Chapter(76)
Vol. 6 Ch. 76
အသန့်စင်ဆုံးစနစ် အခန်း (76)
ချောင်ဖုန်းသည် သူ့ရဲ့ဆေးလုံးကို သောက်လိုက်ပြီး သိုင်းအဆင့်တက်ရန်လေ့ကျင့်ချိန်မှာ ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်တိုက်ခိုက်ရေးသမားသည် သူ့အခန်းရှိသို့ ဦးတည်လာတာကို ခံစားလိုက်ရသည်။
ထို့နောက် မိန်းကလေးတစ်ယောက်သည် တံခါးဖွင့်၍ ဝင်လာပြီး စားစရာများထည့်လာသော ဗန်းလေးကို သယ်လာခဲ့သည်။
ထိုမိန်းကလေးသည် "သခင်လေး..... ကျွန်မက ဒီအိမ်တော်ရဲ့အစေခံပါ ၊ သခင်မလေးက သခင်လေးစားဖို့ ပို့ခိုင်းလိုက်လို့ပါ " ဟု ပြောကာ စားပွဲခင်းပေါ်သို့ ချထားခဲ့ပြီး ပြန်၍ ထွက်ခွာသွားခဲ့သည်။
ချောင်ဖုန်းသည် အစေခံတစ်ယောက်က ကုရှောင်တို့ထက် သိုင်းအဆင့်မြင့်နေတဲ့အတွက် ထူးဆန်းသလို ခံစားလိုက်ရသည်။ကုရှောင်တို့သည် နဂါးမင်းတံဆိပ်ဂိုဏ်းမှ ထွက်ခွာလာသောအခါ ကုရှောင်၏ ဦးလေးတချို့ နှင့် ဂိုဏ်း၏ အကြီးအကဲများဖြစ်ခဲ့တဲ့ လူတစ်ချို့သည် ကုရှောင်တို့နှင့် အတူလိုက်ပါလာခဲ့သည်။
ချောင်ဖုန်းသည် အစေခံမိန်းကလေးထွက်သွားတာနဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက်မဖြစ်ချင်၍ ပုံရိပ်ယောင်ဝင်္ကပါအစီအရင်တစ်ခုကို ချထားလိုက်သည်။ထို့နောက် ဆက်လက်၍ ကျင့်ကြံလိုက်လေသည်။
တဖြည်းဖြည်းနဲ့ မိုးချုပ်၍ မှောင်မဲလာတဲ့ မျက်နှာမမြင်ရအောင် ပုဝါအနက်ရောင်စည်းထားသော လူတစ်ဖွဲ့သည် ချောင်ဖုန်းတံခါးရှေ့ကို ရောက်ရှိလာလက်ဟန်ခြေဟန်ခဲ့သည်။ထိုလူတွေသည် အသံတိတ်၍ ပြကာ အချင်းချင်းအချက်ပြနေခဲ့သည်။
ထို့နောက်တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်တဲ့အခါ ကုတင်ပေါ်တွင် ကျင့်ကြံနေသော ချောင်ဖုန်းကို တွေ့လိုက်ကြရသည်။
ထိုလူတွေသည် ခြေထောက်ဖြေညှင်းစွာနင်းကာ အခန်းထဲသို့ ဝင်သွားကြပြီး ဓားဖြင့်ထိုးမည့်အချိန်တွင် ချောင်ဖုန်းသည် မျက်လုံးပွင့်လာတဲ့အခါ အကုန်လုံးသည် ရပ်တန့်သွားကြကုန်သည်။
ချောင်ဖုန်းအား လုပ်ကြံသောအဖွဲ့ထဲမှ တစ်ယောက်သည် နဂါမင်းတံဆိပ်အိမ်တော်၏ အကြီးအကဲမန်ပုကြွယ် ပင်ဖြစ်သည်။မန်ပုကြွယ်သည် ချောင်ဖုန်းအား ဓားနဲ့ရွယ်လိုက်ပြီး "မင်းအသံထွက်တာနဲ့ မင်းရဲခေါင်းမြေကြီးပေါ်ရောက်သွားစေရမယ် " ဟု ကြိမ်းဝါးလိုက်သည်။
ချောင်ဖုန်း လှုပ်ရှားမည့်ချိန်မှာ တံခါးတွေကို စောင့်ကန်လိုက်ပြီး လူတစ်ချို့သည် ထပ်ဝင်လာခဲ့သည်။ထိုလူအဖွဲ့ကို ဦးဆောင်တဲ့လူကတော့ အစေခံမိန်းကလေးပင်ဖြစ်သည်။ထိုအစေခံမိန်းကလေးသည် သူ့လူတွေနဲ့အတူ အကြီးအကဲမန်ပုကြွယ်နှင့်လုပ်ကြံသတ်ဖြတ်မယ့်အဖွဲ့အား ဝိုင်းလိုက်သည်။
ထိုချိန်မှာပဲ ကုရှောင် ၊ မင်လန် နှင့် အကြီးအကဲဂျန်သည် ချောင်ဖုန်းအခန်းထဲသို့ ဝင်လာလေသည်။
ကုရှောင်သည် စိတ်ပျက်သည့်ပုံဖြင့် "အကြီးအကဲပုကြွယ်.......ဘာလို့ခုလိုတွေလုပ်ရတာလဲ " ဟု မေးလိုက်သည်။
ထိုအခါ မန်ပုကြွယ်သည် သူရဲ့ပုဝါကို ဖြုတ်ချလိုက်ပြီး "လက်စသတ်တော့ မင်းတို့က ငါ့ရဲ့အခြေအနေကို ထောက်လှမ်းနေတာပဲ...." ဟု ပြန်ပြောလိုက်သည်။ထိုအခါ အကြီးအကဲဂျန်သည် လျင်မြန်သော အရှိန်ဖြင့် မန်ပုကြွယ်ရဲ့လည်ပင်းကို ညာဘက်လက်ဖြင့် ညှစ်လိုက်ပြီး လေပေါ်သို့ မြှောက်လိုက်သည်။
ချောင်ဖုန်းသည် ကုတင်မှ ထကာ ကုရှောင်တို့နောက်ကို လမ်းလျှောက်သွားလိုက်သည်။
"ဂိုဏ်းချုပ်က ဒီလောက်ငါ့တို့အပေါ်ကောင်းခဲ့တာကို မင်းက ဘာလို့ မဟုတ်တာတွေ လုပ်နေတာလဲ " လို့မေးလိုက်သည်။မန်ဟုန်ကျီသည် နဂိုက လူတော်တော်များများရဲ့ ချစ်ခင်ခြင်းကို ခံရပြီး သူသေဆုံးသွားသော်အခါ သူမိသားစုကို ကူညီဖို့ လူတော်တော်များများ ရောက်ရှိလာခဲ့ဖူးသည်။
သို့သော်လည်း ထိုလူတွေသည် ကြောက်လန့်စွာဖြင့် နဂါးမင်းတံဆိပ်အိမ်တော်မှ ပြန်၍ ထွက်ခွာသွားကြပြီး နောက်ပိုင်း ကူညီမယ့်သူသည် လုံးဝမရှိတော့ပေ။ထိုအဖြစ်အပျက်အားလုံးသည် မန်ပုကြွယ်ကြောင့် ဖြစ်လာခြင်းဖြစ်သည်။
မန်ပုကြွယ်သည် လည်ပင်းအညှစ်ခံရတဲ့ကြားမှ "ဟားဟားဟား.......ငါ့ကို မင်းတို့သတ်ရဲရင် သတ်ကြည့် ၊ ပြီးရင်တော့ မင်းတို့
လဲ တစ်ယောက်မှအသက်ရှင်ဖို့ မစဥ်းစားနဲ့ " ဟု ရယ်မောစွာ ပြောလိုက်သည်။
ကုရှောင် ခေါင်းခါပြလိုက်သည့်အခါ လည်ပင်းညှစ်ထားသော အကြီးအကဲဂျန်သည် မန်ပုကြွယ်ကို နံရံရှိရာသို့ ဆောင့်တွန်းပစ်လိုက်သည်။မန်ပုကြွယ် လဲနေရာမှ ထလိုက်ပြီး နှုတ်ခမ်းမှ ထွက်သွားသော သွေးကို လက်မဖြင့် သုတ်လိုက်ပြီး "စီနီယာအကို..... ဒီလူတွေကို ဖမ်းထားလိုက်တာ ပိုကောင်းမယ်" ဟု ပြောလိုက်သည်။
ထိုအခါ လူတစ်ယောက်သည် ခမောက်တစ်ခုဆောင်းထားပြီး မန်ပုကြွယ်ရဲ့ရှေ့ကို ရောက်ရှိလာလေသည်။ထိုလူသည် ဧကရာဇ်နယ်ပယ်အလယ်အလတ်ကို ရောက်ရှိနေတာကို ချောင်ဖုန်း သိရှိလိုက်သည်။နောက်ပြီး ခေါင်းမိုးပေါ်သို့ အဖွဲ့တစ်ဖွဲ့သည် ခုန်တက်သည့် အသံကို ကြားလိုက်ကြရသည်။
အကြီးအကဲဂျန်သည် ဒေါသထွက်စွာဖြင့် "ပုကြွယ်.....မင်းက ခုချိန်ကစပြီး သစ္စာဖောက်တစ်ကောင်ပဲ ၊ ငါကိုယ်တိုင်မင်းကိုသတ်ပစ်မယ်" ဟု ပြောကာ မန်ပုကြွယ်အား ဓားချီဖြင့် တိုက်ခိုက်လိုက်သည်။အကြီးအကဲဂျန် တိုက်ခိုက်လိုက်တာနဲ့ ခမောင်ဆောင်းထားသောသူသည် ချက်ချင်း သူ့ရဲ့ဓားချီအလင်းတန်းနှင့် ပြန်တိုက်ခိုက်လိုက်သည်။
ထိုအခါ အကြီးအကဲဂျန်ရဲ့ဓားချီသည် ဖျက်ဆီးခံလိုက်ပြီး ခမောက်ဆောင်းထားသောလူရဲ့ ဓားချီသည် အကြီးအကဲဂျန်အပေါ်ကို ကျရောက်ကာ တစ်ချက်ထဲနဲ့ပင်လွင့်ထွက်သွားလေသည်။ကုရှောင်သည် အကြီးအကဲဂျန်အားအမြန်ပင် ပြေးထူလိုက်ရသည်။
အကြီးအကဲဂျန်သည် ထိခိုက်ထားသော ဒဏ်ရာနေရာကို ဖိထားလိုက်ပြီး "တူမလေးကုရှောင်......ဒီလူက ဧကရာဇ်နယ်ပယ်ရဲ့အလယ်အလတ်အဆင့်ကိုရောက်ရှိနေပြီ" ဟု အားတင်းစွာ ပြောလိုက်ရသည်။
မန်ပုကြွယ်သည် "ဟားဟား.....မင်းတို့အခုဘာတက်နိုင်သေးလဲ " ဟု ရယ်လိုက်သည်။ကုရှောင်သည် ချောင်ဖုန်းကို ခေါင်းငုံလိုက်ပြီး "တောင်းပန်ပါတယ်......ရီသခင်လေး၊ ကုရှောင်ရဲ့ပြသာနာထဲ သခင်လေးကို ဝင်ပါမိစေပြန်ပြီ" ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ဘာမှမပြောဘဲ သူထင်တဲ့အတိုင်းဖြစ်နေမလားဟု တွေးနေခဲ့သည်။ကုရှောင်သည် ချောင်ဖုန်းအား ပြောပြီးတာနှင့် မန်
ပုကြွယ်ဘက်သို့ လှည့်ကာ "အကြီးအကဲပုကြွယ်.....ဒီသခင်လေးက ဘာမှမသက်ဆိုင်တဲ့အတွက် သူ့ကိုနဂါးမင်းတံဆိပ်အိမ်တော်က ထွက်သွားခွင့်ပြုပေးဖို့ ကုရှောင်တောင်းဆိုပါတယ် " ဟု ပြောလိုက်သည်။
ထိုအခါ ခမောက်ဆောင်းထားသော သူသည် "ဒီအိမ်တော်က ဘယ်သူမှ ထွက်သွားဖို့ မကြိုးစားနဲ့"ဟုပြောကာ သူ့လက်ဝါးကို ထောင်ကာ ဆုပ်လိုက်တာနဲ့ ခေါင်းမိုးပေါ်မှ လူတွေသည် ချောင်ဖုန်းနေသော အခန်းနှင့် တခြားအခန်းတွေထဲရှိ လူများကို ဝင်ဖမ်းဖို့ ဆင်းလာလေသည်။
ထိုအခါ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး ပုံရိပ်ယောင်ဝင်္ကပါအစီအရင်ဖွဲ့စည်းပုံအား အသက်သွင်းလိုက်သည့်အခါ အထဲမှ ရှိနေသော လူများသည် မှောင်မဲသွားကာ ဘာမှပင်မမြင်ရတော့ပေ။ချောင်ဖုန်းသည် အစီအရင်အတွင်းမှ ကုရှောင်တို့ အဖွဲ့အား အပြင်သို့ ဆွဲခေါ်သွားလိုက်သည်။
ကုရှောင်တို့သည် စက္ကန့်ပိုင်းအတွင်းမှာ အခန်းအပြင်သို့ ရောက်ရှိသွားတာကြောင့် အံ့အားသင့်သွားခဲ့သည်။အကြီးအကဲဂျန်သည် ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ရောက်ရှိနေသောကြောင့် အခန်းအပြင်ဘက် အလင်းရောင်ကို မြင်လိုက်ရချိန်မှာ မြန်ဆန်သော အရှိန်နှုန်းဖြင့် ချောင်ဖုန်းက သူ့ကို ဆွဲခေါ်လာတာကို တွေ့လိုက်ရသည်။
အကြီးအကဲဂျန်သည် "တူမလေးကုရှောင်......အဲ့သခင်လေးကို နင်ဘယ်ကနေခေါ်လာတာလဲ...... " ဟု မေးလိုက်သည်။ထိုအခါ ကုရှောင်သည် သူဖြစ်ပျက်ခဲ့တာကို ပြောပြလိုက်သည်။ထိုအခါ အကြီးအကဲဂျန်သည် "အဆင့်ငါးနတ်ဆိုးသားရဲဝံပုလွေကို ကျင့်စဥ်မပါပဲ တစ်ချက်ထဲနဲ့ သတ်လိုက်တယ် ဟုတ်လား....." ဟု အံ့အားသင့်စွာဖြစ်သွားလေသည်။
အဆင့်ငါးနတ်ဆိုးသားရဲဝံပုလွေသည် ဧကရာဇ်နယ်ပယ်အဆင့်ကို မရောက်ရှိသေးပင်မယ့် အကြီးအကဲဂျန်သည် သူစွမ်းအားအကုန်သုံးရင်တောင်မသတ်နိုင်တာကို သိနေတဲ့အတွက် ချောင်ဖုန်းကို လေးစားသွားခဲ့သည်။
ထိုချိန်မှာ ချောင်ဖုန်းသည် ပုံတူပွားကျင့်စဥ်ကို သုံးကာ အိမ်တော်အတွင်းရှိ အခြားအခန်းမှ လုပ်ကြံသတ်ဖြတ်သူအားလုံးကို ကိုယ်ပွားဖြင့် လိုက်သတ်ပစ်ခဲ့သည်။အထဲမှ လူအားလုံးသည် ဘာမှမမြင်ရပဲ ထိုးဖောက်ဖို့ ကြိုးစားပင်မယ့် အစီအရင်ကို ဖျက်ဆီးလိုမရပေ။
ခမောက်ဆောင်းထားသောလူသည် သူ့ရဲ့စွမ်းအင်များတဖြည်းဖြည်းပျောက်ဆုံးလာတဲ့အခါ ကြောက်လန့်သွားခဲ့ပြီး "နဂါးမင်းတံဆိပ်အိမ်တော်မှာ ဘယ်ချိန်က အစီအရင်ဆရာ ရောက်လာတာလဲ " ဟု စိတ်ပျက်စွာဖြင့်ပြောလိုက်သည်။
ချောင်ဖုန်းသည် ကုရှောင်တို့ ရှေ့ကို လျှပ်တစ်ပြက်ရောက်ရှိလာပြီး "ငါသူတို့ကို သတ်ပစ်ပေးရမလား " ဟု တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ထိုအခါ အားလုံးသည် ချောင်ဖုန်းစကားကြောင့် မယုံကြည်နိုင်ဖြစ်ကာ ကြောက်လန့်နေခဲ့သည်။
ကုရှောင်သည် ဒူးထောက်လိုက်ပြီး "ကျေးဇူးတင်ပါတယ်သခင်လေး......"ဟု ပြောလိုက်ပြီး မန်ပုကြွယ်အား ချန်ထားပေးဖို့ တောင်းဆိုလိုက်သည်။ထိုအခါချောင်ဖုန်းသည် ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်ဝင်္ကပါအစီအရင်အသွင်းကို ဝင်လိုက်ကာ အမှောင်ထုအား ဖယ်ရှားပစ်လိုက်သည်။
ကုရှောင်တို့သည် အခန်းထဲတွင်ဖြစ်ပျက်နေတာကို ချောင်းကြည့်လိုက်ကြသည့်အခါ ချောင်ဖုန်းသည် ခမောက်ဆောင်းထားသောလူနှင့် မန်ပုကြွယ်က လွဲရင် ကျန်တဲ့လူအားလုံးကို တစ်ချက်ထဲဖြင့် သတ်ပစ်လိုက်သည်။
အားလုံးသည် သူတို့ရဲ့ မျက်လုံးများကို မယုံနိုင်ဖြစ်သွားကာ ချောင်ဖုန်းရဲ့စွမ်းအားကို ကြောက်လန့်သွားခဲ့သည်။လုပ်ကြံသတ်ဖြတ်ရေးသမားများအားလုံးသည် ဘုရင်နယ်ပယ်အဆင့်ရောက်နေတာတောင် ချောင်ဖုန်းရဲ့ တစ်ချက်ထဲတိုက်ခိုက်မှုအောက်မှာ သေဆုံးသွားရပြီဖြစ်သည်။