← Chapters

လူချမ်းသာတွေပဲ အချောလေးတွေ ရနိုင်တာ

Vol. 1 Ch. 2

လူချမ်းသာတွေပဲ အချောလေးတွေ ရနိုင်တာ

Vol. 1 Ch. 2

နှစ်ယောက်သား အနောက်လှည့်ကြည့်လိုက်သောအခါ လူငယ်တစ်ယောက် စကားပြောနေသည်ကို တွေ့လိုက်ရသည်။

သူသည် သာမန် အင်္ကျီ၊ ဗက်ချရွန်ကွန်စတန်တင် နာရီ ၀တ်ဆင်ထားပြီး အဆင့်တန်းမြင့်သူတစ်ဦးဖြစ်ကြောင်း ထင်ဟပ်နေစေသည်။

လင်းရီ သူ့အရှေ့မှ လူငယ်လေးကို မြင်ဖူး၏။လူငယ်လေးမှာ ရေကြောင်းလမ်းကုမ္ပဏီ၏ လူငယ်သခင်လေး

လီယွင်ဟန်ပင်။

‌၎င်းကုမ္ပဏီအုပ်စုသည် ချောင်ရန်အုပ်စုထက် အနည်းငယ် သာလွန်ပြီး အုပ်စု၏ လူငယ်သခင်လေးဖြစ်သူ လီယွင်ဟန်မှာ လွန်ခဲ့သော ခြောက်လ

လုံးလုံး ကျီချင်ရန်ကို လိုက်နေခဲ့သူဖြစ်သည်။

သို့သော်လည်း ကျီချင်ရန်မှာ မည်သည့်အခါမျှ သူ့အပေါ်တွင် ခံစားချက် ရှိမနေခဲ့။ ၎င်းကိုသူ

သိသော်လည်း လက်မလျော့ဘဲ ယနေ့ထိတိုင် လိုက်နေဆဲဖြစ်၏။

"နင်ဘာလို့ဒီရောက်နေတာလဲ"ကျီချင်းရန် အေးစက်စွာ မေးလိုက်သည်။

"ငါအစက ဒီကို ကိစ္စလေးရှိလို့ လာခဲ့တာ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် နင့်ကားပျက်နေတာကို တွေ့လ်ိုက်လို့လေ။ ကံကောင်းချင်တော့ ဒီနေ့ ငါ ယွမ် နှစ်မီလီယံလောက် တန်ဖိုးရှိတဲ့ လမ်ဘိုဂီနီ ဟူရာကန်ကို ယူလာတယ် နင်ကားလိုလို့ သုံးချင်ရင် ငါ့ကားကို ယူသွားလိုက်"

ကျီချင်းရန်၏ မာစီးတီးမှာ ထင်သလောက် ဈေးမကြီးပေ။ တစ်မီလီယမ်သာလျင် တန်ကြေးရှိသည်။လီယွင်ဟန်၏ လမ်ဘိုဂီနီထက် ‌တစ်၀က်ကျော်မျှ ဈေးသက်သာ၏။

သို့သော်လည်း မာစီးတီးသည် ကြွားဝါရန် ကောင်းဆဲပင်။

ကျီချင်းရန် ကားပျက်သည်နဲ့တစ်ပြိုင်နက် လီယွင်ဟန် ချက်ချင်းရောက်လာသောကြောင့် လင်းရီသည်လည်း အနည်းငယ် ထူးဆန်းသလို ခံစားနေရ၏။

'ဒီကိစ္စတစ်ခုလုံးရဲ့ နောက်ကွယ်က လက်သည်က သူပဲဖြစ်ရမယ်'

"ထားလိုက်တော့ ငါ့လုပ်ဖော်ကိုင်ဖက်ဆီမှာလည်း ကားတစ်စီးရှိတယ် သူ့ကားဘဲ ယူသွားလိုက်မယ်"

သူမပြောပြီးနောက် လင်းရီကို တစ်ချက်ကြည့်လိုက်ရင်း "သွားစို့"

"အိုကေ"

"ဘော့စ်ကျီ၊ ကျွန်တော်ခုလေးတင် ခင်များတို့ ပြောတာတွေ ကြားပြီးသွားပြီ သူက ကုမ္ပဏီက ၀န်ထမ်းတစ်ဦးလေးပဲလေ သူစီးတဲ့ကားက ကျွန်တော်စီးတဲ့

လမ်ဘိုဂီနီကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

"ဒီတော့ အပေါစားကားလည်း ဘာဖြစ်လည်း ငါကြိုက်ရင် ပြီးရောမလား"ကျီချင်ရန်စိတ်မရှည်စွာ ပြောလိုက်သည်။

ကျီချင်ရန်သည် လီယွင်ရန်နှင့် ဆက်လက် စိတ်ရှုပ်မခံလိုတော့ဘဲ ဧရိယာCသို့ ထွက်လာခဲ့၏။

ဧရိယာCသို့ရောက်သည်နှင့် ကျီချင်ရန်နှင့် လီယွင်ဟန် နှစ်ဦးလုံးမှာ တောင့်တင်းသွားသည်။

သူတို့အားလုံး ရှေ့မှ ငွေရောင် ပန်ဂနီ ဇီဖာလေးဆီသို့ ဆွဲဆောင်ခြင်းခံလိုက်ရ၏။

ကျီချင်းရန် အနည်းငယ် စဉ်းစားမရ ဖြစ်နေသည်။ဒီကားကဘယ်သူ့ကားလဲ။ ဘာကြောင့်ဒီနေရာမှာ ရပ်ထားတာလဲ။

ဒီနား၀န်းကျင်မှာ ‌အကောင်ကြီးကြီး တစ်ကောင်ရှိရင် သူမ သိရမှာလေ။

"ဘော့စ်ကျီ ဒီ pagani zonda က ဒေါ်လာ ၂၈မီလီယမ် တန်ကြေးရှိတယ် ဒါက မင်း၀ယ်ထားတာတော့ မဟုတ်ဘူးမလား"

လီယွင်ယန်က သူမကို အနည်းငယ် လှည့်စားရန် ကြိုးစားနေသည်။

ဤကားတစ်စီးနှင့်တင် လမ်ဘ်ိုဂီနီ ၁၀စီး ခန့် ၀ယ်နိုင်၏။ အကယ်၍ သူမ၏ ကားဟုဆိုပါက အတော်လေးကို မျက်နှာပြောင်တိုက်ရာ ကျနေလိမ့်မည်။

"အတွေးလွန်မနေနဲ့ ဒီကားက ကျွန်မကား မဟုတ်ဘူး"

လီယွင်ရန် ၏ ယုံကြည်မှု လယ်ဗယ်မှာ ချက်ချင်း အပြည့်ပြန်ဖြစ်သွားသည်။

"အာ့ကြောင့် ငါ့ကားကို စီးပါဆို ဘာဘဲဖြစ်ဖြစ် သူ့ ရဲ့ အိမ်စီးကားလေးထက်တော့ အပုံကြီးသာတယ်"

"ငါ ပြိုင်ကားတွေကို စိတ်မ၀င်စားဘူ အိမ်စီးကားတွေဘဲ ကြိုက်တာ"

သူမ လင်းရီကို ကြည့်လိုက်ပြီး ဘယ်မှာလဲ နင့်ရဲ့ကားက ၊ အခု သွားစို့လေ"

"ကားက ဟိုမှာလေ"လင်းရီ Pagani ကို ညွှန်ပြလိုက်သည်။

သို့သော်လည်း ကျီချင်ရန်နှင့် လီယွင်ဟန်မှာ လင်းရီ shari အစုတ်လေးက်ု ညွှန်ပြတယ်ထင်နေ၏။

နောက်ဆုံးတော့ လင်းရီက သာမန်၀န်ထမ်းတစ်ဦးပင်။

ဘယ်လိုလုပ် ဇိမ်ခံကားက်ု မောင်းနိုင်မည်နည်း။

"ဟားဟား shariအစုတ်လေးလား ကားကဒီလောက်စုတ်ပြတ်နေတာ မောင်းလာတာ ဆယ်နှစ်လောက် ရှိပြီထင်တယ် တစ်စီးလုံးပေါင်းရင်တောင် ငါ့ တာယာတွေလောက် တန်ကြေးမရှိဘူး"

လီယွင်ဟန်မှာ ရယ်ရလွန်း၍ မျက်ရည်ထွက်ကျလု နီးပါးပင်။

"ဘော့စ်ကျီ ခင်များအနေနဲ့ဆိုရင် ဒီလိုစုတ်ပြတ်နေတဲ့ shariကို မစီးဘူးမလား"

"Shari ဆိုလည်း ဘာဖြစ်လဲ သွားလို့လာလို့ အဆင်ပြေရင် ရပြီမလား နင့်ရဲ့ လမ်ဘိုဂီနီက လေပေါ်ပျံနိုင်တယ်လို့တော့ ငါ့ကိုမပြောနဲ့ "

"ကားထဲ၀င်စို့လေ"ကျီချင်းရန် အနောက်တံခါးနားမတ်တပ်ရပ်ရင်း ပြောလ်ုက်သည်။

လင်းရီ ဘာမျှမဆိုဘဲ အိတ်ကပ်ထဲမှ ကားတော့ကို

နိပ်လိုက်သည်။

တီတီ..

ပန်ဂနီကားရှေ့မီး လင်းလာပြီး ဇင်ယော်ငှက်တောင်ပံကဲ့သို့ တံခါးများ အလိုအလျောက် ပွင့်လာခဲ့သည်။

ကျီချင်းရန်နှင့် လီယွင်ဟန်တို့ နှစ်ဦးသား ထိတ်လန့်သွားပြီး 'ကားပိုင်ရှင်က ဒီမှာရှိ‌‌ေနတာလား'

"ဥက္ကဌကျီ ခင်များ ရပ်တဲ့နေရာမှားနေတယ် ဒီ paganiကလည်း ကျွန်တော့်ဟာဘဲလေ"

"နင်ဘာပြောလိုက်တယ် ဒီ Paganiကနင့်ဟာ...."

ကျီချင်းရန် အံ့အားသင့်စွာ မေးလိုက်သည်။

'သူက အရောင်းဌာနက အရောင်း၀န်ထမ်းလေးပဲ မဟုတ်လား ဘယ်လိုလုပ် ဒီလို ဇိမ်ခံကားမျိုး ၀ယ်နိုင်တာလဲ

မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား

"တကယ်ပဲ ကျွန်တော့်ဟာ ပြီးတော့ ကျွန်တော့်ဟာမဟုတ်ဘူးဆိုရင် ဘယ်လိုလုပ် ကားတံခါးက ပွင့်လာမှာလဲ"

သူမ ကားထံ လမ်းလျောက်သွားပြီးpaganiကားထဲ၀င်ထိုင်လိုက်နေသည်။ ယခုထိတိုင် မယုံကြည်နိုင်သေးပေ။

သူမလို သူဌေးတစ်ယောက်ပင် ယခုကဲ့သို့ ကားမျိုး ၀ယ်မစီးနိုင်။ သူက ဘယ်လိုလုပ် ပိုင်ဆိုင်နေတာလဲ

"ညီကို ၊ လမ်ဘိုဂီနီမောင်းပြီး ကျွန်တော်တို့ ဘောစ်ရဲ့ နှလုံးသားကို ရချင်နေတာလား နောက်ထပ်ကြိုးစားလိုက်ဦး"

လင်းယွင်ဟန်၏ မျက်နှာမီးလောင်ထားသကဲ့သို့ ရဲမှည့်နေသည်။

ဤသည်မှာ မျက်နှာကို ဖြတ်ရိုက်သွားခြင်းပင်။

"ကျီချင်းရန် မင်းပြောတော့ ပြိုင်ကားတွေ လိုက်စီးရတာ မကြိုက်ဘူးဆို ဘာလို့ သူ့ကားထဲ ၀င်ထိုင်နေတာလဲ"

"ငါ သူများကားတွေစီးရတာမကြိုက်ဘူးသူ့ကားစီးရတာ‌ေတာ့ကြိုက်တယ်"ပြီးနောက်

တံခါးကို ဘုန်းဆိုပြီးပိတ်သွားသည်။

နောက်ထပ် မျက်နှာဖြတ်ရိုက်သွားခြင်းပင်။

ကားထဲတွင် လင်းရီမှာ အနည်းငယ်စိတ်လှုပ်ရှားနေ၏။ ယခုမှ ပြိုင်ကားမောင်းဖူးသောကြောင့် အနည်းငယ်နေသားမကျသေး‌ပေ။

ကံကောင်းစွာဖြင့် သူသည် အွန်လိုင်းပေါ်တွင် ကားမောင်းနည်းဗွီဒီယိုများ ကြည့်ထားခြင်းကြောင့်သာ ယခုလိုကားမျိုးကို ကိုင်တွယ်နိုင်ခြင်းဖြစ်၏။ မဟုတ်ပါက မိန်းမလှလေး၏ ရှေ့တွင် မျက်နှာပျက်ရပေတော့မည်။

"လင်းရီ နင်က အရောင်း၀န်ထမ်းမဟုတ်လား ဘာလို့ ဒီလိုကားမျိုး မောင်းနေနိုင်တာလဲ"

သူမ၏စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေပြီး စပ်စုချင်လာသည်။

"အာ...ကျွန်တော်က သာမန်လူလိုမျိုး ဘ၀အတွေ့အကြုံခံစားချင်လို့လေ ဒါကြောင့်အလုပ်လာလုပ်တာ ဒါပေမဲ့ အကြောင်းပြချက်မရှိ အလုပ်ထုတ်ခံရလိမ့်မယ်လို့တော့ ထင်မထားဘူး"

လင်းရီ သက်ပြင်းချလိုက်သည်။ထို့နောက်

"ကောင်းပြီ ကျွန်တော် ဟန်မဆောင်တော့ဘူး တစ်ကယ်တော့ ကျွန်တော်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် တစ်ယောက်လေ ကျွန်တော့် နောက်အလုပ်က DiDi

ဒရိုင်ဘာအဖြစ်နဲ့ ဘ၀အတွေ့အကြုံ ခံစားဖို့ဘဲ"

ကျီချင်းရန် တစ်စက္ကန့်လောက် အေးခဲသွားပြီးနောက်

အားရပါးရ ရယ်လိုက်သည်။

"ငါ့ကို စမနေနဲ့ ငါယုံမယ်များထင်နေလား"

"ငါအမှန်ကို ရှင်းပြရင်တောင် တစ်ယောက်မှ ယုံမှာမဟုတ်ဘူး ဒါကြောင့် ရှင်းပြမနေတော့ဘူး"

"ကောင်းပြီ အမြန်မောင်း ငါအရေးကြီးကိစ္စတွေ လုပ်စရာရှိသေးတယ်"

"ပြဿနာမရှိဘူး ကျွန်တော့်ကိုသာ ကြယ်ငါးပွင့်ပေးဖို့ မမေ့နဲ့"

"နင်ကတော့ ကိုယ့်ကိုယ်ကို DiDi ဒရိုင်ဘာလို့ထင်နေတာဘဲ"

"ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ ကွကိုယ်သာကြည့်လိုက်တော့"

လင်းရီ ဖုန်းကိုထုတ်ပြလိုက်ပြီး ကျီချင်ူရန်မြင်သောအခါ ရှော့ခ်ရသွားသည်။သူက တကယ်ဘဲ

DiDiဒရိုင်ဘာလား တကယ်ဘဲ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တစ်ယောက်က ဘ၀အတွေ့ကြုံရဖို့ အလုပ်လုပ်‌ေနတာလား။ဒါက တကယ်ဘဲ ထူးဆန်းလွန်းတယ်။

"နင်ကတကယ် DiDi ကားပိုင်ရှင်ဘဲ"

"ဒါပေါ့ ဗျ ဥက္ကဌကျီ ခင်ဗျား အော်ဒါမှာပြီး ကျွန်တော့်ကို ထောက်ပံ့ချင်လည်း ရတယ်နော် ခင်ဗျားကကျွန်တော့်ရဲ့ ပထမဦးဆုံးသော ခရီးသည် ဖြစ်လာလိမ့်မယ် "

ကျီချင်ရန် ရယ်လိုက်ပြီး "ဒါဆိုလည်း အဲ့ဒီဂုဏ်ပုဒ်ကို ယူပါရစေ..."

သူမစကားပြောရင်း ဖုန်ူကိုထုတ်လိုက်ပြီး DiDi appကို လျှောက်၍ လင်းရီ၏ လမ်းညွှန်မှုအောက်တွင် မှတ်ပုံတင်ပြီး အော်ဒါမှာလိုက်သည်။

အနီးဆုံးသောသူက အော်ဒါကို လက်ခံရမည်ဟူ‌ေသာစည်းကမ်းကြောင့် လင်းရီက အော်ဒါကို လက်ခံခဲ့သည်။

၎င်းနောက် သူ၏ DiDi ဒရိုင်ဘာ ခရီးစဉ် စတင်ခဲ့လေ‌‌ တော့သည်။

လီဗာပေါ် ခြေ‌ေထာက်တင်ပြီးနောက် မွန်းစတားဟိန်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။ ယင်းအသံသည် ကျီချင်းရန်ကို မသိမသာ ထိတ်လန့်စေပြီး ထိုင်ခုံခါးပတ်ကို အလျင်အမြန် ပတ်လိုက်သည်။

လင်းရီ ကျီချင်းရန်ကို တစ်ချက်ကြည့်လိုက်သည်။

"နင်ဘာကြည့်နေတာလဲ အမြန်မောင်းတော့လေ" ကျီချင်းရန်မှ ‌ရှက်သွေးဖြန်းရင် ပြောလိုက်သည်။

"အိုကေ"

ထို့နောက် 28မီလီယမ် တန်ကြေးရှိသော Pagani လေးသည် လမ်းမပေါ်တွင် လူအများအာရုံစိုက်ရာ ဖြစ်လာခဲ့သည်။

"ဖက်ခ်... ပန်ဂနီဇွန်ဒါဟ အဲ့ကားက 28မီလီယမ် တန်ကြေးရှိတယ်လို့ ကြားဖူးတယ်"

"ကားထိုင်ခုံပေါ်က ကောင်မလေးကိုကြည့်လိုက်ဦး သူက ကားထက်တောင် လှသေးတယ်"

"အမှန်ဘဲ သူဌေးတွေပဲ အလှလေးတွေကို ရနိုင်တာ"

........

လင်းရီ ကျီချင်းရန်ကို သူမရောက်ချင်သောနေရာ ပို့ဆောင်ရင်း လူအုပ်၏ မနာလိုမျက်‌စောင်းများကို လက်ခံရယူနေသည်။

"ငါ့ကို လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပဲနော်"

လင်းရီမှာ သူမ၏၀န်ထမ်း မဟုတ်တော့။ထို့ကြောင့် ပို၍ ယဉ်ကျေးရမည်။

"အဆင်ပြေပါတယ် ပြန်တော့မယ်ဆိုလည်း တက္ကစီမစီးချင်ဘူးဆိုရင် ‌လှမ်းခေါ်လိုက် ဟောဒီက DiDiဒရိုင်ဘာက ၀န်ဆောင်မှုပေးဖို့အသင့်ဘဲ"

"ဝီချက် အပ်ရအောင်လေ အဲ့ဒါဆို ဆက်သွယ်ရတာ ပိုအဆင်ပြေတယ်"

"ဒါပေါ့.."

နှစ်ယောက်သား ဝီချက်အကောင့်အပ်ပြီးနောက်

လင်းရီ ကားမောင်းထွက်သွားသည်။

တစ်ချိန်ထဲတွင် လင်းရီစိတ်ထဲ စနစ်အသိ

ပေးသံ မြည်လာသည်။

[ဒင်.. ပိုင်ရှင်၏ပထမဦးဆုံး အော်ဒါပြီးမြောက်မှုအတွက် ဂုဏ်ပြုပါတယ်

ဆုလာဒ်- အတွေ့အကြုံမှတ် ၅၀,၀၀၀

[မစ်ရှင်ပြီးမြောက်မှု ၅%

ဆုလာဒ် - ၅၀မီလီယမ်ဒေါ်လာ]

All Chapters