← Chapters

ဟိုတယ်ကို လက်လွှဲယူခြင်း

Vol. 1 Ch. 3

ဟိုတယ်ကို လက်လွှဲယူခြင်း

Vol. 1 Ch. 3

"ဖက်ခ်..."

စနစ်၏ ဆုလဒ်ကို မြင်ပြီးနောက်လင်းရီ အံ့ဩသွားခဲ့သည်။

‌

အော်ဒါတစ်ခုလက်ခံပြီးနောက် ၅၀မီလီယမ် ဒေါ်လာ...

ဒါလုံး၀ စိတ်လှုပ်ရှားစရာပဲ

ရှေ့တွင် သူရရှိ‌ထားသော ၁၀မီလီယမ် ထပ်ပေါင်းပါက သူ့တွင် ပိုင်ဆိုင်မှု ၆၀မီလီယမ် ရှိပြီဖြစ်သည်။

ထို့ပြင် ပန်နီဆူလာ ဟိုတယ်လည်းရှိသေးသည်။ ယခု သူ့ကို လူချမ်းသာတစ်ဦးအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။

လင်းရီ မေးစေ့ကိုပွတ်လိုက်သည်။ ဆုလဒ်များက ဆွဲဆောင်နေသော်လည်း ပန်နီဆူလာဟိုတယ်မှာ သူ၏လက်ခံမှု‌ကို စောင့်မျှော်နေသည်။

မည်သူမျှ အော်ဒါမတင်သောအခါ သူသည်လည်း ဟိုတယ်ကို လက်လွှဲယူရန် ပန်နီဆူလာ ဟိုတယ်သို့ ဦးတည်လိုက်သည်။

ပန်နီဆူလာဟိုတယ်မှာ ကျုံးဟိုင်မြို့၏ ကြယ်ငါးပွင့် အဆင့်မြင်ဟိုတယ်များထဲမှ တစ်လုံးဖြစ်သည်။

ထို့ကြောင့် တစ်ခါတလေဆယ်လီတော်တော်များများ ဤနေရာ၌ မင်္ဂလာဆောင် ကျင်းပကြသည်။

အတိတ်တွင် လင်းရီသည် ဤနေရာမှဖြတ်သွားတိုင်း အဝေးမှ ငေးကြည့်ခဲ့ရသည်။ သို့သော် ယနေ့ကဲ့သို့ သူ၏ပိုင်ဆိုင်မှု ဖြစ်လာမည်ဟု တကယ်ကို ထင်မှတ်မထားခဲ့ပေ။

'ဘ၀က တကယ်ကို အနိမ့်အမြင့် ရှိတာဘဲ'

ကားပါကင်ထိုးပြီးနောက် လင်းရီ ဟိုတယ်ထဲသို့ ၀င်လိုက်သည်။

သူ ဟိုတယ်ထဲသို့ ၀င်၀င်ချင်း စကားဝိုင်းတစ်ချို့ကို ကြားလိုက်ရသည်။

"ယွင်ကျယ် ငါ့မွေးနေ့ကို ဒီမှာ ကျင်းပပေးတဲ့အတွက် ကျေးဇူးပါ ဒါငါပထမဆုံး ဇိမ်ခံ ဟိုတယ်ကို ရောက်ဖူးတာဘဲ"

"ရပါတယ် ပါးပါးလေးပါ"

စကားပြောလ်ုက်သူမှာ သာမန်ရုပ်ရည်မျှရှိသော်လည်း

သူ၏ အ၀တ်များမှာ လွန်စွာ စတိုင်ကျ၏။ သူသည် တခြားသူများ၏ မနာလိုသော အကြည့်များကို နှစ်သက်နေခဲ့သည်။

ထိုသူ၏အမည်မှာ ယွင်ကျယ်။ မိသားစုမှာ

သစ်လုပ်ငန်း လုပ်ကိုင်သောကြောင့် ကျုံးဟိုင်မြို့တွင် အနည်ငယ် ချမ်းသာသည်ဟု ဆိုနိုင်သည်။

သူသည် မာစီးတီး ဘန်ဇ် E ကိုမောင်းနှင်ပြီး ထိုကားမှာ လင်းရီ၏ ရှာရီကားပဟောင်းအစုတ်လေးထက်တော့ များစွာသာလွန်သည်။

လျိုစီစီနှင့် ယွင်ကျယ်မှာ မနေ့ညက ဘားတွင် ဆုံခဲ့သည်။

သူတို့တစ်ညလုံး WeChat ပေါ်တွင် စကားပြောပြီးနောက် သူသည် ကောင်းမွန်သော မိသားစုမှ လာကြောင်း သိလိုက်ရ၏။ ထို့ကြောင့် လင်းရီကို ချောင်ထိုးလိုက်ပြီး ယွင်ကျယ်ကို ရွေးချယ်လိုက်သည်။

ယွင်ကျယ်ကလည်း လျိုစီစီကို စိတ်မပျက်စေခဲ့။ ယနေ့သည် သူမ၏ မွေးနေ့ဖြစ်ကြောင်း သိရှိပြီးနောက် မွေးနေ့ပွဲကို ပန်နီဆူလာ ဟိုတယ်သို့ ပြောင်းရွှေ့လိုက်သည်။

"မွမွ....အရမ်းချစ်တယ်နော်"

အသံမှာ လွန်စွာရင်းနှီးနေပြီး လှည့်ကြည့်လိုက်သောအခါ သူ၏ ex လျိုစီစီဖြစ်နေခဲ့သည်။

လင်းရီ အနည်းငယ်အံ့ဩသွားသည်။ သူမ၏ မွေးနေ့ကို ပန်နီဆူလာ ဟိုတယ်၌ ကျင်းပမည်ဟု ထင်မှတ်မထားခဲ့ခြင်းပင်။

သို့သော်လည်း လျိုစီစီ၏ဘေးတွင်ရှိသော မိန်းကလေးနှစ်ယောက်ကိုလည်း အနည်းငယ်ရင်းနှီးနေသည်။

သူတို့မှာ လင်းရီအကြိမ်အနည်းငယ်ခန့် တွေ့ဖူးသော သူမ၏ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပင်။

ကျန်သူများကိုတော့ လင်းရီလည်း မသိ။ ဟိုအကောင်၏ သူငယ်ချင်းများသာဖြစ်ပေမည်။

"အသေးမွှားလေးပါ ပန်နီဆူလာဟိုတယ်က ဈေးကြီးပေမဲ့ ငါ့ကြွယ်၀မှုနဲ့ဆိုရင် တစ်ပါတ်တစ်ခါလောက် လာဖို့က အသာလေးပဲ"

"ဒါလင်.. ငါ နင့်ကို စောတွေ့ခဲ့သင့်တာ "လျိုစီစီက ချစ်စရာကောင်းစွာ ပြောဆိုခဲ့သည်။

"စီစီ ကြည့်စမ်းပါဦး အဲ့တာ လင်းရီ မလား"

"သူမသူငယ်ချင်း၏ အသံကိုကြားသောအခါ တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။"

တံခါးရှေ့တွင် ရပ်နေသူက တကယ်ဘဲ ဘဲ လင်းရီပင်။

"လင်းရီ နင်ဒီကို ဘာလာလုပ်တာလဲ"

စီစီ၏ အမူအရာမှာ ချက်ချင်း ၁၈၀ဒီဂရီ ပြောင်းလဲသွားသည်။

သူမတို့နှစ်ဦးဇာတ်လမ်း ပြတ်ပြီဖြစ်ကြောင်းပြောထားသော်လည်း လင်းရီမ‌မှာ သူမနောက် လိုက်နေတုန်းပင်။ သူတကယ်ပဲ ငါ့ကို စွဲလမ်းနေတာလား

"ဒီနေရာက မင်းအိမ်မှ မဟုတ်တာ ငါက ဘာလို့ ၀င်လာလို့ မရမှာလဲ"လင်းရီပြောလိုက်သည်။

"ငါနင့်ကို ဒီကို မလာဖို့ ဖုန်းဆက်ပြီးပြီမလား အဲ့ဒါဆို နင်က ဘာလို့ ဒီရောက်နေတာလဲ"လျိုစီစီ မေးခွန်းထုတ်လိုက်သည်။

"ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားပြီ နင်ငါ့ကို ဒူးထောက်ပြီးတောင်ပန်ရင်တောင် ပြန်ပြီး

လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး ဒါကြောင့် ပြန်တွဲချင်ရင် လဲသာ သေလိုက်တော့"

ထိုအခိုက်အတန့်တွင် ယွင်ကျယ်နှင့် သူ့သူငယ်ချင်းများရောက်ရှိလာသည်။

"မင်းနာမည်က လင်းရီ ဟုတ်တယ်မလား စီစီငါ့ကို မင်းအကြောင်းပြောဖူးတယ် ဒါပေမဲ့ အခုကစပြီးတော့ စီစီကငါ့အပိုင်ဘဲ မင်းသူမကို ထပ်ပြီး မနှောက်ယှက်တော့ဘူးလို့ ငါမျှော်လင့်တယ်"

"အကိုကျယ် ဒီလို အရှုံးသမားနဲ့ အကို့အချိန်တွေကို ဖြုန်းတီးမနေစမ်းပါနဲ့ အကို့ရဲ့ အချိန်တွေကသူနဲ့ မတန်ဘူး" ယွင်ကျယ်၏ သူငယ်ချင်းတစ်ယောက်မှ ပြောလိုက်သည်။

"မင်းမှန်တယ် ငါ့အချိန်တွေက အရမ်းတန်ဖိုးရှိတယ် သူနဲ့မတန်ဘူး"ယွင်ကျယ် လျိုစီစီကို ပြုံးရင်းပြောလိုက်သည်။

"အိုကေ အိုကေ ငါအခုဘဲ သူ့ကို မောင်းထုတ်လိုက်မယ်"

လျိုစီစီ လင်းရီကို လေးနက်စွာတစ်ချက်ကြည့်ပြီး

"နင် ၀မ်းနည်းနေတယ်ဆိုတာငါသိတယ် ဒါကြောင့် အလုပ်တောင်မသွားဘဲ ဒီကိုလာပြီး ‌‌ေဖြရှင်းချက် လာတောင်းတာပေါ့ ကောင်းပြီ ‌ရှင်းအောင်ပြောထားမယ် ငါနဲ့ ယွင်ကျယ်က အချစ်စစ်နဲ့ ချစ်ကြတာ နင်ဘာပြောပြော ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပြောင်းလဲတော့မှာ မဟုတ်ဘူး ဒါကြောင့် နင်ထွက်သွားလိုက်တော့"

"ငါက ဘာလို့ ထွက်သွားရမှာလဲ "လင်းရီပြောလိုက်သည်။

"ငါဒီလာတာ မင်းကိုလာတွေ့တယ်လို့ ဘယ်သူပြောလဲ"

"ဟီး ဟီး....."

လျိုစီစီ လက်ပိုက်ပြီး အေးစက်စွာ ရယ်လိုက်သည်။

"နင်ဒီလာတာ ငါ့ကိုတွေ့ဖို့ မဟုတ်ဘူးဆိုရင် စားဖို့လာတာလား နင့်မျက်လုံးတွေကို သေချာဖွင့်ပြီးကြည့်စမ်း ဒါက ပန်နီဆူလာဟိုတယ် လူချမ်းသာတွေပဲ လာနိုင်တယ် နင်ဒီကို လာချင်တယ်ဆိုရင်တော့ နင့်ရဲ့ ရှာရီအစုတ်လေးကို ရောင်းပြီးမှဘဲ လာနိုင်မယ် ဟွန့်.... "

"စီစီ ပြောတာ မှန်တယ် "သူမသူငယ်ချင်းတစ်ယောက်မှ ထပ်ပေါင်းပြောလိုက်သည်။

"လင်းရီ နင်က ချောပေဲ့ တစ်ခြားနေရာမှာဆို ယွင်ကျယ်နဲ့ ဆီနဲ့ရေဘဲ သူကနင့်ထက် အများကြီး ချမ်းသာပြီး အဆက်အသွယ်လည်း ကောင်းတယ် နင်ကြိုးစားနေတာ ရပ်ပြီး အရှုံးပေးလိုက်သင့်ပြီ "

"ဟုတ်တယ် မန်နေဂျာတောင်မှ သူလာစားရင် ၉၅%

ဒစ်စကောင့် ပေးရတယ် နင့်မှာကော အဲ့လို အစွမ်းအစမျိုးရှိလို့လား" နောက်ထပ် မိန်းခလေးတစ်ယောက်မှ ပြောလိုက်သည်။

"၉၅% ဒစ်စကောင့် "လင်းရီပြုံးလိုက်ပြီး "ဘယ်သူက အဲ့လို လုပ်ဖြို အာဏာရှိလဲဆိုတာ သိချင်မိတယ်"

ထိုအချိန်တွင် ၀တ်စုံအနက် ၀တ်ဆင်ထားသော

လူတစဒါဇင်ခန့် ရောက်ရှိလာသည်။

"ဟီး ဟီး ဘယ်သူက ဒီလိုအာဏာရှိလဲ ဆိုတာ မင်းသိချင်နေတာမလား သူအခု ဒီရောက်နေပြီလေ"ယွင်ကျယ် ပြောလ်ုက်သည်။

"အဲ့လူတွေထဲက ခေါင်းဆောင်က ဒီဟိုတယ်ရဲ့ မန်နေဂျာ ထျန်၀မ်လုံလေ ငါ့အဖေက သူနဲ့သိတယ် ဒါကြောင့် သူငါ့ကို ‌ဒစ်စကောင့်ပေးတာ"

"ညီကိုကျယ် သူ့ကို အာရုံထားမနေနဲ့ မန်နေဂျာ၀မ်ရောက်ပြီဆိုမှတော့ သူ့ကို အရင်သွားပြီး နှုတ်ဆက်ရအောင် "

လျိုစီစီမှ ပြောလိုက်သည်။

"အင်း အဲ့တာအကောင်းဆုံးဘဲ "

ယွင်ကျယ် သူ့အင်္ကျီကို ခါခပ်ပြီး ထျန်၀မ်လုံဆီသို့ လမ်းလျောက်သွားသည်။

သို့သော်လည်းသူနှုတ်ဆက်ခါနီးတွင် ထျန်၀မ်လုံမှ သူ့ကို တွန်းထုတ်သွားသည်။

"ငါ့အရှေ့ကနေ ဖယ်စမ်း"

ယွင်ကျယ်နှင့် လျိုစီစီမှာ ကြက်သေသေသွားခဲ့သည်။ သူတို့အခုနလေးတင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ထားကြတာမဟုတ်လား။ ဘာလို့ခုမှ ရုတ်တရက်ကြီး မာနကြီးသွားရတာလဲ။

ထို့နောက် ယွင်ကျယ်ကို ကျော်သွား၍လျိုစီစီရှေ့ ရပ်နေသော လင်းရီထံ ၉၀ ဒီဂရီ ဦးညွတ်လိုက်ပြီး

"‌ဒါရိုက်တာလင်း ‌ဘော့စ်က ဒီရောက်နေတာလား"

All Chapters