ကြီးကြီးကျယ်ကျယ် အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်
Vol. 52 Ch. 715
မိုဝူကျိက ဆေးလုံးတချို့ ထုတ်ကာ စုကျီအန်း ပါးစပ်ထဲ တိုက်ပေးလိုက်သည်။ အတိအကျဆိုရလျှင် စုကျီအန်းက သူ့ဘာသာ လွတ်မြောက်လာခြင်း မဟုတ်ဘဲ ပြန်အပို့ခံလိုက်ရခြင်း ဖြစ်ပေသည်။
လိုက်ပို့သူမှာ ကျော့ဖျင်အန်း လက်အောက်မှ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်ပေသည်။ စုကျီအန်းကို ပို့ဆောင်ပြီးနောက် ထိုသူက ချက်ချင်း ထွက်သွားလေ၏။
လက်ရှိ စုကျီအန်းက ဒဏ်ရာအပြင်းအထန် ရနေပြီး သူ့အသိစိတ်ပင်လယ်၌ ဒဏ်ရာဖြစ်သွားရုံသာမက ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပျက်စီးသွားလေသည်။ ပြောရမည်ဆိုလျှင် မိုဝူကျိ၏ သဘာဝကျီဆေးလုံးကြောင့်သာ မဟုတ်လျှင် ဤသို့မျိုး ဒဏ်ရာမျိုးက စုကျီအန်း၏ ကျင့်ကြံဆင့်များအားလုံးကို အလကား ဖြစ်သွားစေလိမ့်မည်။
သဘာဝကျီဆေးလုံး၏ ထိရောက်လှသည့် သက်ရောက်မှုကြောင့် စုကျီအန်း၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ဖြည်းဖြည်းချင်း ဖွဲ့စည်းလာ၏။ သူက မျက်လုံးကို ဖွင့်ကာ အသက်ပြင်းပြင်း ရှုထုတ်လိုက်ပြီး မိုဝူကျိကို မြင်သည့်အခါမှ စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ မိုဝူကျိက လက်ကာပြလိုက်ပြီး တခြားဘာမှမလုပ်ခင် အရင်ဆုံး ကုသမှုခံယူရန် လက်ဟန်ပြလိုက်သည်။
လေးနာရီကြာမြင့်ပြီးနောက် ဖြူဖတ်ဖြူရော် မျက်နှာနှင့် စုကျီအန်းက အခန်းမှ ထွက်လာလေ၏။
“ ဒဏ်ရာတွေက ဘယ်လိုလဲ …” မိုဝူကျိက စုကျီအန်းကို စစ်ဆေးကြည့်ဖို့ရာ စိတ်စွမ်းအား မသုံးလိုက်ချေ။
“ ဂိုဏ်းချုပ်ရဲ့ အဖိုးတန်ဆေးလုံးတွေနဲ့ ကျုပ်ကို ကုသပေးလို့ ကျေးဇူးတင်ပါတယ်။ အချိန်တစ်ခုအထိ ကျင့်ကြံလိုက်ရင် ကျုပ် ဒဏ်ရာတွေ ပျောက်သွားမှာပါ ….” စုကျီအန်း အသံတွင် လေးစားမှုများ ပါဝင်နေပေ၏။
သူ့ဒဏ်ရာများအကြောင်း အသိဆုံး ဖြစ်ပေသည်။ သူသာ ဖင်းဖန်နှင့် ဂိုဏ်းချုပ်မို လက်အောက်သို့ မခိုဝင်လျှင် သူ့အနေနှင့် ဤသို့ ဒဏ်ရာမျိုးမှ ပြန်ကောင်းလာဖို့ရာ အလွန်ခက်ခဲလှပေသည်။ သူ့အနေနှင့် ထိပ်တန်းအဆင့် ရတနာတွေ့ရှိလျှင်ပင် တစ်ရက်၊ နှစ်ရက်အတွင်း ပျောက်ကင်းအောင် ကုသနိုင်မည် မဟုတ်ပေ။ နှစ်ထောင်ချီမှ နှစ်သန်းချီ၍ ကြာမြင့်သွားနိုင်သည်။
သူက အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့် ဖြစ်သော်လည်း အသက်ကြီးရင့်လာ၍ မသေဆုံးတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူ့ဒဏ်ရများ မပျောက်ဆုံးခင် သက်တမ်းစေ့သွားလောက်လေ၏။
မိုဝူကျိက ခေါင်းညိတ်ကာ “ ကျုပ်က ခင်ဗျားကို ဒီခရီးမှာ ဝန်ပေးမိပြီ။ ခင်ဗျားက အင်မော်တယ် အုပ်စိုးသူအဆင့် တစ်ယောက်ကို ဘယ်လိုလုပ် ဒီလောက်ဒဏ်ရာတွေ ရလာတာလဲ။ ဘယ်သူ လုပ်လိုက်တာလဲ … ”
မိုဝူကျိက ထိုအရာမှာ ကျော့ဖျင်အန်း လက်ချက် မဟုတ်ကြောင်း သေချာသိနေသည်။ သူနှင့် ကျော့ဖျင်အန်းတို့ကြားရှိ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်သည်ဟု ယူဆ၍ ရပေသည်။ ကျော့ဖျင်အန်းက သူ့အပေါ် ကျေးဇူးကြွေး တစ်ခု ရှိနေပြီး ကျော့ဖျင်အန်းက ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ ထွက်မလာလိုလျှင်ပင် သူက စုကျီအန်းကို တိုက်ခိုက်မည် မဟုတ်ပေ။ ထို့အပြင် အကယ်၍ ကျော့ဖျင်အန်းက စုကျီအန်းကို တိုက်ခိုက်သူ ဖြစ်နေလျှင် စုကျီအန်းက ဒဏ်ရာများနှင့် ပြန်ရောက်လာမည် မဟုတ်ဘဲ သေလောက်လေပြီ။
မိုဝူကျိက စုကျီအန်းသည် ကျော့ဖျင်အန်းကို ရန်စမည့် စကားမျိုး ပြောမည့်သူ မဟုတ်ကြောင်းလည်း ယုံကြည်မိသည်။ သူ့လက်အောက်ရှိ အဆင့်မြင့် ကျင့်ကြံသူများကြား စုကျီအန်းမှာ အရင့်ကျက်ဆုံးနှင့် အလေးနက်အရှိဆုံးသူ ဖြစ်ကာ ကျော့ဖျင်အန်းကဲ့သို့ မဟာဧကရာဇ် တစ်ဦးအား ဒေါသထွက်စေမည့် အပြုအမူမျိုး လုပ်မည် မဟုတ်ချေ။
“ ငြိမ်းချမ်းရေးကျွမ်းဆွယ်ကို တစ်ယောက်ယောက်က အမြစ်ဖြတ်ရှင်းထားလိုက်ပြီ။ အခု ကျတ်တီးမြေ တစ်ခုလို ဖြစ်နေပြီ။ ကျုပ်က အထဲဝင်ပြီး အခြေအနေကို ကြည့်ဖို့ရာ လုပ်တုန်း အင်မော်တယ်အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့ခဲ့တာ …. ”
“ ခဏ …” မိုဝူကျိက စုကျီအန်း စကားကို ဖြတ်ပြောလိုက်ပြီး “ အဲဒီအင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူကြောင့် ဒီလောက် ဒဏ်ရာရလာတာလား ”
စုကျီအန်းက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြကာ
“ ကျုပ်က အဲဒီ အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူကြောင့် ဒဏ်ရာရလာတာပါ။ ကျုပ်က အင်မော်တယ်လောကမှာ သာမာန်လောက်ပဲ ဆိုပေမဲ့ အားကောင်းတဲ့ တခြားအင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူတွေနဲ့ တွေ့ဖူး၊ မြင်ဖူး၊ ရင်ဆိုင်ဖူးပါတယ်။ ဒါပေမဲ့ သူ့လို လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး ”
မိုဝူကျိက လေးလေးနက်နက်ဖြင့် သူက စုကျီအန်း၏ အင်အားအစစ်အမှန်ကို မသိသော်လည်း စုကျီအန်းသည် အင်မော်တယ်အုပ်စိုးသူ နောက်ပိုင်းအဆင့်တွင် ရှိနေပြီး ဓားအကျဉ်းထောင်ထဲ၌ နှစ်များစွာ ခက်ခဲသည့်အချိန်များကို ကျော်ဖြတ်လာရကြောင်း သိပေသည်။ ဤသို့မျိုး လူမျိုးက အင်မော်တယ်အုပ်စိုးသူ အစောပိုင်းအဆင့် ကျင့်ကြံသူလေးနှင့် မယှဉ်နိုင်ခြင်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။ အရိုးသားဆုံးပြောရလျှင် စုကျီအန်းသည် ထိုသူလက်ထဲ၌ ပျောက်ကွယ်လုမတတ် ဖြစ်ခဲ့လေရာ ထိုလူက မည်မျှပင် ကြောက်မက်ဖို့ ကောင်းနေသနည်း။
“ အဲဒီလူရဲ့ ပုံစံကို အတိအကျပြောကြည့်…” မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်။
“ ဟုတ် ..” စုကျီအန်းက ခဏတာ စဉ်းစားပြီးနောက် လေထုထဲ ပုံရိပ်တစ်ခု ရေးဆွဲပြလိုက်သည်။
ကြည့်ရသည်မှာ ထိုအမျိုးသားမှာ သိပ်အသက်မကြီးသေးဘဲ သာမာန်တည်ဆောက်ပုံ ရှိလေ၏။ ဝါကျစ်ကျစ် အသားရေနှင့် စူးရှသော မျက်ဝန်းများ ရှိပေသည်။ သူက အညိုရောင် ဖိနပ်နှင့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားအိမ် မပါရှိသည့် ဓားတစ်လက်ကို နောက်ကျော၌ လွယ်ထားလေသည်။
“ သူကိုး …” မိုဝူကျိက ရုတ်တရက်ဆိုသလို အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းဖို့ရာ အလျှင်လိုသွားမိ၏။ နှမြောစရာကောင်းသည်က မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေကာ ကိုယ်တိုင် ဖန်တီးထားသော အမွေအနှစ်နှင့်အတူ ဆေးလုံးများ မြောက်များစွာ ရှိနေလျှင်ပင် သူ့အခြေခံမှာ အင်မော်တယ်ဘုရင် အဆင့် တက်လှမ်းဖို့ရာ အားနည်းနေသေး၏။ မဟုတ်လျှင် သူက ဖင်းဖန် မတည်ထောင်ခင် အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနိုင်လိမ့်မည်။
“ ဂိုဏ်းချုပ်က အဲဒီလူကို သိနေတာလား ” စုကျီအန်းက မြန်မြန် မေးလိုက်သည်။
မိုဝူကျိအနေနှင့် ဟွမ်ရှားက အင်မော်တယ်လောကဆီ တက်လှမ်းလာသည်မှာ မကြာမြင့်သေးဘဲ အင်မော်တယ် အုပ်စိုးသူအဆင့်သို့ အချိန်တိုလေးအတွင်း မြန်မြန် ရောက်ရှိသွားသည်ကို အံ့အားသင့်နေမိသည်။
မိုဝူကျိက ခေါင်းညိတ်ပြကာ
“ ခင်ဗျားတို့တွေ သူ့ကို မသိတာက ပုံမှန်ပဲ။ သူ့နာမည်က ဟွမ်ရှားတဲ့။ မဟာဓားလမ်းစဉ်ဂိုဏ်းကပဲ …. အင်မော်တယ်လောက ရောက်လာတာ သိပ်မကြာသေးပေမဲ့ သွေးဆာလွန်းတယ် ပြီးတော့ အရမ်းလည်း အားကောင်းတယ် ”
“ နောက်ထပ် မဟာဓားလမ်းစဉ်ဂိုဏ်းသားလား …. သူ့ကို အပြတ်ရှင်းပစ်မယ် ” ဝေကျီတောက်၏ မျက်ဝန်းများမှာ အေးစက်ကာ သတ်ဖြတ်ငွေ့များ အလျှံ့အပယ် ထွက်ပေါ်နေလေ၏။
မိုဝူကျိက ပြန်ဖြေလိုက်သည်
“ ငြိမ်းချမ်းရေးကျွန်းဆွယ် ပျက်စီးသွားတာ မဟာဓားလမ်းစဉ်ဂိုဏ်းနဲ့ အဓိက ပတ်သတ်နေလိမ့်မယ်။ ဟွမ်ရှားက ဉာဏ်နီဉာဏ်နက်များတဲ့သူဆိုတော့ ညာလက်ရုံးဝေ သွားရင်တောင် သူ့ကို မြင်လိုက်ရမှ မဟုတ်ဘူး။ သူက ခင်ဗျားနဲ့တော့ တိုက်မှာ မဟုတ်ဘူး။
သူ ခင်ဗျားရှေ့ ပေါ်လာရင်တော့ အဲဒါက ညာလက်ရုံးဝေအနေနဲ့ သူတို့ မဟာဓားလမ်းစဉ်ဂိုဏ်းက အင်မော်တယ် ဧကရာဇ်တွေ ဝိုင်းထားပြီဆိုတဲ့ သဘောပဲ …. ကျုပ်တို့တွေ လက်စားပြန်ချေကြမယ် ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး ”
“ ဂိုဏ်းချုပ်က အဲလူကို မြင်ဖူးတယ်လား ” ဝေကျီတောက်က မေးလိုက်၏။
မိုဝူကျိက ဟွမ်ရှားနှင့် အလွန်ရင်းနှီးကျွမ်းဝငနေခြင်းမှာ ဟွမ်ရှားက သူ့အား နတ်ဘုရား မျှော်စင်အတွင်း သတ်ရန် ကြိုးစားခဲ့၍ ဖြစ်သည်။ ထိုကြိုးစားမှုကို လင်းလုနန်က တားပေးလိုက်လေ၏။ ထိုသို့ဆိုမှ သူက လင်းလုနန်အပေါ် ကျေးဇူးကြွေးတင်နေသေး၏။ နှမြောစရာကောင်းသည်က လင်းလုနန်မှာ နတ်ဘုရားမျှော်စင်အတွင်း ပိတ်မိနေပြီး သေလား၊ ရှင်လား မသိရသေးပေ။
“ ဟုတ်တယ် …. ကျုပ် သူ့ဆရာနဲ့ ဂျုနီယာညီလေးကို သတ်ပစ်ခဲ့တာ။ အဲဒါကြောင့် အဲဒီလူက ကျုပ်ကို သတ်ဖို့ အခွင့်အရေး လိုက်ရှာနေတာပဲ …” မိုဝူကျိက ဖြေလိုက်၏။
“ အာ ….” စုကျီအန်းက ခဏတာ တုန်လှုပ်သွားပြီးနောက် မိုဝူကျိအား လေးလေးစားစား ဦးညွှတ်ကာ ပြောလိုက်သည် “ တျန်းဂျီဂိုဏ်းအတွက် လက်စားချေပေးတဲ့အတွက် ဂိုဏ်းချုပ်မိုကို ကျေးဇူးအရမ်းတင်ပါတယ် …”
စုကျီအန်းသည် တျန်းဂျီဂိုဏ်းကို မည်သူ ဖျက်စီးလိုက်မှန်း သိပေသည်။ မဟာဓားလမ်းစဉ်ဂိုဏ်းရှိ ဧကရာဇ်တပိုင်းအဆင့် ကျင့်ကြံသူ၏ အကူကို တောင်းခံခဲ့သော ဆာကျန်းကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် ဓားအကျဉ်းထောင်ထဲ အဖမ်းခံရမည် မဟုတ်ပေ။
မိုဝူကျိက လက်ခါပြကာ
“ အကြီးအကဲစုက အားနာလွန်းနေပါပြီ။ ကျင့်ကြံခြင်းလောကမှာတုန်းက ကျုပ်လည်း တျန်းဂျီဂိုဏ်းချုပ် ဖြစ်ခဲ့တယ်လေ။ အင်မော်တယ်လောကကို ရောက်လာပြီးတော့ တျန်းဂျီဂိုဏ်း အပါအဝင်ဖြစ်တဲ့ ဖင်းဖန်ကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တာ …. ”
စုကျီအန်းက နောက်တစ်ဖန် အံ့ဩသွားပြန်သည်။ သူက မိုဝူကျိအား လေးလေးစားစား ဦးညွှတ်ကာ
“ ကျီအန်းက ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ်အနေနဲ့ တျန်းဂျီဂိုဏ်းအတွက် မျှတမှု ရအောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်ဗျာ ”
အစပိုင်းတွင် စုကျီအန်းက တျန်းဂျီဂိုဏ်း ကိစ္စများအား များများစားစား မပြောရဲသော်လည်း မိုဝူကျိက တျန်းဂျီဂိုဏ်းချုပ် ဖြစ်ခဲ့ကြောင်း ကြားသိပြီးသည့်နောက် သူက ချုပ်တည်းမထားတော့ပေ။ သူ့စိတ်ထဲ၌ သူက ဖင်းဖန်ထဲမှ တျန်းဂျီဂိုဏ်း မဟုတ်ဘဲ တျန်းဂျီဂိုဏ်းကို ပြန်လည် တည်ဆောက်လိုစိတ် ကြီးမားနေသည်။
မိုဝူကျိက သက်ပြင်းချကာ
“ အကြီးအကဲစုရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။ အစတုန်းက ကျုပ်လည်း အင်မော်တယ်လောကမှာ တျန်းဂျီဂိုဏ်း တည်ထောင်ဖို့ လုပ်ခဲ့တာ။ ဒါပေမဲ့ နယ်မြေအသစ်ကို ရောက်လာပြီးတော့ ကျုပ်အတွေးတွေ ပြောင်းလဲသွားတယ်။ ကျုပ်က ဂိုဏ်းထက် ပိုမိုကြီးကျယ်တဲ့ အရာကို တည်ထောင်လိုတာ ”
“ ဂိုဏ်းချုပ် အဲဆို တျန်းဂျီဂိုဏ်းကို တခြားဂိုဏ်းတွေထက် ကြီးမားကြီးကျယ်အောင် ပြန်လည် တည်ထောင်လို့လည်း ရတယ်လေ ” စုကျီအန်းက ဝင်ပြောလေ၏။
မိုဝူကျိက စုကျီအန်းအား လက်ကာပြကာ
“ အရင်တုန်းက ကျုပ် တျန်းဂျီဂိုဏ်းကို ပြန်မတည်ထောင်ချင်တဲ့အကြောင်းက အစအဆုံး ကျုပ်ရဲ့ အမွေအနှစ်တွေပါတဲ့ ကျောင်းတော်ကို တည်ထောင်ချင်လို့ပဲ …. အဲဒီအချိန်တုန်းက ကျုပ်က လုံးဝ ဉာဏ်အလင်းမပွင့်သေးဘူး ဆိုပေမဲ့ ကျုပ် တစ်ခုခုကို ဆုံးဖြတ်ပြီးတာနဲ့ ဘယ်တော့မှ မပြောင်းလဲတတ်ဘူး။
တစ်ခုတည်းသော ချွင်းချက်က ဒီကျောင်းတော်ကို တည်ထောင်ဖို့ပဲ။ ကျုပ် ကျော်ဖြတ်လာရတဲ့ ကိစ္စအမျိုးမျိုးကို ပြန်လည်စဉ်းစားမိပြီးတော့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်လာတယ် ”
“ ဘာများလဲ ” စုကျီအန်းက မေးလိုက်၏။
“ ကျုပ် ဒဏ်ရာအပြင်းအထန် ရပြီးတော့ သေလုမတတ် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ကိုယ်ပိုင်တာအိုကို ပြီးပြည့်စုံအောင် လုပ်ဖို့ ပြန်ရောက်လာတဲ့အခါ တျန်းဂျီဂိုဏ်းက အင်မော်တယ်ဂိုဏ်းဖြစ်ဖို့ မသင့်တော်ဘူးဆိုတာကို သိခဲ့ရတယ်။ အကြောင်းအရင်းက ကျုပ်တို့တွေက မိုးမြေကိုလည်း မချိုးနှိမ်နိုင်သေးသလို မိုးမြေကနေ တာအိုစည်းမျည်းတွေကို လိုက်နာကျင့်သုံးနေရသေးတယ်။
ဒါကြောင့် ကောင်းကင်ဘုံ ကံတရား အမျိုးအစား တစ်ခုအဖြစ် ယူဆလို့ ရတယ်။ အဲဒါကြောင့် တျန်းဂျီဂိုဏ်းကို ပြန်လည် တည်ထောင်မဲ့အကြောင်းကို တစ်ယောက်ယောက်ကသာ ပြောရင် ဟာသ ဖြစ်နေလိမ့်မယ်။ ပြောချင်တာက ကျုပ်တို့တွေ မိုးမြေကို မဖိနှိပ်နိုင်သေးသရွေ့ တျန်းဂျီဂိုဏ်းက ကျရှုံးဖို့ ဦးတည်နေဦးမှာပဲ …. ”
မိုဝူကျိ လေသံမှာ ပို၍ လေးနက်လာ၏။ အစပိုင်းတွင် သူက တျန်းဂျီဂိုဏ်းကို ပြန်လည် တည်ထောင်လိုသော်လည်း သူ့တာအို ပြီးပြည့်စုံလာသည်နှင့် တျန်းဂျီဂိုဏ်းကို ပြန်လည် တည်ထောင်ဖို့ ကိစ္စအား ကန့်ကွက်လာသည်။ ယခုအချိန်အထိ သူက အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းခါနီးမျှသာ ရှိသေးလေရာ ထိုအတွင်းမှ ခမ်းနားကြီးကျယ်သည့် တာအိုကို စတင်နားလည်သဘောပေါက်လာသည်။
ကျင့်ကြံခြင်း လောကရှိ တျန်းဂျီဂိုဏ်းက တဖြည်းဖြည်းနှင့် အဘယ်ကြောင့် ဆင်းရဲသထက် ဆင်းရဲချို့တဲ့လာရတာလဲ ….
အင်မော်တယ်လောကသို့ ရောက်ရှိပြီးနောက် ဤနေရာရှိ တျန်းဂျီဂိုဏ်းမှာ တစ်ရက်ထက် တစ်ရက် ပိုဆိုးလာကာ အမြစ်ဖြတ်ခံရသည့်အထိ ဖြစ်လာခဲ့သည်။ မမြင်နိုင်သည့် ဝိညာဉ်ကမ္ဘာအတွင်း တျန်းဂျီဂိုဏ်း ရှင်သန်မှုနှင့် ပတ်သတ်ပြီး ဆန့်ကျင်နေသည့် တာအိုအရိပ်အယောင်တွေ ရှိနေ၏။
“ ဒါပေမဲ့ ပထမဂိုဏ်းချုပ် စီနီယာယွမ်ရီက တျန်းဂျီအမှတ်အသားပြားကို တွေ့ခဲ့တာလေ.... ”
စုကျီအန်း၏ စကားပြီးဆုံးအောင်အထိ မစောင့်ဘဲ မိုဝူကျိက ပြောလိုက်၏ “ အဲဒီ အမှတ်အသားပြားက ဂိုဏ်းချုပ်ယွမ်ရီအနေနဲ့ ဂိုဏ်းကို တည်ထောင်ဖို့အတွက် မဟုတ်ဘူး။ တခြားအဓိပ္ပါယ် ပါဝင်နေတယ် …. ”
စုကျီအန်းက တိတ်ဆိတ်သွားလေ၏။ သူ့အနေနှင့် ဂိုဏ်းချုပ်မို စကားများမှာ အမှန်ဖြစ်ကြောင်း သိပေသည်။ တျန်းဂျီဂိုဏ်း စတင်တည်ထောင်လာစဉ်ကတည်းမှ ကျရှုံးမှုသို့သာ ဦးတည်နေလေ၏။ အဆုံးသတ်၌ ဂိုဏ်းချုပ်ယွမ်ရီပင် တျန်းဂျီဂိုဏ်း၏ လျို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ခဲ့ပေ။
“ ဖင်းဖန် တည်ထောင်ပြီးရင် တျန်းဂျီဂိုဏ်းက ဖင်းဖန်မှာ တောင်ထိပ်တစ်ခု နေရာရမယ်။ အဲဒါကို ကောင်းကင် တောင်ထိပ်လို့ အမည်ပေးမယ် ….” မိုဝူကျိက စုကျီအန်း၏ စိတ်ပျက်မှုကို ခံစားမိသည်။
စုကျီအန်းကို ဆက်မဖြောင့်ဖြတော့ဘဲ မိုဝူကျိက ပြောလိုက်၏
“ ကျုပ် မထွက်သွားခင် ဖင်းဖန်ရဲ့ အပြင်ဘက်က ကာကွယ်ရေးအစီအရင်တွေကို တတ်နိုင်သမျှ မြန်မြန် ခင်းကျင်းပေးခဲ့မယ်။ ညာလက်ရုံးဝေက ဒီနေရာမှာ မပြီးစီးသေးတဲ့အရာတွေကို တာဝန်ယူလိုက်ပါ။ အကြီးအကဲစုက အပြည့်အဝ ပြန်ကောင်းလာရင် ညာလက်ရုံးဝေနဲ့ လုမင်တို့ကို ကူညီပေးလိမ့်မယ် … ”
“ ဂိုဏ်းချုပ်က အပြင်ထွက်မယ်ဆိုတော့ ကျန့်မင်ချန်းကို ခေါ်သွားလိုက်ပါ့လား ” ဝေကျီတောက်က မိုဝူကျိသည် အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနိုင်ရန် ရတနာရှာဖို့ရာ ထွက်သွားကြောင်း မှန်းဆမိသည်။ သူက ကျန့်မင်ချန်းကို လိုက်သွားလိုသည်မှာ ထိုအခါမှ သူ့အနေနှင့် ညာလက်ရုံးအဖြစ် ပြုမူနိုင်မည် ဖြစ်၏။
မိုဝူကျိက လက်ခါပြကာ
“ ကျုပ်က အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းဖို့ အခွင့်အရေး ရှာရုံလောက်ပဲ။ မင်ချန်းက အရမ်းအလုပ်များနေတာဆိုတော့ ကျုပ်ကြောင့် သူ့အလုပ်တွေ နှောင့်နှေးကုန်လို့ မဖြစ်ဘူးလေ ”
မိုဝူကျိက ဤနေရာတွင် ဖင်းဖန်တည်ထောင်ခြင်းက သူ့အတွက် အင်မတန် အဓိပ္ပါယ်ရှိကြောင်း ခံစားမိနေသည်။ သီးသန့်ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကိုတော့ သူလည်း ထုတ်မပြောတတ်ပေ။
“ ဂိုဏ်းချုပ်က အင်မော်တယ်ဘုရင်အဖြစ် တက်လှမ်းချင်တာဆိုတော့ ကျုပ်ဆီမှာ ဂိုဏ်းချုပ်အတွက် တစ်ခုရှိတယ် …..” စုကျီအန်းက ကျောက်စိမ်းပေလွှာထုတ်ကာ ပေးလိုက်သည်။
အမွေးတိုင်ဝက်စာကြာပြီးနောက် စုကျီအန်းက မိုဝူကျီအား ကျောက်စိမ်းပေလွှာကို ပေးကာ “ ဂိုဏ်းချုပ် ပြောတာ မှန်တယ်။ တျန်းဂျီဂိုဏ်းက အတိတ်မှာ ကျန်ခဲ့ပြီ။ အခု ဖင်းဖန်ပဲ ရှိတော့တယ် ”
မိုဝူကျိက ခေါင်းညိတ်ပြကာ ကျောက်စိမ်းပေလွှာကို လက်ခံလိုက်ရင်း စုကျီအန်းအား တအံ့တဩ ကြည့်မိလိုက်သည်။ သူ့စိတ်စွမ်းအားက ကျောက်စိမ်းပေလွှာကို စစ်ဆေးမိလိုက်သောကြောင့် စုကျီအန်းအား တအံ့တဩ ကြည့်လိုက်ခြင်း ဖြစ်၏။
“ ဘယ်လို သိနေတာလဲ ” မိုဝူကျိက စုကျီအန်းသည် မြေပုံတစ်ခု ဆွဲထုတ်လိုက်သောကြောင့် နားမလည်စွာ မေးလိုက်သည်။ ထိုမြေပုံမှာ ဂိုဏ်းချုပ်၏ မှုန်ဝါးဝါး အဖြူရောင်အမှတ်အသားပြားတွင် ရှိနေသော မြေပုံ ဖြစ်နေသည်။
“ ဒါက ကျုပ်တို့ ဘိုးဘေးတွေ ချန်ခဲ့တာလေ။ တျန်းဂျီဂိုဏ်းထဲက လူတချို့လောက်ပဲ သိကြတာ။ မျိုးဆက် တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းလာကြတာ။ ကျုပ်တို့မျိုးဆက်မှာတော့ လူသုံးယောက်ဆီမှာပဲ ရှိကြတယ် ” စုကျီအန်းက ရှင်းပြလိုက်သည်။
မိုဝူကျိက တျန်းဂျီဂိုဏ်းအတွင်းမှ စုကျီအန်း၏ အနေအထားအကြောင်း နားလည်သွားပေသည်။ ဤသို့မျိုး သတင်းကို ရရှိဖို့ရာ သူ့လိုမျိုး ထိပ်ဆုံးသုံးယောက်တွင် ရှိနေသော လူအတွက် ပုံမှန်သာ ဖြစ်၏။