Chapter (79)
Vol. 6 Ch. 79
အသန့်စင်ဆုံးစနစ် အခန်း(79)
မဟာအင်ပါယာတိုင်းပြည်တွင် အင်အားအကြီးဆုံးဂိုဏ်းငါးခုပင်ရှိသည်။ပါရှန်းဂိုဏ်း ၊ ဓားဘုရင်ဂိုဏ်း ၊ နဂါးမင်းတံဆိပ်ဂိုဏ်း ၊ အသူရာနတ်ဆိုးဂိုဏ်း၊ ကြယ်တာယာနန်းတော်ဂိုဏ်း တို့ပင်ဖြစ်သည်။ကျန်သော ဂိုဏ်းများကတော့ ထိုဂိုဏ်းများလက်အောက်တွင်သာ ရှိသည်။
မော့ပုဖေးပြောပြီး ခဏအကြာမှာပဲ လေထဲကပင် ဓားများစီးလာကာ လူတစ်ချို့သည် ရောက်ရှိလာကြလေသည်။ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်နှစ်ယောက် ၊ အလယ်အလတ်တစ်ယောက်နှင့်ဘုရင်နယ်ပယ်အဆင့်မှ လူများစွာရဲ့ အငွေ့အသက်ကို ခံစားလိုက်ရသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုလူတွေသည် နဂါမင်းတံဆိပ်အိမ်တော်တို့ ရောက်ရှိလာခဲ့သည်။ထိုအခါ ကုရှောင်တို့သည် လို့ဝှက်အခန်းထဲမှ ထွက်သွားပြီး ထိုလူတွေအားသွားတွေ့လိုက်သည်။
ချောင်ဖုန်းသည် ကုရှောင်တို့အနောက် မှလိုက်နေစဥ်မှာ အနက်ရောက်တံဆိပ်ပြားမှ အချက်ပြနေတာကို တွေ့လိုက်ရပြီး အားလုံးသည် သူရှိအာရုံမရောက်တာကြောင့် ကြည့်လိုက်သည့်အခါ အနီးအနားတွင် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းမှ စုံစမ်းရေးအဖွဲ့ဝင်တစ်ယောက်သည် နီးကပ်လာတာကို သိလိုက်ရသည်။
တစ်ဖက်က လူသည်လည်း ချောင်ဖုန်းလိုပဲ သိလိုက်ရသည်။ကုရှောင်သည် အိမ်တော်အပြင်သို့ရောက်သည့်အခါ ဓားဘုရင်ဂိုဏ်းမှ အကြီးများအားတွေ့လိုက်ရသည့်အခါ ဒူးတစ်ဖက်ထောက်လိုက်ပြီး "ကုရှောင်......အကြီးအကဲသုံးယောက်ကို နှုတ်ဆက်ပါတယ် " ဟု ပြောလိုက်သည်။
ထိုလူသုံးယောက်သည် ဓားနှစ်ချောင်းကြက်ခြေခတ်ပေါ်တွင်သရဖူတံဆိပ် ရင်ဘတ်တွင်ထိုးထားသော အဖြူရောင်ဝတ်စုံဝတ်ဆင်ထားကြပြီး နောက် မှ လူများကတော့ ကြက်ခြေခတ်ဓားနှစ်ချောင်းတံဆိပ်ကို ရင်ဘတ်တွင်ထိုးထားကြသည်။
အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်သည် " ကုရှောင်......နဂါးမင်းတံဆိပ်ဂိုဏ်းကလူတွေ ဒီကိုရောက်လာတယ်ဆိုတာ တကယ်ပဲလား" ဟု မေးလိုက်သည်။အကြီးအကဲသုံးယောက်သည် ကုရှောင်တို့ကြိုတင်ပြင်ဆင်ထားသောကြောင့် ကာကွယ်သွားနိုင်သည်ဟု ထင်ကာ ဘာမှ ဆက်မမြန်းတော့ပေ။
ထိုချိန်မှာ ချောင်ဖုန်းနှင့် ဓားဘုရင်ဂိုဏ်း၏ အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်သည် ချောင်ဖုန်းနဲ့မျက်လုံးချင်း ဆုံသွားတဲ့အခါ နှစ်ယောက်လုံးသည် ကိုယ်စီထောက်လှမ်းရေးလုပ်နေတာကို သိရှိသွားခဲ့သည်။
ဓားဘုရင်ဂိုဏ်းကို စုံစမ်းနေသောလူသည် အသက်လေးဆယ်နီးပါးဖြစ်နေတာကြောင့် သူသည် နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဆိုတာ ချောင်ဖုန်းသိရှိသွားခဲ့သည်။
ဓားဘုရင်ဂိုဏ်းမှ အကြီးအကဲသည် သူတို့နဲ့အတူ ဂိုဏ်းကိုပြန်လိုက်လာဖို့ကုရှောင်အားပြောလိုက်သည်။ထိုအခါ ကုရှောင်သည် အကြီးအကဲရဲ့ ဆန္ဒကို မငြင်းဆဲရဲပဲ သဘောတူလိုက်သည်။
ကုရှောင်သည် နောက်ဘက် ပြန်လှည့်ကာ အားလုံးကို နှုတ်ဆက်လိုက်ပြီး သူ့ကို စိတ်မပူဖို့ပြောလိုက်သည်။
ထို့နောက် သူ့ရဲ့ဓားပျံပေါ်သို့တက်ကာ အကြီးအကဲတွေနောက် လိုက်သွားရင် အပေါ်သို့ရောက်သော်အခါ ချောင်ဖုန်းအား တချက်ပြန်လှည့်ကြည့်ကာ "ကုရှောင်.....နဂါးမင်းအမှတ်တံဆိပ်ပွင့်လာခဲ့ရင် အပြင်းထန်ဆုံးကျင့်ကြံပြီး တနေ့ကြရင် သခင်လေးရဲ့ကျေးဇူးကို ပြန်ဆပ်ပါ့မယ်" ဟု စိတ်ထဲကပင် ပြောကာ ဓားပျံနှင့်အတူ ပျံသန်းသွားပါတော့သည်။
ထို့နောက် မော့ပုဖေးသည် ခုချက်ချင်း အရေးကြီးကိစ္စအစည်းအဝေးလုပ်မယ်ပြောကာ အကြီးအကဲအားလုံးကို စုစည်းခိုင်းလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် လှည့်ထွက်မလို့ လုပ်ချိန်မှာ မော့ပုဖေးသည် "သခင်လေး.......နင်က ဘယ်ထွက်သွားမလို့လဲဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "သခင်မပုဖေး......ကျွန်တော်ဒီတစ်ညနေပြီးရင် မနက်ကြထွက်ခွာသွားပါမယ်" ဟု ပြောလိုက်သည်။ထိုအခါ မော့ပုဖေးသည် "သခင်လေး......ဒီအစည်းအဝေးကို နင်လဲ ပါရမယ်လေ " ဟု ပြန်ပြောလိုက်တဲ့အခါ ချောင်ဖုန်းသည် ဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့သည်။
ချောင်ဖုန်းသည် အိမ်တော်ရဲ့အရေးကြီး အစည်းအဝေးကိစ္စက သူနဲ့မသက်ဆိုင်ကြောင်းပြောမည့်ချိန်မှာ မော့ပုဖေးသည် "သခင်လေး......ဒီအစည်းအဝေးမှာ နင်မပါဘူးဆို နင်ကငါ့ရဲ့သားမက်ဆိုပြီး မဟာအင်ပါယာတစ်တိုင်းပြည်လုံးကို ကြေညာပစ်မယ် " ဟု ခြိမ်းခြောက်လိုက်သည်။
ချောင်ဖုန်းသည် မဟာအင်ပါယာတိုင်းပြည်ကို လာတာ လို့ဝှက်စုံစမ်းရေးအဖြစ်သာ လာရောက်ခြင်းဖြစ်ပြီး ဘာမှတောင်မစုံစမ်းရသေးခင်းမှာ သားမက်တော်ချင်သောသူနဲ့ လာတိုးနေသောကြောင့်တံတွေးသီးမတက်ပင် ဖြစ်သွားလေသည်။
ချောင်ဖုန်းသည် "သခင်မပုဖေး.......ကျွန်တော်ကသူစိမ်းလေ သင့်တော်ပါ့မလား " ဟု ပြောလိုက်သည်။ထိုအခါ မော့ပုဖေးသည် ကိစ္စမရှိဘူးပြောကာ ချောင်ဖုန်းအား နဂါးမင်းတံဆိပ်အိမ်တော်၏ လို့ဝှက်သော အစည်းအဝေးအခန်းကို ခေါ်သွားခဲ့၏ ။
ချောင်ဖုန်းသည် ပုံခန်းအခန်းထဲဝင်သွားသော မော့ပုဖေးတို့ နောက်ကို လိုက်သွားခဲ့သည်။ထိုထဲမှ ရှေ့ဆုံးက အကြီးအကဲဂျန်သည် အခန်းနံရံကို သုံးချက်ခေါက်လိုက်တဲ့အခါ နဂါးခေါင်းတစ်ခုသည် နံရံထဲမှ ထွက်လာခဲ့သည်။
ထိုအခါ အကြီးအကဲဂျန်သည် နဂါးခေါင်းထဲသို့ သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ နဂါးနှစ်ကောင်ပတ်ခွေထားပြီး အလယ်တွင် နဂါးမင်းတံဆိပ် ဟု ရေးထားသော အမိန့်ပြားကို နံရံပေါ်တွင်ထွက်လာသော နဂါးခေါင်းပါးစပ်ထဲသို့ ထိုးသွင်းလိုက်တဲ့အခါ နံရံကြီးသည် နှစ်ခြမ်းကွဲသွားကာ အခန်းတံခါးဝ အဖြစ်သို့ ပြောင်းလဲသွားပြီး အထဲတွင် မှောင်နေတာကို ချောင်ဖုန်းတွေ့ရှိလိုက်ရသည်။
အကြီးအကဲဂျန်သည် အမိန့်ပြားကို ပြန်ယူလိုက်ပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။ထို့နောက် ချောင်ဖုန်းသည် သုံးပေလောက်ရှိသော အခန်းကျဥ်းလေးထဲကို ဝင်သွားတဲ့အခါ ဘေးနံရံရှိ နဂါးရုပ်ထုလေးများ၏ ပါးစပ်ထဲမှ မီးများထွက်လာပြီး လင်းထိန်းသွားလေသည်။
နောက်ဆုံးမှာတော့ ဆယ်ငါးပေခန့် အခန်းလေးနဲ့အတူ ရတနာကျောက်ဖြင့် ပြုလုပ်ထားသော စားပွဲခင်းကြီးတစ်ခုနှင့် ထိုင်ခုံအနည်းငယ်ကို တွေ့လိုက်ရသည်။ထိုကျောက်စားပွဲခင်းကြီး၏ အလယ်တွင် နဂါးရုပ်ထု တစ်ခုကလဲ ရှိနေသေးသည်။
မော့ပုဖေးသည် အလယ်ထိုင်ခုံတွင် ထိုင်လိုက်ပြီး ချောင်ဖုန်းနှင့် တခြားအကြီးအကဲကိုးယောက်ကတော့ ဘေးထိုင်များတွင် ထိုင်လိုက်ကြသည်။အားလုံးသည် မော့ပုဖေးကို နဂါးမင်းတံဆိပ်ဂိုဏ်းမှာ ရှိစဥ်ကတည်းက မန်ဟုန်ကျီထက်ပင် ကြောက်ရွံကြသည်။
မော့ပုဖေးသည် ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားဖြစ်ပြီး မန်ဟုန်ကျီသေဆုံးမှုကြောင့် စိတ်ထိခိုက်ကာ လုပ်ချင်ရာ လုပ်သောကြောင့် ဂိုဏ်း၏ ဝါရင့်သောအကြီးအကဲများက
ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
မော့ပုဖေးသည် ထိုင်ခုံထိုင်လိုက်ကတည်းက သူ့ရဲ့အရင်အဆင့်အတန်းကို ပြန်လည်သတိရသွားခဲ့သည်။မော့ပုဖေးသည် သူ့သမီးနှင့်ယောကျာ်းအတွက် ပျော့ညံသောလူတစ်ယောက်မဖြစ်ချင်ခဲ့တာကြောင့် အလွန်ပင်ကြိုးစားခဲ့သော်လည်း ယခုအခါမှာ အသုံးမဝင်သောလူတစ်ယောက်ဖြစ်နေခဲ့သည်။
မော့ပုဖေးသည် သူ့ခေါင်းအောက်သို့စိုက်နေရာမှ ပြန်မော့လိုက်ပြီး"ဒီအတောအတွင်းမှာ ငါ့ဘက်က ရှိနေပေးတဲ့အတွက် အကြီးအကဲအားလုံးကို ကျေးဇူးတင်ပါတယ် " ဟု ပြောလိုက်သည်။
ထို့နောက် မော့ပုဖေးသည် သူ့သိုလှောင်ကွင်းထဲမှ နဂါးခေါင်းသာ ပါရှိသော အမိန့်ပြားတစ်ခုကို အကြီးအကဲဂျန်အားပေးလိုက်သည်။အကြီးအကဲဂျန်သည် ထိုအမိန့်ပြားကို ကြည့်လိုက်ပြီး အံ့အားသင့်သွားကာ "မဟုတ်မှလွဲရော......ဒါကဂိုဏ်းချုပ်ပြောပြောနေကြ......နဂါးစစ်သည်တော်တို့ကို အကူအညီတောင်းနိုင်တဲ့ အမိန့်ပြားမလား" ဟု မေးလိုက်သည်။
ထို့နောက် အကြီးအကဲတစ်ယောက်ပြီးတစ်ယောက် ထိုအမိန့်ပြားကို ကြည့်လိုက်ကြပြီး "ဖြစ်နိုင်တယ်......ဒီအမိန့်ပြားက ဂိုဏ်းချုပ်ပြောတာနဲ့ပဲ တစ်ထပ်ထဲပဲ" ဟု ထောက်ခံကြလိုက်သည်။ချောင်ဖုန်းကတော့ အနည်းငယ်သာ ကြည့်ပြီး ပြန်ပေးလိုက်သည်။
ထိုအခါ မော့ပုဖေးသည် "မှန်တယ်..... ဒီအမိန့်ပြားက နဂါးစစ်သည်တော်အမိန့်ပြားပဲ" ဟု ပြန်ဖြေလိုက်သည်။အကြီးအကဲဂျန်သည် "သခင်မ.......ကျွန်တော်တို့က ဒီအမိန့်ပြားကို ဂိုဏ်းချုပ်ပြောဖူးလို့သာ ကြားဖူးတာ အခုမှ ပထမဆုံးအပြင်မှာမြင်ဖူးတာပဲ " ဟု ပြောလိုက်သည်။
ထို့နောက်မော့ပုဖေးသည် နဂါးစစ်သည်တော် အမိန့်ပြားအကြောင်းရှင်းပြလိုက်သည်။နဂါးစစ်သည်တော်အမိန့်ပြားသည် နဂါမင်းတံဆိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်သာ ကိုင်ဆောင်ခွင့်ရပြီး ဂိုဏ်း၏ နောက်ဆုံးအခြေအနေမှာ ထုတ်သုံးခွင့် ရှိသော အမိန့်ပြားဖြစ်သည်။
သို့သော် ထိုအမိန်းပြားသည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ လို့ဝှက်သော နေရာတွင်သာ တည်ရှိပြီး ဂိုဏ်းချုပ်မှလွဲ၍ ထိုအခန်းကို ဝင်ခွင့်မရှိပေ။ဂိုဏ်းချုပ်မဟုတ်ဘဲ တစ်စုံတစ်ယောက်သာ ဝင်မယ်ဆိုရင် နဂါးစစ်သည်တော်ဝိညဥ်များ၏ သတ်ဖြတ်ခြင်းကို ခံရမည်။
ယခုနဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ထိုအခန်းထဲသို့ မဝင်ရဲသေးကြောင့် မော့ပုဖေးသည် ရှင်းပြလိုက်သည်။မော့ပုဖေးသည် နဂါးစစ်ည်တော်အမိန့်ပြားကို ကိုင်ကာ "အကြီးအကဲတွေထဲက ဒီတာဝန်ကို ထမ်းဆောင်မယ့်သူက နဂါးမင်းတံဆိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ရာထူးကို ရရှိနိုင်မယ် " ဟု ပြောလိုက်သည်။
အကြီးအကဲအားလုံးသည် ထိုရာထူးကို စိတ်ဝင်စားသော်လည်း အရဲစွန့်ရာကျသော တာဝန်အား မထမ်းဆောင်ချင်ပေ။ပိုင်ကွေ့ဆိုသော အကြီးအကဲသည် ထိုင်ရာမှ ထလိုက်ပြီး "သခင်မ......ဒီတာဝန်က အရမ်းအန္တရာယ်များလွန်းတဲ့အတွက် ကျွန်တော်တို့ဒီတာဝန်ကို ငြင်းဆိုပါရစေ" ဟု ပြောလိုက်သည်။
ထို့နောက် မော့ပုဖေးသည် ခုံကို ညာလက်ဝါးဖြင့်ရိုက်ချလိုက်ပြီး
"တကယ်လို့ ငါကအမိန့်ပေးရင်ရော..... " ဟု အေးစက်စွာဖြင့် ပြောလိုက်သည်။အားလုံးသည် မော့ပုဖေးရဲ့ စကားလုံးတွေနောက်မှာ ဒေါသတွေပါရှိနေတာကို သိလိုက်ရ၍ ကြောက်လန့်ကြကုန်သည်။