← Chapters

အပိုင်း(၄၇၅)

Vol. 32 Ch. 475

အပိုင်း(၄၇၅)

Vol. 32 Ch. 475

စားပြီးသောက်ပြီးနောက်  ရှစ်ဖုန့်က ပြင်းထန်သောလေကို မျက်နှာမူ၍

ရွက်လှေ၏ ရှေ့ပိုင်းအချွန်းထိပ်ဖျားအကွေး

နေရာ၌လိုက်သည်။သူ၏ ရှည်လျားသောဆံပင်တို့နှင့်   အနက်ရောင်အဝတ်အစားတို့က  လေနှင့်အတူတဖျပ်ဖျပ်လွင့်နေပြီး သူက တလိပ်လိပ်ထနေသော ပင်လယ်လှိုင်းလုံးများအားကြည့်နေသည်။  ရှစ်ကျင်းရွှိုက်က သူနှင့်အတူ လိုက်ပါလာ၏။  ဤအချိန်တွင်  ရှစ်ကျင်းရွှိုက်က ရုတ်ခြည်းမေးလိုက်သည်။

“ညီလေးရှစ်.. လင်မိသားစုက ဆရာလင်ဝေ့တစ်ယောက်ရော  ကျန်းဂန်သာလို့မာရဲ့လား”

ရှစ်ကျင်းရွှိုက်၏  စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားကြည့်လိုက်သည်။

ရှစ်ဖုန့်ကသူ့အားကြည့်နေသည်ကိုတွေ့ရသောအခါ ရှစ်ကျင်းရွှိုက်က ပြုံး၍

ပြောလိုက်သည်။

“ညီလေးရှစ်.. မအံ့ဩပါနဲ့…လွန်ခဲ့တဲ့နှစ်တော်တော်ကြာတုံးက ငါတို့ရဲ့ရတနာစံအိမ်က လင်မိသားစုနဲ့ အကြိမ်ပေါင်းများစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့တယ်. တကယ်တော့ ငါကလင်မိသားစုရဲ့ကျားဖြူအစိမ်း

ရောင်ချပ်ဝတ်စစ်တပ်ကို မှတ်မိသေးတယ်လေ..

ဒီလိုအသက်ငယ်ငယ်လေးနဲ့ညီလေးက  အရမ်းစွမ်းအားကြီးနေပြီး နမည်ကျော်  ကျားဖြူအစိမ်းရောင်ချပ်ဝတ်စစ်တပ်ရဲ့အဖွဲ့ဝင်တောင်ဖြစ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး.. ညီလေးရဲ့ အနာဂတ်မှာအောင်မြင်မှုတွေက စိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဖူး”

အဘယ်ကြောင့် ရှစ်ကျင်းရွှိုက်က  သူ့အားဖိတ်ကြားပြီး သူ့အား အဆင့်ရှစ်ဆေးအမယ်ဖြင့်ချက်

လုပ်ထားသော ဝိုင်ဖြင့်တုန့်ဆိုင်းခြင်းမရှိ ဧည့်ခံရသလဲဆိုသည်အား ရှစ်ဖုန့်ယခုနားလည်သွားသည်ဖြစ်သည်။  ရှစ်ကျင်းရွှိုက်မှာသူက ကျားဖြူအားစီးနင်းလာခြင်းကြောင့်သူ့အား  လင်မိသားစု ၏ အစိမ်းရောင်ချပ်ဝတ်စစ်တပ်မှ

ဟုတွေးထင်ခဲ့ခြင်းဖြစ်၏။

ထို့နောက်ရှစ်ကျင်းရွှိုက်က  ခေါင်းစဉ်ပြောင်းလိုက်ပြီး  ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ငါတို့ရဲ့  ရတနာစံအိမ်က လင်မိသားစုနဲ့  အကျိုးတူမပူးပေါင်းဖြစ်တော့တာ နှစ်တော်တော်ကြာသွားခဲ့ပြီ..ဒါကို နှမြောစရာတစ်ခုအဖြစ် ငါတို့တွေအမြဲခံစားခဲ့ရတယ်..ဒီနှစ်တွေမှာလင်မိသားစုက ဘယ်သူတွေနဲ့ အကျိုးတူပူးပေါင်းနေလဲဆိုတာကို ငါသိခွင့်ရှိမလား”

ရှစ်ကျင်းရွှိုက်၏ စကားတို့က သာမန်ကာလျှံကာဖြစ်သော်လည်း ၎င်းအနေဖြင့်သူ့ထံမှ သတင်းနှိုက်ရန်းကြိုးစားနေခြင်းဖြစ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။စီးပွားရေး

သမားဆိုသည်မှာ စီးပွားရေးသမားဆိုသည့်အတိုင်း

ပင်ဖြစ်လေသည်။

သို့သော် ရှစ်ဖုန့်က ခေါင်းခါလိုက်ပြီးပြောလိုက်သည်။

“ဒီသခင်လေးမသိဘူး”

ရှစ်ဖုန့်တကယ်မသိခြင်းဖြစ်သည်။  သူက လင်မိသားစုဝင်မဟုတ်သလို ကျားဖြူအစိမ်းရောင်ချပ်ဝတ်စစ်တပ်၏ အဖွဲ့ဝင်တစ်ယောက်လည်းမဟုတ်ပေ။

“ဟားဟား.ကောင်းပါပြီကွာ”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက်ရှစ်ကျင်းရွှိုက်က အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

ထို့နောက်  နှစ်ယောက်သားသူတို့ရှေ့ရှိ တလိပ်လိပ်ထနေသော လှိုင်းလုံးများကိုကြည့်လိုက်သည်။ အစောပို်ငးက စကားစမြည်ပြောဆိုမှုကြောင့် လေထုကရုတ်တရက် အနည်းငယ်ခွတီးခွတဖြစ်ကာ  အနည်းငယ်ထိုင်းမှိုင်းသွားသည်။

ခဏကြာပြီးနောက် ရှစ်ကျင်းရွှိုက်က  အေးစက်မှုအားဖြိုခွင်းရန် လက်ဦးမှုရယူလိုက်သည်။

သူကပြောလိုက်သည်။

“ညီလေးရှစ်.. ဒါကမင်းအတွက် ပင်လယ်ပြင်ကို ခရီးထွက်တာ ပထမဆုံးဖြစ်ပုံပဲ.ဟုတ်တယ်မလား”

“အင်း”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ ယင်းမှာ ဤဘဝ၌   သူ့အတွက်ပင်လယ်ပြင်ခရီးသို့ပထမဆုံး

အကြိမ်ဖြစ်သည်။  သို့သော်  သူ၏ယခင်ဘဝ၌ပင် ပင်လယ်ပေါ်သို့သူဖြတ်သန်းပျံသန်း

ခဲ့သော်လည်း  ယခုသူလုပ်ခဲ့သကဲ့သို့ ဂရုတစိုက် ပင်လယ်ပြင်အားလုံးဝကြည့်ခဲ့ခြင်းမရှိပေ။

ရှစ်ကျင်းရွှိုက်က ပြုံး၍ပြောလိုက်သည်။

“ပင်လယ်ပြင်ဆိုတာက ကျယ်ပြောပြီးတော့ အကန့်သတ်မဲ့တယ်…ထျန်းဟန်တိုက်ကြီးရဲ့ ပင်လယ်ပြင်က တကယ့်ကို တိုက်ကြီးတစ်ခုလုံးထက်ပိုကြီးမားတယ်…ပင်လယ်ပြင်ကမ္ဘာက အကန့်သတ်မဲ့တဲ အံ့ဩစရာတွေနဲ့ပြည့်နှက်နေတယ်…မရေတွက်နို်ငတဲ့ပင်လယ်မျိုးနွယ်စုတွေ၊ပင်လယ်သားရဲတွေ..ဒဏ္ဍာရီလာ ရတနာတွေနဲ့ ထူးဆန်းတဲ့ပစ္စည်းတွေလဲရှိတယ်.. မရေတွက်နိုင်တဲ့  ကောလဟာတွေလည်းရှိသေးတယ်..ဒါပေမဲ့ ငါအစူးစမ်းချင်ဆုံးသောက တစ္ဆေသင်္ဘောနဲ့ပက်သက်တဲ့ကောလဟာလပဲ”

“တစ္ဆေသင်္ဘောဟုတ်လား”

ရှစ်ဖုန့်က နားလည်ရခက်သည့်ပုံဖြင့် ခေါင်းခါယမ်းလိုက်သည်။ သို့သော် ဤသင်္ဘော၏နည်မည်အား

အကဲဖြတ်ရသလောက်  ၎င်းမှာ ယင် ဝိညာဉ်များဖြင့်သက်ဆိုင်သော အရာတစ်ခုဖြစ်ရမည်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်က ထပ်မံပြုံး၍ ပြောလိုက်သည်။

“ပြောကြတာတော့ ရှေးရှေးတုံးက  ပင်လယ်ထဲမှာ  သိပ်သည်းတဲ့မြူတွေဖုံးလွှမ်းပြီးတာ့ ပင်လယ်ပြင်ထဲရွက်လွှင့်နေတဲ့ အမှောင်ရွက်သင်္ဘောတစ်စီးရှိခဲ့တယ်တဲ့.. အဲ့ရွက်သင်္ဘောက ဘယ်ကလာတယ်ဆိုတာကို ဘယ်သူမှမသိကြသလို ဘယ်ကိုသွားနေတာလဲ..ဒါမှမဟုတ် သင်္ဘောပေါ်မှာ ဘာရှိလဲဆိုတာကို ဘယ်သူမှမသိကြဘူး”

“တစ်ခါတစ်လေကြ တစ္ဆေရွက်သင်္ဘောနဲ့ ပက်ပင်းတိုးရတဲ့ ရွက်သင်္ဘောတစ်စီးက  တစ္ဆေရွက်သင်္ဘောပေါ်က နေ အမျိုးသမီးတွေရဲ့ ငိုကြွေးသံကိုကြားရတတယ်.

.တစ်ခါတစ်လေကြ ယောက်ျားတွေရဲ့အော်သံ ကျိန်ဆဲသံတွေကိုကြားရတယ်…တစ်ခါတစ်လေကြ ကလေးတွေရဲ့ ဟစ်ကြွေးငိုယိုသံကိုကြားရတယ်တဲ့..အဲ့တာက တစ္ဆေတွေရဲ့ စူးစူးဝါးဝါးအော်သံနဲတူတယ်… ဘာပဲဖြစ်ဖြစ်ပါ..ကောလဟာလတွေအရတော့ အသံက မျိုးစုံကိုရှိတယ်..ပြီးတော့ ပြောကြတာက တစ္ဆေရွက်သင်္ဘောက ..အရှေ့ပင်လယ်…တောင်ပင်လယ်..အနောက်ပင်လယ် ..မြောက်ပင်လယ်နဲ့ ဗဟိုပင်လယ်တို့မှာ ပေါ်လာတယ်တဲ့”

ထျန်းဟန်တိုက်ကြီးအား   အရှေ့၊တောင်၊အနောက်၊မြောက်ပိုင်း ဒေသကြီးများနှင့် အလယ်ပို်ငးကုန်းမြေဒေသဟူ၍ ခွဲခြားထားသည်ဖြစ်သည်။ ဒေသကြီးလေးခုနှင့် ကုန်းမြေဒေသတစ်ခုအားလုံးတို့၌ ပင်လယ်တစ်ခုစီရှိသည်ဖြစ်၏။

“ဘယ်သူကမှ တစ္ဆေသင်္ဘောကို သွားပြီးတစ်ချက်မကြည့်ကြဘူးလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“အင်း..ကမ္ဘာပေါ်မှာရဲရင့်တဲ့လူတွေအများကြီးရှိတယ်လေ.. အဲ့တော့ အဲ့လိုကြည့်တဲ့သူတွေရှိတာပေါ့”

ရှစ်ကျင်းရွှိုက်က ပြုံးလိုက်ပြီး  နောက်ရှစ်ဖုန့်ကို ပြောလိုက်သည်။

“ဒါပေမဲ့.တစ္ဆေသင်္ဘောပေါ်ကိုသွားခဲ့တဲ့ လူတွေအကြောင်းနဲ့ပက်သက်ပြီး ကောလဟာလတွေက အများကြီးပဲရှိတယ်.. အချို့လူတွေကတော့ တစ္ဆေသင်္ဘောထဲကို ဝင်သွားပြီးနောက်လုံးဝပြန်မ

လာတော့ဘူးလို့ပြောကြတယ်..  အချို့ကတော့ တစ္ဆေသင်္ဘောကိုမဝင်ခင် တော်တော်ဆူညံတဲ့ အသံကိုကြားရတယ်တဲ့.. ဒါပေမဲ့. သူတို့သွားတဲ့အခါ  သင်္ဘောပေါ်မှာျ ဘာမှမတွေ့ကြရဘူး ချောက်ချားဖွယ်တတ်ဆိတ်

နေတာတစ်ခုပဲရှိတယ်”

“တစ္ဆေသင်္ဘောပေါ်ကနေပြန်

လာပြီးတဲ့နောက်မှာ  ရှင်းပြလို့မရနိုင်တဲ့ သေဆုံးမှုတွေနဲ့သေသွားကြရတဲ့

လူတွေကလည်းအများကြီးပဲ..ဘာပဲဖြစ်ဖြစ်ပါ  ကောလဟာလတွေကတော့ တစ်ပုံတစ်ခေါင်းကြီးပါပဲ”

“ဟားဟား..သခင်လေး..သခင်လေးက တစ္ဆေသင်္ဘောအကြောင်းကိုပြောနေတာပဲ.”

ဤအချိန်တွင် အိုမင်းသော ရယ်မောသံတစ်ခုက ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့၏နောက်မှ ပေါက်ကွဲထွက်လာသည်။

ရယ်သံအားကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်နှင့်  ရှစ်ကျင်းရွှိုက်တို့က လှည့်လိုက်ပြီး  ဆံပင်ဖြူတို့နှင့် အဘိုးအိုတစ်ယောက်ကို မြင်တွေ့လိုက်ကြရသည်။သို့သော်မကြာခင်တွင် ဤအဘိုးအို၌လက်တစ်ဖက်တည်းသာရှိသည်ကိုရှစ်ဖုန့်သတိပြုမိလိုက်သည်။ သူ၏ ညာလက်ကပျက်စီးနေပြီး  သံမဏိချိတ်ကောက်တစ်ခုအား အစားထိုးထားသည်။

“ဒါကဦးလေး..ဟောက်ပဲ”

ရှစ်ကျင်းရွှိုက်က ပြုံလိုက်ပြီး  အဘိုးအိုထံခေါင်းညိမ့်ပြလိုက်၏။ထို့နောက် သူကရှစ်ဖုန့်အားပြောလိုက်သည်။

“ဦးလေးဟောက်ငယ်စဉ်က သူက တစ္ဆေသင်္ဘောနဲ့ မမျှော်လင့်ဘဲ ပက်ပင်းကြုံခဲ့ရတယ်.. ဦးလေးဟောက်ရဲ့လက်က တစ္ဆေသင်္ဘောအပေါ်မှာ ဖြတ်တောက်ခံလိုက်ရတာ”

“အိုး”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက်   ရှစ်ဖုန့်က  သူ့ရှေ့တွင် ရှိနေသော အဘိုးအိုအား  ပို၍ စူးစမ်းချင်စိတ်တို့ဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ်”

ဦးလေးဟောက်ကလည်းရှစ်ကျင်းရွှိုက်၏ စကားအားကြားလိုက်ရသည်။ သူက ခေါင်းညိမ့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဟူး”

“တစ္ဆေသင်္ဘောပေါ်မှာ ခင်ဗျားဘာနဲ့ကြုံကြိုက်တွေ့ခဲ့ရလဲ”

ရှစ်ဖုန့်ကဦးလေးဟောက်အားမေးလိုက်သည်။

ဦးလေးဟောက် က ခေါင်းခါယမ်းလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“တကယ်တော့  ..ငါလဲငါဘာနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာကို မသိဘူး.. ငါသင်္ဘောပေါ်ကို ရောက်ခဲ့တုံးက ငါက အသက်ခုနှစ်နှစ်ရှစ်နှစ်အရွယ်ကလေးပဲရှိသေးတာ.. သူကလူတစ်ယောက်လား တစ္ဆေတစ်ကောင်းလားဆိုတာကိုငါမသိဘူး.. ဒါပေမဲ့ ငါသူ့ကို တွေ့ပြီးတဲ့နောက်မှာ ငါဟာ သတိလစ်သွားတယ်…ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ငါမသိပေမဲ့.. ငါသတိရလာတဲ့အချိန်   ငါက ပင်လယ်ထဲမှာ မျောပါနပြီ.. ပြီးတော ငါ့ရဲ့ ဟောဒီလက်က….”

ဒီလက်ကဟုပြောလိုက်ချိန်တွင် ဦးလေးဟောက်က  သူ၏ သံမဏိချိတ်ကောက်နှင့်လက်ကို မြှောက်လိုက်ပြီးပြောလိုက်သည်။

“ငါသတိရလာတော့ ငါ့ရဲ့ဒီလက်ဟာ ကိုက်ဖြတ်ခံထားရတယ်”

“အသက်ခုနှစ်နှစ်ရှစ်နှစ်အရွယ်

ကလေးတစ်ယောက်လား”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

ထို့နောက် သူက ဦးလေးဟောက်၏ ရယ်မောပြီး ပြောသံကိုကြားလိုက်ရ၏။

“ငါကံကောင်းသွားတာလဲဖြစ်နိုင်တယ်.. ငါပင်လယ်ထဲမျောပါနေချိန် ငါဟာ လူမနေတဲ့ကျွန်းတစ်ခုပေါ်မှာသောင်တင်ခဲ့တယ်..အဆုံးသတ်မှာငါရှင်သန်ကျန်

ရစ်နိုင်ခဲ့တယ်လေ”

“နောက်ဆုံးတော့ ကုန်သည်သင်္ဘောက ငါ့ကို လူမနေတဲ့ကျွန်းကနေခေါ်သွားခဲ့တယ်.. ဒါပေမဲ့ ငါ့နဲ့ တစ္ဆေသင်္ဘောပေါ်ကို အတူသွားခဲ့ကြတဲ့ အဖော်တွေကတော့ အရမ်းကံမကောင်းခဲ့ကြဘူး.. အဲ့အချိန်တုံးက ငါကြုံတွေ့ခဲ့ရတဲ့ တစ္ဆေသင်္ဘောကလည်း နောက်ပိုင်းမှာ ဘာသတင်းအသစ်ကိုမှမကြားရတော့ဘူး..  ငါ့ရဲ့အဖော်တွေကလည်း နှစ်ပေါင်းများစွာကြာပြီးတဲ့အထိကို သူတို့သတင်းကိုမကြားရဘူး.. သူတို့အားလုံးအသတ်ခံခဲ့ရတာဖြစ်မယ်”

ဤအကြောင်းအားပြောချိန်တွင် ဦးလေးဟောက်၏ မျက်နှာထက်၌ဝမ်းနည်းမှုတို့ပေါ်လာသည်။  သူက အတိတ်ပုံရိပ်များအတွင်းနစ်မျောနေ၏။

ရှစ်ဖုန့်က ရုတ်တရက် အနည်းငယ်အထီးကျန်ပုံပေါက်သွားသောအဘိုးအိုအားကြည့်လိုက်သည်။ သူကလှည့်လိုက်ပြီးကျယ်ပြောလှ

သောပင်လယ်ပြင်နှင့်  တလိပ်လိပ်ထနေသောလှိုင်းလုံးများအားကြည့်လိုက်၏။ သူကတီးတိုးရေရွတ်လိုက်သည်။

“တစ္ဆေသင်္ဘောတဲ့လား..ဒါကဘယ်လိုအရာမျိုးလဲဆိုတာကို ဒီသခင်လေးတွေ့ချင်သေးတယ်.. ဟမ့်.တစ္ဆေတစ်ကောင်လား..အဲ့မှာတကယ်ပဲ တစ္ဆေတွေရှိမလားဆိုတာကိုကြည့်ကြသေးတာပေါ့”

ထို့နောက် ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား  ပင်လယ်ပြင်ပေါ်မှ ဇတ်လမ်းအချို့ကိုဆက်ပြောပြသည်။၎င်းတို့မှာပင်လယ်မွန်းစတားများ၊ပင်လယ်ပြင်၏ထူးဆန်းသောရတနာများနှင့်  အမျိုးမျိုးသောမျိုးနွယ်စုများ

အကြောင်းဖြစ်သည်။

ညအချိန်အခါက ပင်လယ်ပြင်ပေါ်သို့ တိတ်တဆိတ်ကျဆင်းလာသည်။

“ဂျိန်း”

ရုတ်တရက် ပင်လယ်ပြင်ထက်၌မိုးချုန်းသံ

တစ်ခုပေါက်ကွဲထွက်လာပြီး လျှပ်စီးမိုးကြိုးတို့က ရုတ်ခြည်းလင်းလက်သွားကာ မိုးကြိုးနဂါးတစ်ကောင်က ညကောင်းကင်ယံ၌ လူးလွန့်နေသကဲ့သို့ဖြစ်နေပြီး ကောင်းကင်ထဲ၌ လျှပ်ပန်းလျှပ်နွယ်များ ပေါက်ကွဲယှက်သန်းသွးသည်။ မိုးကလည်းသည်းထန်စွာရွှာသွန်းလာသည်။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters