← Chapters

Chapter(81)

Vol. 6 Ch. 81

Chapter(81)

Vol. 6 Ch. 81

အသန့်စင်ဆုံးစနစ် အခန်း(81)

ချောင်ဖုန်းနှင့် အကြီးအကဲရှိမ်သည် နဂါမင်းတံဆိပ်ဂိုဏ်းဟု ဆိုင်းဘုတ်အကြီးကြီး ရေးထားသော နေရာကို ရောက်ရှိလာခဲ့သည်။ထိုအခါ နဂါမင်းတံဆိပ်ဂိုဏ်း၏ အဂ္ဂိတ်ရတ်ပညာရှင်တစ်ယောက်ဖြစ်သော ဖုန်းတုယီဆိုသောလူသည် အကြီးအကဲရှိမ်နဲ့ချောင်ဖုန်းကို မြင်သောအခါ "ရှိမ်ခုန်းဖာ......မင်းလဲရောက်လာပြီးလား ဒါနဲ့ မင်းဘေးက လူငယ်လေးက ဘယ်သူလဲ " ဟု မေးလိုက်သည်။

အကြီအကဲရှိမ်သည် "သူက.......ငါအသိမိတ်ဆွေဖြစ်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပဲ " ဟု ပြောလိုက်သည်။ဖုန်းတုယီသည် ခေ့င်းတငြိမ့်ငြိမ့်ဖြင့် "ကောင်းတယ်ကောင်းတယ်.......မင်းခေါ်လာပေးတဲ့အတွက် ငါပိုကျေးဇူးတင်တယ် " ဟု ရှိမ်ခုန်းဖာကို ပြောလိုက်သည်။

ထို့နောက် ဖုန်းတုယီသည် "လာကြစမ်း...... ဒီမှာနောက်ထပ်အဂ္ဂိရတ်ပညာရှင်နှစ်ယောက်ရောက်လာတယ် " ဟု ဂိုဏ်း၏အစေခံတွေကိုပြောလိုက်သည်။ထိုအခါ လျောင်ရှန်းဟု ခေါ်သော အစေခံယောကျာ်းလေးတစ်ယောက်သည် ချောင်ဖုန်းအနားတို့ ပြေးလာလေသည်။

ထိုအခါ ချောင်ဖုန်းနဲ့လျောင်ရှန်းသည် သူတို့အနက်ရောင်တံဆိပ်ပြားမှ အချက်ပြလာသည့်အတွက် နှစ်ယောက်လုံးသည် လို့ဝှက်စုံစမ်းရေးအဖွဲ့ဝင် အချင်းချင်းဆိုတာ သိရှိသွားခဲ့သည်။လျောင်ရှန်းသည် ချောင်ဖုန်းနဲ့ အကြီးအကဲရှိမ်ကို လူများစွာ ရှိနေသော အခန်းတစ်ခုထဲသို့ ပို့ပေးလိုက်သည်။

ထိုအခန်းထဲတွင် ရှိသော လူအားလုံးနီးပါး အဂ္ဂိရတ်ပညာရှင်တံဆိပ်များ တပ်ဆင်ထားတာကို ချောင်ဖုန်းသည် တွေ့ရှိလိုက်ရသည်။ သူတို့ထဲတွင် အသက်အကြီးဆုံးဖြစ်တဲ့အဖိုးအိုသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် တံဆိပ်ကို တပ်ဆင်ထားလေသည်။

ချောင်ဖုန်းနှင်အကြီးအကဲရှိမ်သည် ခုံလွတ်နှစ်ခု အတူ အနီးကပ်ထိုင်လိုက်သည်။ချောင်ဖုန်းတွင် အဂ္ဂိရတ်ပညာရှင်တံဆိပ်မတပ်ဆင်ထားတာကြောင့် ထိုအခန်းတွင်းမှ လူအများစုသည် ချောင်ဖုန်းကို အဆင့်သုံးအဂ္ဂိရတ်ပညာရှင်တစ်ယောက်လို့သာ ထင်မှတ်ထားကြသည်။

ထိုချိန်မှာပဲ လူတစ်ယောက်သည် လက်နောက်ပစ်ကာ ဝင်လာပြီး ချောင်ဖုန်းအနားက ထိုင်ခုံမှာ ထိုင်လိုက်သည်။ထိုလူကတော့ ချီအဂ္ဂိရတ်ပညာရှင်ဂိုဏ်းမှ သခင်လေးရှောက်ဝေ့ပင်ဖြစ်သည်။ရှောက်ဝေ့သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်နေသောကြောင့် လူတိုင်းက လေးစားအားကျကြသည်။

နာရီဝက်အနည်းငယ် ကြာပြီးတဲ့နောက် မှာအခန်းထဲ ခုံလွတ်များတွင် လူအားလုံး ပြည့်သွားခဲ့သည်။ထိုအချိန်မှာ ဂျန်ဇီးယန်းရောက်ရှိလာပြီး "နဂါးမင်းတံဆိပ်ဂိုဏ်းကို ကြွရောက်လာတဲ့မိတ်ဆွေများအားလုံးကို ကြိုဆိုပါတယ် " ဟု အရင်ဆုံးပြောလိုက်သည်။

ထို့နောကိ ဂျန်ဇီးယန်းသည် လက်ခုပ်နှစ်ချက် တီးလိုက်တဲ့အခါ အစေခံတစ်ချို့ရောက်ရှိလာကာ စာရွက်များအားလုံးကို အားလုံးထဲ ပတ်ဝေလိုက်သည်။ထို့နောက် ဂျန်ဇီးယန်းသည် အကုန်လုံးကြားအောင် ပြောလိုက်သည်။

စာရွက်ထဲတွင် ဖော်ပြထားသော ဆေးလုံးများစွာကို တက်နိုင်သလောက်ဖော်စပ်နိုင်သောသူ့ကို ဆေးလုံးရဲ့တန်ဖိုးအလိုက် ရတနာများချီးမြှင့်မယ့်အပြင် နဂါးမင်းတံဆိပ်ဂိုဏ်း၏ အထူးပုဂ္ဂိုလ်သတ်မှတ်ပေးမယ်ဟု ပြောလိုက်သည်။

ထိုအခါ အခန်းအတွင်းရှိ အဂ္ဂိရတ်ပညာရှင်များသည် နဂါးမင်းတံဆိပ်ဂိုဏ်း၏ ဆွဲဆောင်မှုများကြောင့် အလွန်ပင် သဘောကျ စိတ်ဝင်စားသွားကြသည်။ဂျန်ဇီးယန်းသည် ထို့နောက်သိုလှောင်ကွင်းတစ်ကွင်းစီ အားလုံးကို ပေးလိုက်ပြီး "ဒါက ဆေးလုံးတွေအားလုံးရဲ့ ဆေးအမယ်သုံးစုံစီ ထည့်သွင်းထားတဲ့သိုလှောင်ကွင်းပါ " ဟု ပြောလိုက်သည်။

ထို့နောက် ဂျန်ဇီးယန်းသည် ထိုဆေးလုံးများကို သီးသန့်ဖော်စပ်ရမည်မဟုတ်ဘဲ အားလုံးက တစ်ချိန်မှာ ကိုယ်ဖော်စပ်နိုင်သည့် ဆေးလုံးကို ဖော်စပ်ပြီး ပြိုင်ရမည်ဖြစ်ကြောင်း ပြောလိုက်သည်။ထိုထဲမှ တူညီစွာဖော်စပ်ထားသောဆေးလုံးများထဲမှ အရည်အသွေးအကောင်းဆုံး ဖော်စပ်နိုင်သောလူကို သီးသန့်ဆု ချီးမြှင့်အုံးမယ် " ဟု ပြောလိုက်သည်။

ထိုဆေးလုံးများ၏ အရည်အသွေးကို စစ်ဆေးဖို့အတွက် ချီအဂ္ဂိရတ်ပညာရှင်ဂိုဏ်းမှ ဆရာကြီးကျန်းယန်ကို ဖိတ်ခေါ်ထား​ကြောင်း ပြောပြလိုက်သည်။ဆရာကြီးကျန်းယန်ဆိုသူသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်နေတာ နှစ်ပေါင်းအလွန်ကြာနေပြီဖြစ်သည်။

ထို့နောက်ဆေးလုံးများကို ဖော်စပ်ရန် ဂျန်ဇီးယန်းသည် အားလုံးကိုခေါ်သွားခဲ့သည်။အလွန်ခမ်းနားကျယ်ဝန်းသော ခန်းမကြီးတစ်ခုတွင် ဆေးဖော်စပ်ရန်ပြုလုပ်ထားသော နေရာအခင်းအကျင်းများစွာကို တွေ့လိုက်ရသည်။

အားလုံးသည် ကိုယ်စီနေရာတစ်ခုစီ ယူလိုက်ပြီး ဆေးမီးဖိုများထုတ်ကာ ဆေးစတင်ဖော်စပ်ဖို့ ပြင်ဆင်လိုက်ကြသည်။ထိုချိန်မှာ ဂျီဝူး ၊ ဆရာကြီးကျန်းယန် နဲ့ အကြီးအကဲအချို့သည် ဒုတိယအထပ် ဝရံတာမှ ချောင်ဖုန်းတို့ ဆေးဖော်မှာကို စောင့်ကြည့်နေကြလေသည်။

ခဏအကြာမှာတော့ အဂ္ဂိရတ်ပညာရှင်များအားလုံးသည်

စတင်ပြီး ဆေးအမယ်များကို စတင်ပါတော့သည်။ချောင်ဖုန်းကတော့ ဆေးအမယ်တွေက သုံးစုံစာဖြစ်နေတဲ့အတွက် ကျန်တဲ့နှစ်စုံစာကို ရရှိဖို့ တွေးနေလေသည်။

ခဏအကြာမှာပဲ အားလုံးသည် ပထမဆုံးဖြစ်သည့် အဆင့်သုံးအဆင့်ဆေးလုံးဖြစ်သည့် လျှိဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်သွားကြသည်။လျှိဆေးလုံးသည် ဒဏ်ရာတွေ လျင်မြန်စွာ ကုသပေးနိုင်သော ဆေးလုံးတစ်လုံးဖြစ်သည်။

အားလုံးသည် ဆေးပေါင်းများစွာ ဖော်စပ်နေသောကြောင့် နဂါမင်းတံဆိပ်ဂိုဏ်းမှာ ဆေးရနံပေါင်းစုံ မွှေးကြိုင်နေပါတော့သည်။ချောင်ဖုန်းသည် ဒုတိယအထပ် ဝရံတာကို ကြည့်လိုက်မိသော်အခါ ဂျီးဝူးဆီမှ အလွန်ကြောက်စရာကောင်းသော အငွေ့အသက်ကို ခံစားနေရသည်။

ချောင်ဖုန်းသည် သူရဲ့စိတ်ထဲတွင် "ဒီလူက နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်မှာကျိန်းသေလောက်တယ် ခုချိန်မှာ ငါက သူ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး " ဟု တွေးနေခဲ့သည်။ချောင်ဖုန်းတို့သည် အဆင့်သုံး ၊ အဆင့်လေး ဆေးလုံးများ အမျိုးမျိုးကိုဖော်စပ်ပြီးတဲ့နောက် အဆင့်ငါးဆေးလုံးဖော်စပ်ရန် အချိန်ကျရောက်လာခဲ့သည်။

ထိုထဲတွင် အဆင့်လေးဆေးလုံးထက်မဖော်စပ်နိုင်သူများသည် သူတို့ဖော်စပ်ထားသော ဆေးလုံးများကို ပေးအပ်လိုက်ကြပြီး ဆက်လက်ဖော်စပ်သူများရဲ့ ပွဲကြည့် ပရိတ်သတ်လုပ်လိုက်ကြသည်။

ထိုပွဲကြည့်ပရိတ်သတ်အထဲမှ လင်းရုံဆိုသောလူသည် ချောင်ဖုန်းကိုကြည့်ကာ လူအားလုံး၏ ရှေ့တွင် "မင်းကကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ.....အဆင့်ငါးဆေးလုံးဆိုတာ မင်းထင်သလိုဖော်စပ်ရလွယ်ကူမှာမဟုတ်ဘူး ၊ မင်းလေ့ကျင့်ချင်ရင် တခြားနေရာမှာ လေ့ကျင့်သင့်တယ် "ဟု ပြောလိုက်သည်။

ထိုအခါ သူ့နောက်မှ အသက်ကြီးသောလူတွေကလဲ "သူပြောတာမှန်တယ် ကောင်လေး မင်းအတွက်နဲ့ အားလုံးအနှောက်အယှက်ဖြစ်ကုန်ကြရင် မင်းဆုမရတဲ့အပြင် ဒဏ်ပါပေးခံနေရအုံးမယ် "ဟု ပြောကာ လင်းရုံရဲ့စကားကို ထောက်ခံလိုက်သည်။

ချောင်ဖုန်းသည် ထိုလူတွေရဲ့ စကားကို ဂရုတောင်မစိုက်ဘဲ ဆေးအမယ်အားလုံးကို တစ်ပြိုင်နက်ထဲ ထည့်ကာ သန့်စင်ပစ်လိုက်လေသည်။အားလုံးသည် ချောင်ဖုန်းရဲ့လုပ်ရက်ကြောင့် တံတွေးများပင် သီးသွားကြလေသည်။

လင်းရုံသည် ရယ်လိုက်ပြီး "ဟားဟား.....ဆောက်ရူးကောင် ၊ မင်းထိုက်နဲ့မင်းကံ ခံပေတော့ " ဟု ပြောကာ လှောင်ပြောင်နေခဲ့သည်။ဆရာကြီးကျန်းယန်သည် ရေနွေးသောက်နေရင်းပင် သီးကာ ဖန်ခွက်ကို စားပွဲလေးပေါ်သို့ အမြန်ချလိုက်ရသည်။

ဂျီဝူးသည် "ဆရာကြီးကျန်းယန်.......ခင်ဗျားအဆင်ပြေရဲ့လား " ဟု မေးလိုက်သည်။ကျန်းယန်သည် သူ့နှုတ်ခမ်းကို ပုဝါဖြင့်သုတ်လိုက်ပြီး "ငါအဆင်ပြေပါတယ်......အဲ့ကောင်လေးက တကယ်မဆင်မခြင်လုပ်တာပဲ " ချောင်ဖုန်းကို ကြည့်နေရင်း ဂျီဝူးကို ပြန်ပြောလိုက်သည်။

ချောင်ဖုန်းဘေးမှ ဆေးဖော်စပ်သူတွေလဲ ချောင်ဖုန်းရဲ့ဆေးမီးဖို ပေါက်ကွဲ၍ သူတို့ကို ထိခိုက် မှာကို စိုးရိမ်နေကြသည်။မိနစ်အနည်းငယ်ကြာတတောင် ချောင်ဖုန်းရဲ့ ဆေးမီးဖိုသည် ပုံမှန်အတိုင်းပဲ ရှိနေတာကြောင့် အားလုံးသည် အံ့အားသင့်နေကြသည်။

လင်းရုံသည် "မဖြစ်နိုင်တာ.......မင်းလိုဆောက်ရူးကောင် ဘယ်လိုနည်းလမ်းတွေကို သုံးနေတာလဲ " ဟု ချောင်ဖုန်းကို ကျိန်ဆဲလိုက်၏ ။ ချောင်ဖုန်းသည် "ထွက်ခဲ့လိုက်တော့ ငါရဲ့ဆေးလုံးလေး " ဟု ပြောလိုက်တဲ့အခါ အဝါရောင်လင်းထိန်နေသော ဆေးလုံးလေးသည် အတောင်ပံ သေးသေးလေးနှစ်ဖက်ဖြင့် ထွက်ပေါ်လာလေသည်။

ထိုဆေးလုံးလေးကို မြင်ရသော သူအားလုံးသည် လုံးဝမယုံကြည်နိုင်ဖြစ်နေကြလေသည်။ချောင်ဖုန်းသည် နတ်သမီးဆေးလုံးဟု ခေါ်သော အဆင့်ငါးဆေးလုံးအား သေချာကြည့်လိုက်ပြီး ဆေးပုလင်းလေးထဲသို့ အမြန်ထည့်လိုက်သည်။

ကျန်းယန်သည် "ဂိုဏ်းချုပ်ဂျီဝူး....... အဲ့ဆေးလုံးလေးကို ငါစစ်ဆေးကြည့်ဖို့ ဆောင်ရွက်ပေးပါအုံး" ဟု ပြောလိုက်သည်။ထိုအခါ ဂျီးဝူးသည် အကြီးအကဲဖုန်းတုယီကို ချောင်ဖုန်းဖော်စပ်လိုက်သော နတ်သမီးဆေးလုံးကို သွားယူခိုင်းလိုက်သည်။

ဖုန်းတုယီသည် ချောင်ဖုန်းကို ရိုရိုသေသေပင် ဆေးလုံးကို စစ်ဆေးဖို့ တောင်းသွားလိုက်ပြီး ကျန်းယန်ရှိသို့ ပေးလိုက်သည်။ကျန်းယန်သည် ချောင်ဖုန်းရှိမှ ဆေးပုလင်းရသောအခါ သူ့သိုလှောင်ကွင်းထဲမှ ရတနာပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ထိုရတနာပစ္စည်းသည် ဆေးလုံးရဲ့ အရည်အသွေးကို စမ်းသပ်ပေးသော ရတနာပစ္စည်းလေးပင်ဖြစ်သည်။

All Chapters