာကိုယ်ကို အရမ်းအကျိုးပြုတာ..ညီလေးရှစ်ဖုန့် မင်း စိုးရိမ်စရာမလိုဘဲ စမ်းကြည့်လို့ရပါတယ်”

ရှစ်ကျင်းရွှိုက်က ပြုံးလိုက်ပြီး ရှစ်ဖုန့်မျက်နှာမှအံ့အားသင့်မှုအားတွေ့ရသောအခါတွင် ရှင်းပြသည်။

ရှစ်ဖုန့်မှာ ဝိုင်၏ အရောင်အဆင်းကြောင့် အံ့အားသင့်ခြင်းမဟုတ်သော်လည်း ဝိုင်မှထုတ်လွှတ်နေသော ချီနှင့်သွေးစွမ်းအားကြောင့်အံ့အား

သင့်မိခြင်းဖြစ်သည်။ ရှစ်ကျင်းရွှိုက်၏ စကားအားနားထောင်ပြီးနောက် ဤဝိုင်က အဆင့်ရှစ်ရွှမ်းအဆင့်ဆေးပင်များဖြင့် ချက်လုပ်ထားခြင်းဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ရှစ်ဖုန့်က  သူ့ရှေ့မှလူငယ်အား တစ်ချက်ကြည့်လိုက်သည်။ သူ့အနေဖြင့် အဆင့်ရှစ် ဆေးအမယ်ဖြင့်ချက်လုပ်ထားသော  ဝို်ငအားသောက်သုံးနိုင်မည်ဟုတွေးကြည့်လျှင်ကုန်သည်အိမ်တော်တစ်ခုက ဤလူ၏  ပုံရိပ်မှန်မှာ ရိုးရှင်းလိမ့်မည်မဟုတ်ပေ။

ထို့နောက် ရှစ်ဖုန့်ကတုန့်ဆိုင်းခြင်းမရှိပေ။သူ့ရှေ့ရှိ ခွပ်အားဆုပ်ကိုင်လိုက်ပြီး   ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။

ဝိုင်က ရှစ်ဖုန့်၏လည်ချောင်းအတွင်း ဝင်ရောက်သွားချိန်တွင် အစာအိမ်မှ လောင်ကျွမ်းမှု ဖောဋ္ဌဗ္ဗာအာရုံကို ခံစားလိုက်ရသည်။ ရှစ်ဖုန့်က ငရဲဘုံကိုးခု ပညာရပ်အား တိတ်တဆိတ်လှည့်ပတ်လိုက်သည်။  သူက သူ၏ကာယခန္ဓာကိုယ်အား  ဝိုင်အတွင်းမှသွေးနှင့်ချီတို့ကို စုပ်ယူနိုင်ရန်အသုံးပြုခဲ့သည်။ သူ၏ကာယခန္ဓာကိုယ်က  ဝိုင်အတွင်းမှချီနှင့်သွေးတို့အားစုပ်

ယူပြီးနောက်  ကြယ်နှစ်ပွင့် အင်ပါယာနယ်ပယ်သို့ရောက်ရှိနေခဲ့သော သူ၏ ကာယခန္ဓာကိုယ်က စတင်၍ဖြည်းညှင်းစွာမြင့်မားလာသည်။

ကာယခန္ဓာခွန်အား၏ တိုးမြှင့်လာနှုန်းက နှေးကွေးသော်လည်း  ၎င်းမှာချီနှင်သွေးစွမ်းအင်တို့အား

စုပ်ယူပြီးနောက်  တကယ်ကိုတိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

ဤဝိုင်က အဆင်ရှစ် ဆေးအမယ်ဖြင့်ချက်လုပ်ထား

သည်မှာအံ့ဩစရာမဟုတ်တော့ပေ။

“ဝိုင်ကောင်းပဲ”

ဝိုင်ခွပ်က ကျောက်စားပွဲပေါ်သို့ပြန်လည်

ရောက်ရှိသွားသောအခါတွင်  ရှစ်ဖုန့်မနေနိုင်ဘဲ သူနှင်ဆန့်ကျင်ဘက်၌ရှိနေသော ရှစ်ကျင်းရွှိုက်အား မှတ်ချက်ပြုပေးလိုက်သည်။

“ဒါက ဝိုင်ကောင်းဖြစ်တာကြောင့်ညီလေးရှစ်ဖုန့် မင်းအနေနဲ့ ငါနဲ့ ထပ်ပြီး သောက်သင့်တယ်”

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား စိတ်ရင်းကောင်းရက်ရောသော

အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

ဤအချိန်၌ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်ပြောသည်ကိုပင်မ

စောင့်စားနိုင်ပေ။သူ၏ ကာယခွန်အားအားတိုးပွားလာစေနိုင်သည့် ဝိုင်တစ်ခုအားသူမည်ကဲ့သို့ငြင်းနိုင်ပါမည်နည်း။

လှပသောအကူမိန်းကလေးက  ဝိုင်ကိုငှဲ့ပေးလိုက်သည်။  မကြာခင် နှစ်ယောက်သားဝိုင်ခွပ်ကိုသောက်

လိုက်ကြသည်။ ဤအချိန်တွင်  ရှစ်ကျင်းရွှိုက်က  ထပ်မံပြောလိုက်၏။

“ညီလေးရှစ်ဖုန့်ကဒီဘက်ဦးတည်ချက်

ကိုသွားနေတာ ငါတွေ့လိုက်တယ်..

ငါမှန်းရရင် ညီလေးရှစ်ဖုန့်ကလည်း ငါတို့လိုပဲ ထျန်းလျန်အင်ပါယာကိုသွားနေတာမလား”

“အင်း.ဒီသခင်လေးတို့က  ထျန်းလျန်အင်ပါယာကိုသွားနေတာ”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်  ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား

အဓိပ္ပါယ်ပါသော အပြုံးတစ်ခုကိုပြုံးပြလိုက်သည်။

“ဟားဟား..ညီလေးရှစ်ဖုန့်က

လည်းငယ်ပေမဲ့ငါ့လိုမျိုးပဲလို့ငါမထင်ထားမိခဲ့ဘူး”

ရှစ်ကျင်းရွှိုက်၏စကားကိုကြား

ရပြီးအပြုံးကိုမြင်တွေ့ရပြီးနောက်  ရှစ်ဖုန့်က စိတ်ရှုပ်ထွေးစွာဖြင့်ခေါင်းခါယမ်း

လိုက်သည်။

ရှစ်ဖုန့်၏ ပုံစံအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက်မှာ အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

“အယ်…ညီလေးရှစ်ဖုန့်မင်းက ထျန်းမြောင်အင်ပါယာအ ရှင်ရဲ့ အငယ်ဆုံး နဲ့အလှဆုံးသမီးတော် မင်းသမီးလင်လုံ သတို့သားရှာဖွေပွဲကို သွားမှာမဟုတ်ဖူးလား”

“ဟင့်အင်း.ဒီသခင်လေးက ထျန်းလျန်အင်ပါယာကိုတစ်ခြား

ကိစ္စတစ်ခုအတွက်သွားမှာ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အိုး ငါသိပြီ”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်  ရှစ်ကျင်းရွှိုက်က  ခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။

“ဒါပေမဲ့ ညီလေးက ထျန်းလျန်အင်ပါယာကိုသွားမှာဆိုတော့ ညီလေးရှစ်ဖုန့်အနေနဲ့တစ်ချက်

လောက်သွားကြည့်သင့်တယ်…

ငါကြားတာတော့ လေးလအတွင်း ထျန်းမြောင်အင်ပါယာရဲ့ ဧကရာဇ်က  ကမ္ဘာပေါ်က အစွမ်းထက်ဆုံး ကျင့်ကြံသူတွေကိုဖိတ်ခေါ်ပြီး

တော့ခင်ပွန်းလောင်းရှာဖွေဖို့အတွက် သိုင်းပြိုင်ပွဲပြုလုပ်ဖို့ ပြိုင်ပွဲစင်တစ်ခုကို တည်ဆောက်လိမ့်မယ်”

“မင်းသမီး လင်လုံကလည်းပြိုင်ဘက်ကင်း

အလှပဂေးလို့ငါကြားထားတယ်.. မင်းသမီးလင်လုံရဲ့အလှနဲ့ဆိုရင် သူမဟာ ဧကရာဇ်ကျိုးယိုရဲ့ နမည်ကျော်တပည့်  ဧကရာဇ် မိုရှောင်ယောင်ရဲ့အာရုံကိုတောင် စွဲဆောင်စေလိမ့်မယ်လို့ ငါကြားထားတယ်”

ရှစ်ကျင်းရွှိုက်၏ စကားအား

ကြားပြီးနောက် ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်တို့တွန့်ကွေးသွားသည်။  ဤမိုရှောင်ယောင်မှာ  ထျန်းဟန်တိုက်ကြီးပေါ်ရှိလူများ၏ နှလုံးသားထဲ၌ တဏှာရာဂကြီးသည်နှင့်ဆင်တူ

သောသူဖြစ်လုနီးပါးဖြစ်နေပြီဖြစ်သည်။

လူများက လှပသောအမျိုးသမီးများ

အကြောင်းပြောကြချိန်တွင်  သူတို့အနေဖြင့် အမှုမဲ့အမှတ်မဲ့  ကြီးမြတ်သော ဧကရာဖ်မိုရှောင်ယောင်ကို  တွေးမိကြလိမ့်မည်ဖြစ်သည်။ အကယ်၍ ဤကောင်စုတ်ကသာ တကယ်ကြီး သိုင်းပညာပြိုင်ပွဲ၌ပါဝင်ရဲပြီး သူ့အားအရှက်ရအောင်လုပ်ရဲလျှင်  ထျန်းလျန်အင်ပါယာ၌သူနှင့်တွေ့ဆုံသည်နှင့်ရှစ်ဖုန့်သေချာပေါက် ၎င်း၏ခြေထောက်တို့ကို ချိုးပစ်မည်ဖြစ်သည်။

ထို့နောက်ရှစ်ကျင်းရွှိုက်က ဆက်ပြောသည်။သိုင်းပညာပြိုင်ပွဲများနှင့် လှပသော အမျိုးသမီးများအကြောင်း

အားပြောချိန်တွင် သူ၏ မျက်နှာထက်၌စွမ်းအင်များဖြင့်ပြည့်နှက်နေ၏။

“တို့တွေက ထျန်းလျန်အင်ပါယာကို ဒီသိုင်းပြိုင်ပွဲအတွက်သွားမှာဆိုတော့  ငါသေချာပေါက်  မင်းသမီးလင်လုံရဲ့အလှတရားကို

တစ်ချက်သွားပြီးကြည့်ရမယ်”

“ဒီတစ်ကြိမ်မှာ ကျင့်ကြံသူတွေ အရမ်းများနေတာက စိတ်မကောင်းစရာပဲ.. ဧကရာဇ်နယ်ပယ်တွေကိုအသာထားအုံး မဟာသူတော်စင်နယ်ပယ်တွေလဲပေါ်လာမှာ. ငါတို့ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့က စောင့်ကြည့်ရုံပဲတတ်နိုင်တဲ့ပုံပဲ… ငါတို့က အလှလေးကို ရယူနိုင်မှာမဟုတ်ဖူး”

စကားအဆုံးတွင် ရှစ်ကျင်းရွှိုက်၏ မျက်နှာထက်၌ နောင်တရသည့် အမူအယာအချို့ထွက်ပေါ်လာသည်။

ရှစ်ဖုန့်မှာ အလှလေးများသို့မဟုတ် မင်းသမီးလေးများအားရယူရန်များ

စွာစိတ်မဝင်စားပေ။  လက်ရှိသူမှာ ခွန်အားနှင့်စွမ်းအားနောက်ကိုသာ

လိုက်စားခြင်းဖြစ်သည်။

စွမ်းအားရှိလျှင် အခြားသူများ၏ရှေ့၌  အစွမ်းမဲ့မှုကို ခံစားရလိမ့်မည်မဟုတ်ပေ။  ထိုမှသာ  သူ့ဝန်းကျင်၌ရှိနေသောသူများအား

ကာကွယ်ပေးနိုင်ပြီး   ရန်သူများအား ချေမွပစ်နိုင်လိမ့်မည်ဖြစ်သည်။

စွမ်းအား။ ယခုရှစ်ဖုန့်တကယ်တောင့်တနေသော အရာမှာ စွမ်းအားသာဖြစ်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters