မင်းအမှားပဲ
Vol. 39 Ch. 545
ချက်ချင်းပင် လူတိုင်း၏ မျက်လုံးများက မလှမ်းမကမ်းတွင် ရပ်နေခဲ့သည့် အနက်ရောင် ပုံရိပ်ထံသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ မျက်လုံးများက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေကာ ဒေါသ အရှိန်အဟုန်များနှင့် တဟုန်းဟုန်း တောက်လောင် နေသည်။
ဝေ့ဝူယင်က ဖြည်းညင်းစွာပင် လုံချန်ဘက်သို့ လှည့်လိုက်၏။ သို့သော်လည်း သူ ဘာမှ မပြောရသေးခင်မှာပင် အသံတစ်ခုမှာ နောက်နားမှ ထွက်ပေါ်လာခဲ့သည်။
"လုံချန်…"
ထို့နောက် ပုံရိပ်တစ်ခုက လူအုပ်ထဲမှ ပျံတက်လာကာ လုံချန်နှင့် ဝေ့ဝူယင် အကြားသို့ ရောက်ရှိလာသည်။ သူမကား ဝူပိုင်ကျိုးပင် ဖြစ်လေ၏။
လုံချန်၏ အနက်ရောင် မျက်ဝန်းများက ဝူပိုင်ကျိုး၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ သူမ၏ ရင်သားနှစ်ခု အစပ်နားတွင် တွဲလောင်းကျနေသည့် အနက်ရောင် လက်စွပ်လေးကို မြင်သော အခိုက်၌ သူ့ အကြည့်များက စူးရှသွားသည်။ ထိုလက်စွပ်ကလေးမှာ သူ့ဘဝကို အမှိုက်ဘဝမှ ကယ်တင်ခဲ့သည့် အဖိုးတန် ရတနာ တစ်ခု ဖြစ်ကာ သူမမှာလည်း သူ့ကို အင်ပါယာ ကောင်းကင်ချီ နည်းလမ်း ကျင့်ကြံနိုင်အောင် ခန္ဓာကိုယ်နှင့် ရင်းနှီး၍ ကူညီပေးခဲ့သူ ဖြစ်သည်။ ထို့အပြင် ဝူပိုင်ကျိုးမှာ သူ့ ဘဝ၏ ပထမဆုံးလည်း ဖြစ်သည်။
ဤသို့နှင့် သူတို့ နှစ်ယောက် နတ်ဖက်သည့် စုံတွဲ ဖြစ်လာခဲ့သည်။ သူ ဝူပိုင်ကျိုး အပေါ် နက်ရှိုင်းသော ခံစားချက်များဖြင့် ချစ်ခဲ့သည်။ သူမ အကြောင်း တွေးတိုင်း နွေးထွေးမှုတို့ကို ခံစားခဲ့ရသည်။
သို့သော်လည်း… လုံးဝ ထင်မှတ် မထားစွာပင် သူမက သူ့ကို သစ္စာဖောက်ခဲ့သည်။ သူ အမုန်းတီးရဆုံး ရန်သူ ဝေ့ဝူယင်၏ အာဏာရှင်များ အဖွဲ့ အတွင်း ဝင်ရောက်ခဲ့သည်။
ရုတ်တရက်… ဝူပိုင်ကျိုး၏ ပြစ်မျိုး မှဲ့မထင် ခန္ဓာကိုယ်မှာ ဝေ့ဝူယင်၏ အဝတ်အစားမဲ့ ခန္ဓာကိုယ် အောက်တွင် တင်းကြပ်စွာ ဖိသိပ် ခံထားရတာ ပွတ်သပ် ကျီစယ်နေသည့် မြင်ကွင်းမှာ လုံချန်၏ အာရုံ အတွင်း ကူးလူး ဝင်ရောက် လာခဲ့၏။
ချက်ချင်းပင် လုံချန်၏ မျက်လုံးများက ရဲရဲနီသွားကာ ဆိုးရွားလွန်းလှသော နာကျင်မှု တစ်ခုမှာ သူ့နှလုံးသား တစ်ခုလုံးကို ဝါးမျို သွား၏။ သူတို့ ထိုကဲ့သို့ ဘယ်နှစ်ကြိမ် ဖြစ်ပြီးပြီနည်း။
လုံချန်၏ စိတ်အာရုံ တစ်ခုလုံးမှာ နာကျည်းမှု၊ မုန်းတီးမှု၊ နားမလည်နိုင်မှုတို့နှင့် ပြည့်နှက် လာ၏။
ဝူပိုင်ကျိုးက အဘယ်ကြောင့် ထိုကဲ့သို့ စက်ဆုပ် ရွံရှာဖွယ် ကောင်းသည့် သစ္စာဖောက် လုပ်ရပ်ကို လုပ်ခဲ့သနည်း။
တစ်ချိန်တစ်ခါက ထိုမိန်းကလေးမှာ သူ့ကို ဘဝ တစ်ခုလုံးနှင့် ပုံအော၍ ချစ်ခဲ့သူ ဖြစ်သည်။ သူ့ အတွက်ဆိုလျှင် အရာရာကို ပေးဆပ်ရဲခဲ့သူ ဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် ပြောင်းလဲ သွားခဲ့သနည်း။
လုံချန်၏ မျက်လုံးများက နာကျည်းစွာပင် ဝူပိုင်ကျိုး၏ လည်ပင်းရှိ အနက်ရောင် လက်စွပ်လေး ပေါ်သို့ ကျရောက်သွား၏။ ထိုလက်စွပ်ကလေးမှာ ကြီးကျယ် ခမ်းနားသည့် ကျင့်ကြံခြင်း ခရီးလမ်းသို့ တက်လှမ်းရာလမ်းတွင် သူ့အတွက် အက္ခရာ ဖြစ်ခဲ့သည်။ ထိုအရာလေးက သူ့ဘဝ အတွက် အလွန် အဖိုးတန်သည်။
သို့သော်လည်း ကံဆိုးစွာပင် သူ ထိုလက်စွပ်ကို ဝေ့ဝူယင် တစ်ဦးထံတွင် နှစ်ကြိမ်နှစ်ခါ တိတိ ဆုံးရှုံးခဲ့သည်။ ပထမ တစ်ကြိမ်က သူ့ကြောင့် ချင်ချူးမူ သေမိန့်ချခံရသည့် နေ့တွင် ဖြစ်ပြီး ဒုတိယ တစ်ကြိမ်က အနန္တ ဝိညာဉ် စမ်းသပ်ပွဲတွင် ဖြစ်သည်။ ယခုတွင်တော့ ထိုလက်စွပ်မှာ ဝူပိုင်ကျိုးနှင့် အတူ ရှိနေချေသည်။
"နေဦး…"
ရုတ်တရက် ထွက်ပေါ်လာသော အတွေးက လုံချန်၏ မျက်လုံးများကို လင်းလက် သွားစေ၏။ ဝူပိုင်ကျိုးက ဝေ့ဝူယင် အနားသို့ ရည်ရွယ်ချက် ရှိရှိ ကပ်ကာ သူ့အတွက် ထိုလက်စွပ်ကလေးကို ပြန်ယူရန် စွန့်စားခဲ့ခြင်းလော။ ထိုအရာက ဖြစ်နိုင်သည်။ လုံးဝ ဖြစ်နိုင်သည်။ ဝူပိုင်ကျိုးမှာ သစ္စာဖောက်မည့် လူ မဟုတ်ကြောင်း သူ သိပေသည်။ ရုတ်တရက် လုံချန်၏ နှလုံးသားမှာ နွေးထွေးမှုများနှင့် ပြည့်နှက် သွားကာ ပျော့ပျောင်းသွားခဲ့၏။
သူက ဖြူရော်စွာ ပြုံးလိုက်ရင်း ဝူပိုင်ကျိုးကို နွေးထွေးစွာ ကြည့်လိုက်သည်။
"မင်း ကောင်းကောင်းနိုင်ခဲ့တဲ့ အတွက် ငါ ဝမ်းသာပါတယ်… ဝူပိုင်ကျိုး"
ဝူပိုင်ကျိုးမှာ ထိုစကားလုံးများကို နားမလည်ဟန်နှင့် မျက်မှောင်ကြုတ် လိုက်၏။
လုံချန်က သက်ပြင်းတစ်ချက် ချရင်း ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ ဝူပိုင်ကျိုး၏ လက်ကလေးကို ဆုပ်ကိုင်ဖို့ ကြိုးစား လိုက်သည်။
သို့သော်လည်း ဝူပိုင်ကျိုးက ချက်ချင်းပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်ရင်း လုံချန်၏ ချဉ်းကပ်မှုကို ရှောင်တိမ်း လိုက်၏။
"လုံချန်… နင် ဒီလို မလုပ်သင့်ဘူး"
“ ... “
လုံချန်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။ ဝူပိုင်ကျိုး၏ လှပသော မျက်လုံးများကို ငေးကြည့်မိသော အခိုက်၌ တစ်စုံတစ်ရာက လွဲမှား နေသလို ခံစားလိုက်ရသည်။
“ဘာလို့လဲ...”
သူက နားမလည်နိုင်စွာပင် မေးလိုက်သည်။ ဝူပိုင်ကျိုးက တည်ငြိမ်စွာပင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း ရင်ဘတ်ကို ကော့လိုက်သည်။
“ဘာလို့လဲ ဆိုတော့ ငါ ဝူပိုင်ကျိုးက ဂိုဏ်းတည်ထောင်သူ ဝူယုရဲ့ ဆန္ဒနဲ့ အတူ မဟာ ဧကရာဇ် သွေးမျိုးဆက်ကို ဆက်ခံပြီးခဲ့လို့ပဲ... ဘာလို့လဲ ဆိုတော့ ငါ ဝူပိုင်ကျိုးက အင်ပါယာ ကောင်းကင် ကျင့်စဥ်နဲ့ အတူ အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ တရားဝင် မဟာ သမီးတော် ဖြစ်လာခဲ့လို့ပဲ... ဘာလို့လဲ ဆိုတော့...”
ဝူပိုင်ကျိုး၏ နှုတ်မှ ထွက်ပေါ်လာသမျှ စကားလုံး တစ်ခုချင်းစီတိုင်းက လုံချန်၏ မျက်လုံးများကို ပိုမို ပြူးကျယ် လာစေခဲ့၏။ တစ်ချိန်တည်း၌ သူ၏ အကြားအာရုံက ပိုမို၍ ဝေဝါးလာနေခဲ့သည်။ သူ ကြားနိုင်ခဲ့သည့် နောက်ဆုံး စကားကား...
“သူတို့က ငါ့ကို မဟာ ဧကရာဇ် ဖြစ်ဖို့ ရည်ရွယ်ထားလို့ပဲ...”
ဟူ၍ပင်။
...
ဖြည်းညင်းစွာပင် လုံချန်၏ စိတ်မှာ အလုံးစုံသော အမိုက်မှောင် အတွင်းသို့ ကျဆင်းသွားခဲ့၏။ ဝေ့ဝူယင်... ထိုနာမည်မှာ သူ့အတွက်တော့ စပ်ဆုပ်ဖွယ် အိပ်မက်ဆိုးထဲတွင် နိုးထလာသည့် နတ်ဆိုး ဖြစ်သည်။ ဝေ့ဝူယင် ဆိုတာ ဘယ်သူမှန်း မသိခင်တည်းက သူ ထိုနတ်ဆိုးကို သတ်ဖို့ ကျိန်ဆိုခဲ့သည်။ အတိတ် အရိပ်မည်းများ အတွက် လက်စားချေပေးမည်ဟု သူ ကတိပေးခဲ့သည်။
ထို့နောက်တွင် နတ်ဆိုးမှာ တရွေ့ရွေ့ဖြင့် သူနှင့် လမ်းကြောင်း တစ်ခုတည်း ပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူ့ကို မသတ်နိုင်ရုံမျှသာ မက ထိုနတ်ဆိုးမှာ သံသယ ဖြစ်ဖွယ် နည်းလမ်းများနှင့် သူ့ အနာဂတ်ကိုပါ နှောက်ယှက်ခဲ့သည်။
လောကကြီးက နတ်ဆိုးကို ပစားပေးကာ ဘုရား ကောင်းချီးပေးသည့် ပါရမီရှင် တစ်ယောက် အဖြစ် သတ်မှတ်ခဲ့သည်။ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်စေခဲ့သည်။ သူ့နာမည်ကို ထာဝရ ဧကရာဇ်၊ အထွတ်အမြတ် အယ်ဗန် ဧကရီ၊ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၊ အသူရာ နတ်ဆိုး တောင်တန်း သခင်၊ မဟာ ဧကရာဇ် ဝူယုတို့နှင့် တစ်တန်းတည်း သတ်မှတ်ခဲ့ကြသည်။ သူက သူ့ထက် ငါးနှစ် ပိုကြီးသည့်တိုင် ကောင်းကင်အထိ တက်လှမ်းနိုင်ခဲ့သည်။
သူနှင့် ချင်ချူးမူတို့ နှစ်ယောက်မှာ သေခြင်း၊ ရှင်ခြင်း တိုက်ပွဲများကို အတူတကွ ဖြတ်ကျော်ကာ နက်ရှိုင်းသည့် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ သို့သော်လည်း ဝေ့ဝူယင်နှင့် တွေ့ဆုံပြီးနောက်တွင် သူမ၏’ အတွးများနှင့် ခံစားချက်များက တရွေ့ရွေ့ ပြောင်းလဲလာခဲ့သည်။ သို့သော်လည်း အစပိုင်းတွင် သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက မိတ်ဆွေ အဆင့်သာ ဖြစ်ခဲ့သည်။ သူမကြိုက်သည့်တိုင် ဘာပဲဖြစ်ဖြစ်... ထိုအရာက အဆင်ပြေသေးသည်။
သို့သော်လည်း နတ်ဆိုးမှာ ထိုမျှနှင့် မရပ်တန့်ခဲ့။ သူ့ဘေးနားရှိ မိန်းမများထဲမှ တစ်ယောက် ဖြစ်သည့် နာ့ရှင်းရီမှာ စိတ်ပြောင်းသွားကာ ဝေ့ဝူယင်ထံ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ဝူပိုင်ကျိုး၊ လင်းကျိရန်၊ ဟုန်ရု၊ ရှောင်ပင်း...
သူ အချစ်ရဆုံး၊ အယုံကြည်ရဆုံး မိန်းမ ဖြစ်သည့် လျဲ့ယုပင်လျှင် နောက်ဆုံး ထွက်သက်တွင် ဝေ့ဝူယင်၏ နာမည်ကို ရေရွတ်သွားခဲ့သည်။
ထိုအရာများက အမှန်တကယ်လော။ သို့မဟုတ် အိပ်မက်လော။ သူ ဝေခွဲမရဖြစ်နေခဲ့စဥ်မှာပင် အိပ်မက်ဆိုးများမှာ ထိုမျှနှင့် ရပ်တန့်ခြင်း မရှိခဲ့။
သူ့ဘဝကို ပြောင်းလဲပေးခဲ့သည့်၊ သူ အလေးစားရဆုံး ပုဂ္ဂိုလ် ဖြစ်သည့် ဝူယုမှာ သူ မရှိသည့် အခိုက်အတန့်ကလေးတွင် နောက်ထပ် မဟာ ဧကရာဇ် မျိုးဆက် တစ်ယောက်ကို ရွေးချယ်ခဲ့သည်။ မဟာ သမီးတော် ဖြစ် တင်မြှောက်ခဲ့သည်။ ဝူယုက အဘယ်ကြောင့် သူ့ကို သစ္စာဖောက်ရနည်း။ အဘယ်ကြောင့် ဝူပိုင်ကျိုးကို ရွေးချယ်ရသနည်း။
လုံချန်၏ မျက်လုံးများမှာ ရီဝေနေ၏။
“ဘာလို့လဲ... ငါ ဘာအမှားတွေ လုပ်မိလို့ အဲဒီလို ဖြစ်ကုန်ရတာလဲ...”
သူ၏ အသံက အစပိုင်းတွင် တီးတိုး ရေရွတ်သလို နူးညံ့လှသော်လည်း တဖြည်းဖြည်းနှင့် ကျယ်လောင်လာကာ အဆုံးသတ်တွင် ပေါက်ကွဲသွားသည်။
သူ့အတွေးအာရုံထဲတွင်ဘဝေ့ဝူယင်နှင့် ရယ်မော ပျော်ရွှင်နေသည့် မိန်းကလေးများ၏ ပုံရိပ်များမှာ အစီအရီ ပေါ်လာခဲ့သည်။
ဝူပိုင်ကျိုး၊ လင်းကျိရန်၊ ချင်ချူးမူ၊ ဟုန်ရု၊ ရှောင်ပင်း၊ လုံထျန်းယု၊ နာ့ရှင်းရီ...
“ခွေးမတွေ... နင်တို့ အားလုံး ခွေးမတွေ... -ာသည်မ တွေ... တစ်ပြားမှ မတန်တဲ့ သောက်ကောင်မတွေ...”
လုံချန်၏ အနက်ရှိုင်းဆုံး ခံစားချက်နှင့် စိတ်ရိုင်းများမှာ အင်ပါယာ ကောင်းကင် အော်ရာနှင့် အတူ ပေါက်ကွဲ ထွက်ပေါ်လာ၏။ သူ၏ မျက်လုံးများက အရှေ့ရှိ ဝူပိုင်ကျိုးကို ကြည့်ကာ မုန်တီးမှုများ၊ ရူးသွပ်မှုများနှင့် တဟုန်းဟုန်း တောက်လောင်နေသည်။
“ငါသာ မရှိရင် နင်တို့ အားလုံး အမှိုက်တွေ သာသာပဲ... လှတာက လွဲပြီး ဘာမှ အရည်အချင်း မရှိတဲ့ဟာတွေ... ငါသာ မရှိရင် နင်တို့ သောက်ဆင့်နဲ့ ဒီနေရာ အထိ ရောက်လာမယ် ထင်လား”
လုံချန်၏ အတွေးများမှာ အရိုင်းစိုင်းဆုံး စကားလုံးများ အဖြစ် ပေါက်ကွဲလာ၏။
ထိုအခိုက်၌ ဝူပိုင်ကျိုး၏ မျက်လုံးများမှာ အဆုံးစွန် အထိ အေးခဲ နေခဲ့ပြီ ဖြစ်လေသည်။
“နင်ရှိတော့ရော ငါတို့ ဘာထူးသွားလို့လဲ... နင့်ဘေးနားကနေ လိုက်ပြီး အမြဲတမ်း အဖြည့်ခံ ဘဝနဲ့ နေနေရတာ မလား...”
“လုံချန်...”
ချင်ချူးမူမှာလည်း ပုန်းကွယ်နေရာမှ အော်ဟစ်လိုက်ရင်း ဒေါသအရှိန်အဟုန်နှင့် အတူ ထွက်ပေါ်လာခဲ့၏။ လုံချန် ကဲ့သို့ လူတစ်ယောက်၏ နှုတ်မှ ထိုမျှ ရိုင်းစိုင်းသည့် စကားလုံးများ ထွက်ပေါ်လာလိမ့်မည် ဟု သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ချေ။
လုံချန်မှာ ချင်ချူးကို မြင်လိုက်ရသော အခိုက်၌ ကြိုးစား မေ့ဖျောက်ထားရသော မှတ်ဉာဏ် တစ်ခုကို အလိုအလျောက်ပင် ပြန်လည် မြင်ယောင်လာခဲ့၏။
ကောင်းကင်ဝူ မြို့တော်၊ တည်းခိုဆောင်၏ အပြင်ဘက် လမ်းမထက်၌ ပြုံးရွှင် ရယ်မောစွာ စကားပြောရင်း လမ်းလျှောက်လာခဲ့သည့် စုံတွဲ တစ်တွဲ၊ သူမနှင့် အတူ ရှိနေခဲ့သည်က ငွေရောင် မျက်လုံးများနှင့် ချောမော ခန့်ညားသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူငယ်...
လုံချန် ချင်ချူးမူကို လျစ်လျူကာ ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်၏။
“အားလုံးက မင်းအမှားပဲ ဝေ့ဝူယင်...”
***