Chapter(75)
Vol. 6 Ch. 75
အသန့်စင်ဆုံးစနစ် အခန်း(75)
နဂါးမင်းတံဆိပ်ဂိုဏ်းမှ အကြီးအကဲများသည် တခြားသောဂိုဏ်းငယ်လေးများနှင့် ပူးပေါင်းကာ နဂါမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို အပြစ်တွေတပ်ကာ ဂိုဏ်းချုပ်ရာထူးမှ ပယ်ချလိုက်သည်။
ထို့အပြင် နဂါမင်းတံဆိပ်ဂိုဏ်းချုပ်မန်ဟုန်ကျီသည် အကြီးအကဲတွေ၏ အဆိပ်ခပ်ကာ လုပ်ကြံခံရမှုတွင် သေဆုံးသွားပြီး မိန်းမနှင့်သမီးသာကျန်ရစ်ခဲ့သည်။သို့သော် အကြီးအကဲတွေရဲ့ ယုတ်မာမူသည် မန်ဟုန်ကျီကို သတ်ရုံတင်မကပဲ ကျန်ရှိသော မိသားစုများကို နဂါးမင်းတံဆိပ်ဂိုဏ်းမှ မောင်းထုတ်ခဲ့လေသည်။
ယခုအခါ မန်ဟုန်ကျီရဲ့ဇနီးဖြစ်သူ မော့ပုဖေးသည် ဒဏ်ရာရရှိနေသဖြင့် သမီးဖြစ်သူ ကုရှောင်နှင့် မန်ဟုန်ကျီရဲ့လူယုံတော်အစေခံ၏သားမင်လန်တို့သည် အဂ္ဂိတ်ရတ်ဆေးပညာရှင်၏ စေခိုင်းမှုကြောင့် တားမြစ်နယ်မြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။
မင်လန်သည် တစ်ယောက်ထဲသွားသော်အခါ ကုရှောင်သည်လည်း စိတ်မချဖြစ်ကာ ကျန်သောသူများကို ခေါ်ကာ မင်လန်ဝင်သွားသော တောနက်ထဲကို လိုက်သွားသည်။ချောင်ဖုန်းသည် သူတို့အားလုံးကို သစ်ပင်ပေါ်မှ အသာအယာထိုင်ကြည့်နေခဲ့သည်။
ကုရှောင်တို့သည် အနည်းငယ်လမ်းလျှောက်ပြီးတဲ့အခါ မင်လန်သည် အဆင့်ငါးနတ်ဆိုးသားရဲတောဝက်တစ်ကောင်နဲ့ တိုက်ခိုက်နေတာကို တွေ့ရှိသွားလေသည်။မင်လန်သည် အဆင့်ငါးနတ်ဆိုးသားရဲတောဝက်ရဲ့ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ ခဏပြီးခဏ ထိုးထိုးကျလေသည်။
ကုရှောင်သည် မြေပြင်ပေါ်တွင် လဲနေသော မင်လန်ရှေ့သို့ ခုန်ချကာ နတ်ဆိုးသားရဲတောဝက်ကို ရင်ဆိုင်ဖို့ပြင်ဆင်လိုက်သည်။
ကုရှောင်သည် သူ့ဓားအား နဂါးဝိညဥ်စွမ်းအင် အသက်သွင်းကာ "မင်လန်......နင်အမြန်ထသွားတော့ ငါဒီနတ်ဆိုးသားရဲကို ထိန်းထားလိုက်မယ် " ဟု ပြောလိုက်သည်။
မင်လန်သည် "သခင်မလေး.....ကျွန်တော်အသုံးမကျမှုတဲ့အတွက် တောင်းပန်ပါတယ်ပြောကာ" သူ့ဓားကို မြေကြီးပေါ်သို့ ထောက်လိုက်ပြီး မနည်းပင်ထလိုက်ရသည်။ကုရှောင်သည် မင်လန်မရှိတော့တာနဲ့ "နဂါးမျိုးတို့၏ရန်ငြိုးကျင့်စဥ် " ဟု အော်ကာ နတ်ဆိုးသားရဲတောဝက်ကို ခုတ်ချလိုက်သည်။
ထိုအခါ ကုရှောင်ရဲ့ဓားမှ မျက်လုံးနီနီရဲရဲနဂါးတစ်ကောင်သည် နတ်ဆိုးသားရဲတောဝက်ရှိကို ပြေးဝင်သွားလေသည်။နတ်ဆိုးသားရဲတောဝက်သည် သူ့ရဲ့ခြေထောက်များကို မြေကြီးအပေါ်သို့ အကြိမ်ကြိမ်ဆောင့် ချလိုက်တဲ့အခါ မြေကြီးများသည် လေပေါ်သို့ တက်လာပြီး နဂါးဝိညဥ်စွမ်းအင်ကို တားဆီးလိုက်လေသည်။
ကုရှောင်သည် ဓားကို သေသေချာချာဆုပ်ကိုင်လိုက်ပြီး "ဓားချီအလင်းတန်းကျင့်စဥ်"ဟု အော်ဟစ်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။ထိုအချိန်မှာပဲ နောက်ထပ်နတ်ဆိုးသားရဲ့ဝံပုလွေတစ်ကောင်သည် ကုရှောင်နောက်ကို ရောက်ရှိလာသဖြင့် ကျန်ရှိသော အဖွဲသည် ကုရှောင်ရှိကို အမြန်ပြေးကာ "သခင်မလေး......" ဟု အော်ဟစ်ကြလိုက်သည်။
ကုရှောင်သည် နောက်လှည့်ကြည့်လိုက်တဲ့အခါ နတ်ဆိုးသားရဲဝံပုလေသည် နောက်ကပင် ခုန်အုပ် လိုက်သောကြောင့် မရှောင်နိုင်တော့ဘဲ ကြောက်လန့်သွားကာ "အဖေ.....သမီးတာဝန်မကျေခဲ့တဲ့အတွက် တောင်းပန်ပါတယ်" ဟု စိတ်ထဲမှ ပြောလိုက်ကာ မျက်စိမှိတ်သွားခဲ့သည်။
မင်လန်နှင့် တခြားသောသူများသည် နတ်ဆိုးသားရဲဝံပုလွေသည် ကုရှောင်ရှိကို ရောက်ရှိသွားတဲ့အခါ သွေးများပင် ပန်းထွက်လာသောကြောင့် ကြောက်လန့်ကာ ရပ်တန့်သွားပြီး စက္ကန့်ပိုင်းခဏအကြာမှသာ"ငါတို့သခင်မလေးကို သတ်တဲ့အတွက် ငါတို့အသက်နဲ့လဲ ပြီး မင်းကို သတ်ပစ်မယ်" ဟု အော်ဟစ်ကာ ပြောလိုက်ကြလေသည်။
သူတို့သည် တဇွတ်ထိုး မဝင်ရဲဘဲ အချင်းချင်း အချက်ပြကာ ဝင်တိုက်ခိုက်တော့မည် ချိန်မှာ နတ်ဆိုးသားရဲဝံပုလွေသည် မြေပေါ်သို့ ပစ်လဲသွားခဲ့ပြီး သူတို့၏ သခင်မလေးအား လူတစ်ယောက်ရဲ့ ရင်ခွင်ထဲကို ရောက်နေတာကို တွေ့ရှိလိုက်ရသည်။ထိုလူကတော့ ချောင်ဖုန်းပင်ဖြစ်သည်။
မင်လန်သည် "သခင်မလေး......အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။ကုရှောင်သည် ချောင်ဖုန်းကိုင်ထားသောသူလက်ကို ရုန်းလိုက်ပြီး ချောင်ဖုန်းရဲ့ရင်ခွင်ထဲမှ ထွက်လိုက်ကာ လက်နှစ်ဖက်ဆုပ်၍ ရိုရိုသေသေဖြင့် "ကုရှောင်ရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ် " ဟု ပြောလိုက်သည်။
ထိုအခါ ဘေးမှ လူတွေသည်လည်း ချောင်ဖုန်းအားကျေးဇူးတင်လိုက်သည်။ချောင်ဖုန်းသည် မြောက်ပိုင်းဒေသကို ခုမှ စရောက်ဖူးတာကြောင့် ထိုလူတွေကို အသုံးချဖို့အတွက် ဝင်ကူညီလိုက်ခြင်းဖြစ်သည်။
မင်လန်သည် ချောင်ဖုန်းအား လက်နှစ်ဖက်ဆုပ်ကာ "သခင်လေး.....မင်းတားမြစ်နယ်မြေမှာ ဆေးလာရှာတာဆိုရင်တော့ ငါ့တို့ကိုပြောပါ မင်းဘာဆေးအမယ်လိုချင်လဲ " ဟု မေးလိုက်သည်။ချောင်ဖုန်းသည် သူရောက်ရှိနေသော နေရာသည် တားမြစ်နယ်မြေတစ်ခုလို့ မထင်ထားခဲ့ချေ။
ချောင်ဖုန်းသည် တခြားတိုင်းပြည်မှ အပျင်းပြေလာရောက်တာလို့ လိမ်ညာပြောဆိုလိုက်သည်။ထိုအခါ ကုရှောင်သည် "သခင်လေး.....ရှင်သွားစရာနေရာမရှိသေးရင် ကုရှောင်တို့ အိမ်မှာ နားလို့ရပါတယ်" ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည်လည်း သူမရောက်ရှိသေးသည့် နေရာဖြစ်တဲ့အတွက် ကုရှောင်ရဲ့စကားကို သဘောတူလိုက်သည်။
ချောင်ဖုန်းသည် "ကောင်းပြီလေ....ငါတို့အတူသွားကြတာပေါ့ " ဟု ပြောလိုက်တဲ့အခါ ကုရှောင်သည် "သခင်လေး.....ကျွန်မဒီဝံပုလွေရဲ့ သည်းခြေကို ကုရှောင်ကို ပြန်ရောင်းပေးလိုရမလား" ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် နတ်ဆိုးသားရဲ ဝံပုလွေ၏ ခန္ဓာကိုယ်မှ သည်းခြေနှင့် ဝိညဥ်စွမ်းအင်ကို ထုတ်လိုက်ပြီး သည်းခြေကို ကုရှောင်အား ပေးလိုက်ကာ "ဒါက မင်းအိမ်မှာ ငါနေဖို့ အချိန်အတွက်ပဲ " ဟု ပြောလိုက်သည်။
ကုရှောင်သည် ဝံပုလွေသည်းခြေအား လက်ခံလိုက်ကာ မင်လန်ကို ပေးလိုက်ပြီး ချောင်ဖုန်းအား "သခင်လေးပျော်သလောက်.....ကုရှောင်တို့အိမ်မှာ နေလို့ရပါတယ် ၊ ကုရှောင်ရဲ့အသက်ကိုကယ်တင်ပေးတဲ့ အပြင် ဒီဝံပုလွေသည်းခြေကိုပါ ပေးတဲ့အတွက် အခွင့်အရေးရှိရင် သခင်လေးကျေးဇူးကို မမေ့ရဲပါဘူး" ဟု ပြန်ပြောလိုက်သည်။
မင်လန်သည် "သခင်မလေး...... ဘာအန္တရာယ်မှ မဖြစ်ခင် ကျွန်တော်တို့ မြန်မြန်ထွက်သွားကြရအောင် " ဟု ပြောလိုက်သည်။ထိုအခါ ကုရှောင်ကလဲ "သခင်လေး.....ကျွန်မတို့သွားကြရအောင် " ဟု ပြောကာ ထိုနေရာမှာ အဖွဲ့လိုက် ထွက်ခွာလာကြလေသည်။
ထို့နောက် ကန့်သတ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်တဲ့အခါ ညနေစောင်းနေပြီဖြစ်သည်။ကုရှောင်တို့သည် ကန့်သတ်နယ်မြေ၏ သိုဝှက်သောနေတွင် လှည်းတစ်စီးနှင့်မြင်းများကို ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ချောင်ဖုန်းသည် ကုရှောင်နှင့် မြင်းလှည်းအတွင်းတွင် လိုက်ခဲ့သည်။ မင်လန်ကတော့ မြင်းလှည်းကို မောင်းနှင်ခဲ့ပြီး တခြားသောသူတွေကတော့ မြင်းများစီးကာ လိုက်လာခဲ့ကြသည်။
နာရီအနည်းငယ်ကြာပြီးနောက် ကုရှောင်တို့သည် မဟာအင်ပါယာတိုင်းပြည်အတွင်းသို့ ရောက်ရှိလာခဲ့သည်။ကုရှောင်သည် အနည်းငယ်ပြုံးလိုက်ပြီး ချောင်ဖုန်းအား"သခင်လေးရဲ့နာမည်ကို ကုရှောင်သိလို့ရမလား...... " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် "ငါနာမည်ရီချောင်ဖုန်းပါ......" ဟု ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။ကုရှောင်သည် "ရီသခင်လေး.....ကုရှောင်နာမည်က မန်ကုရှောင်ပါ...ရီသခင်လေး အဆင်ပြေသလို ခေါ်နိုင်
ပါတယ်" ပြောလိုက်သည်။
ထိုချိန်မှာ မင်လန်သည် လှည်းကို ရပ်လိုက်ပြီး"သခင်မလေး......
ကျွန်တော်တို့ရောက်ပါပြီ " ဟု ပြောလိုက်သည်။ ထိုအခါ ချောင်ဖုန်းသည် အောက်ဆင်းလာပြီး နဂါးမင်းတံဆိပ်အိမ်တော်ဟု တပ်တင်ထားသော ဆိုင်းဘုတ်ကို တွေ့သွားခဲ့သည်။
ကုရှောင်သည် ချောင်ဖုန်းအား အထဲဝင်ဖို့ ပြောလိုက်ပြီး အိမ်တော်အတွင်းထဲသို့ ခေါ်လာခဲ့သည်။ကုရှောင်သည် ချောင်ဖုန်းအတွက် အခန်းလွတ်တစ်ခု စီစဥ်ပေးရန် မင်လန်ကို ခိုင်းလိုက်သည်။
ထိုအချိန်မှာ အဆင့်လေးအဂ္ဂိရတ်ပညာရှင်တံဆိပ်တပ်ဆင်ထားသော အကြီးအကဲရှိမ်ဆိုသောသူရောက်ရှိလာခဲ့သည်။
အကြီးအကဲရှိမ်သည် "မိန်းကလေးမန်.....ငါမှာထားတာရခဲ့လား "ဟု မေးခဲ့သည်။ထိုအခါ မင်လန်သည် ဆေးအမယ်တစ်ချို့နှင့်
ဝံပုလွေသည်းခြေကို ထုတ်ပေးလိုက်သည်။အကြီးအကဲရှိမ်သည် မင်လန်လက်ထဲက အရာများကို ယူလိုက်ပြီး ချောင်ဖုန်းကို ကြည့်ကာ "မိန်းကလေးမန်....သူက " ဟု မေးလိုက်သည်။
ထိုအခါ ကုရှောင်သည် "အကြီးအကဲရှိမ်......စိတ်မပူပါနဲ့ ၊ သူကကုရှောင်ရဲ့အသက်သခင်ကျေးဇူးရှင်ပါ " ဟု ပြန်ဖြေလ်ုက်သည်။အကြီးအကဲရှိမ်သည် "မိန်းကလေးမန်......မင်းအရင်ကထက်ပိုဂရုစိုက်ပါ" ဟု ပြောကာ ထွက်ခွာသွားလေသည်။
ထို့နောက် ကုရှောင်သည် "ရီသခင်လေး.....ရှင်စိတ်ထဲမထားပါနဲ့ ကုရှောင်တို့အိမ်မှာ အဆင်မပြေတာလေးတွေ ရှိနေတဲ့အတွက် အကြီးအကဲရှိမ်က စိတ်ပူပြီးသတိပေးတာပါ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် "ကိစ္စမရှိဘူး..... " ဟု ပြောကာ မင်လန်စီစဥ်ပေးသော အခန်းလွတ်သို့ သွားလိုက်သည်။ချောင်ဖုန်းသည် အခန်းထဲရောက်တဲ့အခါ လောင်ချုန်းပေးသည် မြေပုံစာလိပ်ကို ထုတ်ကြည့်လိုက်သည်။
ချောင်ဖုန်းသည် မဟာအင်ပါယာတိုင်းပြည် နဂါးမင်းတံဆိပ်ဂိုဏ်းကို စုံစမ်းရမည်ဖြစ်ကြောင်း မြေပုံထဲတွင် ညွှန်ပြထားသောကြောင့် ချောင်ဖုန်းသည် ထူးဆန်းသလိုပင် ဖြစ်နေခဲ့သည်။
ချောင်ဖုန်းသည် မြေပုံစာလိပ်ကို ပြန်သိမ်းလိုက်ပြီး"ကြည့်ရတနဂါးမင်းတံဆိပ်ဂိုဏ်း နဲ့နဂါးမင်းတံဆိပ်အိမ်တော် တစ်ခုခုပက်သက်မယ်ထင်တယ်" ဟု စိတ်ထဲကပင် တွေးလိုက်သည်။