လင်းရီီ နင်ငါ့ကို ခွင့်လွှတ်မယ်မလား
Vol. 1 Ch. 4
"သူ....သူ လင်းရီကို ဒါရိုက်တာလင်းလို့ ခေါ်လိုက်တယ်"
လျိုစီစီမှာ အလွန်အမင်း ရှော့ခ် ရသွားပြီး လဲကျလုနီးပါးပင်။
သူက သောက်သုံးမကျတဲ့ အရောင်းသမား မဟုတ်လား။
ဘယ်လိုလုပ် ပန်နီဆူလာ ဟိုတယ်ရဲ့ သူဌေးဖြစ်နိုင်မှာလဲ။
ပန်နီဆူလာဟိုတယ်၏ ပျှမ်းမျှ တန်ဖိုးတင် ၁၀၀မီလီယမ်ကျော် တန်ကြေးရှိ၏။
တစ်လ၀င်ငွေသည်ပင် ယွင်ကျယ်မိသားစု၏ တစ်နှစ်စာ ၀င်ငွေကို လွှမ်းမိုးရန် လုံလောက်သည်။ သူမတကယ် ကျိကျိတက် ချမ်းသာတဲ့ သူဌေးတစ်ယောက်ကို လက်လွှတ်လိုက် မိတာဘဲ။
လင်းရီ မန်နေဂျာကို ပေါ့ပါးစွာ ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး
"သွားစို့ ဒီနေ့က စပြီး ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲ"
"ဟုတ် ဟုတ် သူဌေး ပြောတာမှန်ပါတယ်"
"လင်းရီ၏ စကားလုံးများသည် ဟိုတယ်၏ အလယ်ပိုင်းနှင့် အထက်ပိုင်း ၀န်ထမ်းများကို ရှော့ခ် ရသွားစေသည်။"
'ပန်နီဆူလာဟိုတယ်ကို ၀ယ်လိုက်တဲ့သူက အရမ်းကို ငယ်ရွယ်ပြီး လေးစားဖို့ကောင်းတာဘဲ'
မယုံနိုင်စရာပင်။
"ဒါရိုက်တာလင်း ကျွန်တော်တို့ အပေါ်ထပ်က စည်းဝေးခန်းထဲ သွားရအောင် ခင်ဗျားက အခု ဒီဟိုတယ်ရဲ့ ပိုင်ရှင်ဆိုတော့ ကျွန်တော်တို့ ခင်ဗျားကို အလုပ်အကြောင်း တင်ပြရမယ် "
"အိုကေ သွားစို့"
လင်းရီသည် သူ၏ အဆင့်အတန်းအသစ်ကို နေသားကျအောင် အကောင်းဆုံးကြိုးစားနေသည်။
ဒီစီးပွားရေးကသူ့ဟာပဲ ဒါကြောင့် ပိုသိအောင် ကြိုးစားရမယ်
"ဘော့စ်လင်း ကျေးဇူးပြုပြီး ဒီဘက်ကို..."
ဘော်ဒီဂတ် တစ်သိုက်၏ ဦးဆောင်မှုနောက်တွင် လင်းရီ ငါးထပ်မှ အစည်းဝေးခန်းသို့ ရောက်ရှိလာသည်။
"ဘော့စ်လင်း ဒါတွေက ကျွန်တော်တို့ရဲ့ ငွေကြေးရှင်းတမ်းတွေပါ ပြီးတော့ ဒါက လတ်တလော အသုံးစရိတ် မှတ်တမ်းတွေပါ တစ်ချက် ကြည့်ကြည့်ပါဦး "
စားပွဲပေါ်မှ စာဖိုင် တစ်ပုံတခေါင်းကြီးကိုကြည့်ရင်း လင်းရီ ဟိုတယ်၏ စီမံခန့်ခွဲမှုအတွက် ကုန်ကျမှုကို လျော့တွက်မိထားကြောင်း သတိပြုမိလိုက်သည်။
သူသည် ပရော်ဖက်ရှင်တစ်ယောက်မဟုတ်။ ကျွမ်းကျင်သူဆိုလျင်တောင် ဤစာရွက်စာတမ်းများက်ု ဖတ်ရန် ရက်အနည်းငယ်ခန့် ကြာပေမည်။
"ငါဒါတွေ မကြည့်တော့ဘူး အရင်အဟောင်းအတိုင်းဘဲ ဆောင်ရွက်ကြမယ်"လင်းရီ ပြောလိုက်သည်။
"မင်းသံသယဖြစ်စရာလိုဘူး ငါကမင်းရဲ့ဘောစ့်အသစ်ဖြစ်ပြီး မင်းနဲ့ တစ်ခါမှ မဆုံဖူးပေမဲ့ မင်းမျက်လုံးထဲက လေးနက်မှုတွေကို တွေ့နေရတယ် ဒါကြောင့် မင်းအမှားလုပ်မှာ မဟုတ်ဘူးလို့ ငါယုံတယ်။"
လင်းရီသည် ၀ါရင့်အရောင်းသက်တမ်းအတွေ့အကြုံအရ လူများနှင့် ပြောဆိုရာတွင် လွန်စွာ ပါးနပ်လှ၏
လင်းရီ၏ စကားများမှာ ဟိုတယ်၀န်ထမ်းများအား ကျေနပ်သွားစေသည်။
ယနေ့သည် သူတို့ ပထမဆုံးတွေ့ဆုံသော နေ့ပင်။ ဘော့စ်အသစ်မှာ သူတို့အား ဤမျှ ယုံကြည်လိမ့်မည်ဟု ထင်မှတ်မထားကြ။
အိုး.. အရမ်းကို ထိရှသွားပြီ။
"ကောင်းပြီ ငါမင်းကို ယုံတယ်"
ဒေါက် ဒေါက် ဒေါက်
လင်းရီ ထွက်ခါနီးတွင် အရေးတကြီး တံခါးခေါက်သံ မြည်လာသည်
"၀င်ခဲ့" လင်းရီ ပြောလိုက်သည်။
ပန်နီဆူလာဟိုတယ်၏ အမျိုးသမီး ၀န်ထမ်းတစ်ဦး ၀င်လာပြီး သူမ၏ ပုံစံမှာ အလွန်အမင်း စိတ်ညစ်နေဟန် တူသည်။
"မန်နေဂျာ၀မ် အခန်း ၁၇၀၄က ဧည့်သည်က ကျွန်မတို့ကို ကွန်ပလိန်းတက်နေတယ် ရပ်လို့လည်းမရဘူး ကျေးဇူပြုပြီး အမြန်ဖြေရှင်းပေးပါဦး"
"ငါတို့ကို ကွန်ပလိန်းတက်နေတယ် ဘာလို့လဲ"
"သူမ မနေ့က ကျွန်မတို့ ဟိုတယ်ရဲ့ အငှားကား၀န်ဆောင်မှုကနေ မာစီတီးဘန် တစ်စီး ကြိုတင်ငှားခဲ့တယ် ဒါပေမဲ့ ကျွန်မတို့ရဲ့ VIP ဖောက်သည်တစ်ဦးက အတင်းငှားသွားလို့ သူမကို ကားလဲပေးချင်ပေမဲ့
သူမက လက်မခံဘဲ ကွန်ပလိန်းတက်နေလို့... "
ထျန်း၀မ်လုံ ဘာမျှ မပြောသေး။ ဘော့စ်က ဒီမှာ ရှိသောကြောင့် သူဘာလုပ်ချင်လဲဆိုတာ အရင် ကြည့်ရပေမည်။
"မင်းတို့ ကိုယ့်အလုပ်ကို သွားလုပ်ကြတော့ ငါခဏ သွားကြည့်လိုက်ဦးမယ်"
လင်းရီ ထပြီးထွက်သွားသည်။ သူသည် ဟိုတယ်၏ စည်းမျဉ်းစည်းကမ်းများကို မသိသော်လည်း VIP ကတ်စတန်မာမှာ သာမန် ဖောက်သည်များထက် အခွင့်ထူး ပိုများသည်မှာတော့ မလွဲဧကန်ပင်။
ဟိုတယ်ကတော့ ဤဖြစ်ရပ်အတွက် သင့်လျော်သော ဖြေရှင်းချက်ပေးရပေမည်။
လင်းရီ ၁၇ ထပ်သို့ တက်သွားပြီး အခန်းနံပါတ် ၁၇၀၄ တံခါးကို ခေါက်လိုက်သည်။
"ငါ နင်တို့ကိုပြောမယ် တကယ်လို့ သင့်လျော်တဲ့
အေကြာင်းပြချက် မပေးဘူးဆိုရင်....."
ဂူကျင်းရှန် တံခါးဖွင့်ပြီးနောက် လင်းရီကို တွေ့လိုက်သောအခါ ဆွံ့အသွားတော့သည်။
ဒီမောင်ငယ်လေးက ဘယ်ကရောက်လာတာလဲ အရမ်းခန့်တာဘဲ
"ခင်ဗျားက ကျွန်တော်တို့ကို ကန့်ကွက်စာ တင်တော့မယ် ဆိုတဲ့ တစ်ယောက်လား"လင်းရီ မေးလိုက်သည်။
"အာ...မဟုတ်ပါဘူး ဘာမှ ဖြစ်ဘူး ကျွန်မကို တခြားကား တစ်စီးသာ စီစဉ်ပေးလိုက်"ကူကျင်းရှန် ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။ ဘယ်မိန်းကလေးက ဒီလို အဆင်လေးကို ဆန့်ကျင်ပြီး ကွန်ပလိန်းတက်ဖို့ ခွန်အားရှိမှာလဲ။
"ကျွန်တော့်မှာ ပန်ဂနီ တစ်စီးရှိတယ် ကိစ္စမရှိဘူးဆိုရင် ယူစီးလို့ရတယ် "
"ဘာ..ဘာပြောလိုက်တယ် ရှင်ကကျွန်မကို ပန်ဂနီ ငှားပေးမယ်"
"အမှန်ဘဲ ကွာလတီ အရဆိုရင် မာစီးတီးထက် အများကြီး ကောင်းတယ်"
"မေ့လိုက်တော့ ကျွန်မရဲ့ ဘတ်ဂျက်နဲ့ဆိုရင် မာစီးတီးပဲ ငှားနိုင်တယ် ပန်ဂီနီ ဆိုရင်တော့ မတတ်နိုင်ဘူး"ကူကျင်းရှန် ပြောလိုက်သည်။
"ပြီးတော့ ငှားနိုင်ရင်တောင် မမောင်းတတ်ဘူး စူပါကားတွေက တခြားကားတွေနဲ့မတူဘူးဆို"
"အဲ့ဒါဆို ဒီလိုလုပ် ကျွန်တော်ခင်ဗျား သွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ်လေ"
သူမသည် ဟိုတယ်မှ ဖောက်သည်တစ်ဦးဖြစ်၏။
ယခုကဲ့သို့ပြဿနာများဖြစ်ပြီးနောက် သူ ဖရီး လိုက်ပို့ပေးယုံသာ။
'ဘာပဲဖြစ်ဖြစ် DiDi အော်ဒါအနေနဲ့ လိုက်ပို့ပေးလိုက်မယ်ကွာ'
"ငါ့ကို လိုက်ပို့ပေးမယ်"ကူကျင်းရှန်မှာ အံ့ဩလွန်း၍ ပါးစပ်ပင် မစေ့နိုင်တော့။
သူမ အတိတ်ဘ၀က ကမ္ဘာကြီးကိုများ ကယ်တင်ခဲ့လေသလော။
"မကောင်းဘူးထင်တယ် ငါနင့်ကို ဒုက္ခပေးမိနေမယ်"
"ခင်ဗျား အဆင်မပြေဘူးဆိုရင်လည်း ထားလိုက်ပါ ကျွန်တော် အမြန်ဆုံး မာစီးတီးတစ်စင်း ရှာပေးမယ်။"
လင်းရီတွင် မည်သည့်အဆက်အသွယ်မျှ မရှိသော်လည်း ကတ်ထဲတွင် ၁၀မိလီယမ် ရှိနေသေး၏။
ထို့ကြောင့် တစ်စီးလောက် ၀ယ်ရန် ပြဿနာမရှိ။
ကူကျင်းရှန် "??"
ကြည့်ကောင်းတဲ့ လူတွေအကုန်လုံး ဒီလိုဘဲ ရိုးအ ကြတာလား။
ငါက ယဉ်ကျေးပြနေတာလေ။ ဘာလို့ အတည်ယူနေတာလဲ။
"ကျွန်မ အလျင်လိုနေတယ် ဒါကြောင့် လိုက်ပို့ပေးဖို့ ဒုက္ခပေးရတော့မယ်"
"ရတာပေါ့ ခင်ဗျား ဆန္ဒအတိုင်းဘဲ"
"အိုကေ အိုကေ မောင်ငယ်လေးရေ တစ်မိနစ်လောက်နော် အမ အ၀တ်သွားလဲ ချင်လို့"
"အိုကေ"
ဆယ်မိနစ်ခန့်ကြာသော်။
ကူကျင်းရှန်မှာ အ၀တ်လဲပြီးဖြစ်၏။ ၀တ်ဆင်ထားသော အပြာနုရောင် စကတ်မှာ သူမ၏ လုံး၀န်းနေသော တောင်ပို့လေးနှစ်ခုကို ပေါ်လွင်နေစေပြီး အနက်ရောင် ဒေါက်မြင့်ဖိနပ်များနှင့် ကြည့်ရှုသူကို စွဲလမ်းသွားစေနိုင်သည်။
"ငါလဲပြီးသွားပြီ အခုသွားစို့"
"အိုကေ"
ထိုအချိန်တွင် ဟိုတယ်အ၀င်၀၌ အသံဗလံများ ဆူညံနေသည်။
"ယွင်ကျယ် နင်ပြန်သင့်ပြီ လင်းရီက ခဏနေဆို ထွက်လာတော့မှာ ငါသူ့ကို အထင်မလွဲစေချင်ဘူး"လျိုစီစီ ပြောလိုက်သည်။
"မင်းဘာတွေပြောနေတာလဲ မင်းအခု ငါနဲ့ရှိနေတာ မဟုတ်လား"
"လင်းရီ အနောက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာဘဲ ငါသူ့ကို ချစ်သေးတယ်ဆိုတာ သတိထားမိလိုက်တယ် ဒါကြောင့် ငါနင်နဲ့ ဘာမှ ပတ်သက်စရာ မလိုတော့ဘူး"
"မင်း ေ-ခွး-မ လင်းရီက မင်းကို ပြန်ကြိုက်မယ်လို့များ ထင်နေလား ဖက်ခ် အိမ်မက်ထဲမှာဘဲ ရမယ်"
ကျိန်ဆဲပြီးနောက် ယွင်ကျယ်နှင့် သူ့သူငယ်ချင်းတို့ ထွက်သွားကြသည်။
"စီစီ လင်းရီက တကယ်ပဲ ပြန်လာမယ် လို့ ထင်လား"
သူမ၏ အချစ်ဆုံးသူငယ်ချင်းမှ မေးလိုက်သည်။
"သူ ပြန်လာလိမ့်မယ် ငါသူ့အပေါ် မှားခဲ့ပေမဲ့ ငါတို့က ချစ်သူတွေ ဖြစ်ခဲ့ကြသေးတယ်လေ ငါသာ သေချာ တောင်းပန်ရင် သူခွင့်လွှတ်မှာပါဟ"
"အွန်း ..ဖြစ်နိုင်တယ်"
"အခု အဲ့အကြောင်းမပြောသေးနဲ့ဦး ကားကိုအရင်ဆေးရအောင် ဘာပဲဖြစ်ဖြစ် နောက်ကျရင် ငါထိုင်ရမှာလေ" လျိုစီစီ ပြောလိုက်သည်။
"ငါ နင့်ကို တကယ် မနာလိုဘူး ငါတော့ တစ်သက်လုံး ပန်ဂနီထဲမှာ ထိုင်ဖို့ အခွင့်ရေးမရှိမှာ ကြောက်မိတယ်"
"ကို့ယ့်ကိုယ်ကို ၀မ်းနည်းမနေနဲ့ ငါတို့ ဆက်ဆံရေး ပြန်အဆင်ပြေသွားရင် သူငါ့ကို ဒီကားပေးမောင်းလိမ့်မည် အဲ့အချိန်ကျ နင်လိုက်စီးလို့ရပြီ"
"အဲ့ဒါဆို ကြိုပြီး ကျေးဇူးတင်ထားမယ်နော်"
"အိုကေ နင့်အိတ်ထဲမှာ တစ်သျှူးတွေ ရှိ
တယ်မလား စသုတ်လိုက်ကြရအောင်"
လျိုစီစီနှင့်တခြားသူတွေ အချိန်ကောင်းရှိနေတုန်း လင်းရီနှင့် ကူကျင်းရှန် ဟိုတယ်ထဲမှ ထွက်လာခဲ့သည်။
"မင်းဘာတွေ လုပ်နေတာလဲ"