Chapter(71)
Vol. 5 Ch. 71
အသန့်စင်ဆုံးစနစ် အခန်း(71)
ထိုအကြီးအကဲသည် ချောင်ဖုန်းကို တွေ့တဲ့အခါ သူ့ထက်သာလွန်တဲ့ အရှိန်အဝါဖိအားကို ခံစားလိုက်ရတာကြောင့် "ငါပဲ စိတ်ထင်နေတာလား....ဘယ်လိုလုပ်ပြီး ဂိုဏ်သားသစ်လေးတစ်ယောက်စီမှာ ဒီလိုအရှိန်အဝါမျိုးရှိနိုင်မှာလဲ " ဟု တွေးနေခဲ့သည်။
ချောင်ဖုန်းနဲ့အကြီးအကဲသည် ဆယ်ပေပတ်လည်စက်ဝိုင်းအတွင်းတွင် ယှဥ်ရပ်နေကြလေသည်။မီးပုလဲအဆောင်မှ အကြီးအကဲသည်
သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး "ငါရဲ့သိုင်းသုံးကွက်အတွင်း ဒီစက်ဝိုင်းအတွင်းမှာ ရှိနေရင် မီးပုလဲကျင့်ကြံရေးအဆောင်မှာ လေ့ကျင့်နိုင်ပြီ ၊ ဒါပေမယ့် ငါမင်းကို ဂိုဏ်းသားသစ်ဆိုပြီး လျော့ပေါ့ပေးမှာ မဟုတ်ဘူးနော် " ဟု ပြောလိုက်ပြီး သူ့သိုင်းကွက်ကို ပုံဖော်လိုက်သည်။
ထိုအကြီးအကဲသည် သူ့ဓားကို ညာလက်ဖြင့်ကိုင်ကာ လေပေါ်သို့ ထောင်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် ဓားအရင်းကနေ အဖျားသို့ ပွတ်ဆွဲလိုက်သည့်အခါ သူ့ဓားနဲ့ပုံတူ ဓားဝိညဥ်စွမ်းအင်များစွာသည် ထွက်ရှိလာလေသည်။
"တောင်ဖြိုဓားမိုးကျင့်စဥ်" ဟု ပြောပြီးအကြီးအကဲသည် သူ့ဓားဖြင့် ချောင်ဖုန်းကို ခုတ်ချလိုက်တဲ့အခါ ဓားဝိညဥ်စွမ်းအင်များသည် ချောင်ဖုန်းရှိသို့ ပျံသန်းသွားကြလေသည်။ချောင်ဖုန်းသည် ညာဘက်ခြေထောက်ဖြင့် မြေကြီးကို ဆောင့်ချလိုက်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် ထိုးချလိုက်ပြီး "ငါအားနည်းနည်းများသွားပြီထင်တယ်...." ဟု ရေရွတ်လိုက်သည်။
ထိုအခါ ဘေးနားမှာရပ်နေသော မိန်းကလေးသည် အံ့အားသင့်သွားလေသည်။ချောင်ဖုန်းရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်သည် မီးပုလဲအဆောင်မှ အကြီးအကဲ၏ တောင်ဖြိုဓားမိုးကျင့်စဥ်ကို ဖျက်စီးနိုင်ယုံတင်မက အကြီးအကဲကို စက်ဝိုင်းအပြင်ကို လွင့်ထွက်သွားစေသည်။
ထိုမိန်းကလေးသည် စက်ဝိုင်းအပြင်သို့ ထွက်သွားသောထိုအကြီးအကဲနားကို သွားကာ " ဆရာ......အဆင်ပြေရဲ့လား " ဟု မေးလိုက်သည်။အကြီးအကဲသည် လက်တစ်ဖက်ထောင်လိုက်ပြီး "ငါဘာမှမဖြစ်ဘူး ငါ့ပေါ့ဆမိသွားတာ.....သူ့ကို အရင်လိုက်ပို့လိုက်" ဟု ပြောလိုက်သည်။
ထိုအခါ မိန်းကလေးသည် ချောင်ဖုန်းအား မီးပုလဲကျင့်ကြံရေးအဆောင်ရှိ အခန်းလွတ်တစ်ခုကို ပို့ပေးခဲ့သည်။ထိုမိန်းကလေးရဲ့စိတ်ထဲမှာတော့ သူ့ဆရာရဲ့ပေါ့ဆမှုကြောင့် ချောင်ဖုန်းကံကောင်းသွားသည်ဟု ထင်နေခဲ့သည်။
ချောင်ဖုန်းတို့ ထွက်ခွာသွားပြီးနောက် မီးပုလဲအဆောင်မှ အကြီးအကဲသည် " ဒီကောင်လေးက တကယ်ပဲ မရိုးရှင်းဘူး" ဟု ပြောကာ သူ့ဒဏ်ရာကို ပြန်သက်သာအောင် ကုသလိုက်ရသည်။ထို့နောက်အကြီးအကဲ၏ တပည့် မိန်းကလေးသည် ချောင်ဖုန်းအား မီးပုလဲအဆောင်၏ အခန်းနံပါတ်နှစ်ရာ့တစ်ဆယ်ကို ဝင်ခိုင်းလိုက်သည်။
ချောင်ဖုန်းသည် အခန်းအတွင်းသို့ ဝင်လိုက်သည့်အခါ နံရံကျောက်သားများသည် ရှားပါးသောသံကျောက်နက်အမျိုးအစားများနှင့် တည်ဆောက်ထားကြောင်းသိလိုက်ရသည်။ထို့နောက် ဝိညဥ်စွမ်းအားအမှတ်ဖော်ပြသော ကျောက်တိုင်တစ်ခုနှင့် လေ့ကျင့်ဖို့ ကျောက်ဖျာတစ်ခုသာ တွေ့လိုက်ရသည်။
ချောင်ဖုန်းသည် ကျောက်ဖျာပေါ်တွင် ထိုင်လိုက်ပြီး သိုလှောင်ကွင်းလက်စွပ်ထဲမှ ဘုံငါးဆင့်သူတော်စဥ်ကျင့်စဥ်အား ထုတ်လိုက်ပြီး စတင်လေ့ကျင့်လေသည်။
ချောင်ဖုန်းသည် မီးပုလဲကျင့်ကြံရေးအဆောင်တွင် တစ်ရက်နေပြီးနောက် ဘုံငါးဆင့်သူတော်စင်ကျင့်စဥ်အား နားလည်မှုအဆင့်သို့ ရောက်ရှိသွားလေသည်။ချောင်ဖုန်သည် ခါးဟိုဘက်လှည့်ဒီဘက်လှည့်လုပ်ကာ အပျင်းကြောဆန့်လိုက်ပြီး"ဘုံငါးဆင့်သူတော်စင်ကျင့်စဥ်ကို သန့်စင်မယ်" ဟု ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် စနစ်ရှင်သည် ဘုံငါးဆင့်သူတော်စဥ်ကျင့်စဥ်ကို ကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိသွားပါပြီ"
"ထပ်မံသန့်စင်မယ်......"
"ဂုဏ်ယူပါတယ်......စနစ်ရှင်သည် ဘုံငါးဆင့်သူတော်စဥ်ကျင့်စဥ်အား အနိူင်းမဲ့အဆင့်ကို ရောက်ရှိသွားပါပြီ"
ထိုအခါ ချောင်ဖုန်းသည် ဘုံငါးဆင့်သူတော်စဥ်ကျင့်စဥ်အားအသုံးပြုလိုက်တဲ့အခါ ချောင်ဖုန်းခန္ဓာကိုယ်အတွင်းကို ရေပုံစံအပြာရောင်စွမ်းအင် တစ်ခုသည် ဒန်တျန်အပါအဝင် တစ်ကိုယ်လုံးရှိ သွေးကြောများကို ဖုံးလွှမ်းသွားလေသည်။
ချောင်ဖုန်းသည် အခန်းနံပါတ်နှစ်ရာ့တစ်ဆယ်က ထွက်ခွာလာပြီးနောက် အပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ထိုအခါ ချောင်ဖုန်းကို ဆွဲခေါ်သွားသောမိန်းကလေးသည် "ဂျူနီယာမောင်လေး.....နင်ကဘာလို့အစောကြီးထွက်လာတာလဲ " ဟု မေးလိုက်
သည်။
ချောင်ဖုန်းသည် ဘာမှမဖြေဘဲ အူလည်လည်လုပ်နေတာကြောင့်
ရန်ကျင်းနှင့် လွင်ပုယွင်သည်လည်း အကြီးအကဲရဲ့တိုက်ကွက်သုံးချက်ကို ခုခံနိုင်၍ မီးပုလဲကျင့်ကြံရေးအဆောင်တွင် လေ့ကျင့်နေကြောင်း ချောင်ဖုန်းအားပြောပြလိုက်သည်။
ချောင်ဖုန်းသည် ထိုမိန်းကလေးအား နှုတ်ဆက်လိုက်ပြီး မီးပုလဲကျင့်ကြံရေးအဆောင်မှ အပြင်သို့ ပြန်ထွက်လာခဲ့သည်။အပြင်သို့ရောက်တဲ့အခါ ချောင်ဖုန်းသည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှာ ဆေးအမယ်တွေကို ဘယ်နေရာမှာ ရရှိနိုင်မလဲလို့ တွေးနေချိန်မှာ လမ်းပေါ်ရှိ ဂိုဏ်းသားဂိုဏ်းသူများသည် အလျင်အမြန်ပြေးသွားနေကြလေသည်။
ထို့နောက် အပြင်စည်းတပည့်ဝတ်စုံဖြင့် ဂိုဏ်းသားတစ်ယောက်သည် "မင်းကဒီမှာဘာလုပ်နေတာလဲ.......အကြီးအကဲ ပင်းရောက်နေပြီလေ " ဟု ပြောကာ ချောင်ဖုန်းဘေးကနေ ပြေးသွားလေသည်။
ချောင်းဖုန်းသည် အကြီးအကဲပင်းသည် ဘယ်သူမို့လို့ ဂိုဏ်းသားတွေသည် အသည်းအသန်ပြေးလွှားနေကြောင်း သိချင်သွားပြီး ထိုလူတွေနဲ့အတူ ပြေးလွှားလိုက်သည်။
ချောင်ဖုန်းသည် လူအုပ်စုကြီးတစ်ခုသို့ ရောက်ရှိသွားပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော အကြီးအကဲပင်းသည် အဆင့်ငါးအဂ္ဂိရတ်ပညာရှင် တံဆိပ်ကို ရင်ဘတ်တပ်ဆင်ထားသည်။ထိုအကြီးအကဲ ပင်းသည် စားပွဲခင်းတစ်ခုခင်းထားပြီး စားပွဲပေါ်ရှိ သူ့ရဲ့ဆေးပင်များကို ကြည့်ကာ ခွဲခြားနေလေသည်။
ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရှင် အကြီးအကဲပင်းကို တွေ့တာကြောင့် ဝမ်းသာနေခဲ့သည်။အကြီးအကဲ ပင်းသည် ဂိုဏ်းသားဂိုဏ်းသူများရှေ့တွင် သူရဲ့ ဆေးမီးဖိုအားထုတ်လိုက်ပြီး ဆေးပင်များထည့်ကာ သန့်စင်နေခဲ့သည်။
ဂိုဏ်းသားများသည် အကြီးအကဲ ပင်း ပြုလုပ်နေသည်များကို နားမလည်သော်လည်း စိတ်ဝင်တစားနဲ့ကြည့်နေခဲ့သည်။နာရီဝက်အကြာမှာတော့ အဖြူရောင်ဆေးလုံးပေါ်တွင် အမဲရောင်ကျားလက်သည်းခြစ်ရာပုံစံ ဆေးလုံးလေးဆယ်လုံးသည် ဆေးမီးဖိုထဲမှ ထွက်ပေါ်လာလေသည်။
အကြီးအကဲပင်းသည် ဆေးလုံးဆယ်လုံးအား သူ၏ ဆေးပုလင်းထဲသို့ ထည့်လိုက်ပြီး သူစိတ်ထဲတွင် မပျော်ရွင်ပေမယ့် အားလုံးရှေ့မှာတော့ ပြုံးပျော်ရွင်သလို ဟန်ဆောင်နေခဲ့သည်။ချောင်ဖုန်းသည် စိတ်ပျက်သည့်ပုံဖြင့် ခေါင်းခါ လိုက်ပြီး "ပြည်စုံမှုမရှိတဲ့ဆေးလုံးကို ဖော်စပ်နေတာပဲ " ဟု ပြောလိုက်သည်။
အကြီးအကဲပင်းဖော်စပ်လိုက်သော ဆေးလုံးသည် တိုက်ခိုက်ရေးနှုန်းကို တိုးတက်စေသော ဆေးလုံးများဖြစ်ပြီး ဆေးအမယ်နှစ်မျိုးကို ထည့်ရန်လိုအပ်နေသောကြောင့် ဆေးလုံးရဲ့စွမ်းအားသည်
ပြည့်စုံမှုမရှိပေ။
အကြီးအကဲပင်းသည် သူသိုလှောင်ကွင်းထဲမှ ရှိသော တခြားဆေးပုလင်းတွေကိုလဲ ထုတ်လိုက်ပြီး "ငါအခုဖော်စပ်လိုက်တဲ့ ဆေးလုံးက တိုက်ခိုက်ရေးနှုန်းကို တိုးတက်စေတဲ့ အဆင့်သုံးဆေးလုံးပဲ နောက်ပြီး ငါ့မှာ တခြားဖော်စပ်ထားတဲ့ ဆေးလုံးတွေလဲရှိသေးတယ် မင်းတို့ ဝယ်မယ်ဆို တန်းစီကြပါ" ဟု ရယ်ရယ်မောမောပြောလိုက်သည်။
ထို့နောက် အကြီးအကဲပင်းသည် သူရဲ့ဆေးပုလင်များစွာကို စားပွဲခင်းပေါ်သို့ ညီညီညာညာစီလိုက်ပြီး စတင်ရောင်းချပါတော့သည်။နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရှိ ဂိုဏ်းသူဂိုဏ်းသားများသည် အများစုမှာ ချမ်းသာသော သူများနှင့် တော်ဝင်မိသားစုများ ဖြစ်သောကြောင့် အကြီးအကဲပင်းရှိမှ ဆေးလုံးများကို အလုအယက်ဝယ်ကြလေသည်။
ခဏလေးအတွင်းမှာပဲ အကြီးအကဲပင်းသည် များစွာသော ရွှေဒင်္ဂါးများကို ပိုင်ဆိုင်၍ သွားခဲ့သည်။ထို့နောက် သူ့သိုလှောင်ကွင်းထဲသို့ သိမ်းထားလိုက်ပြီး အကြီးအကဲပင်းသည် လက်နောက်ပစ်လိုက်၍ ပြောလိုက်သည်။
"ဆေးလုံးအားလုံးကုန်သွားပြီဖြစ်တဲ့အတွက် ဝယ်ချင်တဲ့သူတွေကတော့ ဆေးကျောင်းတော်မျှော်စင်မှာပဲ လာရောက်ဝယ်ယူလို့ရပါတော့မယ် ၊ ဒါပေမယ့် ငါပေးတဲ့လျော့စျေးနဲ့တော့ မင်းတို့ရနိုင်မှာ မဟုတ်တော့ဘူး "
ထို့နောက်အကြီးအကဲပင်းသည် သူ့ပစ္စည်းများကိုလဲသိမ်းလိုက်ပြီး
ထွက်ခွာသွားခဲ့သည်။ဆေးလုံးများကို ဦးစွာ ဝယ်နိုင်သော ဂိုဏ်းသားဂိုဏ်းသူများသည် ပျော်ရွင်နေကြပြီး တချို့ကတော့ မမှီလိုက်တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။မိနစ်ပိုင်းအတွင်းမှာပဲ လူအုပ်ကြီး ဘာမှမရှိတော့သလိုမျိူး ချက်ချင်းရှင်းလင်းသွားလေသည်။
ချောင်ဖုန်းသည် ဆေးကျောင်းတော်ရဲ့ တည်နေရာကို မသိသဖြင့် သူ့၏စိတ်ဝိညဥ်စွမ်းအင်အပိုင်းအစလေးတစ်ခုအား အကြီးအကဲပင်းကို နောက်ယောက်ခံ လိုက်ခိုင်းလိုက်သည်။အကြီးအကဲပင်းသည် သိုင်းအဆင့်မှာတော့ ဘုရင်နယ်ပယ်အစပျိူးခြင်းမှာရှိသေးတဲ့အတွက် ဝိညဥ်လှေအသေးလေးတစ်ခုသုံးကာ ပျံသန်းသွားလေသည်။
ထို့နောက် ဆေးကျောင်းတော်မျှော်စင်ဟု ရေးထားသော မျှော်စင်ရှေ့သို့ရောက်တဲ့အခါ အကြီးအကဲပင်းသည် ဆင်းသက်လိုက်သည်။
မျှော်စင်ရှေ့တွင် ရောက်နေသော ဂိုဏ်းသားများသည် အကြီးအကဲပင်းကို တွေ့သော်အခါ လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံ၍ နှုတ်ဆက်လိုက်ကြသည်။