အခန်း (၆)
Vol. 1 Ch. 6
ကျန်းကျင်ကျင် ဘာမျှပြန်မပြောခဲ့။အဘယ်ကြောင့်ဆိုသော် သူမအမေ ပြောသည်မှာ အဓိပ္ပာယ်ရှိနေသော ကြောင့်ပင်။
ကျုံးဟိုင်တွင် အိမ်တစ်လုံး၏ တန်ဖိုးမှာ အနည်းဆုံး ၁၀ မီလီယမ်ကျော် တန်ကြေးရှိသည်။ လင်းရီ၏ လစာဖြင့် ကျုံးဟိုင်တွင် အိမ်၀ယ်ရန် အင်မတန်မှ ခက်ခဲပေလိမ့်မည်။
ထို့ပြင် သူစီးသည့် ရှာရီမှာလည်း ဈေးပေါလှ၏။
ထို အရာ အားလုံးမှာ ပြဿနာဖြစ်ပြီး သူမအမှန်ကို မြင်နိုင်ရပေမည်။
ဒေါက် ဒေါက် ဒေါက်.....
ကျင်ကျင် သူမ၏ တူများကို ချလိုက်ပြီး တံခါးသွားဖွင့်လိုက်သည်။
"အကိုလင်း နင်လာပြီပဲ"
လင်းရီခေါင်းညိမ့်လိုက်ပြီး "မင်းအမေကော ငါ
အိမ်လခ လာပေးတာ"
ကျင်းလန် နောက်မှ ရောက်လာပြီး" အိမ်လခလေးပဲကို ဒီထိလာစရာ မလိုပါဘူး လွှဲပေးလိုက်လည်း ရနေတာပဲ"
သူမ လင်းရီ၏ ကိုယ်ရေးကိုယ်တာ အကြောင်းများတွေးမနေဘဲ ယဉ်ယဉ်ကျေးကျေးတာ ကောက်ခံခဲ့သည်။
"ကုမ္ပဏီက ကျွန်တော့်ကို အလုပ်ထုတ်လိုက်ပြီ အဲ့တာကြောင့် ခုက စပြီး ကျွန်တော်က အလုပ်လက်မဲ့ ဖြစ်သွားပြီ" လင်းရီ ပြောလိုက်သည်။
ကျင်းလန် နှလုံးတစ်ချက် တုန်သွားသည်။
လင်းရီ အလုပ်ထုတ်ခံ လိုက်ရပြီ ဆိုတော့ သူ ဒီမှာနေမယ်ဆို ရှေ့လျောက် ပေးဖို့ ပိုက်ဆံရှိမှာ မဟုတ်တော့ဘူး။
ကျင်းလန်၏ ဖုန်း တစ်ချက် တုန်ခါသွားပြီး လင်းရီ မှ လေးထောင် ယွမ် လွှလိုက်သည်ကို တွေ့လိုက်ရသည်။
"လခက ၂၀၀၀ ပဲလေ ဘာလို့ ၄၀၀၀ ကြီးများတောင် လွှဲလိုက်တာလဲ"
"ပေးဖို့ ရက်က ၁၈ ရက်လွန်နေလို့လေ ဒါကြောင့် နှစ်လစာပေးလိုက်တာ ဒါပေမဲ့ ကျွန်တော်ဒီမှာ ဆက်နေမှာ မဟုတ်တော့ဘူး"လင်းရီ ပြောလိုက်သည်။
"နင် ဆက်မနေတော့ဘူးလား"ကျင်းလန် မေးလိုက်သည်။
ဝူကျင်းလန်ကြားသောအခါ ခွဲခွာဖို့တုန့်ဆိုင်းမနေရုံသာမက အနည်းငယ်ပင် ပျော်ရွှင်နေသေးသည်။
ဒါမှ သူပိုချမ်းသာတဲ့ အိမ်ငှားကို ရှာလို့ရမှာ လေ....
"ဟုတ်တယ် ကျွန်တော်ဒီမှာ ဆက်မနေတော့ဘူး အခု ပစ္စည်းတွေလာသိမ်းပြီး ခဏနေရင် ပြန်တော့မှာ " လင်းရီပြောလိုက်သည်။
"ငါတောင်းပန်ပါတယ် ငါနင့်ဆီက ယွမ် တစ်ထောင်နီးပါးလောက် ပေးဖို့ ဖိအားပေးမိလိုက်တယ်"ဝူကျင်းလန် ပြောလိုက်သည်။
လင်းရီပြုံးလိုက်မိသည်။ သူအရမ်း ရက်ရောပြီးနောက် ဝူကျင်းလန်ဆိုသော ဘွားတော်ကြီးမှာ သူ့အပေါ် ပေါ်၍ ယဉ်ကျေးလာသည်။
သူတို့သိလာတာကြာပြီဖြစ်သောကြောင့် အချင်းချင်း သံယောဇဉ်တစ်ချို့ရှိကြ၏။
"အဆင်ပြေပါတယ် ကျွန်တော်အမြဲတမ်း ခင်ဗျားရဲ့ အခန်းခကို နောက်ကျမှ ပေးမိတာ စိတ်မကောင်းပါဘူး"
လင်းရီ ပြောလိုက်သည်။
"ကျင်ကျင် ဒီတိုင်းရပ်ကြည့်မနေနဲ့လေ မင်းရဲ့ အကိုလင်းကို သယ်ကူလိုက်ဦး "ဝူကျင်းလန် ဆက်ခနဲ ပြောလိုက်သည်။
သူမ လင်းရီ ဆင်းရဲသည်ကို အထင်သေးသော်လည်း သူ၏ စရိုက်ကိုမူ လွန်စွာ နှစ်သက်သည်။
သူဒီမှာ ဆက်မနေတော့တာတောင် ယွမ်နှစ်ထောင် အပိုပေးခဲ့သည်။ ထို့ကြောင့် သူ့အပေါ်တွင် တအားကြီး အေးစက်လို့မဖြစ်ပေ။
"ကောင်းပြီ ကျွန်တော်သွားပြီး ထုပ်ပိုးလိုက်ဦးမယ်"လင်းရီပြောလိုက်သည်။
လင်းရီတွင် အထွေထူး ထုပ်ပိုးစရာ ဘာမျှ မရှိ။ တန်ဖိုးအရှိဆုံးမှာလည်း သူမိဘမဲ့ ဂေဟာမှ ယူလာသောပစ္စည်းအချို့သာဖြစ်သည်။
၎င်းမှာ တန်ဖိုးမကြီးမားသော်လည်း သူ့အတွက်တော့ အဖိုးမဖြတ်နိုင်ပေ။
လင်းရီ ဂွမ်းကပ်နှစ်စုံကို သူ့လက်ထဲတွင် သယ်လာပြီး အခြားတိုလီမှုတ်စများကိုလည်း ထိုသားအမိမှ သယ်ကူပေးခဲ့ကြသည်။
ဝူကျင်းလန်မှာ ငွေမက်သည် မှန်သော်လည်း သူမထံတွင် စာနာမှု အနည်းငယ် ကျန်နေသေး၏။
"လင်းရီ နင်က ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရပြီဆိုတော့..နောက် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ.."
ကျင်းလန် အောက်ထပ်သို့ ဆင်းလာရင်း မေးလိုက်သည်။
"ကျွန်တော်က အခု Di Di မောင်းနေတာလေ..ဒါမှ ငတ်မသေမှာပေါ့.."
ကျင်းလန်တို့ သားအမိ အချင်းချင်း အကြည့်ချင်း ဆုံသွားကြပြီး တစ်ယောက်အတွေးကို တစ်ယောက် နားလည်သွားကြ၏။
သူမ အမေပြောသည်မှာ အဓိပ္ပာယ်ရှိသည်။
ဆက်ဆံရေး တစ်ခုတွင် လက်တွေ့ကျသင့်သည်။ တစ်စုံတစ်ယောက်က တည်ငြိမ်သော ၀င်ငွေလမ်းကြောင်းမရှိပါက အနာဂတ် တွင် မည်ကဲ့သို့ အသက်ရှင်နေထိုင်မည်နည်း။
"အမေ..ကြည့်လိုက်ဦး..ဟိုနားမှာ စူပါကားတစ်စီး ရပ်ထားတယ်..."
ကျန်းကျင်ကျင် ငွေရောင် ပြိုင်ကားလေးကို တွေ့သွားသောအခါ စိတ်လှုပ်ရှားပြီး အော်ပြောလိုက်သည်။
သို့သော်လည်း ကံဆိုးစွာဖြင့် သူမက ကားဆိုလျင် နကန်းတစ်လုံးမျှ မသိသူဖြစ်၏။ အော်ဒီ၊ မာစီးတီး၊BWM ထိုကားတံဆိပ်လောက်သာ သိသည်။
သို့သော်လည်း ကား၏ ပုံစံကိုကြည့်၍ ဆုံးဖြတ်မည်ဆိုပါက ထိုပြိုင်ကားမှာ သေချာပေါက် ဈေးကြီးမည်ဖြစ်ကြောင်း သူမနားလည်ပေသည်။
"ထူးဆန်းတယ်..ငါတို့ အိမ်နားနီးချင်းတွေကလည်း ပြိုင်ကားစီးနိုင်လောက်တဲ့အထိ ချမ်းသာတဲ့သူတွေ မရှိပါဘူးဟ.."
ဝူကျင်းလန် တီးတိုး ရေရွတ်လိုက်သည်။
အတိအကျပင်၊ သူမထိုကားက ဈေးမပေါကြောင်းတော့ နားလည်၏။
"လင်းရီ ..နင့်ရဲ့ကားက ဘယ်နားမှာလဲ..ငါဘယ်မှာမှလည်း ရှာလို့မတွေ့ဘူး..."
ကျင်းလန် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း လင်းရီ၏ ရှာရီ အစုတ်လေးကိုဘယ်မှာမျှ ရှာလို့ မတွေ့ချေ။
"ကျွန်တော် ရှာရီကို ဆက်ပြီး မမောင်းတော့ဘူး..ခု ဒီကားပြောင်းစီးနေတာလေ..."
လင်းချီ ကားသော့ကို နှိပ်လိုက်သောအခါ ပန်ဂီနီ၏
ဇင်ယော်ငှက် တောင်ပံကဲ့သို့ ကားတံခါးများ ဖွင့်ဟလာပြီး ကျင်းလန်တို့ သားအမိကို ထိတ်လန့်သွားစေသည်။
"ဘာ..ဘာပြောလိုက်တယ်...ဒါက နင့်ရဲ့ကား..."
သူမ၏ နှုတ်ခမ်းများ ပွင့်ဟနေလျက် အံ့ဩတကြီး မေးလိုက်မိသည်။
"ဟမ်..ဘာလဲဖြစ်လို့..ကျွန်တော်လည်း ဒီနေ့မှကား လဲလိုက်တာ.."
"ဒီကားက လုံး၀ ဈေးမပေါဘူး..ဟုတ်တယ်မလား.."
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး..၂၀ မီလီယမ် ကျော်ကျော်လေးတင်ပါ...."
လင်းရီ ခရီးသည်ထိုင်ခုံပေါ်တွင် ပစ္စည်းများ ထားရင်း သက်တောင့်သက်သာဖြင့် ပြန်ဖြေလိုက်သည်။
"လင်း..လင်းရီ နင်ဘယ်အချိန်ကတည်းက ဒီလောက်ထိ ချမ်းသာလာတာလဲ...နင်ကဒီတိုင်း သာမန်အရောင်းသမားလေးပဲ မဟုတ်လား..."
ပစ္စည်းများ အလုံး သိမ်းဆည်းပြီးနောက် လင်းရီ မောင်းသူနေရာတွင် ထိုင်၍ ထွက်ခွာသွားခဲ့သည်။
လင်းရီ၏ ကားနောက်မီး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ကြည့်ရင်း ကျန်းကျင်ကျင်မှာ လွန်စွာ စိတ်ဆိုးနေ၏။
"အမေ..ပြောတော့ လင်းရီက မိဘမဲ့ပါဆို..သူ့မိဘတွေကလည်း ဟိုးပဝေဠသီကတည်းကနေ သေသွားပြီဆို...ခုကျ ဘာလို့ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက် တစ်ယောက် ဖြစ်နေရတာလဲ...."
"ငါလည်း ဘယ်သိမှာ...သူ့မိဘတွေ အုတ်ဂူကို သွားဖောက်ခဲ့လားမှ မသိတာ..."
"အမေပြောတော့ လင်းရီက ဆင်းရဲလို့ သမီးတို့နှစ်ယောက်က အတူရှိလို့ မရဘူးဆို...ခုသူက ချမ်းသာတယ်ဆိုတော့ သမီးတို့......"
"သောက်အဓိပ္ပာယ်မရှိတာတွေ စဉ်းစားမနေစမ်းပါနဲ့အေ...."ဝူကျင်းလန် ပြန်ဖြေလိုက်သည်။
"အတိတ်တုန်းက သူကနင်နဲ့ မလိုက်ဖက်ဘူး..ခုကျတော့ ညဉ်းက သူ့အတွက် လုံလောက်အောင် မတော်တော့ဘူးလေကွယ်....အိမ်ပြန်ပြီး လိမ်လိမ်မာမာနဲ့ စာပဲ လုပ်နေစမ်းပါ..."
.....
နာရီ၀က်ခန့်ကြာပြီးနောက် လင်းရီ ပန်နီဆူလာ ဟိုတယ်သို့ မောင်းနှင်သွားပြီး ၀မ်ထျန်းလုံနှင့် ဧည့်ခန်းထဲတွင် တွေ့ဆုံခဲ့သည်။
"ဒါရိုက်တာလင်း..ဒါရိုက်တာ ၀တ်စုံကို ပြင်ဆင်ပြီးပါပြီ..."
သူအလာလမ်းတွင် ၀မ်ထျန်းလုံကို သူဟိုတယ်၌ အချိန်အနည်းငယ်ခန့် နေထိုင်မည်ဖြစ်ကြောင်း၊ အချိန်ရှိပါက အိမ်သွား၀ယ်မည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ငါ့ကို ကားထဲက ပစ္စည်းတွေ ထုတ်လာပေးဦး..ပြီးတော့ အစားအသောက် နည်းနည်းလည်း ယူလာခဲ့ခိုင်းလိုက်..ငါတစ်နေ့လုံး အလုပ်လုပ်ထားတော့ ဗိုက်က အတော်လေး ဆာနေပြီ..."
"ဟုတ်ကဲ့ပါ ဘော့စ်လင်း...ကျွန်တော် အခုချက်ချင်း စီစဉ်လိုက်ပါ့မယ်..."
ထျန်းလုံမှာ လွန်စွာ ကျွမ်းကျင်ပြီး နာရီ၀က်အတွင်း လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပြီး ဖြစ်၏။
ညစာ စားပြီးနောက် လင်းရီ ရေချိုးလိုက်ပြီး ချမ်းသာခြင်း၏ စည်းစိမ်ကို အပြည့်အ၀ ခံစားနေတော့သည်။
ကလင်..ကလင်..ကလင်....
ဘေးရှိ ဖုန်းမှာ အသံမြည်မှာလာပြီး ခေါ်ဆိုလာသူမှာ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း ၀မ်ရင် ဖြစ်၏။
ဝမ်ရင်မှာ လင်းရီထက် လေးနှစ်ခန့် အသက်ကြီးပြီး အရွယ်တင် နုပျိုသော မိန်းကလေးတစ်ယောက်ဖြစ်သည်။
လင်းရီကိုလည်း အလုပ်တွင် အမြဲကူညီပြီး သူမတွင် အခြား အကြောင်းပြချက်များ ရှိမရှိတော့ မည်သူမျှ မသိ။
"အစ်မ ၀မ်...ဒီကမောင်လေးကို ဘာများ ပြောချင်လို့လဲ..." လင်းရီ ယဉ်ကျေးစွာ ဖုန်းဖြေလိုက်၏။
"ရီ..နင့်ရဲ လုပ်ဖော်ကိုင်ဖက်တွေက နင်နဲ့ ခွဲရမှာကို စိတ်မကောင်းဖြစ်နေကြတယ်...ဒါကြောင့် သူတို့က နင့်ကို နှုတ်ဆက်တဲ့ အထိမ်းအမှတ်အနေနဲ့ ညစာကျွေးချင်လို့တဲ့..."
"ကျေးဇူးပါ အစ်မ၀မ်...နေရာကို အစ်မပဲ ရွေးချယ်လိုက်ပါ...ကျွန်တော် ဒကာခံပါ့မယ်..."လင်းရီ ရက်ရောစွာ ပြောလိုက်သည်။
"ငါက နင့်ကို နှုတ်ဆက်တဲ့ အထိမ်းအမှတ်အနေနဲ့ ညစာကျွေးမလို့ပါဆို...ဘယ်လိုလုပ် နင့်ကို ဒကာခံခိုင်းရမှာလဲ...."၀မ်ရင် ပြန်လည်ချေပလိုက်ပြီး "ညနေ ၅:၃၀ ဆုံနေကျစားသောက်ဆိုင်မှာ တွေ့ကြမယ်...."
ဆုံနေကျ နေရာဆိုသည်မှာ စားသောက်ဆိုင်၏ နာမည်မဟုတ်။ သူတို့ ဆုံနေကျ စားသောက်ဆိုင်၏ နာမည်မှာ ရိဖင်ကျွိ ပင်။
ထိုနေရာလေးမှာ သူတို့ ဌာန ညစာစားပွဲများ ကျင်းပရာနေရာဖြစ်ပြီး သူတို့အားလုံး ဆုံနေကျ နေရာဟုသာ ခေါ်ဆိုကြသည်။
"အိုကေ..သိပါပြီအစ်မ၀မ်..ကျွန်တော် အဲ့နေရာကို အချိန်မီ အရောက် လာခဲ့ပါ့မယ်..."
"အိုကေ..ဒါပဲနော်...အဲ့မှာ တွေ့ကြမယ်..."
ဖုန်းချပြီးနောက် လင်းရီ သူ၏ နာရီကို ကြည့်လိုက်၏။
သူ့တွင် ယခုစည်းစိမ်ကို ခံစားရန် အချိန်နှစ်နာရီကြီးများတောင် ကျန်ရှိနေသေး၏။
ထိုအချိန်တွင် လင်းရီ ဖုန်းထဲရှိ ဝီချက်ထဲတွင် ကျီချင်းရန် ဆီမှ မက်ဆေ့ခ်ျ ရောက်လာခဲ့သည်။
"ငါတို့ အလုပ်ကိစ္စ ပြီးတော့မယ်..နင်ငါ့ကို လာကြိုပေးလို့ရမလားလို့...ငါခုထိ အစိုးရဌာနမှာဘဲ ရှိသေးတယ်"
"ရတာပေါ့..."လင်းရီ ချက်ချင်း တုံ့ပြန်လိုက်ပြီး "ကျွန်တော် နာရီ၀က်အတွင်း အရောက်လာခဲ့မယ်..."
စနစ်မှ သူ့ကို အော်ဒါမျ
ား လက်ခံခြင်းဖြင့် ဆုလဒ်များ ချီးမြင့်ပေးသည်။ ယခု သူ့တွင် အော်ဒါတစ်ခု ရှိလာလေပြီ..ထို့ကြောင့် လက်ခံရတော့မည်။
အလုပ်လုပ်ဖို့ အချိန်ပဲကွ...
ဟားဟား...မိုက်လိုက်တာကွာ....