← Chapters

Chapter (77)

Vol. 6 Ch. 77

Chapter (77)

Vol. 6 Ch. 77

အသန့်စင်ဆုံးစနစ် အခန်း(77)

မန်ပုကြွယ်သည် "စီနီယာအကို.....မင်းဒီကောင်လေးကို မသတ်နိုင်ဘူးလား " ဟု မေးလိုက်သည်။ထိုအခါ ခမောက်ဆောင်းထားသောသူသည် မန်ပုကြွယ်ရဲ့ ခြေထောင့်ကို ဆောင့်ကန်လိုက်ပြီး "ဆောက်ရူး......မင်းဘာသာသွားသတ်ပါလား" ဟုပြောလိုက်သည်။

မန်ပုကြွယ်သည် မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်နှာငယ်ဖြင့် ချောင်ဖုန်းအားကြည့်နေခဲ့သည်။ထိုချိန်မှာ ခမောက်ဆောင်းထားသောသူသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ခေါင်းငုံလိုက်ပြီး"ငါ့နာမည်......ယောင်ရှန်းပါ ၊ ငါ့အသက်ကို ချမ်းသာပေးရင် မင်းကိုနဂါးမင်းတံဆိပ်ဂိုဏ်းမှာ ငါ့ထက်မြင့်တဲ့ အကြီးအကဲရာထူးနေရာကို ရဖို့ အာမခံပေးနိုင်တယ် " ဟု ပြောလိုက်သည်။

ယောင်ရှန်းရဲ့ စကားကြောင့် မန်ပုကြွယ်သည် ရူးမတက်ဖြစ်သွားလေသည်။ချောင်ဖုန်းသည် သူ့လက်သီးကို ဆုပ်လိုက်ပြီး မင်းတို့က ဘာလို့ နဂါးမင်းတံဆိပ်အိမ်တော်ကလူတွေကို သတ်ဖို့ကြိုးစားနေတာလဲ " ဟု မေးလိုက်သည်။

ထိုအခါ ယောင်ရှန်းသည် "မိတ်ဆွေလေး......မင်းအထင်မှားနေပြီထင်တယ် ၊ ငါတို့ဒီကို လာတာ သူတို့ကို သတ်ဖို့ မဟုတ်ပါဘူး ဖမ်းခေါ်ဖို့သက်သက်ပါပဲ " ဟု ပြန်ပြောလိုက်သည်။ချောင်ဖုန်းသည် နားမလည်၍ "မင်းငါ့ကို အစအဆုံး ပြောပြမယ်ဆို မင်းရဲ့အသက်ကို ငါအာမခံပေးမယ် " ဟု ပြောလိုက်သည်။

ထိုအခါ မန်ပုကြွယ်သည် လဲနေရင်းနှင့်ပင် "စီနီယာအကို... ဒီကိစ္စ အပြင်လူကို မပြောပြသင့်ဘူးထင်တယ် " ဟု ပြောလိုက်သည်။ထိုအခါ ယောင်ရှန်းသည် မန်ပုကြွယ်ရဲ့ ရင်ဘတ်နေရာကို ဆောင့်ကန်လိုက်ပြီး "မင်းပါးစပ်ပိတ်ထားစမ်း..... " ဟု ပြောလိုက်သည်။

ယောင်ရှန်းသည် သူရဲ့စွမ်းအင်အားလုံးသည် ချိတ်ပိတ်ခံလိုက်ရပြီဖြစ်သောကြောင့် ဘာကိုမှ မစဥ်းစားတော့ပေ။

မန်ပုကြွယ်သည် ယောင်ရှန်းရဲ့ ဆောင့်ကန့်မှုကြောင့် ပြင်းထန်သော နာကျင်မှု ဒဏ်ကို ခံစားလိုက်ရပြီး ကုတင်စောင်းနဲ့ထိကာ သတိလစ်သွားလေသည်။ထိုအခါမှ ယောင်ရှန်းသည် သူအသက်ရှင်ဖို့ အရေးကြီးတဲ့အတွက် ဖြစ်ကြောင်းအစုံအလင်ကို အစအဆုံးပြောပြလိုက်သည်။

နဂါးမင်းတံဆိပ်တော်ဂိုဏ်းတွင် နဂါးမင်းအမှတ်တံဆိပ်ဆိုသည့် စွမ်းအင်တစ်မျိုးသည် ဂိုဏ်းချုပ်အဆင့်ဆင့် လက်ကမ်းရရှိခဲ့ပြီး ထိုနဂါးအမှတ်တံဆိပ်ကို ခန္ဓာကိုယ်နှင့်ပေါင်းစပ်ကာ ကျင့်ကြံမှုကို အထွဋ်အထိပ်ရအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။

နဂါးမင်းတံဆိပ်ဂိုဏ်းသည် ထို နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်ဖြင့်

ခေတ်အဆက်ဆက် အင်အားကြီးမားသော ဂိုဏ်းတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့၏ ။ ယခုအခါမှာတော့ မန်ဟုန်ကျီသည် သူ့သမီး ဂိုဏ်းချုပ်ရာထူးလွဲပြောင်းပေးချင်၍ သူ့ခန္ဓာကိုယ်ထဲမှ နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်အား ကူးပြောင်းပေးပြီးနောက်မှာ အကြီးအကဲတွေ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

နဂါးမင်းတံဆိပ်စွမ်းအင်သည် ပေါင်းစပ်ထားသော ခန္ဓာကိုယ်နဲ့ တစ်ထပ်ထဲ ကျသွားမှသာ ထိုစွမ်းအင်ကို အသုံးပြုနိုင်သည်။နဂါမင်းတံဆိပ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်သည် ကုရှောင်ခန္ဓာကိုယ်နဲ့နဂါးမင်းအမှတ်တံဆိပ် ပေါင်းစပ်မည့်အချိန်ကို စောင့်နေခဲ့သည်။

ထိုအချိန်ရောက်မှသာ သူတို့သည် ကုရှောင်ခန္ဓာကိုယ်အတွင်းမှ နဂါးမင်းအမှတ်တံဆိပ်ကို ပြန်လည်ထုတ်ပေးဖို့ ဖိအားပေးအကြပ်ကိုင်မည်ဖြစ်​သည်။

သူတို့ထိုအချိန်စောင့်နေချိန်မှာ ကုရှောင်သည် ပုန်ကန်မည်ကြောက်၍ မန်ပုကြွယ်အား သူလျိူအဖြစ် အမြဲထားထားပြီး

နဂါးမင်းအမှတ်တံဆိပ်က မကြာခင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်တော့မည် ဖြစ်သောကြောင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်ဟု ချောင်ဖုန်းအား အကုန်ရှင်းပြလိုက်သည်။

ချောင်ဖုန်းသည် အကုန်သိရှိပြီးနောက် "အော် အဲ့လိုလားပြောကာ " နှစ်ယောက်လုံးကို ကိုယ်ပိုင်လက်သီးစွမ်းအင် ဖြင့်ထိုးချလိုက်လေသည်။ယောင်ရှန်းသည် သေခန်းနီး "မင်းပြောတော့ ငါ့အသက်ကို ချမ်းသာပေးမယ် ဆို " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ​ပြုံးလိုက်ပြီး "မင်းကတော်တော်အတဲ့ကောင်ပဲ ၊ ငါပြောတာကို တကယ်ယုံသွားတာလား "ဟု ပြန်ပြောလိုက်သည်

ထိုအခါ ယောင်ရှန်းသည် "မင်း....မင်း...." ဟု ပြောကာ သေဆုံးသွားလေသည်။မန်ပုကြွယ်ကတော့ သတိလစ်ရင်း ချောင်ဖုန်း၏ကိုယ်ပိုင်လက်သီးစွမ်းအင်အောက်မှ ဘယ်တော့မှ မနိုးထတော့ပေ။

ချောင်ဖုန်းသည် ထိုလူတွေရဲ့ သိုလှောင်များနဲ့ သူရဲ့ယန်အစီအရင်ရတနာမှ အလံတိုင်များကို သိမ်းလိုက်ပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။အပြင်မှာရှိသော လူတွေသည် ချောင်ဖုန်းသူတို့ရှေ့ရောက်သော်အခါ အလိုလိုကြောက်ရွံနေကြလေသည်။

ချောင်ဖုန်းသည် အကြောင်းစုံကို သိရှိနေပြီထင်သောကြောင့် ကုရှောင်သည် မျက်ရည်ကျကာ "ရီသခင်လေး......ရှင်......ကုရှောင်တို့ အိမ်တော်နဲ့ ပက်သက်ပြီး အကုန်သိပြီးပြီလို့ထင်ပါတယ် " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး "ဒီလူတွေ လွတ်သွားမှာဆိုးလို့ ငါအကုန်သတ်လိုက်ပြီ " ဟု ပြောလိုက်သည်။ထိုချိန်မှာပဲ တခြားအကြီးအကဲများနှင့် မိသားစုဝင်များသည် ကုရှောင်တို့ရှိကို ရောက်ရှိလာကြသည်။

ထိုအထဲမှ ကုရှောင်ရဲ့အကြီးဆုံးဦးလေး ယင်းလီသည် "တူမလေးကုရှောင်.....နင်အဆင်ပြေရဲ့လား "ဟု မေးလိုက်သည်။ထို့နောက် ယင်းလီသည် "ကျွန်တော်တို့နဂါးမင်းတံဆိပ်အိမ်တော်တစ်ခုလုံးကို ကယ်ခဲ့တဲ့အတွက် သခင်လေးကို ကျေးဇူးအများကြီးတင်ပါတယ်" ဟု ပြောလိုက်သည်။

ထိုအခါ ကုရှောင်သည် "ဦးလေးလီ......ရှင်က ရီသခင်လေးကို တွေ့ဖူးလို့လား " ဟု မေးလိုက်သည်။ထိုအခါယင်းလီသည် ချောင်ဖုန်းသည် လုပ်ကြံရေးသမားများကို တစ်ယောက်ထဲနဲ့ သတ်ဖြတ်ကာ သူတို့ရဲ့အသက်ကို ကယ်ခဲ့ကြောင်းပြောလိုက်သည်။

ထိုအခါ ကုရှောင်တို့သည် အိမ်တော်များ၏ အပြင်ဘက်ကို ထွက်ကြည့်လိုက်တဲ့အခါ ခြံဝန်း ၊ နံရံ နှင့် အိမ်ခေါင်းမိုးများပေါ်တွင် သေဆုံးနေသော လုပ်ကြံသတ်ဖြတ်ရေးသမားများကို တွေ့လိုက်ရသည်။ချောင်ဖုန်းသည် သူတို့အနားမှာ တချိန်လုံးရှိနေသောကြောင့်

ကုရှောင်တို့အဖွဲ့သည် လုံးဝမယုံကြည်နိုင်ဖြစ်နေခဲ့သည်။

ထိုချိန်မှာ အစေခံယောကျာ်းလေးတစ်ယောက်သည် ပြေးလာပြီး "သခင်မလေး.....အကြီးအကဲရှိမ်က သခင်မလေးကို ဧည့်ခန်းထဲမှာစောင့်နေပါတယ် " ဟု ပြောကာ ကုရှောင်အားလာခေါ်လေသည်။

ထိုအခါ ကုရှောင်သည် "မင်လန်......နင်ဒီကအရာတွေအားလုံး ရှင်းထုတ်ထားလိုက်ပါ " ဟု ပြောလိုက်သည်။ထို့နောက်ကုရှောင်သည် ချောင်ဖုန်းနှင့်အကြီးအကဲများကို ခေါ်ကာ အကြီးအကဲရှိမ်ရှိသို့ ရောက်ရှိလာခဲ့သည်။

အကြီးအကဲရှိမ်သည် ဧည့်ခန်းတစ်ခုမှာ စောင့်နေခဲ့ပြီး ကုရှောင်တို့လာတာကို တွေ့လိုက်ရသည်။အကြီးအကဲရှိမ်သည် ကုရှောင်၏အမေ မော့ပုဖေးအား ချီအဂ္ဂိရတ်ပညာရှင်ဂိုဏ်းမှ အဆင့်ငါးဆေးပညာရှင်ကို အကူအညီတောင်းခိုင်းဖို့ပြောလိုက်သည်။

သူဖော်ထားသော ဆေးလုံးသည် ဒဏ်ရာကို အမြစ်ပြတ်မကုသနိုင်ဘဲ ထိန်း၍သာထားကြောင်း ရှင်းပြလိုက်သည်။အကြီးအကဲရှိမ်သည် ပြောပြီးတာနဲ့ တန်းထွက်သွားလေသည်။ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးကုရှောင်.......မင်းအမေရှိ ငါ့ကို တစ်ချက်လောက်ခေါ်သွားပါ" ဟု ပြောလိုက်သည်။

ကုရှောင်နှင့်အကြီးအကဲတွေသည် ချောင်ဖုန်းသည် သူတို့အိမ်တော်ရဲ့ အသက်ကျေးဇူးရှင်ဖြစ်သောကြောင့် မော့ပုဖေးရှိကို ခေါ်သွားလိုက်သည်။ကုရှောင်တို့သည် မော့ပုဖေးကို သိုဝှက်သောအခန်းတစ်ခုတွင်ထားရှိသည်။

ချောင်ဖုန်းသည် ထိုအခန်းသို ရောက်တဲ့အခါ မော့ပုဖေးသည် သူ့ဘာသာစွပ်ပြုတ်တစ်ခွက်ကို သောက်နေတာကို တွေ့လိုက်ရသည်။

မော့ပုဖေးသည် "ကုရှောင်......နင်တို့ငါ့ရှိကို ညကြီးအချိန်မတော် ဘာလာလုပ်ကြတာလဲ နောက်ပြီး ဒီလူငယ်ရော ဘယ်သူလဲ " ဟု သောက်နေရင်းမေးလိုက်သည်။

ထိုအခါ ကုရှောင်သည် "အမေ......သူက သမီးတို့အိမ်တော်ရဲ့ကယ်တင်ရှင်တစ်ယောက်ပါ ၊ အခုအမေကို တွေ့ချင်တယ်ပြောလို့ သမီးတို့ခေါ်လာတာပါ "ဟု သူ့အမေကို ပြောလိုက်သည်။မော့ပုဖေးသည် ချောင်ဖုန်းကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး "သမီး.....အမေရဲ့နောက်ဆုံးဆန္ဒလေးကို ဖြည်ဆည်းပေးပါလား"ဟု ပြောလိုက်သည်။

ကုရှောင်သည် သူ့အမေနားကို ထိုင်လိုက်ပြီး "အမေပြောလေ.....ကုရှောင်အမေဖြစ်စေချင်တာကို မရရအောင်ကြိုးစားပေးမယ် " ဟု ပြောလိုက်သည်။ထိုအခါ မော့ပုဖေးသည် "ကုရှောင်.....အမေမြေးလေးတစ်ယောက်လောက်လိုချင်တယ်" ဟု ပြောလိုက်သည်။

မော့ပုဖေးရဲ့ စကားကြောင့် အားလုံးသည် ဘာကိုဆိုလိုတာလဲဆိုတာ နားလည်သွားလေသည်။ကုရှောင်သည် ချောင်ဖုန်းကို မကြည့်ရဲတော့ဘဲ "အမေ......ဘာတွေပြောနေတာလဲ " ဟု တိုးတိုးလေးပြောလိုက်သည်။

ချောင်ဖုန်းသည် မော့ပုဖေးကို ကုတင်ပေါ်မှာ ခဏလှဲခိုင်းလိုက်ပြီး စိတ်ဝိညဥ်စွမ်းအင်ဖြင့် မော့ပုဖေးအားစစ်ဆေးလိုက်သည်။ချောင်ဖုန်းသည် မော့ပုဖေးရဲ့ သွေးကြောတစ်ခုပေါ်တွင် စွမ်းအင်အတားအဆီးတစ်ခု တားဆီးထားတာကို သိရှိလိုက်ရသည်။

ထိုအတားအဆီးကြောင့် မော့ပုဖေးသည် တခါတလေအသိစိတ်ပျောက်ပျောက်သွားတက်ပြီး သူ့ယောကျာ်းသေဆုံးမှုကိုမကျေမနပ်ဖြစ်ကာ သူ့မြင်သမျှ လူတွေကို လိုက်တိုက်ခိုက်နေသော ရောဂါဝေဒနာကို ခံစားနေရခြင်းဖြစ်သည်။

ချောင်ဖုန်းသည် မော့ပုဖေးအား ပြန်ဆွဲထူးလိုက်ပြီး "မိန်းကလေးကုရှောင်.....မင်းတို့အိမ်တော်မှာ အပ်ပညာကျွမ်းကျွမ်းကျင်ကျင်သုံးတက်တဲ့လူ ရှိလား ၊ နောက်ပြီး သခင်မပုဖေးနဲ့ အနီးကပ်ဆုံးနေတဲ့လူက ဘယ်သူလဲ" ဟု မေးလိုက်သည်။

All Chapters