← Chapters

အထက်ဘုံကမ္ဘာသို့ ပြန်ရောက်ပြီ

Vol. 60 Ch. 840

အထက်ဘုံကမ္ဘာသို့ ပြန်ရောက်ပြီ

Vol. 60 Ch. 840

အခန်း (၈၄၀) အထက်ဘုံကမ္ဘာသို့ ပြန်ရောက်ပြီ

ရန်ကျောက်ကဲ မျက်ဝန်းများထဲမှ အလင်းရောင်များပျောက်ကွယ်သွားပြီး နဂိုအတိုင်းပြန်လည်တည်ငြိမ်သွားသည်။

ရန်ကျောက်ကဲ ပြန်လည်မတ်တတတ်ရပ်လိုက်၏။

သူက လုံးဝသာမန်ပင်မတ်တတ်ရပ်နေခြင်းဖြစ်ပြီး မည်သည့်စွမ်းအားအတက်အကျမှ ထွက်ပေါ်နေခြင်း မရှိပေ။ သို့သော် သူ မတ်တတ်ရပ်လိုက်သည်နှင့် အသင်္ချေနဂါးနန်းတော်ကြီးတစ်ခုလုံး တုန်ခါသွားသလို နဂါးနန်းတော်ပတ်ဝန်းကျင်မှ လေထုသည်လည်း တစ်ပြိုင်နက်တည်း လှုပ်ခါသွား၏။

ရန်ကျောက်ကဲ၏ လှုပ်ရှားမှုက သာမန်ဟုထင်ရသော်လည်း အလွန်တရာ အခြေခံကျပြီး ကျက်သရေရှိလာသည်။

သူက စိတ်အာရုံစေစားလိုက်သည်နှင့် လျှို့ဝှက်နက်နဲသောအလင်းတန်းများ သူ့ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲခန္ဓာကိုယ်ထက်ရှိ သွေးကြောဆုံချက်များမှ တန်ခိုးစွမ်းအားပြင်းထန်သော အလင်းရောင်များနှင့် ကြောက်မက်ဖွယ်ရာစွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။

ထိုအလင်းရောင်များက ညကောင်းကင်တွင် တလက်လက်တောက်ပနေသည့် ကြယ်စင်များပမာပင်။

အသင်္ချေနဂါးနန်းတော်ထဲတွင် ကျင့်ကြံနေကြသော ဖန်းယွင်ရှန်း ၊ အားဟူနှင့် ရှောင်အိုက်တို့က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြပြီး ရန်ကျောက်ကဲကို တအံ့တသြ လှမ်းကြည့်လိုက်ကြသည်။

ရှောင်အိုက်က လက်နှစ်ဖက် ပါးပြင်ဆီသို့ဖိကပ်ရင်း ပါးစပ်အဟောင်းသားဖြစ်နေပြီးမှ ကျယ်လောင်သည့်အသံဖြင့်...

“သခင်လေး... ဗလာနယ်ကိုဖြတ်ကျော်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်ကို ရောက်သွားတာလား ၊ ဒါက... ကိုယ်တွင်းစကြာဝဠာကို သန့်စင်ပြီးသွားတာလား”

ရန်ကျောက်ကဲက ပြုံးရင်း...

“ငါ့ရဲ့ကိုယ်တွင်းစကြာဝဠာက ပုံရိပ်ယောင်ပဲရှိသေးတယ် ၊ ထင်သာမြင်သာမဖြစ်သေးဘူး”

ထိပ်တန်းအဆင့် သိုင်းပညာရပ်များ ၊ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုမှ အဖိုးတန်ဆေးလုံးများနှင့် ရတနာပစ္စည်းများစွာ၏ ထောက်ပံ့ပေးမှုကြောင့် ယနေ့ ရန်ကျောက်ကဲ အောင်မြင်စွာ ကျင့်ကြံခြင်းအဆင့် တက်နိုင်ခဲ့ပေပြီ။

သူ၏ အသွေးအသားရုပ်ခန္ဓာ ၊ စိတ်ဝိညာဉ်နှင့် အစစ်အမှန်သိုင်းဝိညာဉ်တို့ အပြည့်အဝပေါင်းစည်းသွားပြီး ခွဲခြားမရနိုင်အောင် တစ်သားတည်းပေါင်းစပ်သွားသည်။

သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့်။

စန်းချင်း (၃)ပါး (စင်ကြယ်ခြင်း (၃)ပါး)၏ ကျင့်ကြံခြင်း (၃)ခုကို ပေါင်းစပ်ခြင်းလမ်းကြောင်းသည် အခြားသော ကျင့်ကြံခြင်းလမ်းကြောင်းများထက် ပိုမိုခက်ခဲသည်။ သို့သော် ကျင့်ကြံခြင်းအဆင့်တစ်ဆင့်တက်သွားလေ တန်ခိုးစွမ်းအားသည်လည်း ပိုမိုမြင့်မားလာလေ ဖြစ်သည်။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ချိန် သူ၏ခန္ဓာကိုယ်ထက်မှ ကြယ်စင်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အံ့သြဖွယ်ရာအငွေ့အသက်များသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ရန်ကျောက်ကဲက ခန္ဓာကိုယ်မှ အရိုးအသားများကို ဖြေလျှော့လိုက်ရင်း...

“ကောင်းပြီလေ...”

ဟု ရေရွတ်လိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက သူ့အရှေ့သို့ ရောက်လာသည်။

ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို လက်ဖဝါးဖြင့်အသာပုတ်လိုက်ရာ မီးပြင်းဖိုအဖုံးပွင့်သွားပြီး အတွင်းထဲမှ ခရမ်းရောင်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။

မီးပြင်းဖိုထဲတွင်တော့ အဆစ် (၆)ဆစ်ရှိသော စိမ်းညို့နက်မှောင်သည့်ဝါးကိုင်းတစ်ခုရှိနေသည်။ ဝါးကိုင်းမျက်နှာပြင်ထက်တွင် ခရမ်းရောင်အလင်းလွှာတစ်ခုတောက်ပနေသော်လည်း မည်သည့်ထူးခြားချက်မှမရှိဟန် မီးပြင်းဖိုထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေ၏။

ရန်ကျောက်ကဲက ဝါးကိုင်းကိုသေသေချာချာကြည့်ရင်း ပြုံးလိုက်ပြီး မီးပြင်းဖိုအဖုံးကို ပြန်ပိတ်လိုက်သည်။

ထို့နောက် သူက အသင်္ချေနဂါးနန်းတော်အတွင်းမှထွက်လိုက်ပြီး နဂါးနန်းတော်ကိုသယ်ဆောင်ကာ ခရီးနှင်နေသည့် ပန်ပန်၏ဦးခေါင်းထက်တွင် ထိုင်ရင်း သူ့အရှေ့မှ ပရမ်းပတာဗလာနယ်ကိုကြည့်လျှက် အပြောင်းအလဲများကို မှတ်သားတွေးတောနေ၏။

“ကောင်းချင်နဲ့ တခြားသူတွေက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ခဏလေးနဲ့ပြန်သွားနိုင်ဖို့ နည်းလမ်းရှာနိုင်ကြတယ် ၊ ကြည့်ရတာ သူတို့ခရီးမထွက်ခင်ကတည်းက ဒီလိုအခြေအနေမျိုးကြုံလာရင် ဘာလုပ်ရမယ်ဆိုတာ သူတို့အကြီးအကဲတွေက သင်ပြပေးထားပုံပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တကယ်ထူးခြားတာပဲ”

“ကောင်းချင်တို့အုပ်စုက အရမ်းယုံကြည်မှု ရှိကြတယ် ၊ သူတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပြန်ရောက်တာနဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေ သူတို့ကို ခြေရာမခံနိုင်တော့ဘူးဆိုတာ သိကြတယ် ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတွေကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုခေါ်သွားပြီးမှ သတ်ဖြတ်ရင်တောင် ဗုဒ္ဓဘာသာဘက်က တခြားကျင့်ကြံသူတွေ သိဖို့ ခက်ခဲနိုင်တယ် ၊ ဒါက ရွှမ်ဟွမ်ဧကရီနဲ့ လုန်ချွမ်ဧကရာဇ်တို့ကြောင့် မဖြစ်နိုင်ဘူး ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုက ထူးခြားတာဖြစ်ရမယ်”

ဤသို့ဖြစ်ရသည်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုဝါဒကျင့်ကြံသူများပိုင်ဆိုင်သော တံတိုင်းတစ်ဖက်ခြမ်းတွင်ရှိနေသောကြောင့် ဖြစ်နိုင်သည်။

သို့မဟုတ် အပြာရောင်ခရီးရှည်နန်းတော်တွင် ထူးခြားသည့် ရတနာပစ္စည်းတစ်ခုခု ရှိနေခြင်းများလား။

စဉ်းစားရင်းဖြင့် ရန်ကျောက်ကဲက သူ့အရှေ့မှ ဗလာနယ်အပြောင်းအလဲများကို ရှာဖွေရင်း “တံတိုင်း” ၏ တစ်ဖက်ခြမ်းသို့ပြန်ရန် နည်းလမ်းရှာဖွေနေသည်။

နောက်ရက်များတွင်လည်း ရန်ကျောက်ကဲက ကျင့်ကြံလိုက် ၊ ပြန်ရန်လမ်းကြောင်းရှာဖွေလိုက်ဖြင့် အချိန်များ ကုန်ဆုံးခဲ့သည်။

ဖန်းယွင်ရှန်းနှင့် အခြားသူများသည်လည်း အသင်္ချေနဂါးနန်းတော်ထဲတွင် ကျင့်ကြံနေကြသည်။ ဆေးဝါးများ ၊ ရင်းမြစ်ပစ္စည်းနှင့် ရတနာပစ္စည်းများစွာ၏ပံ့ပိုးမှုကြောင့် သူတို့၏ကျင့်ကြံခြင်းက အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

တောင်တန်းများထက် နေနှင့်လ ထွန်းလင်းသည်မှာ မည်မျှကြာမြင့်သည်လဲမသိ ၊ အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး နောက်ထပ်နှစ်ဝက် ကုန်ဆုံးလုနီးပါး ဖြစ်လာပြန်သည်။

တစ်နေ့အရောက်မှာတော့...

ရန်ကျောက်ကဲ ခန့်မှန်းချက်များစွာကို ဆုပ်ကိုင်ပြီး “တံတိုင်း” တစ်ဖက်ခြမ်းသို့ ပြန်နိုင်မည့်နည်းလမ်းကို ဖြည်းဖြည်းချင်း ရှာဖွေနိုင်ခဲ့သည်။

သူ့မျက်ဝန်းများထဲတွင် အလင်းရောင်များတောက်ပလာပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

သူ့လက်ချောင်းများကိုဆန့်တန်းပြီး လေထဲတွင် သင်္ကေတတစ်ခု ရေးဆွဲလိုက်၏။

အသင်္ချေနဂါးနန်းတော်နှင့် ရန်ကျောက်ကဲကို သယ်ဆောင်ခရီးနှင်နေသည့် ပန်ပန်၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နဂါးနန်းတော်အပြင်ဘက် အာကာသအမှောင်ထုကြားတွင် မရေမတွက်နိုင်သော အင်းသင်္ကေတများရေးဆွဲရန်အတွက် ရန်ကျောက်ကဲကို ကူညီပေးသည်။

အချိန်အတန်ကြာပြီးနောက် အင်းသင်္ကေတများမှ တောက်ပသောအလင်းရောင်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ တစ်ဆက်တည်းပင် ရန်ကျောက်ကဲကလည်း သူ့အလုပ်ကို ရပ်တန့်လိုက်၏။

ရလဒ်အနေဖြင့် ကြီးမားသော ဝဲဂယက်တစ်ခု ဖြစ်တည်လာပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရေးဆွဲထားသော အင်းသင်္ကေတများက ဝဲဂယက်ထဲတွင် တောက်ပစွာ လှည့်ပတ်သွားသည်။

ဝဲဂယက်အောက်ခြေတွင် ဗလာနယ်က ပုံပျက်နေပြီး မှောင်မိုက်ခြင်းအလယ်တွင် တောက်ပမှုတစ်ခု ထွက်ပေါ်လာကာ အနီးပတ်ဝန်းကျင်ဗလာနယ်ကို လင်းလက်သွားစေသည်။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“အင်း... ဒီနည်းလမ်းကို ပထမဆုံးအကြိမ် အသုံးပြုတာဖြစ်လို့ ပြီးပြည့်စုံခြင်းတော့ မရှိသေးဘူး ၊ နည်းနည်းတော့ ပရမ်းပတာတွေဖြစ်ကုန်တယ်... ၊ ဒါပေမဲ့ အဲဒါကို ပိုပြီးချောချောမွေ့မွေ့လုပ်ဆောင်နိုင်ဖို့ ရှေ့လျှောက် ပြုပြင်လို့ရပါသေးတယ်”

သူက ထိုသို့ရေရွတ်လိုက်ပြီးနောက် ရန်ကျောက်ကဲက ပန်ပန်၏ခေါင်းပေါ်သို့ ပြန်တက်လိုက်ပြီး ပန်ပန်ကိုအသာပုတ်လိုက်သည်။

“သွားကြစို့ ...”

ပန်ပန်က ခပ်တိုးတိုးကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး အသင်္ချေနဂါးနန်းတော်နှင့် ရန်ကျောက်ကဲကို သယ်ဆောင်ကာ အဆုံးမဲ့ ဝဲဂယက်ကြီးအတွင်းမှ အလင်းရောင်ဆီသို့ တဟုန်ထိုးဝင်ရောက်သွားသည်။

အလင်းရောင်ပျောက်ကွယ်သွားသည်နှင့် နောက်ထပ် မှောင်မိုက်သည့် ဗလာနယ်ဒေသတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

ဗုဒ္ဓဘာသာနယ်မြေဘက်ခြမ်းတွင် ရှိနေသေးသည်ဟုပင် တွေးထင်နိုင်သည့်ပမာ မြင်ကွင်းများက ကွဲပြားခြားနားခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲ သိရှိလိုက်သည်က သူတို့ “တံတိုင်း” ၏အခြားတစ်ဖက်ဖြစ်သော အထက်ဘုံကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတို့တည်ရှိရာ တာအိုဝါဒနယ်မြေသို့ ပြန်ရောက်ရှိလာပြီဆိုသောအချက်ပင်။ သို့ဖြစ်ရာ အထက်ဘုံကမ္ဘာသို့ပြန်ရန် ပိုမိုလွယ်ကူလာပေပြီ။

သို့ပေသိ တံတိုင်းတစ်ဖက်သို့ ဖြတ်ကျော်ခြင်းက ပတ်ဝန်းကျင်အခြေအနေများအပေါ် အနည်းနှင့်အများ သက်ရောက်မှု ရှိခဲ့သည်။

တာအိုဝါဒဘက်ခြမ်းသို့ ပြန်လည်ရောက်ရှိလာသည့်တိုင် ပတ်ဝန်းကျင်ဗလာနယ်က တွန့်ခေါက်နေပြီး အလွှာပေါင်းစုံ အထပ်လိုက်ဖြစ်နေသည်။

ထို့ကြောင့် ရန်ကျောက်ကဲမှာ အထက်ဘုံကမ္ဘာသို့ပြန်ရန် အမှတ်အသားကို ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေခဲ့ရပြီး အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ တိုက်ရိုက်ပြန်လည်ရောက်ရှိနိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲက တုန်လှုပ်ခြင်းမရှိဘဲ ဗလာနယ်စီးကြောင်းများအတိုင်းလိုက်ပါသွားပြီး အထက်ဘုံကမ္ဘာသို့ဝင်ရောက်ရန် ကောင်းကင်ဘုံအက်ကွဲကြောင်းကို ရှာဖွေသည်။

အဆုံးသတ်မှာတော့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုကို ဖြတ်ကျော်ပြီး အထက်ဘုံကမ္ဘာ၏ ကြည်လင်သောကောင်းကင်ယံကို နောက်တစ်ကြိမ် ပြန်လည်တွေ့မြင်ရသောအခါ ရန်ကျောက်ကဲ အတော်လေး ဝမ်းသာအားရ ဖြစ်သွားသည်။

သူက ပတ်ဝန်းကျင်အချိန်စီးဆင်းမှုကို အာရုံခံလိုက်ပြီး ပရမ်းပတာဗလာနယ်ထဲတွင် လွင့်မျောနေသည့်အချိန်အား တွက်ချက်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ငါတွက်ချက်ထားတဲ့အချိန်လောက်ပဲ ကြာတာပါပဲ”

အချိန်များစွာရှိနေသေးသဖြင့် ရန်ကျောက်ကဲက သူရောက်လာသည့်နေရာက မည်သို့သောနေရာဖြစ်ကြောင်း လေ့လာလိုက်သည်။

လူအများနေထိုင်သည့် မြို့ပေါ်ပတ်ဝန်းကျင်သို့ရောက်ရှိသည်နှင့် ရန်ကျောက်ကဲက ချက်ချင်းပင် စုံစမ်းမှုများ ပြုလိုက်သည်။

အထက်ဘုံကမ္ဘာက အလွန်တရာ ကျယ်ပြောလွန်းရာ အများသုံးဘာသာစကားတစ်ခုရှိသော်လည်း မတူညီသောနေရာဒေသများတွင် ဒေသိယစကားများစွာ ရှိသည်။

ထို့ကြောင့် ရန်ကျောက်ကဲမှာ အတော်လေး အချိန်ယူမေးမြန်းပြီးမှ သူတို့ရောက်ရှိနေသေည့်နေရာအကြောင်း သိခဲ့ရသည်။

ယခု သူတို့ရောက်ရှိနေသည့်နေရာမှာ အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် နယ်စပ်တွင်ဖြစ်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နှင့် အတော်လေး အလှမ်းဝေးသည်။

ရန်ကျောက်ကဲက ထိုအချက်ကို အရေးမစိုက်ဘဲ လမ်းမများထက် ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်။ ထို့နောက် သူက ပြန်ရန်ဟန်ပြင်လိုက်စဉ် ရုတ်တရက် သူ့ခြေလှမ်းများ တုံ့ဆိုင်းသွား၏။

သူ မည်သို့မှ မတတ်နိုင်စွာပင် ခပ်လှမ်းလှမ်းတစ်နေရာမှ လူငယ်တစ်ယောက်ကို လှမ်းကြည့်လိုက်မိသည်။

ထိုလူငယ်က ကိုယ်ဟန်သွယ်သွယ် ပိန်ပိန်ပါးပါးနှင့် အလွန်တရာချောမောသော အသွင်အပြင်ရှိလေရာ တစ်ချက်ကြည့်ရုံဖြင့် စိတ်ထဲစွဲကျန်ခဲ့မည့် မမေ့နိုင်စရာ ရုပ်သွင်မျိုးကို ပိုင်ဆိုင်သည်။

ထိုလူငယ်က သူ၏ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသခြင်းလည်းမရှိသလို တမင်သက်သက်ဖုံးကွယ်ထားခြင်းလည်း မရှိပေ။

ထူးခြားသောတန်ခိုးစွမ်းအားကို ပိုင်ဆိုင်သလို သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယေံာက်ဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိလိုက်၏။

ရန်ကျောက်ကဲ အမြင်ဖြင့်ဆိုလျှင် လူငယ်သည် သိုင်းသူတော်စင် ၊ စတုတ္ထအဆင့်သို့တက်ရောက်ရန် ခြေတစ်လှမ်းခန့်သာလိုတော့သည်။

သို့သော် ရန်ကျောက်ကဲ တုံ့ဆိုင်းသွားရသည်က ထိုအချက်များကြောင်း မဟုတ်ပေ။

ယောကျ်ားလေး မိန်းကလေးကွဲပြားသည်မှလွဲပြီး ထိုလူငယ်က “စစ်ခုန်ချင်း” နှင့် တစ်ပုံစံတည်းတူနေသောကြောင့် ဖြစ်သည်။

ထိုလူငယ်က နောက်ထပ် “စစ်ခုန်ချင်း” တစ်ယောက်သာလျှင် ဖြစ်ပေ၏။

All Chapters