Chapter (74)
Vol. 6 Ch. 74
အသန့်စင်ဆုံးစနစ် အခန်း(74)
ချောင်ဖုန်းသည် သူခန္ဓာကိုယ်ထဲမှ ထွက်လာသော နတ်ဆိုးတစ္ဆေအရှိန်အဝါကို ခံစားလိုက်ရပြီး "တော်တော်ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ....." ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် သူရဲ့အရှိန်အဝါဖိအားကြောင့် နတ်ဆိုးသားရဲကောင်များ ထွက်ပြေးမည်စိုးရိမ်တာကြောင့် ဘုံငါးဆင့်သူတော်စင်ကျင့်စဥ်ဖြင့် ဖုံးကွယ်ထားလိုက်သည်။
ရီချုံသည်ချောင်ဖုန်းရဲ့ စွမ်းအင်တွေသည် သူနဲ့စတွေ့တုန်းကထက် အလွန်ကွာဟ လာပြီဖြစ်တဲ့အတွက် "အကိုကြီး......မင်းကလူသားဖြစ်ပေမယ့် တချိန်ချိန်ကြရင် ရီချုံထက်သာလွန်သွားဖို့ ကျိန်းသေတယ်" ဟု ပြောကာ ချီးကျူးလိုက်သည်။
ထိုချိန်မှာ ချောင်ဖုန်းအား ရှာတွေ့သွားသောလူတစ်ယောက်သည်
ပြုံးလိုက်ပြီး "နောက်ဆုံးတော့.......ငါမင်းကို ရှာတွေ့ပြီ" ဟု ပြောကာ ချောင်ဖုန်းရဲ့အနားကို ကပ်လာလေသည်။ချောင်ဖုန်းသည် သူ့နားလူကပ်လာတာကို သိသော်လည်း မသိချင်ယောင်ဆောင်နေခဲ့သည်။
ထိုလူကတော့ တခြားလူမဟုတ်ဘဲ ချန်သုန်ပင် ဖြစ်သည်။ချန်သုန်သည် သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး ချောင်ဖုန်းသွားမည့် လမ်းမှ ပိတ်ရက်လိုက်သည်။ထို့နောက် သူ့ရဲ့ဓားအား မီးဝိညဥ်စွမ်းအင်အသက်သွင်းကာ "မင်းငါ့ကို မှတ်မိလား......" ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် တစ်ချက်ရယ်လိုက်ပြီး "မင်းက.....ဆေးကျောင်းတော်ရဲ့ အကြီးအကဲပင်း မောင်းထုတ်ခံလိုက်တဲ့တစ်ယောက်လား.....မဟုတ်သေးဘူး ၊ မင်းက အာဏာကို အလွဲသုံးစားလုပ်နေတဲ့ ချန်အိမ်တော်က သခင်လေးလား " စနောက်ပြောဆိုလိုက်သည်။
ချန်သုန်သည် အကြီးအကဲပင်း၏ မောင်းထုတ်ခံရခြင်းသည် သူ့အားအရှက်ရစေတာကြောင့် ဘယ်သူကိုမှမပြောပြချေ။ထိုကိစ္စကြောင့်လဲ အိမ်တော်ကို စောင့်ရှောက်ပေးသော အဖွဲ့အား အခြားအကြောင်းပြချက်ပြောကာ ချောင်ဖုန်းအားသတ်ခိုင်းခဲ့သည်။
သို့သော် တျန်ဒေါင်တို့ အဖွဲ့ပြန်မရောက်လာကြောင့် အကြီးအကဲပိုင်နဲ့ သွားရှာတဲ့အခါ တိုက်ခိုက်တဲ့အရိပ်အယောင်တောင် ရှာမတွေ့ခဲ့ချေ။
ချန်သုန်သည် မယုံနိုင်စွာဖြင့် "မင်းက အဲ့နေ့က ဆေးကျောင်းတော်မျှော်စင်မှာ ရှိတဲ့ကောင်ပဲလား....." ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေအငွေ့အသက် အရှိန်အဝါကိုထုတ်လိုက်သောအခါ ချန်သုန်သည် မြေကြီးပေါ်တွင် ဒူးနှစ်ဖက်ထောက်ကျသွားပြီး သူ့အပေါ်မှ ဖိအားတစ်ခုရှိသလိုဖြစ်လာပြီး လှုပ်ရှား၍ မရတော့ပေ။
ချန်သုန်သည် သူ့အဖေရှိမှ နတ်ဆိုးတစ္ဆေအငွေ့အသက်စွမ်းအင်အကြောင်းကြားဖူးသည်။ထိုအရှိန်အဝါ ပိုင်ဆိုင်သောသူသည်
ကြောက်လန့်စရာအလွန်ကောင်းလှပြီး ထိုလူတွေနဲ့တွေ့ရင်လဲ ဝေးဝေးနေဖို့နဲ့ မဖြစ်မနေပက်သက်ရမည့် ကိစ္စဆိုရင်လဲ ရိုသေနှိပ့်ချစွာဆက်ဆံရမည် ဖြစ်ကြောင်း ကြားဖူးထားသည်။
ယခုသောအခါမှာ ချန်သုန်သည် ထိုလူအားအကြိမ်ကြိမ်သတ်ဖို့ စေခိုင်းခဲ့မူများရှိခဲ့ပြီး နောက်ဆုံးသူကိုယ်တိုင်သတ်ဖို့အထိ ဆောင်ရွက်ခဲ့သောကြောင့် သူသေရတော့မည်ကို တွေးကာ ကြောက်လန့်နေခဲ့သည်။
သို့သော် ချောင်ဖုန်းသည် သူ့ရဲ့နတ်ဆိုးတစ္ဆေအငွေ့အသက်ကို ပြန်ရုတ်သိမ်းလိုက်တဲ့အခါ ချန်သုန်နဲ့ မြေကြီးနဲ့ခေါင်းနဲ့အကြိမ်ကြိမ်ဆောင့်ကာ"သခင်လေးကျေးဇူးပြုပြီး ကျွန်တော်ကို မသတ်ပါနဲ့ ကျွန်တော်စုံလုံးကန်းပြီး သခင်လေးကို စော်ကားမိတာပါ"ဟု ပြောကာ တောင်းပန်ပါတော့သည်။
သို့သော် ချော်ဖုန်းသည် "ငါ့ကိုအကြိမ်ကြိမ် သတ်ဖို့ စေခိုင်းခဲ့ပြီး ခုမှအသက်ရှင်ချင်နေတာလား " ဟု ပြောကာ သတ်ပစ်လိုက်လေသည်။ထို့နောက် လောင်ချုန်းပေးလိုက်တော့ အစီအရင်စာရွက်ထဲမှ ငရဲစိမ့်နယ်မြေထဲမှ ပြန်ထွက်ခွာလာရန် အချက်ပြလာတဲ့အတွက် အားလုံးသည် အစီအရင်စာရွက်အား အသက်သွင်းလိုက်တဲ့အခါ ချွမ်ကန် ခန်းမဆောင်ထဲသို့ ပြန်လည်ရောက်ရှိလာလေသည်။
လောင်ချုန်းနှင့် အကြီးအကဲများသည် လူဦးရေ တအားနည်းသွားသည့်အတွက် ထိပ်လန့်သွားလေသည်။
အကြီးအကဲ ချူးသည် "ဒါအကုန်ပဲလား......ကျန်တဲ့လူတွေက သေကုန်တာလား" ဟု စိတ်ပူစွာဖြင့်ပြောလိုက်သည်။လောင်ချုန်းသည် ခေါင်းခါလိုက်ပြီး "သူတို့တွေက သူတို့အသက်ထက် တာဝန်ကို ထမ်းဆောင်ချင်တဲ့အတွက် ငရဲစိမ့်နယ်မြေဖို့ တစ်ရက်နေနိုင်ဖို့ ကြိုးစားရင်း အသက်ပေးသွားရပြီ " ဟု ဝမ်းနည်းစွာနဲ့ပြောလိုက်သည်။
ထို့နောက် လောင်ချုန်းသည် ကျန်ရှိသော လူများကို မြေပုံစာလိပ် ၊ ကျင့်စဥ်စာလိပ် ၊ ဆေးပုလင်းတစ်ချို့ကို ပေးလိုက်ပြီး "ဒါကမင်းတို့ စုံစမ်းရမယ့် ဂိုဏ်းတွေပဲ မင်းတို့သိထားရမှာက ဒါက အနောက်ပိုင်းဒေသမှာ ရှိတဲ့ ဂိုဏ်းတွေမဟုတ်ဘူး" ဟု ပြောလိုက်သည်။
အကုန်လုံးသည် အံ့အားသင့်သွား၍ လောင်ချုန်းရဲ့တပည့်ဖြစ်သူသည် "ဆရာ.....ကျွန်တော်တို့ စုံစမ်းရမှာက မဟာမိတ်တိုင်းပြည်တွေမဟုတ်ဘူးဆိုတော့ မဟာမိတ်တိုင်းပြည်ရဲ့ အပြင်ဖက်တိုင်းပြည်ကို သွားရမှာလား " ဟု မေးလိုက်သည်။
လောင်ချုန်းသည် ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်......ကြယ်တာယာနန်းတော်ဂိုဏ်းက မြောက်ပိုင်းဒေသမှာ ရှိတဲ့အတွက် မင်းတို့အားလုံးက အဲ့ဒီမြောက်ပိုင်းဒေသက ဂိုဏ်းတွေကို သွားစုံစမ်းရမယ် ၊ မင်းတို့စုံစမ်းရမယ့် ဂိုဏ်းတွေကို ငါပေးလိုက်တဲ့ မြေပုံစာလိပ်ထဲမှာ ဖော်ပြထားတယ် "လို့ ပြောလိုက်သည်။
ထိုအခါ အားလုံးသည် မဟာမိတ်တိုင်းပြည်ရဲ့အပြင်ဖက်ကို ထွက်ခွာရမည်ဖြစ်တဲ့အတွက် ထိပ်လန့်နေခဲ့သည်။ရီချူံကတော့ နောက်ထပ်တစ်နေရာကို ထွက်ခွာရမည်ဖြစ်သောကြောင့် ပျော်ရွင်နေခဲ့သည်။
လောင်ချုန်းနှင့်အကြီးအကဲတွေသည် သူတို့နောက်တွင်ရှိသော ဖျောက်ကွယ်ပေးနိုင်သည့် အစီအရင်တစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအခါ ဒိုင်ဗားရှင်းတစ်ခု ထွက်ပေါ်လာသော်အခါ "ဒါက ငါတို့နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးတွေ စုပေါင်းပြီး တည်ဆောက်ခဲ့တဲ့ ဒိုင်ဗားရှင်း တစ်ခုပဲ " ဟု လောင်ချုန်းသည် ဂုဏ်ယူဝင့်ကြွားစွာပင် ချောင်ဖုန်းတို့အား ပြောပြလိုက်သည်။
ထိုနောက် အကြီးအကဲဟီရန်သည် အသံတိုးတိုးလေးဖြင့် "ဒီဒိုင်ဗားရှင်းကအလွန်ကြာနေပြီ ဖြစ်တဲ့အတွက် မင်းတို့အားလုံးတစ်နေရာတူတူ မရောက်နိုင်တော့ဘူး ၊ ဒါပေမယ့် ဟိုရောက်ရင် မင်းတို့အချင်းချင်း ဆက်သွယ်လို့ ရအောင် ငါတို့တံဆိပ်တွေ ဖန်တီးပေးထားပဲ " ဟု ပြောလိုက်သည်။
ထို့နောက် ဟီရန်သည် တံဆိပ်ပြားများထဲသို့ ဝိညဥ်စွမ်းအင်များ ထည့်ခိုင်းလိုက်သည်။ထိုအခါ တံဆိပ်ပြားပေါ်တွင် အနီရောင်အစက်လေးများပေါ်လာခဲ့သည်။အားလုံးသည် တံဆိပ်ပြားရဲ့ သဘောတရားကို နားလည်သွားခဲ့သည်။
သူတို့တွေသည် တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာမည်ဆိုရင် တံဆိပ်ပြားပေါ်တွင် အနီရောက်အစက်လေးပေါ်လာကာ စတင်အချက်ပြလာမည်ကို သိရှိလိုက်သည်။
အကြီးအကဲတွေသည် ပြောစရာရှိတာတွေ ပြောပြပြီးနောက် လောင်ချုန်းသည် "မင်းတို့အဆင်သင့်ဖြစ်ပြီဆို အခုမှ စလိုက်ရအောင် " ဟု ပြောလိုက်ပြီး အကြီးအကဲအားလုံးသည် သူတို့ရဲ့ စွမ်းအားများဖြင့် ဒိုင်ဗားရှင်းအား လည်ပတ်စေကာ အသက်သွင်းလိုက်သည်။
ထိုအခါ အားလုံးသည် အကြီးအကဲတွေအားလုံးကို အရိုအသေပြုကာ တစ်ယောက်ပြီး တစ်ယောက် ခုန်ဝင်သွားကြပါတော့သည်။
ချောင်ဖုန်းတို့အားလုံးသည် ဒိုင်ဗာရှင်းထဲရောက်တာနဲ့ အဖြူရောင်အလင်းတန်းကြီးကိုသာ မြင်ရပြီး ထိုအလင်းတန်နှင့်အတူ ရွှေ့လျားနေတာကိုသာ သိရှိပြီး လှုပ်ရှားလို့ပင် မရပေ။
နာရီပိုင်းကြာတဲ့အခါမှတော့ ချောင်ဖုန်းတို့သည် မြောက်ပိုင်းဒေသ၏ တားမြစ်နယ်မြေအတွင်းကို ရောက်ရှိသွားလေသည်။မြောက်ပိုင်း ဒေသရှိတိုင်းပြည်များသည် နတ်ဆိုးသားရဲကောင်များ၏ တိုက်ခိုက်မှုရန်မှ ကင်းလွတ်စေနိုင်ရန် ထိုနေရာကို တားမြစ်နယ်မြေဟု သတ်မှတ်ထားသည်။
ချောင်ဖုန်းသည် သူ့ရဲ့အနက်ရောင်တံဆိပ်ပြားကို ထုတ်ကြည့်လိုက်တဲ့အခါ အနီးအနားတွင် ဘယ်သူမှ မရှိတာကို တွေ့လိုက်ရသည်။ထိုချိန်မှာ တားမြစ်နယ်မြေထဲသို့ လူအုပ်စုတစ်ဖွဲ့သည် သိုဝှက်စွာဖြင့် ရောက်ရှိလာတဲ့ ချောင်ဖုန်းသည် သစ်ပင်ပေါ်သို့ တက်လိုက်ပြီး ကွယ်ကာ ပုန်းနေခဲ့သည်။
ထိုလူအုပ်စုသည် အနည်းငယ်သာ လင်းသော မီးအလင်းရောက်များဖြင့် ဆေးပင်များကို ရှာဖွေနေတာကို ချောင်ဖုန်းတွေ့ရှိလိုက်ရသည်။ရုတ်တရက် နတ်ဆိုးသားရဲ၏ အော်ဟစ်သံကို ကြားလိုက်ရတဲ့ ထိုအဖွဲ့သည် ဆေးပင်များကို မြန်မြန် ရှာဖွေကာ ခူးလိုက်ကြသည်။
"သခင်မလေး.....အကြီးအကဲရှိမ်ပြောတဲ့အတိုင်း ကျွန်တော်တို့ဆေးအမယ်တွေ အားလုံးကိုခူးပြီပြီ ဒါပေမယ့် အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်ရဲ့ သည်းခြေကို ယူဖို့က လွယ်ကူပါ့မလား"
ထိုမိန်းကလေးသည် အဆင့်ငါးနတ်ဆိုးသားရဲကို ရင်ဆိုင်ဖို့ တွန့်ဆုတ်နေသော်လည်း သူ့အမေအတွက် တိုက်ခိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ထိုမိန်းကလေးသည် သူရဲ့ဓားကို ထုတ်လိုက်ပြီး "မင်လန်......နင်ဒီမှာပဲ စောင့်နေလိုက်ပါ ၊ ငါတစ်ယောက်ထဲ နတ်ဆိုးသားရဲကို သွားရင်ဆိုင်လိုက်မယ် " ဟု ပြောလိုက်သည်။
ထိုအခါ မင်လန်ဆိုသော လူသည် "သခင်မလေးက...... နဂါးမင်းအမှတ်တံဆိပ်ကို အမွှေဆက်ခံထားတဲ့သူပါ ၊ ဒီကိစ္စ ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်" ဟု ပြောကာ တောနက်အတွင်းသို့ တစ်ယောက်ထဲဝင်သွားလေသည်။
ထိုလူနှစ်ယောက်သည် ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်မှာရှိကြပြီး နဂါးမင်းတံဆိပ်အိမ်တော်၏ မိသားစုဝင်များဖြစ်ကြသည်။နဂါးမင်းအိမ်တော်သည် နဂါမင်းတံဆိပ်ဂိုဏ်း၏ စွန့်ပစ်ခံ အိမ်တော်တစ်ခုပင်ဖြစ်သည်။