← Chapters

ဓားအကျဉ်းထောင်မှ ထွက်ခွာခြင်း

Vol. 52 Ch. 711

ဓားအကျဉ်းထောင်မှ ထွက်ခွာခြင်း

Vol. 52 Ch. 711

ဟန်ချင်းရုက ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သောကြောင့် မိုဝူကျိဘေးမှ အနီးကပ် လိုက်ပါလာသည်။ တခြားလူများကလည်း ကျန်ရစ်မနေချင်ကြပေ။ ဂိုဏ်းချုပ်က သူ့စွမ်းအားစက်ကွင်းမှာ ဆယ်မီတာအထိ ဖြန့်ကျက်နိုင်ကြောင်း ပြောထားလေရာ သူတို့သာ ထိုဆယ်မီတာ အပြင်ဘက် ရောက်သွားပါက ဓားစွမ်းအင်ကြောင့် ချက်ချင်းဆိုသလို တစစီ ဖြစ်သွားလိမ့်မည်။

ဓားစွမ်းအင်မြစ်ထဲ ဝင်မည့်လူများမှာ နှလုံးခုန် မြန်ဆန်နေကြသည်။ သူတို့တစ်ကိုယ်လုံး မြစ်ထဲ ဝင်လိုက်သည်နှင့် ဓားစွမ်းအင် တစ်စက်လေးမှ မခံစားမိကြောင်း သိရှိလိုက်ရသည်။ ထိုအခါမှ သူတို့က  စိတ်ပေါ့ပါးသွားပြီး  သိသိသာသာ စိတ်လေးလံမှုများ လျော့ကျသွားတော့သည်။

ဓားစွမ်းအင်မြစ်မှာ အရမ်း မနက်ပေ။ အားလုံး မြစ်ထဲ ဆင်းသွားပြီးနောက် မိုဝူကျိက အင်မော်တယ် သဘာဝစွမ်းအားများကို ထုတ်ကာ ဘေးပတ်လည်မှ ရေများကို ဖယ်ရှားကာ  လမ်း ဖြစ်စေလိုက်၏။  ထိုစဉ် အားလုံးက မာကြောတောင့်တင်းသည့် မြစ်ကြမ်းပြင်ပေါ် ရောက်ရှိသွား၏။

“ ကောင်းလိုက်တဲ့ ဓား …” အားလုံးက မြစ်ကြမ်းပြင်တွင် စိုက်နေသော ဓားရှည်ကို မြင်လိုက်ကြသည်။

အားလုံးက ထိုဓားရှည်ကို မြင်သောအခါ သူတို့က ဓားအကျဉ်းထောင် တည်ရှိနေသည့် အကြောင်းအရင်းကို နားလည်သဘောပေါက်သွားကြ၏။ ထိုဓားရှည်ကြောင့်သာ ဖြစ်၏။ ထိုဓားရှည်က မည်မျှ အားကောင်းနေမှန်း တွေးကြည့်၍ ရပေသည်။ အကယ်၍ သူတို့သာ ဤဓားရှည်ကို ရရှိသွားပါက  အင်မော်တယ်လောက တစ်ခုလုံး၌ နံပါတ်တစ် မှော်ရတနာ ဖြစ်လာလိမ့်မည်။

“ အားလုံး ကြည့်မနေနဲ့တော့ …. ကျုပ်တောင် အဲဒီဓားကို မယူနိုင်ဘူးဆိုတာ့ တွေးမနေကြနဲ့တော့။ ပိုင်ယဲ့ မြန်မြန် ထွက်လမ်းကို ရှာ …. ဓားစွမ်းအင်မြစ်ထဲမှာ ငါတို့က အချိန်ကန့်သတ်ချက် ရှိတယ် ….” မိုဝူကျိက အားလုံး၏ လောဘတကြီး ဖြစ်နေသည့် အတွေးများကို နှောင့်ယှက်လိုက်လေ၏။

“ ဟုတ်ကဲ့ ….” ပိုင်ယဲ့က မြန်မြန် အကြည့်ရုတ်သိမ်းကာ သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားအား ထုတ်လိုက်၏။

အားလုံးက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကြောင့်  အချိန်ကန့်သတ်ချက်ရှိကြောင်းကို တွေးမိလိုက်ကြသည်။ သူတို့က မိုဝူကျိသည် ဓားအကျဉ်းထောင်ထဲ ဆက်နေခြင်းမှာ အန္တရာယ်မကင်းကြောင်း ခံစားနေသောကြောင့် ပြောလိုက်မှန်း မသိကြပေ။ သူ့စွမ်းအားစက်ကွင်းမှာ လက်ရှိ အသိစိတ်ပင်လယ် အနေအထားဖြင့် လပေါင်းများစွာ တောင့်ခံနိုင်ပေသည်။ ထို့အပြင် သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းလည်း ရှိနေသေးသည် မဟုတ်ပါလော။

ပိုင်ယဲ့က ရှစ်မြောင့်ထောင့် အဝိုင်းပြားဘေးတွင် ဆက်တိုက်ဆိုသလို လက်ဟန်များ ထုတ်ဖော်နေ၏။ တစ်ပြိုင်နက်ဆိုသလို သူက မသိရသော စကားလုံးများကို ရွတ်ဆိုနေသေးသည်။

အမွေးတိုင် တစ်ဝက်စာကြာချိန်တွင် တိတ်ဆိတ်နေသည့် ရှစ်မြောင့်ထောင့် အဝိုင်းပြားက မှိန်ဖျဖျ တောက်ပလာသည်။ ထိုမှိန်ဖျဖျ အလင်းရောင်က ပို၍ ပို၍ တောက်ပလာပြီးနောက် ဖြည်းဖြည်းချင်း နေရာတစ်ခု၌ စတင် စုစည်းသွားသည်။

မိုဝူကျိ၏ အကြည့်များမှာလည်း တောက်ပလာ၏။ သူက ပိုင်ယဲ့၏ ရှစ်မြောင့်ထောင် အဝိုင်းပြားလေးမှာ အံ့ဩဖွယ် ကောင်းသည့် အကူရတနာ ဖြစ်ကြောင်း ခံစားမိလိုက်သည်။

နှစ်နာရီကြာမြင့်ပြီးနောက် အလင်းများမှာ မြှားအသွင် ဖွဲ့စည်း ဖြစ်ပေါ်လာသည်။ ထိုမြှားတံက တည်နေရာတစ်ခုဆီ ညွှန်ပြနေလေ၏။

ပိုင်ယဲ့က မတ်တတ်ရပ်ကာ  ရှစ်မြောင့်ထောင့် အဝိုင်းပြားလေးကို သိမ်းလိုက်ရင်း ပြောလိုက်၏  “ ဂိုဏ်းချုပ်မို ကျုပ်တို့တွေ အဲဒီအတိုင်း သွားလိုက်ရင် ရပြီ ”

မိုဝူကျိက ခေါင်းညိတ်ကာ

“ အားလုံး ကျုပ်နောက်ကို လိုက်ခဲ့ကြပါ။  ဓားစွမ်းအင်မြစ်ထဲက ဓားစွမ်းအင်တွေက အရမ်းအားပြင်းတယ်။ အင်မော်တယ် ဧကရာဇ် ဖြစ်နေရင်တောင် အရေးမပါတော့ဘူး။ ကျုပ်နဲ့ ဆယ်မီတာ အထက် ဝေးသွားရင် သေချာပေါက် ဓားစွမ်းအင်ကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွားလိမ့်မယ် ”

မိုဝူကျိက ပိုင်ယဲ့သည် သူ့ရှေးဖြစ်ကိန်း တွက်ချက်လိုက်ခြင်း မဟုတ်ဘဲ သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားကပင် ထွက်လမ်း ရှာနိုင်စွမ်း ရှိနေကြောင်း သံသယ ဝင်လာမိသည်။ ပိုင်ယဲ့က သတ်ဖြတ်ရေး အစီအရင်ထဲ ပိတ်မိနေစဉ် ပိုင်ယဲ့အနေနှင့် အချိန်တိုလေးအတွင်း အစီအရင်အား ချိုးဖျက်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်ခဲ့၏။ အကယ်၍ သူသာ မြန်မြန်ဆန်ဆန် မတုံ့ပြန်မိပြီး အစီအရင် ဗဟိုချက်အား နေရာမပြောင်းမိခဲ့လျှင် သူ့အစီအရင်ကို ပိုင်ယဲ့က အလွယ်တကူ ချိုးဖျက်သွားနိုင်လိမ့်မည်။

ပိုင်ယဲ့က သူ့အား ကြောက်ရွံ့နေသည့် အကြောင်းအရင်း အတိအကျမှာ သူ့မြန်ဆန်သည့် လှည့်ကွက်ကြောင့်သာ ဖြစ်၏။ အကယ်၍ ပိုင်ယဲ့က အစီအရင်ကို အလွယ်တကူ ချိုးဖျက်နိုင်မည်မှန်း သိနေလျှင် ပိုင်ယဲ့က ဤမျှ ကောင်းကောင်းမွန်မွန် ပြုမူနေမည် မဟုတ်ပေ။ ဤနှစ်များ၌ ဓားအကျဉ်းထောင်ထဲ ပိတ်မိနေလေရာ ပိုင်ယဲ့၏ စိတ်စွမ်းအားမှာ အတော်လေး ယုတ်လျော့နေပြီ ဖြစ်သော်လည်း   ဓားအကျဉ်းထောင် အပြင်ဘက် ရောက်သည်နှင့် သူ့ယုံကြည်ချက်များ ပြန်လည် ရရှိလာလိမ့်မည်။

မိုတူကျိက အလျှင်အမြန် ရွေ့လျားလိုက်ရာ တခြားသူများလည်း နောက်ကောက်ကျ ကျန်မနေရဲပေ။ သူတို့အများစုမှာ မိုဝူကျိနှင့် သုံးမီတာအတွင်းသာ နေကြသည်။ မိုဝူကျိက ဆယ်မီတာအထိ ဘေးကင်းကြောင်း ပြောထားသော်လည်း အားလုံးက မိုဝူကျိနှင့် ပိုပြီး နီးနီးကပ်ကပ် ရှိနေပါက ပို၍ အန္တရာယ်ကင်းကြောင်း ခံစားမိနေကြ၏။

……………

ကန္တာရ ကာကွယ်ရေး အပြင်ဘက်၌ ခိုးကြောင်ခိုးဝှက် ကျင့်ကြံသူ နှစ်ယောက်က လှည့်ပတ်ကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် တစ်ယောက်က ပြောလိုက်၏

“ကွမ်းယီ  တစ်ခုခုတော့ မှားနေပြီ။ ငါတို့တွေ လာစစ်ဆေးတုန်းက ဒီနေရာမှာ အင်မော်တယ် ဝိညာဉ် စွမ်းအား စုပ်ယူခံထားရတာကို တွေ့လိုက်ရပါတယ်။ ပြီးတော့ အထဲမှာ ကျင့်ကြံနေတဲ့သူတွေလည်း ရှိကြတယ်။ ဒါပေမဲ့ အခုဘာလို့ အဲလောက်တောင် တိတ်ဆိတ်နေတာလဲ။ သူတို့တွေ အကုန် ထွက်သွားကြပြီလား ”

သူ့ဘေးမှ ကျင့်ကြံသူက အစီအရင်အား မျက်လုံးပြုး မျက်ဆံပြူးဖြင့် ကြည့်ကာ  “ ခင်ဗျား ပြောတာ မှန်တယ်။ သူတို့တွေ ထွက်သွားကြပြီ … ”

“ ကျုပ်တို့ အစီအရင်ကို တိုက်ကြည့်ကြမလား ”

“ ဟင်း …. တကယ်လို့ အဲလူတွေက မထွက်သေးဘူးဆိုရင်  ခင်ဗျား အပြုအမူက ကိုယ့်သေတွင်းကို တူးသလို ဖြစ်မနေဘူးလား။ အရင်ဆုံး ပြန်ပြီးတော့ သခင်ကို ပြောကြစို့ … အဲဒီ လူတွေက တကယ်ထွက်သွားတာ နေမယ် ”

သူတို့နှစ်ယောက် ပြောလိုက်ရင်း အလျှင်အမြန် နောက်ပြန်ဆုတ်လိုက်ကြသည်။

သူတို့နှစ်ယောက်မှာ ဘေးကင်းနွယ်တောင်မှ ထွက်လာကြပြီး သူတို့၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် မိုဝူကျိ နှင်ထုတ်လိုက်သူများ ဖြစ်၏။ ထိုစဉ် သူတို့က ဓားစွမ်းအင် ဝဲကတော့ဆီ သွားနေသွားနေကြသည်။

အကယ်၍ မိုဝူကျီသာ ရှိနေလျှင် သူ့မျက်လုံးသူ ယုံမိမည် မဟုတ်ပေ။ ထိုကျင့်ကြံသူ နှစ်ယောက်မှာ ရုပ်ခန္ဓာကို တစ်ခါမှ မလေ့ကျင့်ဖူးသော်လည်း တုံ့ဆိုင်းခြင်းမရှိ ဓားစွမ်းအင် ဝဲကတော့ဆီ သွားနေကြခြင်း ဖြစ်၏။

 သူတို့က သေချင်နေကြတာလား….

ထိုနှစ်ယောက်က သေချင်နေခြင်း မဟုတ်သလို ဝဲကတော့၏  ဖျက်စီးခြင်းကိုလည်း မခံရပေ။ ထို့အစား သူတို့နှစ်ယောက် ဝဲကတော့အလယ် သွားလိုက်သည်နှင့် အားတချို့က သူတို့အား စုပ်ယူသွားကာ  ဂူတစ်ဂူထဲ၌ ပေါ်လာကြသည်။

ထိုဂူထဲ၌ အရိုးခြောက်နှင့် မခြားနားသော အမျိုးသား တစ်ယောက် ရှိနေသည်။ ထိုအမျိုးသားဘေး၌ ဒူးထောက်လျက် ရှိသော နောက်ထပ် ကျင့်ကြံသူ တစ်ဦး ရှိနေပြန်သည်။

“ သခင် …. အဲဒီ မိုဝူကျိက လူတွေကို ခေါ်ပြီးတော့ ထွက်သွားပြီ။ အစီအရင်ထဲမှာ ဘယ်သူမှ မကျန်ခဲ့တဲ့ ပုံပဲ ….”

ကွမ်းယီ အမည်ရှိ ကျင့်ကြံသူက အကုန်မပြောရသေးခင် အရိုးခြောက်၏ ပုံရိပ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ အသက်ဆယ်ရှိက်စာလောက်အတွင်း ထိုအရိုးခြောက်က မိုဝူကျိ၏ အစီအရင် အပြင်ဘက်၌ ပေါ်လာကာ လက်ဝါးတစ်ချက် ရိုက်လွှတ်လိုက်သည်။

“ ဘုန်း ” မိုဝူကျိ၏ အစီအရင်မှာ တစစီ ဖြစ်သွားပြီး အစအနမရှိ ပျောက်ကွယ်သွားတော့သည်။ သို့သော်လည်း  အထဲ၌ ဘယ်သူမှ မရှိတော့ချေ။

“ ဘယ်လောက်‌တောင် ဉာဏ်များလိုက်တဲ့ ကောင်စုတ်လဲ …. သားကောင်က ငါ့ရှေ့ကနေ ထွက်ပြေးဖို့ ကြိုးစားရဲတယ်ပေါ့။ အိပ်မက် မက်မနေစမ်းနဲ့ ” ထိုအရိုးခြောက် အမျိုးသားက လက်ကို ဝှေ့လိုက်သည့်အခါ  အင်မော်တယ် ဧကရာဇ်ပင် တုန်လှုပ်သွားနိုင်သည့် ဓားစွမ်းအင်များမှာ စတင် စုပြုံလာကြပြီး ထိုလူ၏ လက်ဖဝါးအတွင်း မမြင်ရသည့် ဓားစွမ်းအင် စက်ဝန်းတစ်ခု ဖြစ်ပေါ်လာသည်။

နောက်အခိုက်အတန့်လေး၌ ထိုအရိုးခြောက်က ဓားစွမ်းအင်မြစ်ကို တအံ့တဩ ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်

“ ဓားစွမ်းအင်မြစ်ထဲ တကယ် ဝင်သွားတဲ့သူ ရှိနေတာကိုး ….  လူတွေကိုတောင် ခေါ်သွားသေးတယ်ပေါ့လေ။ တော်တော် ကောင်းတဲ့ ရုပ်ခန္ဓာကျင့်စဉ်ပဲ … ”

ထိုအရိုးခြောက်က ဓားစွမ်းအင်မြစ်ဆီ မြန်မြန် သွားလိုက်ကာ တွေဝေခြင်းမရှိ တန်းခုန်ချလိုက်သည်။

လူတစ်ယောက်၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် အသွေးအသား ဝိညာဉ်တို့ကို ဖျက်စီးပစ်နိုင်သော ဓားစွမ်းအင်မြစ်မှာ ထိုအရိုးခြောက်လူကြီးအား ဘာမှ မလုပ်နိုင်ပေ။

သူက မိုဝူကျိတို့အဖွဲ့ ဓားစွမ်းအင်မြစ်မှ မထွက်သွားနိုင်မှန်း သိသော်လည်း သူ့စိတ်ထဲ၌ ဒေါသတရားများ ကြီးစိုးနေသည်။ ဘေးကင်းနွယ်တောင်မှာ ယခင်အကောင်အိုကြီး၏ အပိုင် ဖြစ်သောကြောင့် မထိရဲခဲ့ပေ။ သို့သော် ယခုတွင် ထိုကန္တာရ၌ နေနေကြသော ပါးမွှားလေးများက ထွက်ပြေးသွားကြ၏။ အကယ်၍ ထိုသို့ ဖြစ်ခွင့် ပေးလိုက်လျှင် သူ့အနေနှင့် မည်သည့်အချိန်မှ ထွက်သွားနိုင်တော့မည်နည်း။

သူက ဓားစွမ်းအင်မြစ်မှာ မည်မျှ ကျယ်ပြန့်ကြောင်း သိသောကြောင့် မိုဝူကျိကို ရှာနိုင်မည် မဟုတ်မှန်းလည်း သိပေသည်။ အကယ်၍ သူက ဤသို့ ဖြစ်လာမည်မှန်း သိနေလျှင် ထိုလူများအား ဖြည်းဖြည်းချင်း ကြီးထွားလာအောင် စောင့်မနေဘဲ ချက်ချင်း သူ့ဝဲကတော့ထဲ ဆွဲယူပစ်လိုက်သင့်ပေ၏။

………….…

ခြောက်နာရီအကြာတွင် မိုဝူကျိက ရပ်တန့်လိုက်၏။ ပိုင်ယဲ့၏ ရှစ်မြောင့်ထောင့် အဝိုင်းပြားပေါ်မှ အလင်းတန်းမှာ ပျောက်ကွယ်သွားပြီ ဖြစ်၏။

“ပိုင်ယဲ့ ဘာဖြစ်တာလဲ ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ မေးလိုက်သည်။

ဤနေရာမှာ ထွက်ပေါက် ရှိမနေပေ။ အကြောင်းမှာ ဓားစွမ်းအင်မြစ်ရှိ အခြားနေရာများနှင့် မခြားနားပေ။ သူတို့က မာကျောတောင့်တင်းသော မြစ်ကြမ်းပြင်ပေါ်တွင် ရပ်နေဆဲ ဖြစ်ကာ မြစ်ရေများ ဝန်းရံနေလေ၏။

ပိုင်ယဲ့လည်း ကြောင်အမ်းသွားလေ၏။ သူက မိုဝူကျိ၏ မေးခွန်းကို ကြားသောအခါ မြန်မြန် ပြောလိုက်၏  “ ဂိုဏ်းချုပ်မို ကျုပ် လုပ်ကြည့်ပါရစေဦး ”

ပိုင်ယဲ့က ထိုင်ချလိုက်ပြီး သူ့ရှစ်မြောင့်ထောင် အဝိုင်းပြားကို နောက်တစ်ကြိမ် အသက်သွင်းလိုက်သည်။ နှစ်နာရီကြာမြင့်ပြီးနောက် သူ့ရှစ်မြောင့်ထောင့် အဝိုင်းပြားလေးမှာ နောက်ထပ် မြှားတစ်ချောင်းကို  မဖွဲ့စည်းနိုင်တော့ပေ။ အလင်းစက်များ မည်မျှ ထွက်ပေါ်လာစေကာမူ အလျှင်အမြန် ပျောက်ကွယ်သွားကြသည်။

အားလုံးက ပိုင်ယဲ့ကို သံသယဖြင့် ကြည့်လိုက်ကြသည်။ ပိုင်ယဲ့က ထိုအကြည့်များကို သတိမပြုမိသည့်အလား ဆက်လက် ပြုမူနေရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရှစ်မြောင့်ထောင့် အဝိုင်းပြားပေါ် တင်ထားလိုက်ရင်း နောက်လက်တစ်ဖက်က လက်ဟန်များစွာ ပြုလုပ်နေ၏။

မိုဝူကျိက ပိုင်ယဲ့၏ လက်ဟန်များကို သေချာအနီးကပ် ကြည့်ထားလိုက်၏။ ပိုင်ယဲ့က တည်နေရာ ရှာဖို့ရာ ရှစ်မြောင့်ထောင့်အဝိုင်းပြား၏ စွမ်းအားကို အသုံးမချတော့ပေ။ ထို့အစား ပိုင်ယဲ့က သူ့တွက်ချက်ကိန်းများကို ထုတ်သုံးနေခြင်း ဖြစ်၏။ ပိုင်ယဲ့၏ လက်ဟန်များက ရှုပ်ထွေးကာ ပဟေဠိဆန်လွန်းသည်။  ချီသွေးကြော ကျင့်စဉ်၏ ဖန်တီးသူ မိုဝူကျိပင် ပိုင်ယဲ့ လက်ဟန်များနောက်မှ အဓိပ္ပါယ်ကို နားမလည်နိင်ပေ။ သူက ပိုင်ယဲ့၏ လက်ဟန်တစ်ခုချင်းစီမှာ မိုးမြေ တာအိုများ ပါဝင်နေကြောင်းသာ ခံစားမိနေသည်။ လှုပ်ရှားမှု တစ်ခုချင်းစီက ဖော်ပြ၍ မရနိုင်သော တာအိုအရှိန်အဝါများ ပါဝင်နေသည်။

လေးနာရီ ကြာမြင့်သွားလေ၏။ ထိုအချိန်တွင် ပိုင်ယဲ့၏ မျက်နှာမှာ စာရွက်ဖြူကဲ့သို့ ဖြူဖျော့နေပြီ ဖြစ်သည်။ သူက နောက်ဆုံးတွင် လက်ဟန်များကို ရပ်လိုက်ပြီး မျက်လုံးကို ဖွင့်ကာ ပြောလိုက်သည်  “ ဂိုဏ်းချုပ်မို …. ဒါက ထွက်ပေါက်ပဲ ”

“ အားလုံး ကျုပ်နောက်မှာ ရပ်နေကြပါ။ ကျုပ် တစ်ချက် သွားကြည့်ဦးမယ် ” မိုဝူကျိက ပိုင်ယဲ့ လိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနိုင်လေ၏။

အဖွဲ့က သူ့နောက် ရောက်သွားပြီးနောက် မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။

ခပ်ဖျော့ဖျော့ တည်နေရာပြောင်း သင်္ကေတတစ်ခုက မိုဝူကျိရှေ့ ပေါ်လာသည်။ ထိုကူးသန်းရေး သင်္ကေတမှာ မဟေဠိဆန်ကာ ရှုပ်ထွေးလွန်းလှ၏။ အစီအရင်တာအို၏ တာအိုအရှိန်အဝါများ လွှမ်းခြုံထားသလို ဖြစ်နေသည်။

မိုဝူကျိက စိတ်ပျော်မိသွား၏။ ထိုအရာမှာ အမှန်တကယ် ဖြစ်နေပြီး ထွက်လမ်း ဖြစ်ကြောင်း ပြောနေဖို့ရာပင် မလိုတော့ပေ။ ဤအစီအရင် သင်္ကေတ၌ ပါဝင်နေသော တာအိုအရှိန်အဝါမှာ သူ့အတွက် တာအိုအစီအရင်၌ တိုးတက်လာဖို့ရာ လုံလောက်ပေ၏။

မိုဝူကျိ၏ တာအို အသိဉာဏ်ပွင့် လမ်းကြောင်းက စတင်၍ လှည့်ပတ်လာကာ  ထိုရှုပ်ထွေးကာ ပဟေဠိဆန်လှသည့် သင်္ကေတမှ ဉာဏ်အလင်းပွင့်ဖို့ရာ ကြိုးစားနေလေ၏။

မိုဝူကျိ၏ ပုံရိပ်က ဆက်တိုက် လှုပ်ရှားနေပြီး ဘေးပတ်လည်၌ တာအိုအရှိန်အဝါလေးမှ ထွက်ပေါ်လာသော အားကောင်းသည့် လှိုင်းတွန့်လေးကို ခံစားမိသောအခါ မည်သူကမှ ဘာမှ မလုပ်ရဲကြတော့ပေ။ ပိုင်ယဲ့ပင် တစ်လက်မမှ မလှုပ်ရဲတော့ပေ။

ရက်များစွာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ထို့နောက် သူက လေထုထဲ သင်္ကေတတချို့ ဆွဲလိုက်၏။

မိုဝူကျိက ကူးသန်းရေး အစီအရင် ဖြစ်လာစေရန် သင်္ကေတ သုံးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်၏။ ဤနည်းလမ်းမှာ နောင်အနာဂတ် သူ့အစီအရင်တာအို၌ အခရာ ဖြစ်လာမည်မှန်း သေချာသိနေသည်။

ရက်များစွာ ထပ်မံ ကုန်ဆုံးသွားပြီးနောက် မိုဝူကျိက နောက်ဆုံးပိတ် သင်္ကေတကို ရေးဆွဲလိုက်သည်။

မှိန်ဖျော့ဖျော့ ထွက်ပေါက်က အားလုံးရှေ့မှောက် ပေါ်လာသည်။ အားလုံးက စိတ်လှုပ်ရှားလွန်းနေ၍ မျက်လုံးများပင် နီရဲလာကြသည်။ ဓားအကျဉ်းထောင်ထဲ အချိန်ကြာမြင့်စွာ အဖမ်းခံရပြီးနောက် နောက်ဆုံးတွင် ထွက်လမ်းကို ရှာတွေ့သွားကြလေပြီ။

အင်မော်တယ် ဧကရာဇ်များပင် နှလုံးခုန် မြန်ဆန်နေကြ၏။ သူတို့က ဓားအကျဉ်းထောင်အတွင်းမှ နာကျင်ခံစားမှုများနှင့် နေသားကျနေပြီ ဖြစ်ရာ ထွက်သွားဖို့ရာ အခွင့်အရေး မရှိကြောင်း သိထားသည်မှာလည်း ကြာမြင့်လှပြီ ဖြစ်၏။ သို့သော် ယခုတွင် အခွင့်အရေးကား သူတို့ရှေ့မှောက် ရောက်ရှိလာလေရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

သို့သော်လည်း မည်သူကမှ မလှုပ်ရှားရဲကြပေ။ အကြောင်းမှာ မိုဝူကျိက တစ်ခွန်းမှ မပြောသေး၍ ဖြစ်၏။

မိုဝူကျိ မျက်လုံးများက ပိတ်လျက် ရှိနေဆဲ ဖြစ်ကာ စကားတစ်ခွန်းမှ မပြောသေးပေ။ ဤအာကာပြင် တည်နေရာ ကူးသန်းရေး သင်္ကေတများကို ရေးဆွဲပြီးနောက် အစီအရင်တာအို၌ များစွာ တိုးတက်သွားကြောင်း ခံစားမိလိုက်၏။ ဤသည်မှာ အဆင့် ၇ အင်မော်တယ် အစီအရင် ဆရာအဖြစ် တက်လှမ်းမည့် ပထမခြေလှမ်း ဖြစ်ပေသည်။

ထိုစဉ် သူက အာကာပြင် အစီအရင် သင်္ကေတဆီ  ထိုးထွင်းဉာဏ်နှင့် နားလည်မှုများကို စုစည်းလိုက်သည်။

အမွေးတိုင် တစ်ဝက်စာ ကြာချိန်တွင် မိုဝူကျိက နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်သည်။ သူက အဖွဲ့ကို လှည့်ပြောလိုက်လေ၏

“ ဒါက အပြင်ထွက်ဖို့ ထွက်လမ်းပဲ။ ဝေကျီတောက်က အရင်ဆုံး ထွက်ရမယ်။ ပြီးရင် နျဲ့ချုံးအန်း၊ ချာလွေ့၊ စုကျီအန်း၊ ဖေးလင်၊ ယူစိုက်ကျွင်း၊ တုံ့ရှား၊ လုမင်၊ ဟိုင်ကျန်းကွေ့၊ ဖန်ဝါ၊ ပိုင်ယဲ့၊ ကျန့်မင်ချန်း၊ ဟန်ချင်းရု အစဉ်လိုက် ထွက်ရမယ်။ ကျုပ်က နောက်ဆုံးပဲ …. ”

ပိုင်ယဲ့က သူပါ ထွက်သွားနိုင်ကြောင်း ကြားသောအခါ ပိုင်ယဲ့ စိတ်နှလုံးသား၌ စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ မိုဝူကျိက ထိုအစဉ်လိုက်နောက်တွင် အဓိပ္ပါယ်တစ်ခုခု ရှိမှန်း သိသော်လည်း ပြဿနာ မရှာရဲပေ။ သူတို့ အပြင်ရောက်သည်နှင့် သူက ထွက်သွားမည် ဖြစ်၏။ သူက မိုဝူကျိအပေါ် အကြောက်တရားမှ ပို၍ ကြီးမားလာသည်။ ဤထူးဆန်းလှသည့် ဂိုဏ်းချုပ်မိုကြောင့်သာ မဟုတ်လျှင် ဓားစွမ်းအင်မြစ်ထဲ ဝင်ဖို့ရာ မဆိုထားနှင့်။ သူက ဤနေရာကို ရှာတွေ့လျှင်ပင် ဤကူးသန်းရေး အစီအရင်အား ဖွင့်နိုင်မည် မဟုတ်ချေ။

All Chapters