chapter(70)
Vol. 5 Ch. 70
အသန့်စင်ဆုံးစနစ် အခန်း(70)
ချောင်ဖုန်းသည် သူ့လက်ထဲရောက်လာသော ကျင့်စဥ်ကို ဖတ်ကြည့်လိုက်တဲ့အခါ သူထင်သည့်အတိုင်းပင်ဖြစ်နေလေသည်။ကြေးအထပ်မှ ကျင့်စဥ်ပင်လျှင် သူတက်ထားသော ကျင့်စဥ်နှစ်ခုထက်သာလွန်နေခဲ့သည်"
ချောင်ဖုန်းသည် ဖူနှလုံးခြွေလက်သည်းကျင့်စဥ် ဟူသောကျင့်စဥ်ကို ဖတ်ကြည့်လိုက်သည်။ ထိုကျင့်စဥ်သည် အဆင်မြင့်သိုင်းတစ်ခုဖြစ်သော်လည်း သဘောမကျတာကြောင့် ပြန်၍ ထားလိုက်သည်။ထိုချိန်မှာ တံခါးပေါက်ကနေ နောက်ထပ်မိန်းကလေးတစ်ဖွဲ့ရောက်ရှိလာပါသည်။
သူတို့ကတော့ ရွယ်ချင်းနဲ့ရှီသွမ်အာတို့အဖွဲ့ပင်ဖြစ်သည်။ချန်ရှင်အဆောင်ရှိ ကြေးအထပ်မှ ရှိသော သူတွေသည်လည်း ရွယ်ချင်းရဲ့အလှအပငေးမောနေကြရလေသည်။ချောင်ဖုန်းကတော့ ထိုချိန်မှာ ကျင့်စဥ်တွေကို လိုက်ကြည့်နေတာကြောင့် ရွယ်ချင်းတို့ ရောက်ရှိလာတာကို သတိမထားမိပေ။
ထို့နောက် ရွယ်ချင်းကို မြင်ဖူးကြသော ဂိုဏ်းသားများသည် "မင်းတို့သိကြလား......အဲ့တာအသစ်ရောက်လာတဲ့ မိန်းကလေးရွယ်ချင်းပဲ သူရဲ့အလှက စီနီယာဟန်မိုထက်သာလွန်ပြီး မင်းသမီး ရွှမ်မိန်နဲ့တောင် ယှဥ်နိုင်လိမ့်မယ်လို့ ငါတော့ယုံကြည်တယ်"ဟုအချင်းချင်း ပြောလိုက်ကြသည်။
လျှိဟန်သည် ရွယ်ချင်းလှမ်းလျှောက်လာတာမြင်သော်အခါ "အန်းဝုံ......ဒီတစ်ယောက်တော့ ငါတကယ်ချစ်မိသွားတယ်" ဟု ပြောလိုက်သည်။ထိုအခါ ယွီအန်းဝုံသည် "လျှိဟန်......ဒီတစ်ခေါက်တော့ ငါမင်းနဲ့ လုရလိမ့်မည်" ဟု စနောက်ပြန်ပြောလေသည်။
လျှိဟန်သည် ယွီအန်းဝုံနှင့် စနောက်နေချိန်မှာ ရွယ်ချင်းသည် သူ့တို့နားမှာ ထွက်သွားပြီး ကျင့်စဥ်များကို လိုက်ကြည့်နေသော ချောင်ဖုန်းရဲ့ ပုခုံးကို တစ်ချက်ပုတ်လိုက်သည်။ချောင်ဖုန်းပြန်လှည့်ကြည့်လိုက်သော်အခါ ရွယ်ချင်းသည် လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး
"ကိုကိုချောင်ဖုန်း.....ဘာလို့ ဒီရက်ပိုင်း ရွယ်ချင်းကို လာမရှာတာလဲ " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ရွယ်ချင်းလက်ကို ဖမ်းကိုင်လိုက်ပြီးတော့"ဘာလဲ......ကို့ကိုလွမ်းလို့မနေနိုင်တော့ဘူးလား" ဟု ပြုံးကာမေးလိုက်သည်။ထိုအခါ ရွယ်ချင်းသည် လူအများ ရှိနေတဲ့အတွက် "ကိုကိုချောင်ဖုန်း.... ရှင်.....ရှင်ကအကျင့်မကောင်းတဲ့လူကြီးပဲ" ဟု ပြောကာ လက်ကရုန်းထွက်ပြီး ရှီသွမ်အာတို့ရှိ ပြန်ပြေးသွားလေသည်။
ကြေးအထပ်မှရှိသော ယောကျာ်းလေးများသည် စီနီယာဟန်မိုတင်မက ဂိုဏ်းသူအသစ်ချောချောလေးကလဲ ချောင်ဖုန်းနဲ့ခင်နေသည့်အတွက် မနာလိုများဖြစ်ကြကာ ချောင်ဖုန်းကို မကျေမနပ် ဖြစ်သွားကြသည်။
လျှိဟန်ကတော့ သူ့လက်သီးတွင်ကိုယ်ပိုင်စွမ်းအားကို ထုတ်လိုက်ပြီး တိုက်ခိုက်ဖို့လုပ်ချိန်မှာ နံရံများမှ လျှပ်စီးမိုးကြိုးထွက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။အားလုံးသည် ထွက်လာသောလျှပ်စီးမိုးကြိုးကို မြင်လိုက်ရပြီး စက္ကန့်ပိုင်းအတွင်းမှာ လျှိဟန်ရဲ့ နာကျင်မှုအော်သံကို ကြားလိုက်ရသည်။
လျှိဟန်သည် လျှပ်စီးမိုးကြိုး၏ဒဏ်ကြောင့် ချန်ရှင်အဆောင်ထဲတွင် ဒူးနှစ်ဖက်ပင်ထောက်ကျသွားသည်။ထိုအခါ သိသောသူများသည် "ကြည့်ရတာ အဲ့ဂိုဏ်းသားအသစ်က ချန်ရှင်အဆောင်ရဲ့စည်းကမ်းချက်တွေကို မသိဘူးထင်တယ်" ဟု တိုးတိုးလေးပြောလိုက်သည်။
ရန်ကျင်းနှင့်ယွီအန်းဝုံသည် လျှိဟန်အားထူလိုက်ပြီး ရန်ကျင်းသည် ချန်ရှင်အဆောင်မှာ တိုက်ခိုက်ရေးစွမ်းအင်ကို အသုံးပြုခွင့် မပေးထားကြောင်းပြောပြလိုက်သည်။လျှိဟန်သည် သူ့ကို တွဲထားသော ရန်ကျင်းနှင့်ယွီအန်းဝုံ လက်ကို ခါထုတ်လိုက်ပြီး ချန်ရှင်အဆောင်မှ ထွက်ခွာသွားလေသည်။
ချောင်ဖုန်းသည် ကြေးအဆင့်အထပ်တွင် သူကြိုက်နှစ်သက်တာ မရှိတော့ကြောင့် ငွေအဆင့်အထပ်ကို တပ်သွားခဲ့သည်။ငွေ့အဆင့်အထပ်တွင် လူဦးရေဆယ်ယောက်ကျော်လောက်သာရှိပြီး ထိုဆယ်ယောက်လုံးသည် အပြာနုရောင်ဝတ်ဆင်ထားသဖြင့် အတွင်းစည်းတပည့်တွေမှန်း ချောင်ဖုန်းသိလိုက်ရသည်။
ထို့နောက် ထိုထဲမှ တစ်ယောက်သည် ချောင်ဖုန်းကို တွေ့တဲ့အခါ "မင်းက ညီမလေးပြောတဲ့ တစ်ယောက်ဖြစ်မယ်ထင်တယ်..."ဟု ဖော်ဖော်ရွေရွေ ပြောလိုက်သည်။ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေပြန်မေးလိုက်သည်။
"စီနီယာက......ဘယ်သူလဲမသိဘူး"
ထိုအခါ ထိုလူသည် သူဖတ်နေသောကျင့်စဥ်စာလိပ်ကို ပြန်ထည့်သွင်းလိုက်ပြီး "ငါနာမည်ဆုဟန်ဂိုပါ.....ဆုဟန်မိုရဲ့အကိုတစ်ယောက်ပဲ" ဟု ပြန်ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "ဟုတ်ကဲ့စီနီယာအကို.....ကျွန်တော်မှတ်ထားပါ့မယ်" ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် သိုင်းကျင့်စဥ်ကို လိုက်လံရှာဖွေလိုက်ကြသည်။ဆုဟန်ဂိုသည် သူ့ညီမရဲ့စကားများအရ ချောင်ဖုန်းသည် အစီအရင်ဆရာတစ်ယောက်ဖြစ်ပြီး သိုင်းအဆင့်က ဘုရင်နယ်ပယ်အထွဋ်အထိပ်အဆင့်တိုက်ခိုက်ရေးသမားဖြစ်တဲ့အပြင် သေမင်းကိုမြင်နေရသလိုကြောက်စရာကောင်းသော ကျင့်စဥ်တစ်ခုကိုလဲ တက်မြောက်ထားကြောင်း သိရှိထားသည်။
ဆုဟန်ဂိုသည် ချောင်ဖုန်းက ဂိုဏ်းသားအသစ်ဖြစ်ပင်မယ့် တလေးတစားဆက်ဆံနေတာကြောင့် ကျန်ရှိသော အတွင်းစည်းတပည့်တွေသည် ချောင်ဖုန်းက နောက်ခံကောင်းရှိသည်ဟု ထင်သွားကြသည်။
ချောင်ဖုန်းသည် ငွေအဆင့်အထပ်၏ နံပါတ် ကိုးရာ့ခြောက်ဆယ်ဟု တပ်ထားသော ဘုံငါးဆင့်သူတော်စင်ကျင့်စဥ်အမည်ကို ဖတ်ကာ စိတ်ဝင်စားသွား၍ ကိုယ်ပိုင်စွမ်းအင်အနည်းငယ်ကို အစိမ်းရောင်အစီအရင်စက်ဝိုင်းထဲသို့ ထည့်သွင်းလိုက်တဲ့အခါ ကျင့်စဥ်စာလိပ်သည် အလိုအလျောက်ထွက်လာလေသည်။
ထိုအခါ အတွင်းစည်းတပည့်တွေသည် ချောင်ဖုန်းယူလိုက်သော ကျင့်စဥ်၏ အစီအရင်သည် လှုပ်ရှားမှုမရှိတာကြောင့် ချောင်ဖုန်းရဲ့ သိုင်းအဆင့်မှာ ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်ဟု သတ်မှတ်လိုက်သည်။
အပြင်စည်းတပည့်များသည် ဘုရင်နယ်ပယ်အစောပိုင်းအဆင့်နှင့်အလယ်အလတ်အဆင့်ထဲတွင် ရောက်နေကြပြီး ၊ အတွင်းစည်းတပည့်များကတော့ ဘုရင်နယ်ပယ်အလယ်အလတ်နှင့်အထွဋ်အထိပ်အဆင့်မှာ ရှိကြသည်။
ဘုံငါးဆင့်သူတော်စင်ကျင့်စဥ်သည် တိုက်ခိုက်ရေးကျင့်စဥ်မဟုတ်ဘဲ ကာကွယ်ရေးကျင့်စဥ်တစ်ခုသာဖြစ်သည်။
ဘုံကိုးဆင့်သူတော်စင်ကျင့်စဥ်သည် တိုက်ခိုက်ရေးစွမ်းအင်ကို ကုန်ခမ်းမသွားနိုင်အောင် ချွေတာပေးနိုင်တဲ့အပြင် စွမ်းအားအရှိန်အဝါကို ဖုံးပေးနိုင်သော ကျင့်စဥ်တစ်ခုပင်ဖြစ်သည်။
ချောင်ဖုန်းသည် ထိုကျင့်စဥ်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။
နောက်တစ်ခါ ငရဲစိမ့်နယ်မြေကို သွားတဲ့အခါ စွမ်းအင်ကုန်ခမ်းသွားတော့မှာကို စိတ်ပူစရာမလိုတော့ဘဲ နဂိုကထက်ပိုသတ်ဖြတ်နိုင်တော့မည်ဖြစ်သောကြောင့် ပြုံးလိုက်၍ ထိုကျင့်စဥ်ကို သိုလှောင်ကွင်းထဲသို့သိမ်းလိုက်သည်။
နောက်ပြီး ဘုံငါးဆင့်သူတော်စင်ကျင့်စဥ်သည် စွမ်းအားအရှိန်အဝါများကို ဖုံးကွယ်ထားနိုင်မည်ဖြစ်သောကြောင့် ချောင်ဖုန်းသည်သူ့ထက်အဆင်မြင့်သောဆရာကြီးတွေရဲ့ သတိထားမိခြင်းကို စိတ်ပူစရာမလိုတော့ပေ။
ချောင်ဖုန်းသည် ထိုနေရာမှ ထွက်ခွာမယ့်ချိန်မှာ ဟန်ဆုဂိုသည် "ဂျူနီယာညီလေး.....မင်းအဲ့ကျင့်စဥ်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် နောက်တစ်နှစ်ကြာမှ မင်းချန်ရှင်ကို ဝင်ခွင့်ရှိလိမ့်မယ် နောက်ပြီး ကျင့်စဥ်စာလိပ်က ယိုးယွင်းပျက်စီးပျောက်ကွယ်သွားတာ ၊ ဒါမှမဟုတ် အဲ့ကျင့်ကြံနည်းက အပြင်မှာ ပေါက်ကြားသွားရင် မင်းက နတ်ဘုရားခေါင်းလောင်းမျှော်စင်ရဲ့အပြစ်ပေးခြင်းခံရမယ်" ဟု သတိပေးလိုက်သည်။
ချောင်ဖုန်းသည် သူ့ကို သတိပေးလိုက်တဲ့အတွက် လက်နှစ်ဖက်ဆုပ်ကာ "ကျေးဇူးပါပဲ.....စီနီယာအကို" ဟု ပြောကာ ဆုဟန်ဂိုအား နှုတ်ဆက်ကာ ကြေးအဆင့်အထပ်သို့ ပြန်ဆင်းလာခဲ့သည်။
ရွယ်ချင်းသည်လည်း သူနဲ့လိုက်ဖက်သော ကျင့်စဥ်ကို ယူသွားကာ
ချန်ရှင်အဆောင်မှ ထွက်ခွာသွားပြီဖြစ်သည်။
ထို့နောက် ချောင်ဖုန်းလည်း ရန်ကျင်းနှင့်လွင်ပုယွင်တို့နှင့်အတူ ချန်ရှင်အဆောင်မှ ပြန်၍ထွက်ခွာလာခဲ့သည်။ထို့နောက် ရန်ကျင်းသည် ကျင့်စဥ်စာလိပ်ရဲ့အကြောင်းကို ဆုဟန်ဂိုထက် တိတိကျကျပြောပြလိုက်သည်။
ဆုဟန်ဂိုသည် တစ်နှစ်ပြည့်မှ ကျင့်စဥ်ကို လဲနိုင်မည်ဟု ပြောခြင်းသည် ဂိုဏ်းသားတွေမှာ ကျင့်စဥ်တစ်ခုကို ပြီးမြောက်အောင် မကျင့်ကြံဘဲ နောက်ကျင့်စဥ်တစ်ခုကို ပြောင်းလဲမည်ဆိုး၍ ထိုစည်းကမ်းကို ချမှတ်ထားခြင်းဖြစ်သည်။
အမှန်တကယ်ကတော့ ကျင့်စဥ်ကို အမှန်တကယ်တက်မြောက်မည်ဆိုရင် နောက်ကျင့်စဥ်တစ်ခုကို အချိန်မရွေး ရွေးချယ်နိုင်ကြောင်း ရှင်းပြလိုက်သည်။ထို့နောက် ရန်ကျင်းသည် ချောင်ဖုန်းတို့အား သိုင်းကျင့်ကြံရင် မီးပုလဲကျင့်ကြံရေးအဆောင်အတွင်းသို့ ခေါ်လာခဲ့ပြီး တံခါးပေါက်တစ်ချပ်တွင် ရပ်ကာ ရှင်းပြလိုက်သည်။
မီးပုလဲကျင့်ကြံရေးအဆောင်သည် သိုင်းကျင့်စဥ်များကို ကျင့်ကြံရန် အတွက် တည်ဆောက်ထားသောအဆောင်ဖြစ်သည်။အခန်းတိုင်းတွင်လဲ ကိုယ်ပိုင်စွမ်းအားကို ဖော်ပြပေးသော ကျောက်တိုင်တစ်တိုင်လဲ ရှိသည်။သို့သော်မီးပုလဲကျင့်ကြံရေးအဆောင်သည် မြေအောက်ကျင့်ကြံရေးအဆောင်ကဲ့သို့မဟုတ်ပေ။
မီးပုလဲ ကျင့်ကြံရေးအဆောင်၏ အကြီးအကဲရဲ့ တိုက်ကွက်သုံးကွက်ကို ခုခံနိုင်မှာသာ လေ့ကျင့်နိုင်မည်ဟု သတ်မှတ်ထားသည်။
ချောင်ဖုန်းသည် သူ့လေ့ကျင်ရမည့်ကျင့်စဥ်မှာ တိုက်ခိုက်ရေးကျင့်စဥ်မဟုတ်တာကြောင့် အလုပ်မရှုပ်ချင်၍ မြေအောက်ကျင့်ကြံရေး
အဆောင်သို့ လေ့ကျင့်ဖို့ဆုံးဖြတ်လိုက်သည်။
ထိုချိန်မှာ သူတို့ရှေ့ရှိ တံခါးသည် ပွင့်သွားပြီး မိန်းကလေးတစ်ယောက်သည် "နောက်တစ်ယောက်ဝင်လာလို့ရပြီ....... " ဟု ပြောကာ ထွက်လာပြီး ရှေ့ဆုံးရောက်နေသော ချောင်ဖုန်းကို အကြီးအကဲရှေ့ကို ဆွဲခေါ်သွားလေသည်။