← Chapters

Chapter(78)

Vol. 6 Ch. 78

Chapter(78)

Vol. 6 Ch. 78

အသန့်စင်ဆုံးစနစ် အခန်း(78)

ချောင်ဖုန်းမေးလိုက်တဲ့အခါ ကုရှောင်သည် "ရီသခင်လေး.....ကုရှောင်တို့အိမ်တော်ထဲမှာ အပ်ပညာကို ကျွမ်းကျွမ်းကျင်ကျင်သုံးတဲ့လူမရှိပါဘူး ၊ နောက်ပြီး အမေနဲ့အနီးကပ်ဆုံးနေတာ ကုရှောင်နဲ့ရှိန်လန်းပဲ ရှိတယ် " ဟု ပြန်ဖြေလိုက်သည်။

ရှိန်လန်းကတော့ အစေခံမိန်းကလေးကို ပြောဆိုခြင်းပင်ဖြစ်သည်။

ချောင်ဖုန်းသည် ဘယ်သူလုပ်တာလဲ အတိအကျမပြောနိုင်ပေမယ့် ထိုလူသည် မော့ပုဖေး၏ သွေးကြောတစ်ခုအားအပ်စိုက်ကာ မကောင်းသောအငွေ့အသက်စွမ်းအင်ကို ထိုလူသည် အမြဲလိုလို ထည့်သွင်းနေကြောင်း သိရှိသွားသည်။

ချောင်ဖုန်းသည် နှစ်ထောင်နှင်းကြာပန်းကို ထုတ်လိုက်သည်။ထို့နောက် သူ့ရဲ့မောပုဖေးရဲ့ ပိတ်ဆို့နေသော သွေးကြောနေရာသို့ ထိုနှင်းကြာပန်းကို အရည်ဖြစ်အောင်ပုံစံသွင်းကာ ထည့်သွင်းလိုက်သည်။

နှင်းကြာပန်းအရည်လေးသည် မော့ပုဖေးရဲ့သွေးကြောအတွင်းတွင်နှင်းပွင့်သေးသေးလေးများပုံစံဖြင့် တာဆီးပိတ်ဆို့နေသည့် မကောင်းသော အငွေ့အသက်စွမ်းအင်ကို ဖျက်စီးနေလေသည်။

ထိုအခါ မော့ပုဖေးသည် နာကျင်မှု ဒဏ်ကြောင့် အော်ဟစ်ကာ ငိုကြွေးနေလေသည်။

ချောင်ဖုန်းသည် "မိန်းကလေးကုရှောင်......မင်းရှိန်လန်းကို သွားခေါ်ခဲ့ပါ " ဟု ပြောလိုက်သည်။ထိုအခါ ယင်းလီသည် ငါပဲသွားခေါ်လိမ့်မယ် ပြောပြီး ခဏအကြာမှာတော့ ရှိန်လန်းကို ခေါ်လာခဲ့သည်။

ရှိန်လန်းသည် "သခင်မလေး......ရှိန်လန်းကို ခိုင်းစရာရှိလို့လား" ဟု မေးလိုက်သည်။ထိုအချိန်မှာပဲ မကောင်းသောအငွေ့အသက်စွမ်းအင်သည် သွေးကြောအား တားဆီးပိတ်ဆို့သောနေရာမှ အပြင်ဘက်သို့ အမဲရောင်အငွေ့အသက်ပုံစံအဖြစ်သို့ ထွက်လာလေသည်။

ရှိန်လန်းသည် ထိုအရာကို မြင်ပြီးတော့ "ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလူက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ပျားသခင်အဆိပ်စွမ်းအင်ကို ဖယ်ထုတ်နိုင်သွားတာလဲ " ဟု ကြောက်လန့်စွာ တွေးနေလေသည်။

ပျားအဆိပ်စွမ်းအင်သည် အပြင်ဘက်သို့ အကုန်ထွက်လာသောအခါ ချောင်ဖုန်းသည် "မိန်းကလေး......မင်းရဲ့လက်ဖဝါးတစ်ချက်လောက် ဖြန့်ပေးပါ " ဟု ရှိန်းလန်းကို ခိုင်းလိုက်သည်။ရှိန်လန်းသည် ရပ်နေတာကြောင့် ကုရှောင်သည် "ရှိန်လန်း.....ရီသခင်လေးပြောသလို လုပ်လိုက်လေ " ဟု ပြောလိုက်သည်။

ထိုအခါ ရှိန်လန်းသည် ဒူးနှစ်ဖက်ထောက်ကာ"သခင်မလေးကျွန်မ တောင်းပန်ပါတယ် ၊ ကျွန်မစိတ်နဲ့လုပ်ခဲ့တာမဟုတ်ပါဘူး" ဆိုပြီး တောင်းပန်လေသည်။ကုရှောင်သည် သူအယုံကြည်ရဆုံးလူတွေက သစ္စာဖောက်သွားတဲ့အတွက် ဝမ်းနည်းသွားခဲ့သည်။

ကုရှောင်သည် ဒူးထောက်နေသော ရှိန်လန်းကို ကြည့်ကာ "ရှိန်လန်း......ငါကတော့ နင်ကိုညီအမလိုသဘောထားဆက်ဆံတာ နင်ကငါ့အပေါ်ကို ခုလိုလုပ်ရက်လိုက်မယ်မထင်ထားဘူး " ဟု ပြောလိုက်သည်။

ထိုချိန်မှာ ယင်းလီသည် "နင့်လိုအစေခံမကများ ငါ့အမကို အဆိပ်ခပ်ရဲတယ်ပေါ့ " ဟု ပြောကာ တစ်ခါထဲသတ်ပစ်ရန် ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် ခေါင်းကို ရွယ်ကာ ထိုးချလိုက်လေသည်။ဓါပေမယ့် ယင်းလီရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်သည် ချောင်ဖုန်းရဲ့ကိုယ်ပိုင်လက်သီးစွမ်းအင်နဲ့တွေ့တဲ့အခါ ယင်းလီသည် နောက်သို့ အတော်ပင်ဆုတ်သွားလေသည်။

ယင်းလီသည် "သခင်လေး.....ဒါဘာသဘောလဲ " ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ယင်းလီ မေးတာကို ဂရုမစိုက်ဘဲ ပျားအဆိပ်စွမ်းအင်အား ဖျက်စီးလိုက်ပြီး မော့ပုဖေးအားထူလိုက်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် နံရံကို ထိုးချခိုင်းလိုက်သည်။

မော့ပုဖေးသည် သူ့ရဲ့စိတ်တွေကို ထိန်းချုပ်၍ ရစဉ်ကတည်းက ကိုယ်ပိုင်လက်သီးစွမ်းအင်ကို အသုံးပြုလိုက်တိုင်း အလွန်နာကျင်သော ဒဏ်ကို ခံစားရသော်လည်း ယခုထိုးချလိုက်သောအခါ ပေါ့ပေါ့ပါးပါးပြန်ဖြစ်သွားတဲ့အတွက် ဝမ်းသာသွားခဲ့သည်။

မော့ပုဖေးသည် "သခင်လေး.......နင်က အကြီးအကဲရှိမ်တောင် မကုသနိုင်တဲ့ရောဂါကို အချိန်ခဏလေးအတွင်း ကုသနိုင်တာပဲ ၊ ငါတို့နဂါးမင်းတံဆိပ်အိမ်တော်က နင့်အပေါ်မှာ ကျေးဇူးအများကြီးတင်သွားပြီပဲ" ဟု ပြောလိုက်သည်။

ထိုအခါ ကုရှောင်သည် "အမေ......တကယ်ပဲအမေရောဂါသက်သာသွားတာလား" ဟု ပြေးဖက်ကာ မေးလိုက်သည်။မော့ပုဖေးသည် ကုရှောင်ကို ဖက်လိုက်ပြီး "သခင်လေး......မင်းကို ကျေးဇူးဆပ်ဖို့ ငါတို့အိမ်မှာ အဖိုးတန်ဆိုလို့ ဒီသမီးလေးတစ်ယောက်ပဲရှိတာဆိုတော့ မင်းလက်ခံနိုင်မလား " ဟု မေးလိုက်သည်။

ကုရှောင်သည် ရှက်သွားပြီး "အမေ.....မဟုတ်တာတွေ လျှောက်မပြောနဲ့လေ ၊ ရီသခင်လေးကို အားနာစရာကြီး " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ရှိန်လန်းအား ထခိုင်းလိုက်ပြီး "ပြောပါ......မင်းကိုအကြပ်ကိုင်တဲ့လူကို မင်းညာပြောရင် တခြားလူတွေလိုပဲ ငါမင်းကို အရှင်မထားဘူး " ဟု ပြောလိုက်သည်။ထိုအခါ ရှိန်လန်းသည် သူနောက်က အကြီးအကဲများကြည့်ကာ ကြောက်ရွံစွာနှင့် ဖြေလိုက်သည်။

ရှိန်လန်းသည် "ရီသခင်လေး.....တကယ်တော့ရှိန်လန်းကို အကြပ်ကိုင် ခိုင်းတဲ့သူက အကြီးအကဲဂျန်ပါ " ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် စာရွက်တစ်ခုပေါ်သို့ အစီအရင် တစ်ခုကို ရေးဆွဲလိုက်ပြီး ရှိန်လန်းရဲ့လက်ကို ဓားဖြင့် ခြစ်ချလိုက်ပြီး ထွက်လာသောသွေးစက်ကို အစီအရင်စာရွက်ပေါ်သို့ ကျစေလိုက်သည်။

ချောင်ဖုန်းသည် စာရွက်ကို ရှိန်လန်းအား ကိုင်ခိုင်းလိုက်ပြီး "ရှိန်းလန် မင်းခုနက ဘာပြောလိုက်တာလဲ အားလုံးကြားအောင် သေချာပြန်ပြောပါ နောက်ပြီးငါသတိပေးစရာရှိတယ် မင်းလက်ထဲကစာရွက်က မိုးကြိုးကျိန်စာအစီအရင်စာရွက်ပဲ မင်းတစ်ခွန်း လိမ်ပြောတာနဲ့ မင်းမသေမချင်းမိုးကြိုးတွေရဲ့ ပစ်ချခြင်းခံရမယ် " ဟု ပြောလိုက်သည်။

ထိုအခါ ရှိန်လန်းသည် ဒူးထောက်သွားပြီး ယင်းလီအားလက်ညိုးထိုးကာ "ရီသခင်လေး.....တကယ်တော့ ရှိန်လန်းကို အကြပ်ကိုင်တာ

အကြီးအကဲယင်းလီ" ဟု ဖြေလိုက်သည်။ယင်းလီသည် "ကောင်မစုတ်.....နောက်မှ နင်နဲ့ငါတွေ့မယ် " လို့ စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

ယင်းလီသည် ရှိန်လန်းကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့်"မော့ပုဖေးက ငါ့အမလေ......နင်ငါ့ကို စွပ်စွဲလိုက်တာနဲ့ တခြားလူတွေယုံမယ် ထင်နေတာလား " ဟု မေးလိုက်သည်။

ထိုအခါ ရှိန်လန်း "သခင်မလေး......ရှိန်လန်းစကားကို ယုံပေးပါ ၊ ဒီလိုတွေဖြစ်လာအောင် ရှိန်လန်းကို နောက်ကွယ်ကနေ အကြပ်ကိုင်တဲ့လူက အကြီးအကဲယင်းလီပါ ဆိုပြီး ငိုမဲ့မဲ့ဖြင့် ပြောလိုက်သည်။

မော့ပုဖေးသည် ထိုအခါကြမှ "ရှိန်လန်းပြောတာအမှန်တွေဖြစ်နိုင်တယ်" ဟု ပြောလိုက်သည်။

ယင်းလီသည် "အမ......နင်က ဘယ်လိုဖြစ်ပြီးငါ့ကိုမယုံကြည်ဘဲ အစေခံတစ်ယောက်ရဲ့စကားကို ယုံကြည်ရတာလဲ " ဟု မေးလိုက်သည်။ထိုအခါ မော့ပုဖေးသည် သူသိမ်းထားတဲ့ အပ်လေးတစ်ချောင်းကို ထုတ်ပြလိုက်သည်။

"ယင်းလီ.....ဒီအပ်ကို နင်မှတ်မိလား ၊ နင်မမှတ်မိလဲကိစ္စမရှိပါဘူး

ဒီအပ်က နင်လေ့ကျင့်နေတုန်း ကျကျန်ခဲ့တုန်းက အပ်တစ်ချောင်းပဲ

ငါ့ယောကျာ်းက အဲ့တုန်းက အဲ့ဒီအပ်ငါ့ကို ပြပြီးတော့ နင်က ဓားပညာတင်မကပဲ အပ်ချောင်းကိုင်တွယ်တဲ့နေရာမှာဆရာတစ်ဆူပဲဆိုပြီးတော့ ချီးကျူးနေခဲ့တာ နင်ကတော့ ငါတို့အပေါ်တကယ်လုပ်ရက်တာပဲ "

ထိုအခါ အားလုံးရဲ့မျက်လုံးသည် ယင်းလီဆီသို့ကျရောက်သွားသည်။ထိုအခါ ယင်းလီသည် "ကောင်းပြီလေ......ငါနင့်ကို လုပ်ကြံတာကိုတော့ ငါလက်ခံတယ် ၊ ဒါပေမယ့် ဒီကိစ္စက နဂါမင်းတံဆိပ်ဂိုဏ်းနဲ့တော့ ပက်သက်မှုမရှိဘူး ဒါတွေအကုန်လုံးက ငါ့တစ်ယောက်ထဲအကြံစည်ပဲ " ဟု ပြောလိုက်သည်။

ယင်းလီသည် ကုရှောင်ခန္ဓာကိုယ်ထဲမှ နဂါမင်းအမှတ်တံဆိပ်စွမ်းအင်ကို သူသားခန္ဓာကိုယ်ထဲသို့ ထည့်ဖို့အတွက်မော့ပုဖေးအား ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။

ယင်းလီသည် "နင်တို့ငါ့ကို သတ်ချင်သတ်ပစ်လိုက် ဒါပေမယ့် ဒီကိစ္စကို ငါ့သားဖူကျန်နဲ့မသက်ဆိုင်တဲ့အတွက် မင်းတို့အလွတ်ပေးမယ်ထင်ပါတယ်" လို့ စိတ်မကောင်းသောအသံ ဖြင့်ပြောလိုက်သည်။မော့ပုဖေးသည် လာကြစမ်း "ဒီသစ္စာဖောက်နှစ်ယောက်ကို

အချုပ်ခန်းထဲမှာ ဖမ်းချုပ်ထားလိုက်ကြ " ဟု ပြောလိုက်သည်။

ထိုအခါ ယင်းလီနှင့် ရှိန်လန်းကို နဂါးမင်းတံဆိပ်အိမ်တော်ရဲ့ အချုပ်ခန်းထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။မော့ပုဖေးသည် ချောင်ဖုန်းအား လက်နှစ်ဖက်ဆုပ်ကာ ခေါင်းငုံလိုက်ပြီး "လူငယ်လေး......မင်းက ငါ့သမီးနဲ့ရွယ်တူဆိုပင်မယ့် သိုင်းပညာက ငါတို့ထက်သာလိမ့်မယ်ထင်တယ် ၊ မင်းသာမရှိရင် ငါတို့နဂါးမင်းတံဆိပ်အိမ်တော်က ထာဝရပျောက်ကွယ်သွားတော့မယ်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် "သခင်မပုဖေး......နဂါမင်းတံဆိပ်ဂိုဏ်းက အခုဆိုရင် အကြောင်းစုံကို သိပြီးသွားလောက်ပြီထင်တယ် " လို့ ပြောလိုက်သည်။မောပုဖေးသည် ချောင်ဖုန်းနောက်ကို သွားလိုက်ပြီး "သခင်လေးစိတ်မပူပါနဲ့.......အခုလောက်ဆို ဒီသတင်းကို

ဓားဘုရင်ဂိုဏ်းကလဲ သိရှိနေလောက်ပြီ ဖြစ်မှာပါ " ဟုပြောလိုက်သည်။

ဓားဘုရင်ဂိုဏ်းဟု ကြားတဲ့အခါ ချောင်ဖုန်းသည် မာဘိုင်ဟူးကို သတိရသွားသည်။ဓားဘုရင်ဂိုဏ်းသည် မဟာအင်ပါယာတိုင်းပြည်အတွင်းတည်ရှိသော ရှေးကျသော ဂိုဏ်းဟောင်းကြီးတစ်ဂိုဏ်းပင်ဖြစ်ပြီး နဂါးမင်းတံဆိပ်ဂိုဏ်းနှင့် အင်အားချင်း အတူတူပင်ဖြစ်သည်။

ကုရှောင်သည် ဓားဘုရင်ဂိုဏ်း၏ အပြင်စည်းတပည့်ဂိုဏ်းသူတစ်ယောက်ဖြစ်သော်လည်း နဂါးမင်းအမှတ်တံဆိပ်စွမ်းအင်ရှိသောကြောင့် ဓားဘုရင်ဂိုဏ်းသည် ကုရှောင်ကို သူတို့ဂိုဏ်းမှပါရမီရှင်တစ်ယောက်ဖြစ်နိုင်အောင် သေသေချာချာလေ့ကျင့်သင်ကြားပေးသည်။

ထို့ကြောင့် နဂါမင်းတံဆိပ်ဂိုဏ်းသည် ဓားဘုရင်ဂိုဏ်းကို ရန်မစရဲတာကြောင့် တိတ်တဆိတ်သာ နဂါးမင်းတံဆိပ်အိမ်တော်အား လုပ်ကြံကြခြင်းဖြစ်သည်။

All Chapters