ငါကနင့်လောက် မတော်ဘူးလို့ ဘယ်လိုသိလဲ
Vol. 1 Ch. 5
" အချစ်ရေ.. အချစ်ရဲ့ကား ညစ်ပတ်နေတာတွေ့လို့ ကူပြီး သန့်ရှင်းပေးနေတာလေ"
သူမပြောပြီးနောက် ကူကျင်းရှန်ကို အပြုံးလေးဖြင့်ကြည့်ပြီး မေးလိုက်သည်။
"သူမက နင့်ရဲ့ အတွင်းရေးမှူး ဖြစ်ရမယ် ဟုတ်တယ်မလား နင့်မှာ ငါရှိနေပြီလေ ဒါကြောင့် နင်သူ့ကို မလိုတော့ဘူး"
"မင်း သူ့ကို ဘယ်လိုမျက်လုံးနဲ့ကြည့်ပြီး အတွင်းရေးမှူးလို့ ထင်လိုက်တာလဲ"
"အဲ့ဒါဆို သူနဲ့ ဆက်ဆံရေးက ဘာလဲ....ချစ်သူတွေတော့ မဟုတ်ဘူးမလား"
"ဘာလို့ မဟုတ်ရမှာလဲ" လင်းရီ မေးလိုက်သည်။
"သူမရဲ့ အရှေ့ဘက်ခြမ်းက မို့မောက်နေပြီးတော့ အနောက်ဘက်ကလည်း မင်းထက် အပုံကြီးသာတယ် ငါ က မင်းကို ဦးနှောက်ထဲ ထည့်ဦးမယ်လို့များထင်နေလား"
ကူကျင်းရှန် တစ်ခဏမျှ ကြက်ေ-သေ-သသွားသည်။ သူမကြားနေတာကို ယုံတောင် မယုံနိုင်။
သူမတို့နှစ်ယောက် သိတာ နာရီ၀က်ပဲ ရှိသေးတယ် မဟုတ်လား။ ဘယ်လိုလုပ် အခြေအနေတွေက သည်လောက် မြန်မြန် တိုးတက်သွားတာလဲ
ပျော်ရွှင်မှုက ချက်ချင်းရောက်လာသည်ဆိုသည်မှာ ယုံရအခက်။
သူက.... သူက လူကြီးလူကောင်းတစ်ယောက်၊ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ကစားတတ်တဲ့
ပလေးဘွိုင်းတော့ မဟုတ်ဘူးမလား
"လင်းရီ နင်ငါ့ကို မချစ်တော့ဘူးလို့တော့ မပြောနဲ့ ငါတို့နှစ်ယောက်ရဲ့ ရိုမတ်တစ် ဆန်တဲ့ ချစ်ခြင်းတွေကိုရော မေ့သွားပြီလား သူမက ငါ့ထက်လှတဲ့ ဘော်ဒီရှိတယ် ဆိုရင်တောင် စကေးကတော့ ငါ့လောက် မကောင်းနိုင်ဘူး"
"နင်......"
"ငါ့စကေးတွေက နင့်လောက် မကောင်းဘူးလို့ ဘယ်လိုသိလဲ" ကူကျင်းရှန် မပျော်ရွှင်စွာ ပြန်လည်ချေပခဲ့သည်။
အရှုံးပေးခြင်းဆိုတာ သူမ၏ အဘိဓာန်တွင် မရှိ။ သူမထိုကဲ့သို့ တစ်ခါမှ မကြုံဖူးဘူးဆိုရင်တောင် အရှုံးတော့ မပေးနိုင်။
လင်းရီ သက်ပြင်းချလိုက်သည်။ ရုပ်ချောပြီး ပိုက်ဆံရှိနေတာကိုက ငါ့အကြီးမားဆုံး အားနည်းချက်ဘဲ။
"တခြား ပြောစရာမရှိရင် လမ်းဖယ်တော့ ငါတို့ သွားစရာရှိသေးတယ်"
လျိုစီစီနှင့် သူ့သူငယ်ချင်းတွေ လမ်းဖယ်ပေးလိုက်ရသည်။ ဇင်ယော်ငှက်တောင်ပံဖြန့်သကဲ့ ပန်ဂနီ၏ ကားတံခါးများ ပွင့်လာပြီး လင်းရီ နှင့် ကူကျင်းရှန်တို့ ကားနှင့်ငြိမ့်ကာ ထွက်ခွာသွားကြသည်။
ပန်ဂနီ၏ အတွင်းပိုင်းကို မြင်လိုက်ရသောအခါ ကူကျင်းရှန်၏ မျက်လုံးလေးများ ပြူးနေသည်။
မာစီးတီး ၊ BWM ၊ အော်ဒီ စသော ကားများမှာ ကောင်းသော်လည်း ပန်ဂနီနှင့် ယှဉ်မည်ဆိုပါက ယှဉ်နိုင်သော အဆင့်တွင်ပင် ရှိမနေပေ။
"မစ္စတာလင်း ခုနက ကိစ္စ အထင်မလွဲနဲ့နော် ကျွန်မက သူပြောတာကို စိတ်တိုလို့ စိတ်လိုက်မာန်ပါ တုန့်ပြန်မိသွားတာ တကယ်ပါ ကျွန်မက အဲ့လို မကောင်းတဲ့ မိန်းမ မဟုတ်ဘူးနော် " ကူကျင်းရှန် ရှင်းပြလိုက်သည်။
"ကျွန်ေတာ်က အခု ဒရိုင်ဘာ ဒါကြောင့် ခင်ဗျားအခြေအနေတွေက ကျွန်တော့တွက် အရေးမကြီးဘူး"
ကူကျင်းရှန် အနည်းငယ် စိတ်ပျက်သွားသော်လည်း ပြန်တွေးကြည့်ပါက ပုံမှန်ပင်ဖြစ်သည်။
သူမ သူနှင့်ရင်းနှီးတာ နာရီ၀က်ပင် မပြည့်သေးပေ။ ထို့ကြောင့် တခြားအတွေးများ အဘယ်မှာရှိနိုင်မည်နည်း။
"ကျွန်မ ခုနက ကိစ္စအတွက် တောင်းပန်ပါတယ် ငါ နင်တို့ကို ကွန်ပလိန်းမတက်သင့်ဘူး"
"အဆင်ပြေပါတယ် အဲ့ဒီအတွက် ကျွန်တော်တို့မှာလည်း တာ၀န်ရှိတယ်လေ"လင်းရီ ကားမောင်းရင် ပြန်ဖြေလိုက်သည်။
" ဘယ်သွားမှာလဲ"
"ကျင်းရှိုး ဟိုတယ် ငါ့အတန်းဖော်က အဲ့ဒီမှာ မင်္ဂလာဆောင် ကျင်းပနေတာလေ"
"အော်.. အဲ့နေရာ ဘယ်မှာလဲဆိုတာ ကျွန်တော်သိတယ်"
သူမ မာစီးတီးအစား တခြားကားလဲပေးမယ်လို့ ပြောတုန်းက လက်မခံတာ အံ့ဩစရာတော့ မဟုတ်ဘူး
အတန်းဖော်တွေထဲ မျက်နှာမငယ်ချင်လို့ကိုး...
.........
ဟိုတယ် တံခါး၀ကို ဘောလုံးများဖြင့် ဆင်ယင်ထားသည်။
"ကျင်းရှန် က ဘာဖြစ်နေတာလဲ ညသန်းခေါင် ရောက်ခါနီးနေပြီ ပွဲကလည်း စတော့မယ် ဘာလို့ ခုထိ မရောက်သေးတာလဲ"
"ကျင်းရှန်က အရင်က ကျင်းရှန်မဟုတ်တော့ဘူး သူက ချမ်းသာတဲ့ ကောင်လေးတစ်ယောက်နဲ့ တွဲနေတာလေ ဒါကြောင့် ငါတို့လို အားမှာ မဟုတ်ဘူး"
ဆံပင်အတိုနှင့်မိန်းကလေးက "အရင်နေ့တုန်းက သူ့ကောင်လေးက သူ့ကို မာစီးတီးကား ၀ယ်ပေးတယ်လို့တော့ ကြားတာဘဲ အခုဆို သူမက သောက်ရမ်း ချမ်းသာနေလောက်ပြီ"
"သူပြောတာတွေ နားထောင်မနေစမ်းနဲ့ အရင်နေ့တုန်းကတောင် ငါသူ့ကို ဘတ်စ်ကား တိုးစီးနေတာ မြင်လိုက်သေးတယ် ဘာမှ ချမ်းသာတဲ့ ကောင်လေးမရှိဘူး လျှောက်ကြွားနေတာ"
"မဖြစ်နိုင်တာ" ဆံပင်အတိုနှင့်မိန်းကလေးက
"ငါတို့က သူ့အတန်းဖော်တွေလေ သူကြွားတာက နဲနဲ အိုဗာ မဖြစ်လွန်းဘူးလား"
"ငါတို့ ရည်းစားတွေ အကုန်လုံးက လူငယ်သခင်လေးတွေလေ သူမ ငါတို့ကို မနာလိုပြီး စိတ်တိုအောင် လုပ်ချင်လို့နေမှာပေါ့"
"နင်က အဲ့လိုပြောနေမှတော့ ငါလည်း ယုံရတော့မယ်"
"အိုးမိုင်ဂေါ့ ကြည့်စမ်း စူပါကား၊ ပန်ဂနီဇွန်ဒါဟ"
အခြားသော ဧည့်သည်များ၏ အော်ဟစ်သံကို ကြားပြီး သူတို့လည်း လှည့်ကြည့်လိုက်သည်။
သူတို့အံ့ဩမိတာက ထိုပန်ဂနီ ကားငွေရောင်လေးမှာ သူမတို့ဆီ ဖြည်းညှင်းစွာ မောင်းလာခြင်းပင်။
"သူတို့ မင်္ဂလာဆောင်ကို လာတာလား" မြင်းမြီးပုံစံ ဆံပင်နှင့် မိန်းကလေးမှ ပြောလိုက်သည်။
"မဖြစ်နိုင်တာ ယင်ယင်က ငါတို့ အတန်းဖော် သူ့အမျိုးသားကလည်း သာမန်မိသားစုကဘဲ ဘယ်လိုလုပ် စူပါကားမောင်းနိုင်တဲ့ သူငယ်ချင်းရှိမှာလဲ သေချာပေါက် ဖြတ်သွားဖြတ်လာပဲ ဖြစ်မှာပေါ့"
"ဒါပေမဲ့ ကားက အရမ်း မိုက်လွန်းတယ် ဆယ်မီလီယံကျော်လောက် တန်ကြေးရှိမယ်ထင်တယ်"
"သေချာပေါက် ရှိနိုင်တာပေါ့ဟ"
လူတိုင်း၏ အကြည့်အောက်တွင် လင်းရီ ဟိုတယ်အပေါက်၀တွင် ကားရပ်လိုက်သည်။
ဇင်ယောက်ငှက်တောင်ပံများပွင့်လာပြီး ကားထဲမှ လက်ဆွဲအိတ်ကို ကိုင်ရင်း ကားထဲမှ ထွက်လာခဲ့သည်။
"ကျင်း....ကျင်းရှန် နင်အတည်ကြီး စူပါကားနဲ့ လာတာလား"
"သူ...သူဒီနေ့အားလို့ ငါ့ကို လိုက်ပို့တာလေ"
ကူကျင်းရှန် ဟန်ဆောင်လိုက်ပြီး လင်းရီ အလိမ်ဖော်မှာကိုလည်း ကြောက်နေမိသည်။
ဖော်ထုတ်ခဲ့ရင်တော့ သူမ သေချာပေါက် အရှက်ရပေလိမ့်မည်။
"ကျင်းရှန် နင်က အတော်ဆုံးဘဲ နင်ဒီချမ်းသာတဲ့ကောင်လေးကို ဘယ်လိုရလာတာလဲ အမှန်အတိုင်းပြောပြရမယ်နော်"
ကျင်းရှန်သူမကို မလိမ်ဘူးဆိုတာ ယခု လုံး၀ ယုံကြည်သွားပြီ ဖြစ်သည်။
ကျင်းရှန် ကားထဲတွင် ထိုင်နေသော လင်းရီကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး "ကျေးဇူးပဲ ဖြည်းဖြည်းမောင်းသွားဦးနော်"
"အိုကေ"
လင်းရီ ခေါင်းညိမ့်ပြီး မောင်းထွက်သွားသည်။
လင်းရီ သူမကို ခုနတုန်းက ဒိုင်းကာ အဖြစ် အသုံးပြုခဲ့သည်။ ယခု သူတို့နှစ်ယောက်ကျေပြီ ဖြစ်၏။
ကလင် ကလင် ကလင်.....
မောင်းပြီးမကြာမမီ လင်းရီဖုန်း မြည်လာသည်။ သူ၏ အိမ်ငှားပိုင်ရှင်ပင်။
လင်းရီ၏ အိမ်ပိုင်ရှင် အမျိုးသမီးမှာ သက်လတ်ပိုင်းအရွယ် မိန်းမကြီးတစ်ဦး ဝူကျင်းလန် ဖြစ်သည်။ သူမရဲ့အလုပ်ကတော့ မာကျောက် ကစားပြီး သူမပိုင်ဆိုင်သော အိမ်သုံးလုံးမှ အခန်းခများ လိုက်လံကောက်ခံခြင်းဖြစ်သည်။
လင်းရီ ယခင်ကဆို သူမ၏ ဖုန်းနံပါတ်ကိုမြင်တိုင်း ကျောဘက်တွင်ကြက်သီးမွေးညင်းများ ထလာသည်။
ဘာကြောင့်လဲဆိုတော့ သူမဖုန်းခေါ်လာသည်နှင့်တစ်ပြိုင်နက် အခန်းခ ကောက်တော့မှာဖြစ်သည်။
သို့သော်လည်း ဤတစ်ခေါက်တွင်တော့ လင်းရီ လုံး၀လုံး၀ မကြောက်တော့ပေ။
အိမ်ငှားခလေးပါပဲ သူတတ်နိုင်ပါတယ်
"လင်းရီ အခန်းခပေးရမယ့်ရက် ကျော်နေတာ ၁၈ရက် ရှိပြီနော် နင်ဘယ်အချိန်မှ ဒီမေမေကြီးရဲ့ အိမ်ငှားခကို ပေးမှာလဲ"
ဖုန်းကိုင်ကိုင်ချင်း ဝူချင်းလန်၏ အသံကို ကြားလိုက်ရသည်။
"မပူနဲ့ ကျွန်တော်အခုပဲ လာပေးမယ်"
"အမြန်လာခဲ့ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်"
လင်းရီ WeChat မှတစ်ဆင့် လွှဲ၍ ရသော်လည်း ထိုအိမ်တွင် ဆက်လက်နေထိုင်ရန် အစီအစဉ် မရှိတော့၍ ကိုယ်တိုင်သွားပေးခြင်းဖြစ်သည်။
သူ့တွင် ကိုယ်ပိုင်အိမ် မရှိသော်လည်း ဟိုတယ်ကြီး တစ်လုံးရှိသည်။ ထို့ကြောင့် ဟိုတယ်သို့ ပြောင်းပြီး အိမ်ငှား၍ အဘယ်ကြောင့် ဒုက္ခခံနေမည်နည်း
ထိုနေရာသည်ဈေးပေါသည်မှလွဲ၍ တခြားကောင်းသည့်အရာ မရှိ။
......
ဟော်ပင် ခရိုင်၊ ဆောက်အဦး နံပါတ် ၄ ၊အမှတ်(၃)၊ အခန်း ၆၀၂။
ဝူကျင်းလန်နှင့် သူ့သမီးမှာ နေ့လည်စာစားရင်း လတ်တလော နာမည်ကြီးနေသော လုယက်မှုများအကြောင်း ဖတ်နေကြသည်။
"အမေ...ရက်လွန်တာက ဆယ်ရက်လေးကိုပဲ လင်းရီကို တွန်းအားမပေးပါနဲ့"
ပြောလိုက်သူမှာ ကျင်းလန်၏ သမီး ကျန်းကျင်ကျင်ဖြစ်သည်။ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် အစိုးရ၀န်ထမ်း စာမေးပွဲဖြေရန် အိမ်တွင်လေ့လာနေသည်။
ကျန်းကျင်ကျင်မှာ ကျီချင်းရန်တို့လောက် မလှသော်လည်း ကြည့်၍မဆိုးလှ။ ဘေးချင်းကပ်နားက ကောင်မလေးနှင့်ပိုတူသည်။
"ငါက ဘာလို့ ဖိအားမပေးရမှာလဲ သူတစ်နေ့နေ့ မပေးဘဲ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မှာ အဲ့အချိန်ကျရင် ငါတို့ ပိုက်ဆံပဲ ဆုံးမှာပေါ့"
"မဖြစ်နိုင်တာ လင်းရီက အဲ့လို လူစားမျိုး မဟုတ်ပါဘူး" ကျင်ကျင် ပြန်ပြောလိုက်လေသည်။
"သူက အဲ့လို လူစားမျိုး မဟုတ်ဘူးဆိုတာ နင်ဘယ်လိုသိလဲ" ကျင်းလန်မှ မေးလိုက်သည်။
"ငါနင့်ကို ကြိုပြောထားမယ်နော် သူ့အကြောင်းကို ယောင်လို့တောင် ခေါင်းထဲ ထည့်မတွေးနဲ့ နင်တို့ နှစ်ယောက်အတူနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ငါလည်း ခွင့်မပြုနိုင်ဘူး" ဝူကျင်းလန်မှ နှာခေါင်းရှုံ့လိုက်သည်။
လင်းရီ၏ အိမ်မှာ စုတ်ပြတ်လွန်းသောကြောင့် လျိုစီစီ တစ်ခါမျှ ရောက်မလာခဲ့။ထို့ကြောင့် ဝူကျင်းလန်တို့ သားအမိမှာ လင်းရီတွင် ရည်းစားရှိမှန်း မသိဘဲ
စင်ဂယ်ဟုသာ ထင်နေကြသည်။
"ဘာလို့လဲ သမီးကတော့ သူက ချောလည်းချောတယ် အလုပ်လည်း ရှိတယ် တော်တော်အထင်ကြီးဖို့ကောင်းတယ်လို့ ထင်တယ်"
"ဟမ့်...ဆွဲဆောင်မှုဆိုရှိတယ် ဆိုတဲ့ အဓိပ္ပာယ်ကို ညဉ်းနားမလည်သေးပါဘူး သူက နင်နဲ့တန်ကိုမတန်တာ" ဝူ
ကျင်းလန် ပြောလိုက်လေသည်။
"သမီးက သိပ်မကြာခင် အစိုးရဝန်ထမ်းဖြစ်တော့မှာ အဲ့ခါကျမ သမီးရဲ့ ရုပ်ရည်နဲ့ လင်းရီထက်သာတဲ့သူတွေကို ခေါင်းခေါက်ရွေးလို့ရတယ် "