Chapter(69)
Vol. 5 Ch. 69
အသန့်စင်ဆုံးစနစ် အခန်း(69)
ချန်ရှောင်သည် အပြင်သို့ ပြန်ရောက်သည့်အခါ ဝတ်ရုံနီဂိုဏ်းက လူများရောက်ရှိလာကြောင်း အကြီးအကဲလေးယောက်လုံးကို တင်ပြလိုက်သည်။ လောင်ချုန်းသည် ဒေါသထွက်သွားပြီး အကြီးအကဲ တစ်ချို့ကို ငရဲစိမ့်နယ်မြေသို့ စေလွှတ်လိုက်သည်။
ချောင်ဖုန်းကတော့ သူမျက်နှာဖုံးကို ပြန်ချွတ်သိမ်းထားလိုက်ပြီး နတ်ဆိုးသားရဲများကို ရှာဖွေသတ်ဖြတ်နေဆဲပင်ဖြစ်သည်။
ချန်ရှောင်တို့ ထွက်လာပြီးနောက် ဒဏ်ရာများစွာဖြင့် ဂိုဏ်းသားများစွာသည် အပြင်သို့ပြန်ထွက်လာခဲ့သည်။ထိုလူတွေသည် ဒဏ်ရာကုသဖို့ ထွက်ခွာသွားကြသည်။ထိုချိန်အကြီးအကဲချူးသည် ငရဲစိမ့်ကျောက်သားပြင်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် "စီနီယာလောင်ချုန်း.......ရှင်တို့ကြည့်ကြည့်အုံး" ဟု ပြောလိုက်သည်။
လောင်ချုန်းတို့သည် ချက်ချင်းငရဲစိမ့်ကျောက်သားပြင်ကို ကြည့်တဲ့အခါ ဝိညဥ်စွမ်းအားတစ်ခုသည် အားလုံးထက် တဖြည်းဖြည်းကျော်တက်လာခဲ့ပြီး အမှတ်အမှတ်ငါးရာအတွင်းကို ရောက်ရှိလာတာကို တွေ့လိုက်သည်။
လောင်ချူန်းလဲ အံ့အားသင့်စွာဖြင့် "ဘယ်လိုလုပ်ဖြစ်နိုင် မှာလဲ ဘယ်တပည့်က ခဏလေးအတွင်းမှာ သူ့ရှေ့က စီနီယာတွေကို ခဏလေးကျော်တက်သွားတာလဲ ၊ နောက်ပြီးတော့ ဒါပထမဆုံးအကြိမ်လေ " ဟု ပြောလိုက်သည်။
လောင်ချုန်းတို့သည် ဝိညဥ်စွမ်းအားပိုင်ရှင်ကို ဘယ်သူမှန်းမသိရှိရပါ။ပိုင်ရှင်ကိုယ်တိုင်က သူ့စွမ်းအားဖြစ်ကြောင်းအတည်ပြုပေးမှာသာ ငရဲစိမ့်ကျောက်သားပြင်ပေါ်မှာ နာမည်ပေါ်နိုင်မည်ဖြစ်သည်။
ငရဲစိမ့်ကျောက်သားပြင်ပေါ်ရှိထိပ်ဆုံးတပည့်တွေသည် ဂိုဏ်းရဲ့အထူးချွန်ဆုံး ပါရမီရှင်များပင်ဖြစ်ပြီး ဂိုဏ်းရဲ့အထောက်အပံများကို သူများတွေထက် ပို၍ ထုတ်နိုင်သည်။ထိုလူတွေသည် ငရဲစိမ့်နယ်မြေကို အကြိမ်ပေါင်းများစွာ သွားပြီးမှ ထိပ်ဆုံးသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ချောင်ဖုန်းသည် ဆက်လက်ပြီး နတ်ဆိုးသားရဲပေါင်းများစွာကို သတ်ပြီးနောက်မှာ သန့်စင်ခွင့်နှစ်ရာကျော်အထိ ရရှိလာပြီဖြစ်သည်။ထို့အပြင် ဘုရင်နယ်ပယ်အဆင့်နှင့်ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများကို သတ်ဖြတ်ထားမှုကြောင့် နတ်ဆိုးတစ္ဆေအငွေ့အသက်ကို ပိုင်ဆိုင်တော့မည်ဖြစ်သည်။
သေခြင်းတရားပိုင်ဆိုင်သူသည် ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားအယောက်တစ်ရာကျော်ကို သတ်ဖြတ်မှုမှ ရရှိနိုင်ပြီး နတ်ဆိုးတစ္ဆေအငွေ့အသက်ကတော့ ဘုရင်နယ်ပယ်အဆင့် ၊ ဧကရာဇ်နယ်ပယ်အဆင့်နဲ့ အဆင့်ငါးအထက်နတ်ဆိုးသားရဲများကို သတ်ဖြတ်နိုင်ခြင်းမှ ရရှိနိုင်သည်။
ချောင်ဖုန်းသည် စွမ်းအင်များအလွန်ကုန်ခမ်းနေပြီဖြစ်၍ မပျံသန်းတော့ဘဲ မြေပြင်ပေါ်သို့ ဆင်းကာ သစ်ပင်တစ်ခုကို မှီ၍ သူဖော်စပ်ထားသည့် စွမ်းအားပြန်လည်စုစည်းပေးသော ကန်ဆေးလုံး
ကို ထုတ်၍ သောက်လိုက်ပြီ ဆေးလုံးမှ စွမ်းအားကို စုပ်ယူနေလိုက်သည်။
ချောင်ဖုန်းသည်ဆေးလုံးမှ စွမ်းအားကိုစုပ်ယူဖို့ ကုန်ခန်းနီးချိန်မှာ အော်ဟစ်သံတစ်ခုကို ချောင်ဖုန်းသည် ထပ်မံကြားလိုက်ရသည်။ထိုအခါ ရီချုံသည် "အကိုကြီး......ရီချုံတာဝန်ထားလိုက်" ဟု ပြောပြီး ဧရာမမဲနက်သောငှက်ကြီးအသွင်ပြောင်းကာ ပျံသန်းသွားလေသည်။
ခဏကြာသောရီချုံသည် ပြန်လာပြီး "ဘာမဟုတ်တဲ့အဆင့်ငါးနတ်ဆိုးသားရဲလေးပါ .......အဲ့လူတွေက တအားပျော့ညံတာပဲ"ဟု ပြောလိုက်ပြီး ချောင်ဖုန်းကိုယ်ထဲသို့ ပြန်၍ ဝင်သွားသည်။ထိုချိန်မှာပဲ အကြီးအကဲသုံးယောက်သည် ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့သည်။
ထိုအကြီးအကဲသုံးယောက်သည် ဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်တိုက်ခိုက်ရေးသမားများဖြစ်ကြပြီး ချောင်ဖုန်းကို မြင်သောအခါ ဒဏ်ရာရနေတယ်ဟု ထင်သွားကြပြီး အစီအရင်စာရွက်ကို သုံးလိုက်ဖို့ အမိန့်ပေးလိုက်သည်။ချောင်ဖုန်းသည် မသွားချင်သေးပင်မယ့် အကြီးအကဲတွေအမိန့်ကို နာခံလိုက်သည်။
ချောင်ဖုန်းသည် အစီအရင်စာရွက်အားအသက်သွင်းပြီးနောက်
အကြီးအကဲလေးယောက်ရှိသော အခန်းထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ချောင်ဖုန်းသည် လောင်ချုန်းတို့ရှေ့တွင် ဒဏ်ရာရချင်ယောင်ဆောင်ကာ တခြားဂိုဏ်းသားများကဲ့သို့ ထွက်ခွာသွားခဲ့သည်။
ချောင်ဖုန်းသည် အပြင်သို့ ပြန်လည်ရောက်ရှိတဲ့အခါ နဂိုကထက် တက်ကြွလန်းဆန်းနေခဲ့သည်။ချောင်ဖုန်းသည် ငရဲစိမ့်နယ်မြေထဲတွင် အချိန်ဘယ်နှစ်ရက်ကြာသွားမှန်း သူကိုယ်တိုင်တောင်မသိရှိခဲ့ပေ။
ချောင်ဖုန်းသည် အရှင်လျူဖုန်းရဲ့ တတိယကျင့်စဥ်သည် နတ်နယ်ပယ်အဆင့်ရောက်ရှိမှသာ လေ့ကျင့်နိုင်မည်ဟု ရေးထားသောကြောင့် ချန်ရှင်အဆောင်တွင် ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ကျင့်စဥ်မျိုးရှိနိုင်မလဲ သိချင်နေတဲ့အတွက် အိပ်ခန်းနေရာသို့ ပြန်ကာ လွင်ပုယွင်နဲ့ အတူသွားဖို့ ဆုံးဖြတ်လိုက်သည်။
ချောင်ဖုန်းသည် အဆောင်သို့ ပြန်ရောက်သည့် လွင်ပုယွင်တစ်ယောက်ထဲလေ့ကျင့်နေတာကို တွေ့ရှိလိုက်ရသည်။လွင်ပုယွင်သည် ချောင်ဖုန်းပြန်လည်ရောက်ရှိလာတဲ့အခါ သတိထားလိုက်မိပြီး ချောင်ဖုန်းရှိမှ ကြောက်စရာကောင်းသော ဖိအားမျိုးကို ခံစားလိုက်ရသည်။
လွင်ပုယွင်သည် ချောင်ဖုန်းက သူ့ထက်အသက်ငယ်သောကြောင့် "ဂိုဏ်းတူညီလေး.......မင်းဒီရက်ပိုင်းမင်းဘယ်ပျောက်နေတာလဲ" ဟု မေးလိုက်သည်။ထိုချိန်မှာ ရန်ကျင်းလဲ ရောက်ရှိလာပြီး "ချောင်ဖုန်း.....မင်းအဲ့နေ့က ဘယ်ချိန်ပြန်သွားတာလဲ ၊ နောက်ပြီး ဒီရက်ပိုင်း ဘယ်ရောက်နေတာလဲ" ဟု မေးလိုက်သည်။
ချောင်ဖုန်း သူခေါင်းကို ကုတ်လိုက်ပြီး" စီနီယာအကိုတို့......ချောင်ဖုန်းပျောက်နေတာ ဘယ်နှစ်ရက်ကြာနေပြီလဲ " ဟု ရယ်မောကာ မေးလိုက်သည်။ထိုအခါ လွင်ပုယွင်သည် လက်သုံးချောင်ထောင်လိုက်ပြီး " ဂိုဏ်းတူညီလေး.....မင်းပျောက်နေတာ သုံးရက်ရှိပြီ" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် သူ့ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး သူမြေအောက်ကျင့်ကြံရေးအဆောင်မှာ လေ့ကျင့်ရင်းမေ့မြောသွားတာဟု နှစ်ယောက်လုံးကို လိမ်ပြောလိုက်သည်။
ထို့နောက် ရန်ကျင်းသည် "ကောင်းပြီလေ.....မင်းပြန်ရောက်လာတဲ့အတော်ပဲ ချန်ရှင်အဆောင်က အစီအရင်ပြန်ပြင်နေလို့ သုံးရက်ပိတ်ထားတဲ့အတွက် ဒီနေ့မှာ ချန်ရှင်အဆောင်မှာ မင်းတို့တွေအတွက် သိုင်းကျင့်စဥ် ရွေးပေးဖို့.....စီနီယာအကိုယန်တုံက ငါ့ကို ခိုင်းထားတယ်" ဟု ပြောလိုက်သည်။
ရုတ်တရက် ယွီအန်းဝုံနှင့် လျှိဟန်သည် လည်း ရောက်ရှိလာတဲ့အတွက် သိုင်းကျင့်စဥ် ရွေးဖို့ သူနဲ့လိုက်ခဲ့ဖို့ ရန်ကျင်းက ပြောလိုက်သည်။ထို့နောက် ချန်ရှင်အဆောင်သို့ သိုင်းကျင့်စဥ်ယူရင်
ရန်ကျင်းသည် ချောင်ဖုန်းတို့လေးယောက်ကို ခေါ်ဆောင်လာခဲ့သည်။
ချန်ရှင်အဆောင်သည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ ကြီးမားသော မျှော်စင်အဆောင်ဖြစ်ပြီး ဂိုဏ်းသားများအတွက်သင့်တော်သော သိုင်းကျင့်စဥ်များကို စုစည်းထားသော မျှော်စင်တစ်ခုဖြစ်သည်။
ချန်ရှင်အဆောင်တွင် ကြေးအဆင့် ၊ ငွေအဆင့် ၊ ရွှေအဆင့်နှင့် အနိူင်းမဲ့အဆင့် ဟူပြီး အထပ်လေးထပ်ရှိသည်။ချန်ရှင်မျှော်စင်အဆောင်တွင် စောင့်နေသောလူမရှိပေ။ အားလုံးကို အစီအရင်ရတနာဖြင့် တားဆီးထားပြီး ကိုယ့်စွမ်းအင်နဲ့လိုက်ဖက်သော သိုင်းကျင့်စဥ်ကို ရွေးခွင့်ရှိသည်။
အဆင့်မြင့်သော ကျင့်စဥ်ကို ရွေးချယ်မိမယ်ဆိုရင် အလိုအလျောက်အပြစ်ပေးခံရမည့် အစီအရင်များကို ထည်းသွင်းထားသည်။ချောင်ဖုန်းတို့ အထဲစဝင်ကတည်းက ရန်ကျင်းသည် ချန်ရှင်မျှော်စင်ရဲ့ အကြောင်းအရာများအားလုံးကို ရှင်းပြလိုက်သည်။
ချောင်ဖုန်းတို့သည် ကြေးအဆင့်အထပ်မှာပင် ရတနာသိုင်းကျင့်စဥ်များစွာသောင်းနဲ့ချီရှိပြီး နံပါတ်များတပ်ဆင်ထားတာကို တွေ့လိုက်ရပြီး သူတို့ကဲ့သို့ ကျင့်စဥ်များကို ရွေးချယ်ဖို့ ရောက်နေသော သူများကို တွေ့လိုက်ရသည်။
ထိုချိန်မှာ ဆုဟန်မိုသည် ပန်းနုရောင်ဝတ်စုံလေးဝတ်၍ ဆံပင်တွင်လိပ်ပြာဆံထိုးလေးထိုးထားပြီး ဖဲပြားတပ်ထားသော အနီရောင်ဖိနပ်လေးစီးကာ အပေါ်ထပ်အဆင့်မှ ဆင်းလာသောအခါ ဂိုဏ်းသားများသည် "ဝါး......စီနီယာအမဟန်မိုက တကယ်ပဲချောတာပဲ" ဟု ပြောကာ ငေးကြည့်နေကြလေသည်။
ချောင်ဖုန်းဘေးမှ လျှိဟန်သည် ဆုဟန်မိုအား မျက်လုံးကျွတ်ထွက်မတက်ကြည့်နေပြီး ဆုဟန်မိုသည် သူတို့ရှိလှမ်းလာသည့်အတွက် သူ့ကိုစစ်သူကြီးရဲ့ သားမှန်းသိလို့ လာနှုတ်ဆက်တယ်ထင်ကာ တည်တည်မတ်မတ်နေလေသည်။
ဆုဟန်မိုသည် အပေါ်ထပ်မှ ဆင်းလာတဲ့အချိန်မှာ ချောင်ဖုန်းအားမြင်သွားခဲ့ပြီး ချောင်ဖုန်းသည် သူနဲ့မတွေ့ခင်ရက်ပိုင်းလေးအတွင်းမှာ စွမ်းအားပိုတိုးတက်လာသလို ခံစားလိုက်ရသည်။
ဆုဟန်မိုသည် ချောင်ဖုန်းတို့ရှေ့ရောက်တဲ့အခါ ရပ်လိုက်ပြီး "ဂျူနီယာမောင်လေး.....နင်အဆင်ပြေရဲ့လား " ဟု မေးလိုက်သည်။
ထိုအခါ အားလုံးသည် ချောင်ဖုန်းအား မနာလိုဖြစ်သွားကြကြီး လျှိဟန်ကတော့ အဆိုးဆုံးပင်ဖြစ်သည်။ချောင်ဖုန်းသည် ပြုံးပြလိုက်ပြီး သူတို့အားကူညီခဲ့တဲ့အတွက် ဆုဟန်မိုအား ကျေးဇူးတင်လိုက်သည်။ထို့နောက် ဆုဟန်မိုသည် ချန်ရှင်အဆောင်မှ ထွက်ခွာသွားခဲ့သည်။
လျှိဟန်သည် ဒေါသထွက်နေတာကို သိသော်အခါ ယွီအန်းဝုံသည် လျှိဟန်၏ လက်မောင်းကို ကိုင်လိုက်ပြီး စိတ်လျော့ဖို့ အမူအယာပြလိုက်သည်။ထိုချိန်မှာ ချောင်ဖုန်းကတော့ ကျင့်စဥ်များ၏ နာမည်များကို လိုက်ဖတ်ကြည့်လိုက်သည်။
နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ ကြေးအဆင့်မှ ထပ်မှ ကျင့်စဥ်များသည် လေပွေဓားသိုင်းနှင့်နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ထက် သာလွန်လိမ့်မည်ဟု ချောင်ဖုန်းခန့်မှန်းထားသည်။
ချောင်ဖုန်းသည် ကျင့်စဥ်စာလိပ်တစ်ခုအပေါ်တွင် ရှိနေသော အပြာရောင် အစီအရင်စက်ဝိုင်းအသေးလေးတစ်ခုကို သူ့ရဲ့ကိုယ်ပိုင်ဝိညဥ်စွမ်းအားကိုထည့်သွင်းလိုက်သည်။
ချောင်ဖုန်းရဲ့စွမ်းအားသည် ကျင့်စဥ်စာလိပ်နဲ့ ကိုက်ညီမှုကြောင့် ကျင့်စဥ်စာလိုက်သည် အပြာရောင်အစီအရင်စက်ဝိုင်းလေးအတွင်းမှ ချောင်ဖုန်းလက်အတွင်းသို့ရောက်လာလေသည်။