← Chapters

Chapter(73)

Vol. 6 Ch. 73

Chapter(73)

Vol. 6 Ch. 73

အသန့်စင်ဆုံးစနစ် စာစဥ် (6) အခန်း(73)

ထို့နောက် ခေါင်မိုးပေါ်မှ လူထဲက တစ်ယောက်သည် "ခေါင်းဆောင်.....သူကသခင်လေးချန်သုန် ပြောတဲ့အတိုင်း တကယ်ပဲ သိုင်းစွမ်းအင်အငွေ့အသက်မရှိတာဘဲ " ဟု ပြောလိုက်သည်။

ထိုလူသည် ပြောပြီးတာနဲ့ သူ့ဓားကို အဆိပ်ဝိညဥ်စွမ်းအင်အသက်သွင်းကာ မြေပေါ်တွင်ရှိနေသော ချောင်ဖုန်းအား ခေါင်မိုးပေါ်မှ ခုန်ကာ ခုတ်ချလိုက်သည်။ ချောင်ဖုန်းသည် အေးစက်သောအပြုံးပြုံးလိုက်ပြီး "မင်းတို့အသက်တွေအားလုံး ဒီမှာထားခဲ့ရမယ် " ဟု ပြောလိုက်သည်။

ခေါင်မိုးပေါ်မှ ခုန်ချ၍ ချောင်ဖုန်းအား တိုက်ခိုက်သူသည် အနားရောက်တဲ့ ချောင်ဖုန်းကို ခုတ်ချလိုက်သော်လည်း လေဟာနယ်တစ်ခုဖြစ်နေပြီး ချောင်ဖုန်းသည် ပျောက်ကွယ်သွားသည်။ထိုအခါ ချောင်ဖုန်းသည် ထိုလူရဲ့နောက်သို့ ရောက်သွားပြီး ကိုယ်ပိုင်စွမ်းအင်လက်သီးဖြင့် တစ်ချက်ထဲ သတ်ပစ်လိုက်သည်။

ထိုအခါ ချောင်ဖုန်းရဲ့ ဧကရာဇ်နယ်ပယ်အဆင့် အရှိန်အဝါအငွေ့အသက်ကြောင့် ထိုလူတွေသည် "မင်းက.....ဧကရာဇ်နယ်ပယ်အဆင့်ကလား " ဟု မေးလိုက်သည်။ချောင်ဖုန်းသည် "မင်းတို့သိသွားတာ နောက်ကျလွန်းသွားပြီး " ဟု ပြောလိုက်ပြီး ချက်ချင်းပြန်ပျောက်ကွယ်သွားကာ တစ်ယောက်ပြီးတစ်ယောက်သတ်ပစ်လိုက်သည်။

ထိုအဖွဲ့ရဲ့ ခေါင်းဆောင်သည် "မင်းငါ့ကို သတ်လို့မရဘူး ၊ ငါကချန်အမတ်အိမ်တော်ရဲ့ သက်တော်စောင့်ခေါင်းဆောင် " ဟု ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး ထွက်ပြေးသွားလေသည်။သို့သော် ချောင်ဖုန်းသည် သူရှေ့တွင် လျှပ်တစ်ပြက် ရောက်ရှိလာပြီး "မင်းသာ ဘယ်သူဖြစ်ဖြစ် ငါ့အသက်ကို ရန်စရဲတဲ့အတွက် သေသင့်တယ် " ဟု ပြောကာ သတ်ပစ်လိုက်လေသည်။

ချောင်ဖုန်းသည် ထိုလူတွေရဲ့ အလောင်းများကို တစ်ချက် အစဖျောက်လိုက်သည်။အခန်းတစ်ခန်းထဲမှာ ချန်သုန်သည်

စာရွက်ပေါ်တွင် မှင်စုတ်တံဖြင့် စာရေးနေခဲ့သည်။ထို့နောက် လက်ဖြောက်တီးလိုက်တဲ့အခါ လူတစ်ယောက်သည် သူ့ရှေ့ကို ရောက်ရှိလာလေသည်။

ထိုလူသည် လက်နှစ်ဖက်ဆုပ်ကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး

"သခင်လေး......ကျွန်တော်ကို ဘာခိုင်းစရာရှိလို့ပါလဲ " ဟု မေးလိုက်သည်။ထိုအခါ ချန်သုန်သည် ရေးနေတာကို ရပ်လိုက်ပြီး

"တျန်ဒေါင်တို့ အဖွဲ့ပြန်ရောက်လာပြီလား...." ဟု မေးလိုက်သည်။

ထိုအခါ ဒူးထောက်နေသောသူသည် "သခင်လေး.......ကျွန်တာ် တျန်ဒေါင်တို့ အဖွဲ့ ပြန်ရောက်လာတာကို မမြင်မိသေးဘူး " ဟု ဖြေလိုက်သည်။ချန်သုန်သည် သူစာရွက်ကို ဆုပ်ဖြဲလိုက်ကာ လွှင့်ပစ်လိုက်ပြီး "တော်တော်အသုံးမကျတဲ့ကောင်တွေပဲ ဒီကိစ္စလေးကိုတောင် အချိန်ဆွဲနေတာပဲ" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ကိစ္စများရှင်းပြီးနောက်မှာ "ချန်အမတ်အိမ်တော် မကြာခင် ငါမင်းတို့ဆီလာခဲ့မယ်" ဟု ကြိမ်းဝါးလိုက်သည်။ထို့နောက်ချောင်ဖုန်းသည် မျက်နှာဖုံးခွာကာ ပြန်သိမ်းထားလိုက်ကာ ထိုနေရာမှ လျင်မြန်စွာ ပြန်ထွက်ခွာလာခဲ့ပြီး သူနေသော အဆောင်ကို ပြန်လာခဲ့သည်။

ချောင်ဖုန်းသည် အခန်းတံခါးဝသို့ အပြင်ဘက်သို့ရောက်တဲ့အခါ လျှိဟန်သည် ချောင်ဖုန်းကို လက်ဖြင့်တားလိုက်ပြီး "ဒူးထောက်စမ်း..." ဟု ​ချောင်ဖုန်းအားပြောလိုက်သည်။ယွီအန်းဝုံကလဲ "မင်းကို ဒူးထောက်စမ်းလို့ ပြောနေတာ မကြားဖူးလား "ဟု ဒေါသထွက်သော လေသံဖြင့် ပြောလိုက်သည်။

ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အရှိန်အဝါကို ထုတ်လွှင့်လိုက်ပြီး "ဘာကိစ္စငါက မင်းတို့နှစ်ယောက်ကို ဒူးထောက်ရမှာလဲ " ဟု လျှိဟန်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။လျှိဟန်သည် တားထားသော သူရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဘာမှမပြောဘဲ တိတ်ဆိတ်သွားလေသည်။

ထို့နောက်ချောင်ဖုန်းသည် တံခါးဖွင့်ကာ အထဲသို့ ဝင်သွားလေသည်။ အပြင်မှာ ကျန်ခဲ့သော လျှိဟန်နဲ့ယွီအန်းဝုံသည် ချောင်ဖုန်း

ရှိမှ ထွက်လာသော အငွေ့အသက်သည် သူတို့ နှစ်ယောက်ကို သတ်ဖြတ်တော့မည့်အလား ဖြစ်သွားသောကြောင့် ကြောက်ရွံသွားကာ အထဲသို့ပင် မဝင်ရဲတော့ပေ။

ချောင်ဖုန်းသည် အခန်းထဲသို့ ရောက်သည့်အခါ လောင်ချုန်းသည် အသံစွမ်းအင်လှိုင်းဖြင့် ဂိုဏ်းသားဂိုဏ်းသူတိုင်းကို ချွမ်ကန်ခန်းမထဲသို့ မဖြစ်မနေ လာရန်ပြောလိုက်သည်။ထိုအသံစွမ်းအင်လှိုင်းကို ကျင့်ကြံရေးအဆောင်တွေအထဲထိ ရောက်ရှိသွားသည်။

ထိုအခါ အားလုံးသည် အခန်းအပြင်သို့ ထွက်လိုက်သည့်အခါ ခန်းမတစ်ခုမှ အပြာရောင်ချီစွမ်းအင်လှိုင်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးဖောက်နေခဲ့သည်။ထို့နောက်သိရှိသောသူများသည် "အဲ့တာချွမ်ကန်ခန်းမအဆောင်ပဲ" ဟု ပြောကာ ပြေးသွားကြလေသည်။

ခန်းမတစ်ခုထဲတွင် လူဦးရေ ထောင်ကျော်သည် မတ်တပ်ရပ်နေခဲ့ကြသည်။ခန်းမထဲတွင် ဂိုဏ်းသားများအားလုံးများ ပြည့်သွားတဲ့အခါ ချွမ်ကန်ခန်းမအဆောင်ရဲ့ အပြင်ဘက်တွင် အဝါရောင်အလင်းတန်း တစ်ခုလုံး ဖုံးအုပ်သွားသည်။

ချွမ်ကန်ခန်းမဆောင်သည် တစ်ထပ်ထဲသာ ရှိပြီး နန်းတော်တစ်ခုထဲသို့ အလွန်ကျယ်ဝန်းလေသည်။လောင်ချုန်းသည် အားလုံးရဲ့ ရှေ့တွင် လေပေါ်တွင် ရပ်နေခဲ့ပြီး သူလက်ထဲမှ ပစ္စည်းတစ်ခုကို လှည့်ကစားနေခဲ့သည်။

လောင်ချုန်းသည် လူစုံသွားသော်အခါ ပြတ်သားသောအသံဖြင့်"ငါမင်းတို့ခေါ်လိုက်ရတဲ့အကြောင်းရင်းက ခုချိန်ကစပြီး မင်းတို့တွေအားလုံး မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်တွေရှိလို့ပဲ"

ဂိုဏ်းသားအားလုံးသည် လောင်ချုန်း​ရဲ့စကားကြောင့် "မဖြစ်မနေ ထမ်းဆောင်ရမှာလား......ကြည့်ရတာ ပြသာနာတစ်ခုခုတက်နေတာ ထင်တယ်" ဟု တီတိုးပြောဆိုနေကြသည်။

နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်း၏ အကြီးအကဲများသည် တချို့သော ဂိုဏ်းများတွင် သူလျိူအဖြစ်ဝင်နေပြီး သူတို့ကြားသိရတော့ သတင်းအချက်အလက်များကို တင်ပို့လေ့ရှိသည်။လောင်ချုန်းတို့သည် ကြောက်စရာကောင်းသော သတင်းတစ်ခုကို ကြားသိရှိထားသည်။

ထိုသတင်းကတော့ဝတ်ရုံနီဂိုဏ်းရဲ့ ဂိုဏ်းချုပ်သည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်သို့ ထိုးဖောက်ရောက်ရှိသွားခဲ့တာကြောင့် ကြယ်တာယာနန်းတော်ဂိုဏ်းနှင့် ပူပေါင်းလိုက်ပြီး နဂိုကထက် ပိုစွမ်းအားကြီးသွားပြီဖြစ်သည်။

ထို့ကြောင့် အားလုံးသည် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်းနှင့် ရွေးချယ်ခွင့်များကို လောင်ချုန်းသည် ပြောပြလိုက်သည်။နံပါတ်တစ်အဖွဲ့က နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းနှင့်သက်ဆိုင်သော ဂိုဏ်းမှန်သမျှလို့ လိုက်လံသတိပေးရမည် ဖြစ်သည်။

နံပါတ်နှစ်အဖွဲ့သည် အကြီးအကဲတွေ၏ အပြင်းထန်လေ့ကျင့်ပေးမှုအောက်တွင် လိုက်နာကျင့်ကြံရမည်ဖြစ်သည်။နံပါတ်သုံးအဖွဲ့ကတော့ တစ်ကိုယ်တော်သူလျိူများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောလိုက်သည်။

လောင်ချုန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ

ဂိုဏ်းသူဂိုဏ်းသားများ အားလုံး၏ ရှေ့တွင် အဖြူရောင် ၊ အစိမ်းရောင် နှင့် အနက်ရောင် တံဆိပ်သုံးခုသည် ပေါ်လာခဲ့သည်။

ထိုတံဆိပ်ပြားများပေါ်တွင် ခြင်္သေ့ခေါင်းပုံစံပါရှိပြီး မတူညီသောတာဝန်များကို ရေးသားထားသည်။

လောင်ချုန်းသည် သက်ပြင်းတစ်ချက် ရှိက်လိုက်ပြီး "အဲ့တံဆိပ်ပြားသုံးခုထဲက တစ်ခုကို ရွေးချယ်ပြီး မင်းတို့ကြိုက်တဲ့တာဝန်ကို ထမ်းဆောင်နိုင်တယ် " ဟု ပြောလိုက်သည်။အားလုံးသည် သေသေချာချာ ဆုံးဖြတ်လိုက်ပြီး တံဆိပ်ပြားများကို ရွေးချယ်လိုက်ကြသည်။

ချောင်ဖုန်းသည် အနက်ရောင်တံဆိပ်ပြားကို ရွေးချယ်လိုက်ပြီး သိုလှောင်ကွင်းထဲသို့ ထည့်လိုက်သည်။လူပေါင်းထောင်ကျော်ရှိသော်လည်း အနက်ရောင်တံဆိပ်ရွေးချယ်သူသည် အယောက်တစ်ရာပင် မပြည့်ပေ။

ထို့နောက် လောင်ချုန်းသည် အနက်ရောင်တံဆိပ်ပြားရွေးချယ်သူများက လွဲရင် အားလုံးကို ထွက်သွားခိုင်းစေလိုက်သည်။ထိုအခါ အပြင်ဘက်မှ အကာအကွယ်အစီအရင်ကြီးသည် ပြန်၍ ပျောက်ကွယ်သွားပြီး အဖြူနှင့်အစိမ်းတံဆိပ်ရွေးချယ်သူများသည် တာဝန်အလိုက် စတင်ထမ်းဆောင်ဖို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြလေသည်။

လောင်ချုန်းသည် ကျန်ရှိသော အနက်ရောင်တံဆိပ်ရွေးချယ်သူများကို ငရဲစိမ့်နယ်မြေ၏ အနက်ပိုင်းထဲသို့ တစ်ရက်သွားတိုက်ခိုက်ရန် ပြောလိုက်သည်။ငရဲစိမ့်နယ်​မြေ၏ အနက်ပိုင်းသည် နတ်ဆိုးသားရဲအလွန်ပေါများသော နေရာတစ်ဖြစ်သည်။

ထိုနေရာတွင်တစ်ရက်မနေနိုင်ဘဲ ပြန်လာသောသူသည် တခြားတံဆိပ်ကို ပြန်လည်ရွေးချယ်ရမည်ဖြစ်သည်။အန

ထို့နောက် လောင်ချုန်းနှင့်အောက်တွင် ရှိနေသော အကြီးအကဲတွေသည် နေရာကူးပြောင်းရေးအစီအရင်စက်ဝန်းကို ဖန်တီးလိုက်လေသည်။ထို့နောက် အစီအရင်စာရွက်ပေးကာ အားလုံးကိုဝင်ခိုင်းလိုက်သည်။

ချောင်ဖုန်းသည် နောက်ထပ်တစ်ခါ ငရဲစိမ့်နယ်မြေကို ပြန်လည်ရောက်ရှိသွားတဲ့အတွက် ဝမ်းသာသွားခဲ့သည်။ရီချုံသည်လည်း ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ ထွက်လာပြီး "အကိုကြီး.....ဒီတစ်ခေါက်ရီချုံနိုင်ရမယ်....."ဟု ပြောကာ နတ်ဆိုးသားရဲများကို ချောင်ဖုန်းထက်အရင် ရှာဖွေသတ်ဖြတ်လေသည်။

ငရဲစိမ့်ကျောက်သားပြင်ပေါ်တွင် အမည်မသိဝိညဥ်စွမ်းအင်သည် တဖြည်းဖြည်းနှင့်ထိပ်ဆုံးသို့ရောက်ရှိလာခဲ့သည်။လောင်ချုန်းတို့သည်လည်း ချွမ်ကန် ခန်းမအတွင်းရောက်ရှိနေတာကြောင့်

ထိုကိစ္စကို ဘယ်သူမှ မသိချေ။

ချောင်ဖုန်းသည် အခြားသော နတ်ဆိုးသားရဲများအပြင် အဆင့်ခြောက်နတ်ဆိုးသားရဲကို သတ်ပြီးနောက်မှာ သူ့၏ ခန္ဓာကိုယ်မှ

အနက်ရောင်အခိုးအငွေ့ဖြစ်သည့် နတ်ဆိုးတစ္ဆေအငွေ့အသက်သည်

စတင်ထွက်ပေါ်လာလေသည်။နတ်ဆိုးတစ္ဆေအငွေ့အသက်သည်

ကြောက်လန့်စရာ အရှိန်အဝါတစ်ခုတင်မဟုတ်ဘဲ ဧကရာဇ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတောင် သူ့ရှေ့ရောက်ရင် မလှုပ်ရှားနိုင်အောင် ဖိအားပေးကာ စွမ်းဆောင်နိုင်သည့် စွမ်းအင်မျိုးရှိသည်။

All Chapters