← Chapters

မင်းက သူ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့ (၂)

Vol. 39 Ch. 543

မင်းက သူ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့ (၂)

Vol. 39 Ch. 543

“မင်းက သူ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့...”

ဒေါသနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသည့် အသံတစ်ခုမှာ ပျက်သုဥ်းခြင်း နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်ကာ ပျံ့နှံ့လာခဲ့၏။ ၎င်းက ဝိညာဥ်စွမ်းအင်များဖြင့် ပေါက်ကွဲနေလေရာ ထိုဧရိယာ တစ်ခုလုံးရှိ မည်သည့် သက်ရှိမှ လျစ်လျူနိုင်စွမ်း မရှိပါချေ။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်က ထိုအသံတွင် နားထောင်သူကို သိမ်ငယ်သွားအောင် စွမ်းဆောင်နိုင်သည့် ထူးဆန်းသော စွမ်းအား တစ်ခု ပါရှိနေခြင်းပင် ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများက ဓားတစ်စင်းကို ကိုင်ထားသည့် ပုံရိပ်ထံသို့ ရွေ့လျားသွား၏။ သူ၏ တည်ရှိမှုက ကြီးကျယ် မြင့်မြတ်ကာ အင်ပါယာ တစ်ပါး သေမျိုးနယ်မြေကို ခြေချလာသည့် အတိုင်းပင်။

“လုံချန်...”

ရှုပ်ထွေးပွေလီသည့် ဆံပင်များနှင့် မျက်နှာထက်တွင် အမာရွတ် အချို့ ရှိနေသည့်တိုင် ဝူပိုင်ကျိုးမှာ ရင်းနှီးနေဆဲ ဖြစ်သည့် ထိုမျက်နှာကို ပထမဆုံး သတိထားမိလိုက်၏။

“လုံချန်...”

ရွှယ်ရီဖေး၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွား၏။ အနန္တ ဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိပြီးနောက်တွင် သူမ လုံချန် အကြောင်းကို မရေမတွက်နိုင်အောင် ကြားဖူးသည်။ သူက အလွန်အမင်း ပါရမီမြင့်မားကာ အနန္တ ဧကရာဇ်ဂိုဏ်း၏ နံပတ်တစ် ပါရမီရှင်ဟုပင် ဆိုနိုင်ပေသည်။ ကောလဟလများ အရဆိုလျှင် ဝေ့ဝူယင် ပင်လျှင် အဂ္ဂိရတ် ထုတ်ကုန်များ ပါမှသာ သူ့ကို ယှဥ်နိုင်သည်ဟု ဆိုသည်။

ဟူး... ဟူး...

တစ်ချိန်တည်း၌ ဟောင်ပို့ချင်၏ မျက်လုံးများမှာ သတိထားမိမှုများနှင့် ပြည့်နှက်သွားကာ အနက်ရောင်ဝတ် ပုံရိပ်ကို လှည့်ကြည့်လိုက်၏။ သူက မည်သူနည်း။ အသံသက်သက်ဖြင့်ပင် သူ့ကဲ့သို့ လောကသခင် တစ်ပါး၏ လောကနယ်မြေကို တုန်ရီစေခဲ့ခြင်းအား ထောက်ချင့်ရပါက သာမန် ကျင့်ကြံသူ တစ်ယောက်တော့ မဖြစ်နိုင်ချေ။

ဟောင်ပို့ချင်မှာ ချက်ချင်းပင် မဟာငလျင် မြို့တော်ထဲသို့ ပြန်ဝင်ကာ မဟာငလျင် အစီအရင်ကို အသက်သွင်းရန် ဆုံးဖြတ်လိုက်၏။ သို့သော်လည်း ပုံရိပ်ကို ဒုတိယ အကြိမ်မြောက် ကြည့်လိုက်မိသော အခိုက်၌ သူ့ အတွေးများက ဝေဝါးသွားသည်။

“အာကာသ ပဲ့တင်သံ အဆင့်...”

သူ မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိ၏။ ထိုအနက်ရောင်ဝတ် ကျင့်ကြံသူက အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ရှိနေသေးသည်လား။ သို့ပေမဲ့... ထိုလူငယ်က မည်ကဲ့သို့သော လှည့်ကွက်မျိုးဖြင့် သူ့လောကနယ်မြေကို တုန်ခါအောင် စွမ်းဆောင်နိုင်ခဲ့သနည်း။

“ဘယ်လိုပဲဖြစ်ဖြစ်...”

ဟောင်ပို့ချင်မှာ မူလ ယုံကြည်ချက်ကို ပြန်လည် ရရှိလာကာ စိတ်ထဲမှ နှာ‌ခေါင်းရှုံ့လိုက်၏။ မည်ကဲ့သို့သော လှည့်ကွက်မျိုးကိုပဲ သုံးသုံး အာကာသ ပဲ့တင်သံ အဆင့်က အာကာသ ပဲ့တင်သံ အဆင့်သာ ဖြစ်သည်။

“သွားသေလိုက်တော့...”

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လုံချန်ထံ ကြယ်တာရာ အင်အားလှိုင်း တစ်ခုကို ရိုက်ထုတ် လိုက်၏။ ၎င်းက လောကသခင်တစ်ပါးကို မသတ်နိုင်လျှင်ပင် အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်ကို အမှုန်အမွှားများ ဖြစ်သွားသည် အထိ ချေမှုန်းပစ်ရန် လုံလောက်ပေသည်။

“သတိထား..”

ထို့ပိဟန်မှာ လုံချန်ကို အော်ဟစ် သတိပေးလိုက်ရင်း စတင် လှုပ်ရှားလိုက်၏။ သို့‌သော်လည်း ဟောင်ပို့ချင်မှာ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။ သူက စိတ်ကို သက်ရောက်စေနိုင်သည့် ဝိညာဥ် အစီအရင် တစ်ခုကို ထို့ပိဟန်ထံ ပစ်လွှတ်လိုက်လေ၏။

ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် တိုးဝင်လာသည့် တိုက်ခိုက်မှုကို ကြည့်ကာ ထို့ပိဟန်၏ မျက်လုံးများမှာ အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းသွားခဲ့၏။ သူက လုံချန်အား ကယ်တင်ဖို့ကို လက်လျှော့လိုက်ရကာ ကိုယ့်ကိုယ်ကို အရင် ကာကွယ်လိုက်ရသည်။

ဘုန်း...

တစ်ချိန်တည်း၌ ကြယ်တာရာ အင်အားလှိုင်းမှာ ပြင်းထန်သည့် မုန်တိုင်းကြီး တစ်ခု အလား လုံချန့် အနားသို့ တမုဟုတ်ချင်း ရောက်ရှိသွား၏။ ထို့ပိဟန်မှာ လုံချန်တော့ သွားပြီဟု တွေးလိုက်မိသည်။ ဤသည်က လောကသခင် တစ်ပါး၏ တိုက်ခိုက်မှု ဖြစ်သည်။ ပို၍ ဆိုးသည်က လူစိမ်း ကျင့်ကြံသူ၏ နည်းလမ်းများမှာ အလွန် ထူးဆန်းကာ သူ ကိုယ်တိုင် အကြပ်ရိုက်ရသည့် တိုက်ခိုက်မှုများ ပါဝင်နေသည်။ လုံချန်ကဲ့သို့ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်မှာ မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

သို့သော်လည်း ထင်မှတ်ထားသည်နှင့် ခြားနားစွာပင် လုံချန်၏ အမူအရာက အကြောက်အလန့် ကင်းမဲ့စွာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ခြေလှမ်းများကို ပုံမှန်အတိုင်းပင် လှမ်းရင်း အနက်ရောင် ဓားကို မြှောက်ကာ ‌‌ဒေါင်လိုက် ခုတ်ပိုင်းလိုက်၏။

ဝှစ်...

ဖယောင်းတိုင်မီး တစ်ခုကို လေမှုတ်လိုက်သည့် အလား ကြယ်တာရာ အင်အားလှိုင်းမှာ ပျောက်ကွယ် သွား၏။ လုံချန်၏ ခြေလှမ်းများကတော့ အဟန့်အတား မရှိ ရှေ့သို့ ဆက်လက် လာနေဆဲ ဖြစ်သည်။

ထို့ပိဟန်နှင့် ‌ဟောင်ပို့ချင်တို့ နှစ်ယောက်စလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြက်သေသေသွားကြ၏။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က လောကသခင်တစ်ပါး၏ တိုက်ခိုက်မှုကို ဓားတစ်ချက်ဖြင့် တားဆီးလိုက်သည်လား။

တစ်ချိန်တည်း၌... ဝူပိုင်ကျိုးနှင့် ဝူယုတို့၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ် သွားကြ၏။ အင်ပါယာ ကောင်းကင် ပထမ အသွင်ပြောင်းခြင်း... မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

သွေးပန်းပဲဖို လျှို့ဝှက် ကျင့်စဥ်လိုပင် အင်ပါယာ ကောင်းကင်ချီ နည်းလမ်းတွင်လည်း အသွင်ပြောင်းခြင်း အဆင့်များ ရှိသည်။ ပထမ အသွင်ပြောင်းခြင်းအဆင့်ကို ဝင်ရောက်ဖို့ဆိုလျှင် အနိမ့်ဆုံး ကြယ်တာရာ အမြုတေ အဆင့်ခုနစ် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားဖို့ လိုအပ်သည်။ လုံချန်က အဘယ်ကြောင့် အာကာသ ပဲ့တင်သံ အဆင့်ဖြင့် လုပ်နိုင်ရသနည်း။

ဝူပိုင်ကျိုးမှာ အဖြေတစ်ခုခု ရလိုရငြားဖြင့် ဝူယုကို ဆက်သွယ်ကြည့်လိုက်သော်လည်း ထိုလူအိုကြီးမှာ သူ ကိုယ်တိုင်လည်း စဥ်းစားမရဟန်နှင့် တိတ်ဆိတ်နေသည်။

ဟောင်ပို့ချင်မှာ လုံချန်ကို ကြည့်ကာ ရုပ်ဖျက်ထားသည့် အချိန်သခင် တစ်ယောက်လို ခံစားလိုက်ရ၏။ သူက မဟာငလျင် မြို့တော်အတွင်း ပြန်ပြေးရန်ပင် အဆင်သင့် ဖြစ်နေခဲ့၏။ သို့သော်လည်း တစ်ချိန်တည်း၌ လုံချန်၏ ငယ်ရွယ်သည့် အော်ရာနှင့် ခန္ဓာကိုယ် အရှိန်အဝါတို့ကို ကြည့်ကာ ပြန်လည် စိတ်ရှုပ်ထွေးလာခဲ့၏။ ၎င်းတို့က အာကာသ ပဲ့တင်သံ အဆင့်ထက် မကျော်လွန်သည်မှာ သေချာပေသည်။

လုံချန်က ဓားကို မြှောက်ရင်း အဖျားကို ကောင်းကင်ရှိ ဟောင်ပို့ချင်ဆီသို့ ညွှန်လိုက်သည်။ ထိုအရာက ရှင်းလင်းစွာပင် စိန်ခေါ်သည့် လက္ခဏာပင်။

“သူ့ဆံပင် တစ်ချောင်းကို ထိခိုက်အောင် လုပ်ရဲရင် ငါ မင်းခေါင်းကို ဖြတ်ပစ်မယ်”

ပြင်းထန်သည့် ကိုယ်ရောင်ကိုယ်ဝါများနှင့် အတူ လုံချန်မှာ တိုက်ပွဲအတွက်အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးများမှာ ဓား၊ သတ်ဖြတ်ခြင်းနှင့် စစ်ပွဲ အမတေများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ ဥပဒေသမျိုးစေ့မှာ လောကကြီးကိုပင် တုန်ရီစေ၏။ ထိုအခိုက်၌ သူက နတ်ဘုရားနှင့် မိစ္ဆာများ အပါအဝင် မည်သည့် တည်ရှိမှုကို မဆို သုတ်သင်ရန် အဆင်သင့် ဖြစ်နေပုံ ပေါ်သည်။

ဓားတစ်လက်ဖြင့် လောကသခင် တစ်ပါးကို မကြောက်မရွံ့ စိန်ခေါ်နေသည့် လုံချန်ကို ကြည့်ကာ အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရကြ၏။ ထည်ဝါမြင့်မြတ်လှသည့် လုံချန်၏ ထိုမြင်ကွင်းက သူတို့ နှလုံးသားများထဲတွင် ထာဝရ တည်မြဲ နေလိမ့်မည် ဖြစ်သည်။ ထိုအရာက သူတို့၏ မဟာ မင်းသားလော။ သူက အမြဲတမ်း ထိုကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသည်လော။

ထို့ပိဟန် ပင်လျှင် လုံချန်၏ ယုံကြည်မှုကို ကြည့်ကာ စိတ်ချသလို ခံစားလိုက်ရ၏။ သူက တိုက်ပွဲအတွင်း ဝင်ရောက် မစွက်တော့ပဲ အနန္တ ဧကရာဇ်ဂိုဏ်းသားများကို ကာကွယ်ရန်နှင့် လိုအပ်ပါက ပံ့ပိုးပေးရန်သာ ဆုံးဖြတ်လိုက်သည်။

သူ့အား စိန်ခေါ်နေသည့် အာကာသ ပဲ့တင်သံ အဆင့်ကို ကြည့်ကာ ဟောင်ပို့ချင်၏ အမူအရာမှာ ခက်ထန်သွား၏။ သူ၏ မျက်လုံးများက အလွန်အမင်း ထက်ရှလာကာ မြေဆွဲအား၊ အလင်းနှင့်၊ အာကာသ စွမ်းအင်များမှာ လက်ထဲရှိ ဓားတိုးလေး ထံသို့ စီးဆင်းသွား၏။ ထိုစွမ်းအင်အားလုံးကို ဓားသွားနှင့် လက်ကိုင်ရိုး အစပ်နားရှိ အပြာရောင် အလင်းလုံးလေးမှာ စုပ်ယူသွားကာ ဓားတစ်ခုလုံးထံသို့ ပြန်လည် ဖြန့်ကျက်လိုက်သည်။

ဘုန်း...

ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဟုန် တစ်ခုမှာ ဓားတိုလေးထံမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်း၏ အရှိန်တွင် မြေပြင်မှာ တုန်ရီသွားကာ အနီးအနားရှိ တောင်တန်း အချို့ပင် ပြိုကျ သွားသည်။

“ဟမ်...”

ထို့ပိဟန်၏ မျက်လုံးများမှာ အပြာရောင် အလင်းလုံးလေးကို ကြည့်ကာ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွား၏။ ထိုအရာက အဘယ်နည်း။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် ထိုကဲ့သို့ လက်နက်မျိုး သူ တစ်ခါမှ မမြင်ဖူးချေ။

“မင်းတို့ ကြယ်တာရာ နယ်မြေမှာ လောက အမြုတေနဲ့ ပေါင်းစပ်ထားတဲ့ လက်နက်တွေတောင် မရှိဘူးပေါ့...”

ဟောင်ပို့ချင်မှာ ထို့ပိဟန်၏ အကြည့်နှင့် တုန့်ပြန်မှုများကို သတိထားမိရာ စိတ်ထဲမှ နှာခေါင်းရှုံ့ လိုက်မိ၏။ ထို့နောက် သူက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် လုံချန်ကို ကြည့်လိုက်သည်။

“ကောင်စုတ်လေး... မင်းက ငါ့ခေါင်းကို ဖြတ်မယ်ပေါ့ ဟုတ်လား”

သူ၏ အသံက ပြင်းထန်သော ဒေါသတို့ဖြင့် ပေါက်ကွဲနေ၏။ ကြယ်တာရာ အင်အားများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ လောကဖိအား အသွင်ဖြင့် လုံချန်ထံသို့ သွားရောက် ဖိနှိပ်သည်။

လုံချန်မှာ ထိုဖိအားများကို ခံစားလိုက်ရ၏။ သူ၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဥ်းမြောင်းနေကာ အနည်းငယ်ပင် ပေါ့လျော့ရဲခြင်း မရှိချေ။ ထိုအရာက အင်ပါယာ ကောင်းကင် ပထမ အသွင်ပြောင်းခြင်းကို အောင်မြင်ပြီးနောက်တွင် သူ၏ ပထမဆုံး တိုက်ပွဲ ဖြစ်လာလိမ့်မည် ဖြစ်သည်။

ဟောင်ပို့ချင်က ကောင်းကင်နှင့် မြေကြီးကို ထက်ပိုင်းပိုင်းတော့မည့် အလား ဓားကို ဖြည်းညင်းစွာ မလိုက်၏။  ထို့နောက် သူက တစ်ချက် ဝှေ့ယမ်းကာ ၎င်းကို မဟာငလျင် မြို့တော်ဆီသို့ ညွှန်လိုက်သည်။

ဝှစ်...

ထို့နောက် အလွန်အမင်း လျှင်မြန်ကာ မျက်စိကန်းလောက်သည့် အလင်းတန်းမျိုးဖြင့် သူ၏ ခန္ဓာကိုယ်မှာ မူလ နေရာမှ ပျောက်ကွယ် သွား၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ထိုအလင်းတန်းမှာ ငဟာငလျင် မြို့တော်ထဲ အထိ ရောက်ရှိသွားကာ မြုပ်စငုပ်စတိ သွားတော့သည်။

ဟောင်ပို့ချင်မှာ ထို့ပိဟန်နှင့် လုံချန်တို့ မလှုပ်ရှားနိုင်ခင်မှာပင် ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီ ဖြစ်လေသည်။ သူက အရူးတစ်ယောက် မဟုတ်ပါချေ။ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါနှင့် ထူးဆန်းသည့် လူငယ်လေးက မည်သည့် ဂိုဏ်းအဖွဲ့မှ ဖြစ်သည်ကို သူ  မည်ကဲ့သို့ သိနိုင်မည်နည်း။ ထို့အပြင် သူနှင့် ပတ်သက်နေသည့် အင်အားစုများမှာလည်း အနှေးနှင့် အမြန် ထပ်မံ ရောက်ရှိလာနိုင်ပေသည်။

အာကာသ ပဲ့တင်သံ အဆင့် လူငယ်မျိုးဆက် တစ်ယောက်ပင် လောကသခင် တစ်ပါး ကို စိန်ခေါ်ရန် သတ္တိရှိနေပါက လူကြီးမျိုးဆက်များမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်နည်း။ အကယ်၍ သူတို့နှင့် ရင်ဆိုင်ရပါက နောက်ဆုတ်ချိန်ပင် အမှုန့်ကြိတ် ခံရမှာ သေချာပေသည်။

ဝှစ်...

ဟောင်ပို့ချင်မှာ မြို့တော်သခင် ပလ္လင်ထက်တွင် ပြန်လည် ပေါ်လာခဲ့ရင်း အောင်အောင်မြင်မြင် ပြန်လည် ဆုတ်ခွာလာနိုင်သည့် အတွက် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

အစွန်းလေးဖက် လောကနယ်မြေ အတွင်း သူ နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံသူ တစ်ယောက် အဖြစ် ရပ်တည် နိုင်ခဲ့ခြင်းမှာ ထိုကဲ့သို့ အတွက်အချက် တော်ခြင်းကြောင့်သာ ဖြစ်သည်။ ဤကိစ္စကို အထက်ရှိ အချိန်သခင်များထံသို့ တင်ပြရပေမည်။ ၎င်းကို သူတို့သာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

သူ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ သတင်းပို့ဖို့ ဟန်ပြင်လိုက်စဥ်မှာပင် အခြားအသံတစ်ခုမှာ ပျက်သုဥ်းခြင်း နယ်မြေတစ်ခုလုံးကို ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာ၏။

“မင်းက သူ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့...”

“နောက်ထပ်တစ်ယောက်လာပြန်ပြီ...”

ဟောင်ပို့ချင်၏ မျက်လုံးများက စိုးရိမ်ထိတ်လန့်မှုများနှင့် ပြည့်နှက်သွား၏။ ပထမ တစ်ကြိမ်ကထက် ပို၍ ဆိုးသည်က အသံမှာ ပြင်ပမှ မဟာငလျင် မြို့တော်အတွင်းမှ တိုက်ရိုက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူက ချက်ချင်းပင် သလင်းကျောက်ကို သိမ်းဆည်းကာ မဟာငလျင် အစီအရင်ကို အသက်သွင်း လိုက်လေတော့၏။

***

All Chapters