← Chapters

အမေ့လက်ရာ

Vol. 60 Ch. 842

အမေ့လက်ရာ

Vol. 60 Ch. 842

အခန်း (၈၄၂) အမေ့လက်ရာ

ရန်ကျောက်ကဲက ထိုသူများကိုလူလုံးထွက်ပြပြီး နှုတ်ဆက်စကားပြောရန် ဟန်ပြင်ထားသော်လည်း “နှင်းကြိုးကြာ” ဆိုသော စကားလုံးကိုကြားရသည့်အခါ သူ့ခြေလှမ်းများ ချက်ချင်းရပ်တန့်သွားသည်။

“ငါ နားကြားမမှားလိုက်ဘူးမဟုတ်လား”

ရန်ကျောက်ကဲ တွေးလိုက်၏။

“သူတို့က အခုပဲ ‘နှင်းကြိုးကြာ’ ဆိုတဲ့နာမည်ကို ပြောလိုက်တာ မဟုတ်လား”

ဤ “နှင်းကြိုးကြာ” ဆိုသည့်အမည်က လျှို့ဝှက်နာမည်တစ်ခုဖြစ်ပြီး လူတစ်ယောက်ကို ရည်ညွှန်းသည်ဆိုသော်လည်း ၊ မိခင်ဖြစ်သူ၏သတင်းကို အဆက်မပြတ်အာရုံစိုက်ရှာဖွေနေသည့် ရန်ကျောက်ကဲအတွက်တော့ ဤနာမည်ကိုကြားလိုက်သည်နှင့် သူ့စိတ်ထဲပထမဆုံးပေါ်လာသူက ‘ရွှယ်ချူးချင်’ ဖြစ်လေသည်။

ပြီးတော့ တစ်ဖက်လူပြောသည့်စကားများထဲမှလူပုဂ္ဂိုလ်၏လက္ခဏာများကလည်း ရွှယ်ချူးချင်နှင့် ဆင်တူနေသည်။

ထို့ကြောင့် ရန်ကျောက်ကဲ အာရုံစူးစိုက်သွားသည်။

သူက ချက်ချင်းပင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကိုလှည့်ပတ်ပြီး သူ၏ရောင်ဝါကိုရုတ်သိမ်းလိုက်ကာ မျက်ဝန်းများးက အေးစက်တင်းမာသွားသည်။ ထို့နောက် တဖြည်းဖြည်း ထိုလူအုပ်ရှိရာသို့ ချဉ်းကပ်လာ၏။

ထိုနေရာတွင် စုစုပေါင်း လူ (၃)ယောက်ရှိပြီး ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကို စောင့်ကြပ်နေကြသည်။

သူတို့ (၃)‌‌ယောက်က နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် (၁)ယောက်နှင့် ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်တို့ ပါဝင်သည်။

သူတို့ထဲမှတစ်ယောက်မှာ စစ်ခုန်ချင်းနှင့်ဆင်တူသည့် လူငယ် ဖြစ်သည်။

သူတို့ (၃)ယောက်က ဤဝင်ပေါက်ကို စောင့်ကြပ်ရန် တာဝန်ပေးခံထားရဟန်ရှိပြီး အတွင်းထဲမှပစ်မှတ် ပြေးပေါက်မရှိစေရန် ပိတ်ဆို့ထားရမည် ဖြစ်သည်။

အခြားသော ဖန်သားအလင်းကျောင်းတော်မှတပည့်များကတော့ ကမ္ဘာဖြတ်လမ်းကြောင်းမှတစ်ဆင့် အတွင်းသို့ ဦးတည်ဝင်ရောက်သွားကြပေပြီ။

ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကိုစောင့်နေသူများအလယ်တွင် မုတ်ဆိတ်မွှေးအနည်းငယ်ဖြင့် ခန္ဓာကိုယ်ထွားကျိုင်းသော သက်လတ်ပိုင်းလူရွယ်တစ်ယောက်ပါဝင်သည်။

ထိုသူက...

“သူ့ကို ဒီနားတဝိုက်မှာ တွေ့လိုက်တဲ့သူ ရှိတယ် ၊ ဒီ သီးခြားနယ်မြေက သူလောလောဆယ် နားခိုတဲ့နေရာ ဖြစ်ရမယ်”

အခြားတစ်ဖက်တွင်ရပ်နေသော မြင်းမျက်နှာရှိသည့် လူရွယ်တစ်ယောက်က...

“ဒီတစ်ခါတော့ ငါတို့ သူ့ကို သေသေချာချာ ဖမ်းနိုင်ပြီထင်တယ် ၊ သူ အမြဲတမ်း လွတ်အောင်ပြေးနိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး... ဟုတ်တယ်မလား ဂိုဏ်းတူအစ်ကို’လောင်’”

ဂိုဏ်းတူအစ်ကို’လောင်’ ဆိုသော သက်လတ်ပိုင်းလူရွယ်က စိတ်သက်သာရာရဟန်မရှိဘဲ...

“မျှော်လင့်ရတာပေါ့ ၊ နှင်းကြိုးကြာက မြစ်ဝါကားချပ်ကျမ်းစာရဲ့နက္ခတ်ပညာကိုဆက်ခံထားတာ ၊ ပြီးတော့ ထူးခြားတဲ့တန်ခိုးစွမ်းအားတွေလည်းပိုင်ဆိုင်ထားတယ် ၊ သူက သိုင်းပညာရှင်အဆင့် ၊ သိုင်းဆရာသခင်အဆင့်ကတည်းက တခြားသူတွေနဲ့မတူဘဲ ထူးခြားတဲ့သူတစ်ယောက်လည်း ဖြစ်တယ်”

“မကြာခင်ကပဲ သူက နက္ခတ်ပညာနဲ့ပတ်သက်တဲ့ အဆင့်တစ်ခုတက်ဖို့ နီးလာပြီလေ ၊ ဒါကြောင့် အန္တရယ်ကို အာရုံခံနိုင်ပြီး ရှောင်တိမ်းနိုင်စွမ်း ရှိလာတယ် ၊ မဟုတ်လို့ကတော့... ဒီနှစ်တွေမှာ ငါတို့ထောင်ဖမ်းတာကို သူ ရှောင်နိုင်မှာတဲ့လား”

ဂိုဏ်းတူအစ်ကို’လောင်’ က...

“ဒါပေမဲ့ ဒီတစ်ခါတော့ အောင်မြင်နိုင်ခြေများမယ်ထင်တာပဲ ၊ ငါတို့ သူ့သတင်းရတာနဲ့ ဒီနေရာကို ချက်ချင်းရောက်လာပြီး မိုးကောင်းကင်နက္ခတ်ပညာကိုဟန့်တားတဲ့ ရတနာပစ္စည်း ယူလာတယ်မဟုတ်ဘူးလား”

မြင်းမျက်နှာရှိသောလူရွယ်က သက်ပြင်းချရင်း...

“ဆရာကိုယ်တိုင်သာလိုက်လာမယ်ဆိုရင် သူ့ကိုဖမ်းနိုင်တာ ကြာလှပြီ”

ဂိုဏ်းတူအစ်ကို’လောင်’ က ခေါင်းခါယမ်းရင်း...

“မြောက်ပိုင်းမှာရှိတဲ့ ငါတို့အိမ်နီးချင်းပြည်နယ်တွေလိုမျိုးပဲ ၊ ဆရာ့မှာလည်း သတိထားရမယ့်လူတွေ ရှိတယ်လေ ၊ ပြီးတော့ ဒီနေရာက ငါတို့ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နဲ့ အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ် နယ်စပ်ဆိိုတော့ တစ်ခုခု ဆိုးဆိုးရွားရွားဖြစ်မှာ စိတ်ပူရတယ် မဟုတ်လား”

ထိုအချိန် စစ်ခုန်ချင်းနှင့်ဆင်တူသော လူငယ်က စကားဝင်ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကို’လောင်’ ၊ ဘာလို့ အဲဒီ ‘နှင်းကြိုးကြာ’ ဆိုတဲ့ မိန်းကလေးကို ငါတို့က လိုက်ဖမ်းနေရတာလဲ”

ဂိုဏ်းတူအစ်ကို’လောင်’ က ...

“ဂိုဏ်းတူညီလေး လီချန် ၊ ဒါက ဆရာ့အမိန့်အတိုင်း လုပ်ရတာပဲလေ”

လီချန် က ခေါင်းညိတ်ရင်း...

“နားလည်ပါတယ် ၊ ဒါပေမဲ့ သိချင်လို့ မေးကြည့်တာပါ”

ဂိုဏ်းတူအစ်ကို’လောင်’ က...

“သူက ငါတို့ဆီက အဖိုးတန်ရတနာပစ္စည်းတစ်ခု ခိုးယူသွားတယ် ၊ ဒါကြောင့် တရားမျှတမှုအတွက် သူ့ကိုဖမ်းပြီး အဲဒီပစ္စည်းကို ပြန်တောင်းရမှာ...”

စကားပြောနေစဉ်မှာပင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုခဏတွင်....

“မင်းပြောတဲ့ အဖိုးတန်ရတနာပစ္စည်းက ဘာလဲဆိုတာ ငါအရမ်းသိချင်နေပြီ”

ရောက်လာသူက ရန်ကျောက်ကဲပင်။

သီးခြားနယ်မြေဝင်ပေါက်တွင် ရန်ကျောက်ကဲ ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်နှင့် ထိုသူ (၃)ယောက်လုံး စိတ်ထဲ အေးခဲသွားကြသည်။

ဂိုဏ်းတူအစ်ကို’လောင်’ က မျက်မှောင်ကြုံ့ရင်း...

“မင်းက ဘယ်သူလဲ”

ရန်ကျောက်ကဲ၏ ရန်လိုသောရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ခံစားမိသဖြင့် ကြည်လင်သော ကြယ်တာရာချီစွမ်းအားအနှစ်သာရများက သူ့ခန္ဓာကိုယ်မှ တဖြည်းဖြည်း စတင်ထွက်ပေါ်လာသည်။

သို့ပေသိ ရန်ကျောက်ကဲက ထိုသူ (၃)ယောက်ရှေ့သို့ ချက်ချင်းရောက်ရှိလာသလို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း အခိုးအငွေ့ပမာ ရိပ်ကခနဲ ထွက်ပေါ်လာသည်။

ဤလူများတွင် စစ်ကူရှိသည်လား ၊ သို့မဟုတ် ကမ္ဘာဖြတ်လမ်းကြောင်း အခြားတစ်ဖက်တွင် လက်ရှိအခြေအနေ မည်သို့ရှိကြောင်း မသိရသေးပေ။

ထိုသူများကို မေးခွန်းထုတ်ရန် ရည်ရွယ်ချက်ရှိသဖြင့် ရန်ကျောက်ကဲက တိုက်ပွဲကို အမြန်အဆုံးသတ်လိုက်သည်။

အချိန်ခဏအတွင်း ရန်ကျောက်ကဲက ရန်သူ (၃)ယောက်လုံးကို အနိုင်ယူလိုက်သော်လည်း သတ်ဖြတ်ခြင်း မပြုသေးဘဲ အရှေ့ဘက်ရှိ ကမ္ဘာဖြတ်လမ်းကြောင်း အဝင်ဝကို စူးစိုက်ကြည့်လိုက်သည်။

မြင်းမျက်နှာရှိသော လူရွယ်က...

“မင်းက ဘယ်သူလဲ ၊ ဘာဖြစ်ချင်တာလဲ”

ဂိုဏ်းတူအစ်ကို’လောင်’က တော့ သတိထားပြီး မေးမြန်းလိုက်၏။

“မင်းက ဘယ်သူလများလဲ ၊ ဒါက ငါတို့တွေ ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာ ဖြစ်ရမယ် ၊ မင်းနဲ့ ငါတို့ ဖန်သားအလင်းကျောင်းတော်ကြားမှာ အရင်တုန်းက ရန်ငြိုးရန်စတစ်ခုခုများ ရှိခဲ့လို့လား”

ရန်ကျောက်ကဲက...

“မင်းတို့ကိုယ်မင်းတို့ ဖန်သားအလင်းကျောင်းတော်ကဆိုတာကို အစီအရင်ခံမနေနဲ့ ၊ ငါက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကိုမရောက်ဖူးပေမယ့် မင်းတို့အင်္ကျီလက်ပေါ်က သင်္ကေတကို သိပြီးသားပဲ”

သူက ပေါ့ပေါ့ပါးပါးပင် ဆက်ပြောသည်။

“ငါ ဘာလုပ်နေလဲဆိုတာက အရေးမကြီးဘူး ၊ မင်းတို့ဘာလုပ်နေလဲဆိုတာ ငါကပိုပြီးစိတ်ဝင်စားတယ်”

ကမ္ဘာဖြတ်လမ်းကြောင်းဆီသို့ လှမ်းကြည့်နေသည့် လီချန်က ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း...

“မင်းက နှင်းကြိုးကြာကြောင့် ဒီကိုရောက်လာတာလား ၊ မင်းက သူနဲ့မိတ်ဆွေလား ဒါမှမဟုတ် သူ့ကိုဖမ်းဖို့ရောက်လာတာလား”

သို့သော် ရန်ကျောက်ကဲ၏မျက်နှာကို စေ့စေ့ကြည့်ရင်း ဂိုဏ်းတူအစ်ကို’လောင်’ မျက်နှာတစ်ချက်ပျက်သွားပြီး...

“မင်း…”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင်....

“မေးခွန်းတွေက များလိုက်တာ”

ထို့နောက် ရန်ကျောက်ကဲက သူတို့ (၃)ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ ကမ္ဘာဖြတ်လမ်းကြောင်းအတိုင်း ဝင်ရောက်သွားသည်။

ကမ္ဘာဖြတ်လမ်းကြောင်းကိုဖြတ်သန်းရင်း အလင်းရောင်များတောက်ပနေသည့် အချိန်နှင့်ဗလာနယ်ကို ကျော်ဖြတ်သွားသည်။

ခဏအကြာတွင်တော့ ပတ်ဝန်းကျင်အခြေအနေက ပုံမှန်ပြန်ဖြစ်သွားပြီး ရန်ကျောက်ကဲအမြင်အာရုံတွင် လှပသည့် တောင်တန်းများ ၊ မြစ်ရေများဖြင့် ကမ္ဘာတစ်ခုကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။

ဤနေရာက ထူးခြားဆန်းပြားပြီး ပတ်ဝန်းကျင်ကလည်း အလွန်ကောင်းမွန်သည်။

“အမေက အဖေနဲ့ရှောင်အိုက်ပြောသလိုပဲ... သူ့ဘဝအရည်အသွေးကို တကယ်အာရုံစိုက်တယ်”

ရန်ကျောက်ကဲက တွေးရင်းဖြင့်ပင် ဤသီးခြားနယ်မြေ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုကို အာရုံခံပြီး ပစ်မှတ်ကို ချက်ချင်းရှာဖွေလိုက်သည်။

ထိုအချိန် သူ လက်လှမ်းမမီသော မိုးကုတ်စက်ဝိုင်းတစ်နေရာတွင် ပြင်းထန်သောအလင်းတိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်တိုင်မြင့်တက်သွားကြောင်း တွေ့ရသည်။

ထိုအလင်းတိုင်လုံးကြီး ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံက ပတ်တန်းကျင်သို့ပျံ့နှံ့သွားသည်။ ပြင်းထန်သည့် မိုးကြိုးစွမ်းအားများက ဤ သီးခြားနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပေတော့မည်။

သို့သော် မိုးကြိုးစွမ်းအားများက ရန်ကျောက်ကဲ၏ လက်ရှိတည်နေရာသို့ ရောက်လာသေးခင်မှာပင် အခြားတစ်ဖက်မှ မိုးကြိုးအလင်းစီးကြောင်းများထွက်ပေါ်လာပြီး နှစ်ဦးနှစ်ဖက် တန်ခိုးစွမ်းအားများ ရိုက်ခတ်မိသွားကြသည်။

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်ပြီး အရှိန်မြှင့်ကာ ရှေ့ဆက်သွားလိုက်သည်။

သို့ပေသိ ထိုခဏတွင် သူဖမ်းဆီးထားသော လီချန်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရုတ်တရက် တွေ့လိုက်ရ၏။

လူငယ်၏ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေဟန်ဖြင့် ရုန်းကန်လျှက်ရှိသည်။ သတိလွတ်သွားခြင်း မရှိသော်လည်း သူမျက်နှာက နာကျင်မှုကြောင့် ရှုံ့တွလျှက် စိတ်ရှုတ်ထွေးအံ့အားသင့်မှုများက သူ့မျက်လုံးထဲတွင် ရောယှက်နေသည်။

ရန်ကျောက်ကဲ အဝေးကအခြေအနေကို စိတ်ပူသည့်အတိုင် အနားတွင်ရှိနေသော လီချန်၏ အခြေအနေကြောင့် အတော်လေး အံ့အားသင့်သွားသည်။

အကြောင်းမှာ လီချန်၏နဖူးထက်တွင် အင်းသင်္ကေတတစ်ခုပုံစံ အလိုအလျောက်ထွက်ပေါ်လာသောကြောင့်ပင်။

ထိုအင်းသင်္ကေတကို ရန်ကျောက်ကဲ တွေ့မြင်ဖူးသည်။

စစ်ခုန်ချင်းအပါအဝင် သူမနှင့် ရုပ်ချင်းဆင်တူသူများအားလုံးတွင် ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ ထိုသို့သောအင်းသင်္ကေတတစ်ခုပါရှိပြီး အချင်းချင်းဆက်စပ်မှု ရှိနေသည်။

သို့ရာတွင် ရန်ကျောက်ကဲက ကျင့်စဉ်စွမ်းအားအသုံးပြုပြီးအာရုံခံကြည့်မှသာ ထိုအင်းသင်္ကေတများကို တွေ့မြင်ရခြင်းဖြစ်ပြီး ယခု လီချန်ကဲ့သို့သောဖြစ်ရပ်မျိုးကတော့ တစ်ခါမှ ကြုံတွေ့ဖူးခြင်း မရှိပေ။

ယခုတော့ လီချန်၏နဖူးထက်တွင် အလိုအလျောက်ထွက်ပေါ်လာသည့် အင်းသင်္ကေတကို မည်သူမဆို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

ဤသို့သောအခြေအနေမျိုးကို စစ်ခုန်ချင်းနှင့် အခြားသူများတွင် ရန်ကျောက်ကဲ တစ်ခါမှ တွေ့ကြုံဖူးခြင်း မရှိပေ။

လီချန်၏အခြေအနေကို အကဲခတ်လိုက်တော့ ထိုအင်းသင်္ကေတထွက်ပေါ်လာခြင်းမှာ သူ၏ကိုယ်ပိုင်ဆန္ဒဖြင့်မဟုတ်ဘဲ ပြင်ပလှုံ့ဆော်မှုအားကို ပြင်းထန်စွာခံစားရသဖြင့် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ခန့်မှန်းမိသည်။

ရန်ကျောက်ကဲက စိုးရိမ်တကြီးဖြင့်...

"အရင်က ဒီလိုအခြေအနေမျိုး ကြုံဖူးလား..."

လီချန်က နာကျင်စွာအော်ဟစ်ရင်း...

“.... မကြုံဖူးဘူး”

ရန်ကျောက်ကဲ ခေါင်းမော့ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဤနေရာ အခြာတစ်ဖက်မှထွက်ပေါ်လာသော မိုးကြိုးစွမ်းအားအလင်းတန်းများက ဖန်သားအလင်းကျောင်းတော်မှ တပည့်များအသုံးပြုလိုက်သည့် တန်ခိုးစွမ်းအား ဖြစ်သည်။

သို့သော် လီချန် ဤသို့ခံစားရခြင်းက ပထမဆုံးအကြိမ်ဖြစ်လေရာ ဤသို့ထူးခြားသောအခြေနေက သူ၏ဂိုဏ်းတူတပည့်များနှင့် သက်ဆိုင်ခြင်း မရှိနိုင်ပေ။

ဤနေရာ၏ အလယ်ဗဟိုမှထွက်ပေါ်လာသော ကောင်းကင်ထိတိုင်မြင့်မားသော ကြီးမားသည့်အလင်းတိုင်လုံးကြီးက လီချန်အပေါ် သက်ရောက်မှုရှိခြင်း ဖြစ်နိုင်သည်။

ပြီးတော့...

ထိုအလင်းတိုင်လုံးကြီးက သူ၏မိခင် ရွှယ်ချူးချင်၏လက်ရာ ဖြစ်ရပေမည်။

All Chapters