Chapter(80)
Vol. 6 Ch. 80
အသန့်စင်ဆုံးစနစ် အခန်း(80)
အကြီးအကဲတွေသည် ဘာမှမပြောဘဲ တိတ်ဆိတ်နေချိန်မှာ မော့ပုဖေးသည် ချောင်ဖုန်းအား"သခင်လေး....နင်ရော ဒီတာဝန်ကိုစိတ်မဝင်စားဘူးလား" လို့မေးလိုက်သည်။ချောင်ဖုန်းသည် သူ့ဘက်ခေါင်းတည်လာသော်အခါ "သခင်မပုဖေး.....အဲ့တာဝန်ကိုအောင်မြင်ရင် နဂါးမင်းတံဆိပ်ဂိုဏ်းကို ပြန်ရဖို့ ဘယ်လောက်ရာခိုင်နှုန်းရှိလဲ" ဟု ပြန်မေးလိုက်သည်။
ထိုအခါ မော့ပုဖေးသည် "သခင်လေး.......နင်သာ အဲ့တာဝန်ကို ထမ်းဆောင်နိုင်ရင် အရာအားလုံးက အလိုလို ငါတို့လက်အောက်ထဲ ရောက်ရှိလာလိမ့်မယ်" ဟု ယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။
အားလုံးသည် ချောင်ဖုန်းရဲ့အစွမ်းအစကို သိရှိနေသောကြောင့်
ချောင်ဖုန်း ထမ်းဆောင်ဖို့ မျှော်လင့်နေကြသည်။
"ရီသခင်လေး......မင်းသာဒီတာဝန်ကို လက်ခံမယ်ဆို ငါတို့အားလုံးလဲသဘောတူတယ်"
ချောင်ဖုန်းသည် သူသာ ထိုဂိုဏ်းမှာ နေရာတစ်ခုသာ ရရင် ဝတ်ရုံနီဂိုဏ်းနှင့်ကြယ်တာယာနန်းတော်ဂိုဏ်း၏ အကြံအစည်များကို ကာကွယ်နိုင်မည်ဖြစ်သည်။ထိုချိန်မှာ ရီချုံသည် "အကိုကြီး.....အဲ့ဂိုဏ်းချုပ်ရာထူးကပျော်ဖို့ကောင်းမှာမဟုတ်ဘူးနော် ၊ ရီချုံတို့ နေရာအနှံကို လျှောက်သွားပြီး ပျော်စရာတွေ ရှာကြရအောင် " ဟု ချောင်ဖုန်းကို ပြောလိုက်သည်။
ချောင်ဖုန်းသည် "သခင်မပုဖေး......ကျွန်တော်ဒီတာဝန်ကို အတက်နိုင်ဆုံးကြိုးစားပေးပါ့မယ် " ဟု ပြောလိုက်တဲ့အခါ အားလုံးသည် ချောင်ဖုန်း လက်ခံလိုက်တဲ့အခါ ဝမ်းသာသွားကြလေသည်။
ထိုအခါ မော့ပုဖေးသည် ပြုံးလိုက်ပြီး စားပွဲဝိုင်းအလည်တည့်တည့်ရှိ နဂါးရုပ်ထုလေးပေါ်မှာ နဂါးစစ်သည်တော်အမိန့်ပြားလေးကို လေပေါ်မှာ ရပ်တန့်စေလိုက်ပြီး "သခင်လေး.......နင်ရဲ့သွေးနဲ့ ဒီနဂါးစစ်သည်တော်အမိန့်ပြားကို အရင်ဆုံးချိတ်ဆက်ရမယ် ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် မော့ပုဖေးပြောသလို သူ့လက်ဖဝါးကို သွေးထွက်အောင်လုပ်လိုက်ပြီး နဂါးစစ်သည်တော်အမိန့်ပြားအား သွေးနဲ့ချိတ်ဆက်လိုက်သည်။ထိုအခါ နဂါးစစ်သည်တော်အမိန့်ပြားသည်
အပတ်ပေါင်းများစွာ လည်ပတ်သွားပြီး နောက်ဆုံးမှာတော့ အမိန့်ပြားနောက်တွင် ဧရာမနဂါးဝိညဥ်စွမ်းအင်ကြီး ထွက်လာလေသည်။
ထို့နောက်အမိန့်ပြားသည် ချောင်ဖုန်းရဲ့ လက်ဖဝါးအတွင်းသို့ ရောက်သွားပြီး ချောင်ဖုန်းသည် အလွယ်တကူ လက်ဖဝါးအတွင်းမှ ထုတ်ထည့်လုပ်ကြည့်လိုက်သည်။
ထိုအခါ မော့ပုဖေးနဲ့အကြီးအကဲတွေသည် ဒူးများထောက်ကာ ချောင်ဖုန်းအား "နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်သစ်ကို ကြိုဆိုပါတယ် " ဟု ပြောလိုက်သည်။ ထိုအခါ ချောင်ဖုန်းသည် အကုန်လုံးအား ပြန်ထူလိုက်ပြီး "သခင်မပုဖေး......ကျွန်တော်ကိုဘယ်သူမှ ဒူးထောက်စရာမလိုပါဘူး " ဟု ပြောလိုက်သည်။
မော့ပုဖေးသည် "ကျေးဇူးတင်ပါတယ်......သခင်လေး" ဟု ပြောလိုက်ပြီး လို့ဝှက်ခန်းတည်ရှိနေရာကို ပြောလိုက်သည်။ထိုလို့ဝှက်ခန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ်အခန်းအောက်တွင် ပေနှစ်ဆယ်နီးပါးရှိသော အခန်းတစ်ခန်းဖြစ်ပြီး နဂါးစစ်သည်တော်ဝိညဥ်များတည်ရှိသော နေရာပင်ဖြစ်သည်။
ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ အင်အားကို မေးကြည့်လိုက်သည်။နဂါးမင်းတံဆိပ်ဂိုဏ်းတွင် လက်ရှိဂိုဏ်းချုပ်သည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေခဲ့ပြီး အကြီးအကဲတွေက နတ်နယ်ပယ်အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်
များကို ရောက်ရှိနေကြပြီဖြစ်သည်။
ချောင်ဖုန်းသည် လက်ရှိမှာ ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်သာ ရောက်ရှိသေး၍ နယ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားတောင် အနိုင်ရရှိမည် ဟု ယုံကြည်ချက်မရှိသေးပေ။
ချောင်ဖုန်းသည် ထိုတာဝန်ကို မထမ်းဆောင်ခင် သူကျင့်ကြံဖို့ အချိန်လိုအပ်တယ်ဟု ပြောလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် နဂါးမင်းတံဆိပ်အိမ်တော်၏ ချီစွမ်းအင်အငွေ့အသက်ပေါများသော အခန်းထဲတွင် စတင်လေ့ကျင့်ပါတော့သည်။မော့ပုဖေးသည် ချောင်ဖုန်းလိုအပ်သည့် အရာများအားလုံးကို ထောက်ပံ ပေးပြီး တစ်ဖက်တွင်လဲ နဂါးမင်းတံဆိပ်ဂိုဏ်းနဲ့ပက်သက်သောအရာများကို စုံစမ်းထားခဲ့သည်။
ချောင်ဖုန်းကျင့်ကြံနေချိန်မှာ ရီချုံသည်လည်း အတူလိုက်လံကျင့်ကြံနေခဲ့သည်။ တစ်လပြည့်ပြီး ရက်အနည်းငယ်ကြာတဲ့အခါ ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ရှိသွားခဲ့ပြီး သူရဲ့စွမ်းအင်အားလုံးသည် နဂိုကထက် နှစ်ဆခန့်သန်မာ လာကြောင်း ခံစားလိုက်ရသည်။
ချောင်ဖုန်းသည် လို့ဝှက်ခန်းထဲမှ ထွက်လာတဲ့အခါ အားလုံးသည် ဒူးထောက်ကာကြိုဆိုလိုက်ကြပြီး မော့ပုဖေးသည် အခေါ်အဝေါ်ပါ ပြောင်း၍ "ဂိုဏ်းသခင်လေး......နင်အဆင့်တက်သွားပြီးလား" ဟု မေးမြန်းလိုက်သည်။
ချောင်ဖုန်းသည် မော့ပုဖေးအား ခေါင်းသာငြိမ့်ပြလိုက်သည်။
အားလုံးသည် ချောင်ဖုန်းရှိမှ ဘာအငွေ့အသက်မှ မခံစားရတာကြောင့် ချောင်ဖုန်းရဲ့ စွမ်းအားအစစ်အမှန်ကို သိချင်နေကြသည်။မော့ပုဖေးသည် "ဂိုဏ်းသခင်လေး......နင်အဆင်သင့်ဖြစ်ပြီဆို
နဂါးမင်းတံဆိပ်ဂိုဏ်းကို သွားဖို့ ငါစီစဥ်လိုက်တော့မယ်" ဟု ပြောလိုက်သည်။
မော့ပုဖေးသည် နဂါးမင်းတံဆိပ်ဂိုဏ်းကို ဝင်ဖို့နည်းလမ်းအား ရက်အနည်းငယ်ကပင် သိရှိပြီးသားပြီဖြစ်သည်။နဂါးမင်းတံဆိပ်ဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင်များကို တန်ကြေးအများကြီးပေးကာ ခေါ်ခိုင်းနေကြောင်း သတင်းရရှိထားသည်။
မော့ပုဖေးသည် အကြီးအကဲရှိမ်နဲ့အတူ ချောင်ဖုန်းကို နဂါးမင်းတံဆိပ်ဂိုဏ်းအား လိုက်သွားဖို့ စီစဥ်ထားကြသည်။အကြီးအကဲရှိမ်သည် မော့ပုဖေးရောဂါကို ချောင်ဖုန်းက အပြီးအပြတ်ပျောက်သွားအောင် ကုသပေးတာသိတဲ့အခါ မယုံကြည်နိုင်ဖြစ်ခဲ့ရသည်။
ချောင်ဖုန်းသည် မော့ပုဖေးကို ခေါင်းငြိမ့်ပြလိုက်တဲ့အခါ မော့ပုဖေးသည် "မင်လန်......အကြီးအကဲရှိမ်ကို သတင်းသွားပို့တော့ " ဟု ပြောလိုက်သည်။
တခြားတစ်ဖက် နဂါမင်းတံဆိပ်ဂိုဏ်း၏ အခန်းတစ်ခုထဲတွင် လူတစ်ယောက်သည် စာအုပ်အထူကြီးကို ဖတ်ရှု့၍ နေပါသည်။ထိုလူကတော့ နဂါမင်းတံဆိပ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဂျီဝူးပင်ဖြစ်သည်။ဂျီဝူးသည် အသက်ငါးဆယ်ကျော်သာ ရှိပြီး နတ်နယ်ပယ် အထွဋ်အထိပ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
ဂျီဝူးသည် စာအုပ်အထူကြီးဖတ်နေချိန်မှာ လူတစ်ယောက်သည် သူ့နားရောက်ရှိလာကာ "ဂိုဏ်းချုပ်......ခုဆိုရင် ကုရှောင်က ဓားဘုရင်ဂိုဏ်းကနေ လုံးဝမထွက်ခွာတော့တဲ့အတွက် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ" ဟု မေးလိုက်သည်။
ထိုအခါ ဂျီဝူးသည် "အကြီးအကဲဇီးယန်း......ဘယ်လိုပဲဖြစ်ဖြစ် မော့ပုဖေးတစ်ယောက်လုံးကျန်ပါသေးတယ် ၊ ဓားဘုရင်ဂိုဏ်းက ဘယ်လောက်ထိကာကွယ်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့ " ဟု အေးဆေးပင်ပြောလိုက်သည်။
ထို့နောက် ဂျီဝူးသည် " ငါခိုင်းထားတာတွေရော အဆင်ပြေရဲ့လား " ဟု မေးလိုက်သည်။ဂျန်ဇီးယန်းသည် "ဂိုဏ်းချုပ်အမိန့်အတိုင်းအတိုင်း ကျွန်တော်တို့ အဂ္ဂိရတ်ပညာရှင်အများအပြားကို စုစည်းထားပါပြီး " ဟု ဖြေလိုက်သည်။
တစ်ဖက်တွင် ချောင်ဖုန်းနှင့်အကြီးအကဲရှိမ်သည် နဂါးမင်းတံဆိပ်ဂိုဏ်းကို မြင်းလှည်းတစ်စီးဖြင့် လာနေပြီဖြစ်သည်။ချောင်ဖုန်းတို့သည် ရောက်ခါနီးအချိန်မှာ လူနှစ်ယောက်သည် အကြီးအကဲရှိမ်၏ မြင်းလှည်းသမားကို ဓားဖြင့် လည်ပင်းအား ထောက်ထားတဲ့အခါ မြင်းလှည်းသည် ရပ်သွားလေသည် ။
ထိုလူထဲမှ တစ်ယောက်သည် "အထဲကနှစ်ယောက်ထွက်ခဲ့စမ်း....." ဟု ချောင်ဖုန်းနှင့် အကြီးအကဲရှိမ်ကို ပြောလိုက်သည်။အကြီးအကဲရှိမ်သည် ချောင်ဖုန်းကို "မင်းခဏ နေခဲ့အုံး....." ဟု ပြောကာ အပြင်သို့ ထွက်သွားခဲ့သည်။
ထိုလူထဲမှ ရှဲ့ကျင့်ကောဟု ခေါ်သော လူသည် "အဖိုးကြီး.....ခင်ဗျားက နဂါးမင်းတံဆိပ်ဂိုဏ်းကိုသွားမယ့်အဂ္ဂိရတ်ပညာရှင်မလား " ဟု ပြောလိုက်သည်။ထို့နောက် ယန်ရှင်းလျန့်ဆိုသော တစ်ယောက်သည် " မင်းတို့နှစ်ယောက်လာတာ မဟုတ်ဘူးလား....." ဟု မေးလိုက်သည်။
အကြီးအကဲရှိမ်သည် "မင်းတို့လိုချင်တာ ငါပေးပါ့မယ် ၊ အထဲက အဖိုးမြေးလေးက ဒဏ်ရာရထားလို့ပါကွယ် " ဟု အသနားခံပြောလိုက်သည်။ယန်ရှင်းလျန့်သည် "အဖိုးကြီး......ခင်ဗျားမှာရှိတဲ့ဆေးပုလင်းတွေ အကုန်ထုတ်ပေးမယ်ဆိုရင် ခင်ဗျားတို့ကို လွှတ်ပေးမယ် " ဟု ပြောလိုက်သည်။
အကြီးအကဲရှိမ်သည် သူ့ရဲ့ဆေးပုလင်းတချို့အား ထုတ်ပေးမယ့်ချိန်မှာ ချောင်ဖုန်းသည် "အကြီးအကဲရှိမ်......ခင်ဗျားက အချိန်တွေ ဖြုန်းနေတာပဲ" ဟု လှည်းထဲမှ ပြောလိုက်သည်။ထိုအခါ ရှဲ့ကျင့်ကောသည် "အဖိုးကြီး......ခင်ဗျားက ကျွန်တော်တို့ကို လိမ်ရဲတာပဲ" ဟု ပြောလိုက်ပြီး သူရဲ့ဓားကို လေဝိညဥ်စွမ်းအင် အသက်သွင်းကာ မြင်းလှည်းကို ပိုင်းခုတ်လိုက်သည်။
ထိုအခါ လေဓားဝိညဥ်ပုံစံစွမ်းအင်သည် မြင်းလှည်းကို ထိကာ ပေါက်ကွဲသွားလေသည်။ အကြီးအကဲရှိမ် ၊ ယန်ရှင်းလျန့်နဲ့ရှဲ့ကျင့်ကောသည် မြင်းလှည်းပျက်စီးသွားသောအခါ မြင်းလှည်းမောင်းသူနှင့် ချောင်ဖုန်းသည် ပျောက်ကွယ်သွားသောကြောင့် အံ့အားသင့်သွားလေသည်။
ရှဲ့ကျင့်ကောသည် သူ့ဓားကို ဆုပ်ကိုင်ထားပြီး " ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ......အဲ့ကောင်စုတ်က ငါတို့မျက်စိရှေ့မှာ ပျောက်သွားတာလား" ဟု ပြောလိုက်သည်။ထိုချိန်မှာပဲ ချောင်းဖုန်းသည် လျှပ်တစ်ပြက် သူတို့နှစ်ယောက်နောက်ကို ပေါ်လာခဲ့ပြီး "ကြည့်ရတာ.......မင်းတို့နှစ်ယောက်က ဝတ်ရုံနီဂိုဏ်းက ထင်တယ်" ဟု ပြောလိုက်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် နှစ်ယောက်လုံးကို သတ်ပစ်လိုက်လေသည်။
အကြီးအကဲရှိမ်သည် ချောင်ဖုန်းကို ရက်စက်ကြမ်းကြုတ်မယ်လို့
မထင်ထားမိချေ။ဘုရင်နယ်ပယ်အဆင့်မှ နှစ်ယောက်ကို စက္ကန့်မခြားပဲ သတ်ပစ်နိုင်သောကြောင့် အနည်းငယ်ပင်လန့်သွားသည်။
ချောင်ဖုန်းသည် လက်နှစ်ဖက်ကို ဖုန်ခါလိုက်ပြီးနောက် "အကြီးအကဲရှိမ်......ကျွန်တော်တို့ရောက်ဖို့မလိုတော့ဘူးမလား " ဟု မေးလိုက်သည်။
အကြီးအကဲရှိမ်သည် ခေါင်းငြိမ့်လာပြီး ချောင်ဖုန်းရဲ့နောက်တွင် ရှိနေသော သူ့အိမ်မှ အစေခံအား မြင်းနဲ့အတူ ဂရုတစိုက်ပြန်ခိုင်းလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် အကြီးအကဲရှိမ်နှင့်အတူ လျင်မြန်သောနှုန်းဖြင့် နဂါးမင်းတံဆိပ်ဂိုဏ်းကို ပြေးလွှားပါတော့သည်။