← Chapters

Chapter(72)

Vol. 5 Ch. 72

Chapter(72)

Vol. 5 Ch. 72

အသန့်စင်ဆုံးစနစ် အခန်း(72)

ချောင်ဖုန်းသည် ဆေးကျော်တော်မျှော်စင်ရဲ့ တည်နေရာကို သိရှိသွားသော်အခါ သူ့ရဲ့စိတ်ဝိညဥ်စွမ်းအင်အပိုင်းအစကိုပြန်သိမ်းလိုက်ပြီး နတ်ဘုရားခြေလှမ်းကျင့်စဥ်ဖြင့် ​ထိုနေရာမှ ထွက်ခွာလာလေသည်။

ထို့နောက် ချောင်ဖုန်းသည် ဆေးကျောင်းတော်အနီးအနားသို့ ရောက်တဲ့အခါ သူကိုလူမမြင်နိုင်အောင် အကာအကွယ်အစီအရင်စာရွက်လေးကို အသက်သွင်းလိုက်ပြီး အကြီးအကဲပင်း ဖော်စပ်လိုက်သော ကျားတစ္ဆေလေဟုန်ဆေးလုံးမျိုးကို သူမှာကျန်ရှိသေးသော ဆေးအမယ်များဖြင့် အလွယ်တကူဖော်စပ်လိုက်သည်။

နောက်ငါးမိနစ်ကြာသော်အခါ ချောင်ဖုန်းလက်ထဲတွင် ကျားတစ္ဆေ

လေဟုန်ဆေးလုံး ငါးလုံးရောက်ရှိလာလေသည်။ထို့နောက် ချောင်ဖုန်းသည် ဆေးလုံးများကို ဆေးပုလင်းထဲသို့ ထည့်လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

ဆေးကျောင်းတော်မျှော်စင်သည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ နယ်မြေအတွင်း၌သာ တည်ရှိပြီး နန်းတော်နဲ့ ပို၍ နီးကပ်

သော နေရာတွင် တည်ရှိသည်။ဆေးကျောင်းတော်မျှော်စင်သည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသာမက ကျိုးတော်ဝင်နန်းတော်ကလဲ ဆေးလုံးဝယ်ယူရသော နေရာပင်ဖြစ်သည်။

ချောင်ဖုန်းသည် သားရေမျက်နှာဖုံးကို တပ်ဆင်ကာ တခြားလူမျက်နှာကဲ့သို့ပြောင်းလဲသွားပြီး ဆေးကျောင်းတော်မျှော်စင်ရှေ့ကို လျင်မြန်သော အရှိန်ဖြင့် ပြန်၍ပေါ်လာခဲ့သည်။

ချောင်ဖုန်းသည် ဆေးကျောင်းတော်မျှော်စင်သည် နှစ်ထပ်သာ ရှိပြီး ပထမအထပ်မှာတင် ဆေးလုံးများကိုနေရာခြားကာ ရောင်းနေသောအလုပ်သင်မိန်းကလေးများကို တွေ့လိုက်ရသည်။ချောင်ဖုန်းသည် ဝင်ဝင်ချင်းရောင်းနေသော မိန်းကလေးတစ်ယောက်ရှိကို သွားလိုက်ပြီး အကြီးအကဲပင်းနဲ့ တွေ့ချင်တယ်ဆိုပြီပြောလိုက်သည်။

ထိုအချိန် အနောက် မှ အပြင်စည်းတပည့် ရောက်ရှိလာခဲ့သည်။သူကတော့ တခြားသူမဟုတ်ဘဲ ချန်သုန်ပင်ဖြစ်လေသည်။ချန်သုန်သည် " ဂျူနီယာညီလေး......မင်းက အကြီးအကဲ ပင်းနဲ့ တွေ့ဖို့လွယ်ကူမယ်ထင်နေတာလား " ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ချန်သုန်အား ဂရုမစိုက်ဘဲ.....ကျားတစ္ဆေလေဟုန်ဆေးလုံးတစ်လုံးကို အလုပ်သင်မိန်းကလေးအား ထုတ်ပေးလိုက်ကာ အကြီးအကဲပင်းကို ထိုဆေးလုံးပြခိုင်းလိုက်ပြီး သူနဲ့တွေ့ဆုံဖို့ကို ပြောနေခဲ့သည်။

ချန်သုန်သည် ဒေါသထွက်ပြီး ချောင်ဖုန်းကို လက်ညိုးထိုးကာ "မင်း........." ဟု ပြောလိုက်သည်။အမှန်တော့ ချန်သုန်သည်လည်း အကြီးအကဲပင်းနှင့် တွေ့ဆုံရန် ရောက်ရှိလာခြင်းဖြစ်သည်။

ထိုအချိန် မှာအကြီးအကဲပင်းရောက်ရှိလာကာ "မင်းကဘယ်သူမို့လို့ ငါက မင်းနဲ့တွေ့ရမှာလဲ " ဟု ကြိမ်ဝါးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အလုပ်သင်မိန်းကလေးလက်ထဲရောက်နေသော ဆေးလုံးကို အကြီးအကဲပင်း အား ပြခိုင်းလိုက်သည်။

အလုပ်သင်မိန်းကလေးသည် ဆေးလုံးကို လက်နှစ်ဖက်ဖြင့် အကြီးအကဲပင်းအား ပြခိုင်းလိုက်သည်။အကြီးအကဲပင်းသည်

လူငယ်လေးတစ်ယောက်က သူ့ကိုရိုသေစွာမဆက်ဆံတဲ့အတွက် ဒေါသထွက်နေခဲ့သည်။ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်မှ အရှိန်အဝါအနည်းငယ်မှ မမြင်တာကြောင့် အကြီးအကဲ ပင်းနှင့်ချန်သုန်သည်

သိုင်းအဆင့်အလွန်နိမ့်သည်ဟု ထင်နေကြသည်။

အကြီးအကဲပင်းသည် အလုပ်သင်မိန်းကလေးစီမှ ဆေးလုံးကို သေချာမကြည့်ပဲ ယူလိုက်ပြီး "မင်းလိုကောင်မျိုးမှာ ဘယ်လိုဆေးလုံးများရှိနိုင်မှာမို့လို့လဲ......." ဟု ပြောကာ ကြည့်လိုက်သည်။

ချန်သုန်ကလဲ "အကြီးအကဲပင်း......အဲ့ကောင်ရှိက အမှိုက်ဆေးလုံးကို ဘာလို့ကြည့်နေအုံးမှာလဲ " ဟု ချောင်ဖုန်းကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

အကြီးအကဲပင်းကတော့ ချောင်ဖုန်းဖော်စပ်ထားသော ဆေးလုံးကိုကြည့်ပြီး အံ့အားသင့်စွာဖြင့် "ဒါ....ဒါ....ကျားတစ္ဆေလေဟုန်ဆေးလုံးအစစ်ပဲ ၊နောက်ပြီး ဒီဆေးက မကြာသေးခင်က ဖော်စပ်ထားတာပဲ မင်းဒါကို ဘယ်ကရတာလဲ " ဟု မေးလိုက်သည်။

ချောင်ဖုန်းသည် "အကြီးအကဲပင်း......ကျွန်တော်ဘယ်ကရလာတာလဲအရေးမကြီးပါဘူး ဘာလို့လဲဆိုတော့ ဒီဆေးညွှန်းက ကျွန်တော်မှာရှိလို့ပဲ" ဟု ပြန်ဖြေလိုက်သည်။အကြီးအကဲပင်းသည် ပြာပြာသလဲဖြင့် "ဆေးညွှန်း.....မင်းမှာတကယ်ဆေးညွှန်းရှိတာလား " ဟု ​မေးလိုက်သည်။

ချောင်ဖုန်းသည် "အကြီးအကဲပင်း........ ဒီဆေးညွှန်းကိုပေးဖို့က ကိစ္စမရှိပါဘူး ဒါပေမယ့် တချို့သောလူတွေက ဘာလိုချင်လို့စောင့်နေတာလဲမသိဘူး" ဟု ချန်သုန်ကို ကြည့်ကာပြောလိုက်သည်။

အကြီးအကဲပင်းသည် ကျားတစ္ဆေလေဟုန်ဆေးလုံး ဖော်စပ်နည်းအား လေလံပွဲတစ်ခုမှ ရရှိခဲ့ပြီး နောက်မှ ဆေးညွှန်းက မပြည့်စုံမှန်းသိလိုက်ရသည်။သူရဲ့ ဆရာတူညီကို များကို အကူအညီတောင်းခဲ့ပင်မယ့် အားလုံးက လက်လျော့လိုက်ဖို့ ပြောခဲ့သည်။

ထိုဆေးလုံးဖော်စပ်နိုင်ခဲ့ရင် သူ့ကသူ့ဆရာတူအကိုများကို ကျော်လွန်သွားမည်ဟု သူ့ကိုယ်သူ ယုံကြည်နေလေသည်။ ချန်သုန်သည် " အကြီးအကဲပင်း......အဖေက " ဟု ပြောရသေးပဲ ရှိသေး အကြီးအကဲပင်းသည် "ထွက်သွား......" တစ်ခွန်းထဲပြောလိုက်သည်။

ချန်သုန်သည် ဆက်ပြီးတော့ "အကြီးအကဲပင်း......"ဟု ခေါ်လိုက်သောအခါ အကြီးအကဲပင်းသည် ဒေါသထွက်သော မျက်လုံးဖြင့် "မင်းက ခုချိန်ထိထွက်မသွားသေးဘူးလား..... " ဟု ကြိမ်းဝါးလိုက်သည်။

ချန်သုန်သည် အကြီးအကဲပင်းရဲ့မောင်းထုတ်ခြင်းခံရပြီး သူအစီအစဥ်တွေပျက်စီးသွားတာကြောင့် ချောင်ဖုန်းကို အလွတ်မပေးဖို့ ဆုံးဖြတ်လိုက်သည်။အကြီးအကဲပင်းသည် ချောင်ဖုန်းကို ဂိုဏ်းသားတစ်ယောက်လို့ မဆက်ဆံတော့ဘဲ ဧည့်သည်တစ်ယောက်လို ဆက်ဆံကာ စကားပြောဖို့ သူနေသည့် သီးသန့်အခန်းထဲကို ခေါ်သွားခဲ့သည်။

အခန်းထဲတွင် ချောင်ဖုန်းနှင့် အကြီးအကဲပင်းသည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ပြီး ရှေ့တွင် ခုံလေးတစ်ခုရှိပြီးရေနွေးကြမ်းထည့်ထားသော ခွက်နှစ်ခွက်လဲ ရှိနေခဲ့သည်။အကြီးအကဲပင်းသည် "သခင်လေး......ဆေးညွှန်း မင်းငါ့ကို ပြောပြနိုင်မလား" ဟု ပြုံးပြုံးကြီးဖြင့် မေးလိုက်သည်။

ချောင်ဖုန်းသည် သူလိုအပ်သည် ဆေးအမယ်များ စာရွက်ကို အရင်ထုတ်ပေးလိုက်ပြီး "အကြီးအကဲပင်း.....ဒီဆေးအမယ်တွေကို

ကျွန်တော်အရင်ဆုံး လိုအပ်တယ်" ဟု ပြောလိုက်သည်။အကြီးအကဲပင်းသည် ခုံပေါ်ရှိ စာရွက်ကို ကောက်ဖတ်လိုက်ပြီး သူရဲ့ တပည့် အလုပ်သင်မိန်းကလေးအား အမြန်ယူခိုင်းလိုက်သည်။

ထိုအခါ အလုပ်သင်မိန်းကလေးသည် သိုလှောင်ကွင်းလက်စွပ်တစ်ကွင်းအား အကြီးအကဲပင်းအား ပေးလိုက်သည်။ အကြီးအကဲပင်း

သည် သိုလှောင်ကွင်းကို ချောင်ဖုန်းကို ရိုရိုသေသေပေးလိုက်ပြီး "သခင်လေး.....စစ်ဆေးကြည့်ပါအုံး" ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ကို စစ်ဆေးကြည့်လိုက်ပြီး စာရွက်နဲ့မှင်တံကို တောင်းလိုက်ပြီး ဆေးညွှန်းကို ချရေးလိုက်သည်။အကြီးအကဲပင်းသည် ချောင်ဖုန်းကို ဂိုဏ်းအတွင်းမှာ ပုန်းကွယ်နေသော အဂ္ဂိရတ်ဆရာတစ်ပါးဖြစ်နေမလားတွေးလိုက်သည်။

ထို့နောက် ချောင်ဖုန်းပေးလိုက်သော ဆေးညွှန်းစာရွက်အား ဖတ်ရှု့လိုက်ပြီး ချောင်ဖုန်းအား လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်လေသည်။ချောင်ဖုန်းသည် ဆင့်ကဲပြောင်းလဲခြင်းဘုရင်ဆေးလုံးကို ဖော်စပ်ဖို့အတွက် အကြီးအကဲ ပင်း၏ ဆေးဖော်စပ်ခန်းကို တောင်းလိုက်သည်။

အကြီးအကဲပင်းသည် သူထင်ထားသလိုပင် ချောင်ဖုန်းသည် အဂ္ဂိရတ်ဆရာတစ်ဆူမှန်းတကယ်ဖြစ်နေသောကြောင့် သူစိတ်ထဲတွင်အတော်ပျော်ရွင်နေလေသည်။အကြီးအကဲပင်းသည် သူဖော်စပ်သော အခန်းထဲသို့ ခေါ်သွားခဲ့ပြီး "သခင်လေး......ကျွန်တော်ဘာကူညီပေးရမလဲဟု " ဉာဏ်များကာ မေးလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး သူရဲ့ဆေးမီးဖိုအား ထုတ်လိုက်၏ ။ အကြီးအကဲပင်းသည် ချောင်ဖုန်းဆေးဖော်စပ်မှာကို ဂရုတစိုက်ကြည့်နေခဲ့သည်။ချောင်ဖုန်းသည် ဆေးအမယ်အားလုံးကို တစ်ပြိုင်နက်ထည့်ကာ သန့်စင်လိုက်တာကြောင့် အကြီးအကဲပင်းသည် တံတွေးတောင် မနည်းမျိုချလိုက်ရသည်။

ခဏလေးအတွင်းမှာလဲ အဆင့်ငါးဆေးလုံးဖြစ်သော ဆင့်ကဲပြောင်းလဲခြင်းဘုရင်ဆေးလုံးများသည် အနိသင်ကိုးဆယ်ရာခိုင်နှုန်းဖြင့် ဆေးမီဖိုထဲမှ ထွက်လာလေသည်။အကြီးအကဲပင်းသည် အဆင့်ငါးအဂ္ဂရိတ်ပညာရှင်ဆိုပင်မယ့် အဆင့်လေးဆေးလုံးကို သာ ဖော်စပ်နိုင်သေးသည်။

ချောင်ဖုန်းသည် သူ့ဆေးလုံးထဲမှ အကြီးအကဲပင်းအား ဆေးလုံးတစ်လုံးကို ပေးလိုက်ပြီး "အကြီးအကဲပင်း.....ဒီဆေးလုံးက သိုင်းအဆင့်တက်ရာမှာ ကူညီပေးလိမ့်မယ် " ဆိုပြီး ပြောလိုက်သည်။

အကြီးအကဲပင်းသည် ချောင်ဖုန်းပေးသော အဆင့်ငါးဆေးလုံးကို လက်နှစ်ဖက် ဖြန့်ကာ ယူလိုက်ပြီး သေသေချာချာ ကြည့်နေခဲ့သည်။

ချောင်ဖုန်းသည် ကိစ္စမရှိတော့၍ သူဆေးမီဖိုကို သိမ်းကာ ထိုနေရာမှ ထွက်သွားဖို့လုပ်လိုက်သည်။အကြီးအကဲပင်းသည် ချောင်ဖုန်းထွက်သွားခန်းနီးအချိန်မှာ "သခင်လေး......နောက်လိုအပ်တာရှိရင် ကျွန်တော်ရှိကို အချိန်မရွေးလာနိုင်ပါတယ်"ဟု ပြောလိုက်သည်။

ထို့နောက် ခန်းမထဲရှိ ဆေးလုံးများရောင်းနေသော အလုပ်သင်အားလုံးကို ချောင်ဖုန်းနောက်တစ်ခါလာရင် ရိုရိုသေသေ ဆက်ဆံရမည်ဟု အမိန့်ပေးလိုက်သည်။ချောင်ဖုန်းသည် ဆေးကျောင်းတော်မျှော်စင်မှ ထွက်ထွက်ချင်းမှာ ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများ၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

ချန်သုန်သည် အမှန်တကယ်တော့ ချန်အမတ်အိမ်တော်ကို ကာကွယ်ပေးနေသော စစ်သည်တော်များကို သူ့အတွက် အသုံးချနေခြင်းဖြစ်သည်။ချောင်ဖုန်းသည် သာမာန်လူတစ်ယောက်လိုပင် အေးဆေးလမ်းလျှောက်လာခဲ့သည်။

ထိုချိန်မှာ ချောင်ဖုန်းနောက်ကနေ မျက်နှာဖုံးဝတ်စုံဖြင့် လူတစ်ယောက်သည် ဓားဖြင့်ဝင်ထိုးတဲ့အခါ ချောင်ဖုန်းသည် ရှောင်လိုက်လေသည်။ထိုလူသည် သူ့ဓားကို လျှာဖြင့် ယက်လိုက်ပြီး "ကောင်စုတ်လေး.....မင်းကငါ့တို့သခင်လေးကို ဒေါသထွက်အောင်လုပ်ရဲတဲ့အတွက် မင်းအသက်နဲ့ပေးဆပ်ရမည်ဟု ပြောလိုက်သည်။

ထိုအခါ မျက်နှာဖုံးဝတ်ဆင်ထားသော လူများသည် အိမ်များ၏ခေါင်းမိုးပေါ်များမှ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာလေသည်။

All Chapters