← Chapters

ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေသတ်လို့မသေ ၊ ရန်ကျောက်ကဲသတ်လို့သေ

Vol. 60 Ch. 846

ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေသတ်လို့မသေ ၊ ရန်ကျောက်ကဲသတ်လို့သေ

Vol. 60 Ch. 846

အခန်း (၈၄၆) ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေသတ်လို့မသေ ၊ ရန်ကျောက်ကဲသတ်လို့သေ

ထိုမိုးခြိမ်းသံထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်သည်။

ပြင်းထန်ပြတ်သားသောမိုးခြိမ်းသံက သူနှင့်အရင်းနှီးဆုံးမိုးခြိမ်းသံတစ်ခုဖြစ်ပြီး သူကိုယ်တိုင်လည်း မကြာခဏအသုံးပြုတတ်သော တန်ခိုးစွမ်းအားတစ်ခု ဖြစ်နေသည်။

ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးထဲက ပညာရပ်တစ်ခုဖြစ်သော “ပကတိမိုးကြိုးစွမ်းအား”။

ထိုတန်ခိုးစွမ်းအားထိခိုက်မိရုံဖြင့် လူတစ်ယောက် ချက်ချင်းပင် အသက်ပျောက်သွားနိုင်သည်။

သူ့ရှေ့ရှိ ခရမ်းရောင်မိုးကြိုးစက်ဝန်းသည် သေချာပေါက် မိုးကြိုးဧကရာဇ် မျက်လုံးအပိုင်းအစပင် ဖြစ်၏။

ရန်ကျောက်ကဲ၏ ညာဘက်မျက်လုံးတွင် စူးရှမှုကို ခံစားလိုက်ရပြီး ထိန်းချုပ်မရတော့ဘဲ အလင်းတန်းတစ်ခု လက်ခနဲ တောက်ပသွားသည်။

သူ၏မျက်ဝန်းထဲတွင် အမြဲတမ်းကွယ်ဝှက်ထားခဲ့သော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ယခုတော့ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းရင်း ပြင်ပမှတစ်စုံတစ်ခုက ဆွဲငင်နေသည့်အလား ခံစားရသည်။

(၂)ခုစလုံးက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစချင်း တူညီနေလျှင် ပိုမိုကြီးမားပြီး စွမ်းအားကောင်းသောဘက်ခြမ်းက အားနည်းသောဘက်ခြမ်းကို အလိုအလျောက် ဆွဲငင်သွားမည် ဖြစ်သည်။

ဤ ပိန်ပါးသောလူငယ်ထံတွင်ရှိနေသော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ရန်ကျောက်ကဲလက်ထဲရှိသည့် အပိုင်းအစထက် ပိုမိုကြီးမားသည်။

ယခုဆိုလျှင် ပိန်ပါးသောလူငယ်ထံမှ အပိုင်းအစက ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဆွဲငင်နေသဖြင့် တစ်ခဏအတွင်း ပေါက်ကွဲထွက်လုမတတ် ထင်မှရသည်။ ထိုလူငယ်တွင်ရှိသော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုထက်ပင် သာလွန်နေပြီ ဖြစ်၏။

ပြီးတော့ သူတို့နှစ်ယောက်အကွာအဝေးက တစ်လက်မမျှသာလျှင် ရှိသည်ဖြစ်ရာ အလွန်ပြင်းထန်သည့် ပကတိမိုးကြိုးစွမ်းအားဒဏ်ကို ကာကွယ်ရန်မှာ ခဲယဉ်းသည်။ နောက်တစ်ချက်မှာ ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးပညာရပ်များထဲတွင် ပကတိမိုးကြိုးစွမ်းအားက အလျှင်မြန်ဆုံး ဖြစ်၏။

ထို့ကြောင့် ဤမျှ နီးနီးကပ်ကပ်တွင် ပကတိမိုးကြိုးစွမ်းအား ထွက်ပေါ်လာခြင်းက ရန်ကျောက်ကဲအတွက် တုံ့ပြန်ရန် အချိန်မရှိသလောက် ဖြစ်ရသည်။

ရတနာပစ္စည်းများအသုံးပြုခြင်းကို တားဆီးထားသော ဝိညာဉ်အလံရှည်မှ အလင်းရောင်မိုးစက်များက ရန်ကျောက်ကဲကို ထိခိုက်စေရုံသာမက ဖန်သားအလင်းကျောင်းတော်မှ တပည့်များကိုလည်း ထိခိုက်စေခဲ့သည်။

ထို့ကြောင့် စောစောက သူသေကိုယ်သေတိုက်ခိုက်ကြသည့်တိုင် ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကိုသာ မှီခိုကြရပြီး ရတနာပစ္စည်များ လုံးဝ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

တစ်ဖက်လူက ထိုအခွင့်အရေးကိုအသုံးချကာ အလင်းမိုးစက်များ လွင့်ပြယ်သွားသည်နှင့် ရန်ကျောက်ကဲကို မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

စောစောက ကြောက်လန့်တခြားထွက်ပြေးပြီး သေချင်ဟန်ဆောင်ခဲ့သူ လူငယ်၏မျက်ဝန်းများက အေးစက်နေပြီး သူက ဤအခိုက်အတန့်ကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ချင်းယှဉ်လျှက်ပင် ရန်ကျောက်ကဲက သူ့ကိုယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု ထိုလူငယ် တွေးထင်ခဲ့သည်။

ထို့ကြောင့် လူငယ်က ရန်ကျောက်ကဲကို အနိုင်ယူလိုပါက အလံရှည်မှ အလင်းမိုးစက်များရပ်တန့်သွားချိန်တွင် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစအကူအညီဖြင့် ပကတိမိုးကြိုးစွမ်းအားကို အသုံးပြုတိုက်ခိုက်ရန် ရည်ရွယ်ထားသည်။

ပကတိမိုးကြိုးစွမ်းအားထုတ်ဖော်လိုက်သည်နှင့် ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို အသုံးပြုချင်သည်ဆိုလျှင်ပင် အခွင့်မသာနိုင်ဟု သူက ယုံကြည်ခဲ့သည်။

တိုက်ပွဲတစ်လျှောက် ရန်ကျောက်ကဲက အသာစီးရနေပြီး ပြိုင်ဘက် (၃)ယောက်မှာ သေသူသေ  ၊ ဒဏ်ရာရသူရ ဖြစ်ခဲ့ကြသည်။

ထို့ကြောင့် အလင်းမိုးစက်များလွင့်ပြယ်သွားသည့်တိုင် ရန်ကျောက်ကဲက သူ၏ ကျင့်ကြံခြင်းစွမ်းအားကိုသာ အားကိုးတိုက်ခိုက်နေပြီး ထူးကဲယန်စည်းတံဆိပ်ကို ထုတ်ဖော်အသုံးပြုခြင်း မရှိသေးပေ။

ဤအချက်က ထိုလူငယ်ကို ပကတိမိုးကြိုးစွမ်းအားဖြင့် အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်၏။

ပိန်ပိန်ပါးပါးလူငယ်က ဤအချက်ကိုလက်ကိုင်ထားကာ ရန်ကျောက်ကဲအား ပစ်မှတ်ထားခဲ့ခြင်းပင်။

စောစောက ထွက်ပြေးဟန်ဆောင်ပြီးနောက် သေချင်ယောင်ဆောင်ကာ အခွင့်အရေးကိုအမိအရဆုပ်ကိုင်ရင်း တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်ကောင်း စောင့်နေခဲ့ခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ပြင်းထန်သောစွမ်းအားအပြည့်ဖြင့် ဆင်းသက်လာပြီး ပိန်ပိန်ပါးပါးလူငယ်၏ ဦးခေါင်းထက်သို့ ကျရောက်သွားသည်။

တဖက်က စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ ၊ တစ်ဖက်က ပကတိမိုးကြိုးစွမ်းအား။

နှစ်ဖက်လုံးက သေမင်းတမာန်စွမ်းအားများ ညီမျှနေပြီး အရေးကြီးသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်လိုက်ကြသည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ထုတ်လွှတ်လိုက်ပြီးနောက် လူငယ်ကရှောင်လွှဲမရတော့ဘဲ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က သူ၏ဦးခေါင်းထက်သို့ကျရောက်သွားကာ ဦးခေါင်းခွံပွင့်ထွက်သွားသည်။

သူ၏ဦးခေါင်းထက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် တွင်းကြီးတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

သို့သော် ပိန်ပိန်ပါးပါးလူငယ်က အသက်သေဆုံးခြင်း မရှိသေးပေ။ သေလုဆဲဆဲဖြစ်သွားသည့်တိုင် သူ၏ဦးခေါင်းခွံဒဏ်ရာက စွမ်းအားပြည့်ဖြင့် ပြန်လည်ကောင်းမွန်လာသည်။

ချန်စန်းသိုင်းပညာကို အပြည့်အဝလှည့်ပတ်လိုက်လျှင် ပြောင်းပြန်လှည့်ပတ်မည်ဆိုလျှင် ရှင်သန်ခြင်းမှ သေခြင်းသို့ ပြောင်းလဲနိုင်သည်။ ယခု လူငယ်က သူ့အသက်မသေစေရန်အတွက် သေခြင်းတရားမှ ရှင်သန်ခြင်းအဖြစ် လှည့်ပတ်ထားသည်။

သို့သော် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ထိုးနှက်ခံရပြီးသည့်နောက် လူငယ်၏ပုံစံက အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ပြောင်းလဲသွားသည်။

ဦးခေါင်းခွံအက်ကွဲပြီး သွေးများစီးကျနေသေးသည့်တိုင် အသက်ရှင်သန်နေသေးသည်။ သို့ပေသိ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ခွေပြီး တဆတ်ဆတ်တုန်ယင်နေကာ မျက်ဝန်းတစ်ခုလုံး မှောင်အတိကျသွားသည်။

ပြင်းထန်စွာနာကျင်သောဝေဒနာက သူ့အား ရူးသွပ်သွားစေမည့်အလား ခံစားရသည်။

သို့သော် ဤလူငယ်က သေမင်းတံခါးဝမှ အတင်းအကျပ် ပြန်ထွက်လာပြီး ဆက်လက်အသက်ရှင်နိုင်ခဲ့သည်။

"ငါအောင်မြင်ပြီ"

လူငယ် ရေရွတ်လိုက်သည်။

“ရန်ကျောက်ကဲ... ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်မထားဘူးမဟုတ်လား”

ဤသို့ဖြစ်လာရန် နဂိုကတည်းက သူ မျှော်မှန်းထားခဲ့သည်။

သူ၏အားထုတ်မှုက နှစ်ဖက်လုံးအတွက် အန္တရယ်ရှိနိုင်သော်လည်း သူက အသက်ရှင်သန်နိုင်ပြီး ရန်ကျောက်ကဲကတော့ ပကတိမိုးကြိုးစွမ်းအားထိမှန်ကာ သေဆုံးသွားမည်ဟု ယုံကြည်ခဲ့သည်။

ထို့ကြောင့် ဤသို့သောအခြေနေရောက်ရှိရန် မရမက ဖန်တီးယူခဲ့ခြင်းပင်။

“ဂိုဏ်းတူညီလေး’ရှန်း’”

သိုင်းသူတော်စင် ပဉ္စမအဆင့်ရှိ ဖန်သားအလင်းကျောင်းတော်မှတပည့်က အော်ဟစ်ရင်း အနားသို့ ပြေးလွှားလာသည်။

ပိန်ပိန်ပါးပါးလူငယ် ရှန်းယိယန်၏ဒဏ်ရာများက အလွန်ပြင်းထန်သဖြင့် အသက်ဓာတ်စွမ်းအားဖြည့်သွင်းကုသပေးရန် အရေးတကြီးလိုအပ်နေသည် မဟုတ်ပါလား။

ရှန်းယိယန်က ရန်ကျောက်ကဲအခြေအနေမည်သို့ရှိသည်ကို ခက်ခက်ခဲခဲမျက်လုံးဖွင့်ရင်း လှမ်းကြည့်လိုက်သည်။

သို့သော် ငြိမ်သက်နေပြီဖြစ်သော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကိုကိုင်ဆောင်ထားပြီး ဒဏ်ရာတစ်ချက်ပင်မရဘဲ အသက်ရှင်သန်နေသေးသော ရန်ကျောက်ကဲကိုတွေ့လိုက်ရသည့်အခါ လူငယ်မှာ အံ့အားသင့်သွားရသည်။

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကြောင့် သူ၏ဦးခေါင်းပေါက်ကွဲထွက်သွားသဖြင့် စောစောက မည်သို့အခြေအနေဖြစ်ပျက်ခဲ့သည်ကို မသိမြင်ခဲ့ရပေ။

အမှန်တော့ ဤသို့ဖြစ်သည်။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ သူ့ထံသို့ဝင်ရောက်လာသည်နှင့် ရန်ကျောက်ကဲ၏ မျက်ခုံးနှစ်ခုကြားမှ ထူးဆန်းသော ချီစွမ်းအားစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုချီစွမ်းအားစီးကြောင်းက ပရမ်းပတာချီစွမ်းအားစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။

ထို ပရမ်းပတာချီစွမ်းအားအစုအဝေးက သူ့ထံဝင်ရောက်လာသော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အနည်းငယ် တုံ့ဆိုင်းသွားစေသည်။

သို့သော် ထိုအချိန်ခဏလေးကပင် ရန်ကျောက်ကဲအတွက် လှုပ်ရှားရန် လုံလောက်ပေပြီ။

သူ၏ညာဘက်မျက်လုံးမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ပျံသန်းထွက်ခွာသွားပြီး ရန်သူ့ထံမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစဖြင့် ပေါင်းစည်းသွားသည်။

သို့သော် ရန်ကျောက်ကဲက ပကတိမိုးကြိုးစွမ်းအားကို ကျင့်ကြံထားသူဖြစ်သဖြင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ၏ အကူအညီမပါလျှင်လည်း ထိုတန်ခိုးစွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။

ရန်ကျောက်ကဲ၏ မျက်ဝန်းများမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မိုးခြိမ်းသံများထွက်ပေါ်လာသည်။

ပကတိမိုးကြိုးစွမ်းအားနှင့် ပတကိမိုးကြိုးစွမ်းအား တွေ့ဆုံသွားသည်။

ပြင်းထန်သောမိုးကြိုးသွားများက ရန်ကျောက်ကဲရှေ့တစ်လက်မအလိုတွင် အဆုံးမရှိသော ကွင်းဆက်ကြိုးများပမာ ပေါက်ကွဲထွက်သွားသည်။

ရန်ကျောက်ကဲက ခန္ဓာကိုယ်ကို ဘေးသို့အသာတိမ်းကာ လျှောက်လွှဲလိုက်သဖြင့် ပေါက်ကွဲထွက်သွားသော မိုးကြိုးစွမ်းအားများမှ လွတ်မြောက်သွား၏။

ထို့ကြောင့် ရန်သူ၏တိုက်ခိုက်မှုက လေထုထဲသို့သာကျရောက်သွားပြီး ရန်ကျောက်ကဲကို ထိမှန်ခြင်း မရှိတော့ပေ။

ထို့နောက် သူက လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ငြိမ်သက်နေပြီဖြစ်သော မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကိုယူဆောင်ကာ နောက်သို့ဆုတ်သွားသည်။

သူ့မူလပိုင်ဆိုင်ခဲ့သော အပိုင်းအစသည် ယခု ရန်သူ၏ပိုမိုကြီးမားသော အပိုင်းအစနှင့် ပေါင်းစပ်ပြီးဖြစ်၍ ပို၍ပင် ကြီးမားသော မိုးကြိုးစက်ဝန်းတစ်ခု ဖြစ်တည်လာသည်။

ရန်ကျောက်ကဲက ဦးခေါင်းတစ်ခုလုံးအက်ကွဲနေပြီး အသွေးအသားများပုံပျက်နေသော ရှန်းယိယန်၏ ကြေကွဲစရာပုံစံကို လှမ်းကြည့်လိုက်သည်။

ရှန်းယိယန်က နာကျင်စွာဖြင့် ပြူးကျယ်သည့်မျက်လုံးများဖြင့် သူ့ကိုကြည့်နေ၏။

လူငယ်ကိုအကဲခတ်လိုက်တော့ ဒဏ်ရာများက ပြင်းထန်သည့်တိုင် ဦးခေါင်းထက်မှ ဒဏ်ရာက တဖြည်းဖြည်း ပြန်လည်သက်သာလာသည်ကို တွေ့လိုက်ရသည်။

င်းခွံနှင့် အသွေးအသားများ တုန်တုန်ယင်ယင် ဖြစ်နေသည်မှာ သိသိသာသာပင်။

ရန်ကျောက်ကဲက...

"မင်းမှာ ‘ခြောက်သွေ့သစ်သားခန္ဓာ’ ပိုင်ဆိုင်ထားတဲ့သူလား ၊ မင်းရဲ့ ပြန်လည်ရှင်သန်ခြင်းအသက်ဓာတ်စွမ်းအားကတော့ အံ့မခန်းပါပဲ”

“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်မှာတုန်းက လူငယ်မျိုးဆက်တွေရဲ့အလယ်မှာ အရမ်းတော်တယ်ဆိုတဲ့ ဖန်သားအလင်းကျောင်းတော်က ရှန်းယန်ယိလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်း သိခဲ့ရဖူးတယ် ၊

သူက အံ့သြစရာရုပ်ခန္ဓာတစ်ခုဖြစ်တဲ့ ‘ခြောက်သွေ့သစ်သားခန္ဓာ’ ကို ပိုင်ဆိုင်ထားပြီး ချန်စန်းသိုင်းပညာကိုလည်း ကျင့်ကြံထားတဲ့အတွက် တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာ သူ့ကိုဘယ်သူမှ မသတ်နိုင်ဘူးလို့ နာမည်ဂုဏ်သတင်းကျော်ကြားတယ်”

ရန်ကျောက်ကဲက အံ့အားသင့်စွာဖြင့် ဆက်ပြောသည်။

“တကယ်တော့ ဒီလိုရုပ်ခန္ဓာပိုင်ဆိုင်ထားတဲ့သူမျိုး တွေ့မြင်ရတာ ခပ်ရှားရှားပဲ ၊ မင်းကို တစ်ခါမှမမြင်ဖူးတာဆိုးတာပဲ ၊ မဟုတ်ရင် မြင်တာနဲ့ မင်းဘယ်သူဆိုတာ တန်းပြီးသိမှာ”

ထို့နောက် ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောရင်း...

“အခု ငါမင်းကို တကယ်ဂုဏ်ပြုရမှာပဲ ၊ ဒီနေ့ပြီးတာနဲ့ ကျင့်ကြံခြင်းအဆင့်တူညီတဲ့သူတွေ မင်းကိုဘယ်သူမှမသတ်နိုင်ဘူးဆိုတဲ့ ဂုဏ်ပုဒ်ကို ထာဝရထိန်းသိမ်းထားနိုင်တော့မှာမို့လို့ပဲ”

All Chapters