← Chapters

အပိုင်း(၄၇၆)

Vol. 32 Ch. 476

အပိုင်း(၄၇၆)

Vol. 32 Ch. 476

ညအချိန်အခါသမယတွင်  ရွက်သင်္ဘောက   ပင်လယ်ပြင်၌ တစ်ကိုယ်တည်း ရွက်လွှင့်နေဆဲဖြစ်သည်။ သည်းထန်စွာရွာသွန်းနေသောမိုး၊

ပြင်းထန်စွာတိုက်ခတ်နေသော လေနှင့် ကြီးမားသော လှိုင်းလုံးကြီးများအား ရင်ဆိုင်၍ ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့မှာ  ကုန်းပတ်ပေါ်၌ ဝင့်ကြွားစွာရပ်နေဆဲဖြစ်နေပြီး လှိုင်းများကလည်း ပို၍ ပြင်းထန်သည်ထက်ပြင်းထန်လာသည်။

သို့သော်  သူတော်စင်နယ်ပယ်ကျင့်ကြံမှု ဖြင့်  ပြင်းထန်သောမုန်တိုင်းက သူတို့အပေါ်၌ လုံးဝသက်ရောက်ခြင်းမရှိပေ။  သူတို့အပေါ်သို့ မိုးစက်များကျဆင်းမလာခင်  သူတို့၏ ကိုယ်၌ စီးဆင်းလှည့်ပတ်နေသောစွမ်းအားကြောင့် ၎င်းတို့က အငွေ့ပျံသွားသည်။

“ညီလေးရှစ်.. ညီလေးက တစ္ဆေသင်္ဘောကို တွေ့ချင်နေတာလား”

ရှစ်ကျင်းရွှိုက်က   ရှစ်ဖုန့်အား ကကြည့်၍ ပြုံးလိုက်သည်။

“အင်း ဟုတ်တယ်”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟားဟား..တစ်ချို့လူတွေက  သူတို့ကို ရှောင်ဖို့ကို တောင်မစောင့်နိုင်ကြပေမဲ့  ညီလေးကတော့ တွေ့ချင်နေတယ်.. ဒါပေမဲ့ တစ္ဆေသင်္ဘောကို ပင်လယ်ပြင်မှာတွေ့ရဖို့ဆိုတာက တော်တော့်ကို ရှားပါးတယ်လေ..ဟားဟား”

“အင်း..ဒီသခင်လေးသိတယ်”

ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးနေပြန်ပြောလိုက်သည်။

“ဒီသခင်လေးသိချင်မိတယ်. အကယ်၍များအဲ့တာကိုတွေ့ခဲ့ရရင်   သင်္ဘောပေါ်မှာ တစ္ဆေတစ်ကောင်တကယ်ရှိနေမလား ဒါမှမဟုတ်  တစ်ခုခုက ဒီသခင်လေးတို့ကို လှည့်ကွက်တွေနဲ့လာကစားနေတာလားဆိုတာကို  သိချင်မိတယ်”

“ကောင်းပြီ..နောက်တောင်ကျနေပြီ ဂျူနီယာညီလေးရှစ်.. ညီလေး သင်္ဘောပေါ်က အခန်းထဲမှာ သွားပြီးတော့အနားယူတာပိုကောင်းလိမ့်မယ်.. အကယ်၍ ငါ့ရဲ့ကုန်သည်သင်္ဘောက တကယ်ပဲ ကံမကောင်းလို့  တစ္ဆေသင်္ဘောနဲ့ ကြုံတွေ့ခဲ့ရင် ချက်ချင်းတစ်ယောက်ယောက်ကို စေလွှတ်ပြီးတော့ ညီလေးကို အကြောင်းကြားခိုင်းလိမ့်မယ်”

ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက်  ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြုံးလိုက်သည်။ သူကသင်္ဘောအားတွေ့ချင်သော်လည်း အများကြီးတော့ မတွေးထားပေ။ တစ္ဆေသင်္ဘောက ဤကုန်သည်သင်္ဘောပေါ်ရှိ အခြားသောသူများအတွက်ကံဆိုးမှု

တစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။အထူးသဖြင့်   တစ္ဆေသင်္ဘောပေါ်၌ လက်တစ်ဖက်ကို ဆုံးရှုံလိုက်ရသော ဦးလေးဟောက်လိုလူမျိုးအတွက်ဖြစ်သည်။

သို့သော် ရှစ်ကျင်းရွှိုက်ကလည်း   တစ္ဆေသင်္ဘောအား  စပ်စုချင်နေသည်ဟု ရှစ်ဖုန့်ထင်သည်။  ထိုသို့မဟုတ်ပါက ၎င်းကသူ့အားအများကြီး

ပြောပြလိမ့်မည်မဟုတ်ပေ။

ထို့နောက်  ရှစ်ကျင်းရွှိုက်၏ ဦးဆောင်မှုအောက်တွင်  သူတို့နှစ်ယောက်သား သင်္ဘောအခန်းငယ်ထဲသို့လာခဲ့သည်။  ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား  အခန်းတစ်ခုဆီသို့ခေါ်လာပြီး   သစ်သားတံခါးထံသို့ညွှန်ပြလိုက်သည်။

“ညီလေးရှစ်  ညီလေးဒီညဒီမှာ အားရပါးရနေပြီးတော့အိပ်လို့ရတယ်”

“ဒီနေ့ခင်ဗျားရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက်ကျေးဇူးတင်ပါတယ်”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားကျေးဇူးတင်စကားဆိုလိုက်သည်။

“ဟားဟား..ကောင်းကောင်းအနားယူပါ.

မနက်ကြရင်တွေ့မယ်ညီလေး”

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားပြုံးပြသည်။ ထို့နောက်  သူ၏လက်အတွင်းရွှေစက္ကူယပ်တောင်အား ဝေ့ယမ်းပြီး   လမ်းအတိုင်းထွက်ခွာသွား၏။

ရှစ်ကျင်းရွှိုက်ထွက်ခွားသွားပြီးနောက်   ရှစ်ဖုန့်က ခေါင်းပြန်လှည့်လိုက်ပြီး  လက်ကိုဆန့်ထုတ်၍ သူ့ရှေ့ရှိ ရွှေရောင်သစ်သားတံခါးအားတွန်းလိုက်သည်။တံခါးဖွင့်သံနှင့်အတူ သစ်သားတံခါးကပွင့်သွားပြီး   ရှစ်ဖုန့်၏ မျက်လုံးအတွင်းသို့ သစ်လွင်ပြီးသပ်ရပ်ကျနသော အဆင်တန်ဆာများနှင့် အတွင်းဘေးဘက်ခြမ်းရှိ ကြီးမားသော ရွှေရောင်ကုတင်တို့က ဝင်ရောက်လာသည်။

ရုတ်တရက်ရေမွှေးနံ့ခပ်ဖျော့ဖျော့က ရှစ်ဖုန့်၏နှာခေါင်းအတွင်းသို့ ဝင်ရောက်လာပြီး  ရှစ်ဖုန့်၏မျက်လုံးတို့ ရုတ်တရက် ပြူးသွားသည်။

ရှစ်ကျင်းရွှိုက်သူ့အတွက်ပြင်ဆင်ပေးထားသော အခန်းအတွင်းရှိ ကြီးမားသော ရွှေချည်ဆိတ်နံသစ် သားဖြင့်ပြုလုပ်ထားသော  ကုတင်ပေါ်တွင် လွန်စွာလှပသော စွဲမက်ဖွယ်ကိုယ်ခန္ဓာတစ်ခုအားမြင်တွေ့လိုက်ရသည်။သူမ၏ ရှည်လျားသော အနက်ရောက်ဆံနွယ်တို့က ရေတံခွန်တစ်ခုကဲ့သို့ဖြာဆင်းနေပြီး   သူမ၏ လှပသောမျက်နှာ က လှပသော ငွားငွားစွင့်စွင့်ပွင့်နေသည့်ပွင့်ချပ်တစ်ခုနှယ်ဖြစ်သည်။သူမ၏ ပါးပြင်နှစ်ဖက်ကရဲနေပြီး  သူမ၏ အဝတ်ဗလာ ကိုယ်တစ်ဝက်အား  နှင်းကဲ့သို့ဖြူစွတ်သော ဝါဂွမ်းအိပ်ယာလွှမ်းဖြင့်ထွေးပတ်ထားသည်။ အခြားတစ်ဝက်ကတော  ပြင်ပသို့ ထွက်နေပြီး ပုံးကွယ်အပ်သောနေရာများအား ဝိုးတိုးဝါးတားမြင်တွေ့ရနို်ငသည်ဖြစ်သည်။  ယင်းက အခန်းအားနွေဦးရာသီတစ်ခုပြည့်သွား

စေကဲ့သို့ဖြစ်ပြီး  လူများ၏ စိတ်ကူးစိတ်သန်းကို အရိုင်းဆန်သွားစေနိုင်လောက်သည်ဖြစ်၏။

“ရှစ်ကျင်းရွှိုက်က   အကုန်လုံးကို ကောင်းကောင်းမွန်မွန်စီစဉ်ပေးထားတာပဲ”

ရှစ်ဖုန့်က ကုတင်ပေါ်ကအလှလေးအားကြည့်၍ခေါင်းခါလိုက်ပြီး   ၎င်းအားရယ်စရာတစ်ခုအဖြစ်တွေးလိုက်သည်။

“သခင်လေး”

ရှစ်ဖုန့်ဝင်လာသည်ကိုတွေ့ရသောအခါတွင်  ကုတင်ပေါ်၌ လဲလျောင်းနေသောအလှလေးက နူးညံ့ညင်သာစွာခေါ်လိုက်သည်။  သူမ၏အသံက ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးလှသည်။ထို့နောက်သူမ၏ ဦးခေါင်းအား ရှက်ရွံ့မှုအပြည့်ဖြင့်ငုံ့လိုက်၏။

သူမ၏ပုံစံမှာရှစ်ဖုန့်၏ မျက်နှာသာပေးမှုကိုစောင့်ဆိုင်းနေဟန်ရှိသည်။

သို့သော်  ဤကဲ့သို့လှပသောမျက်နှာဖြစ်သည့်တိုင် ရှစ်ဖုန့်က သူ၏လက်အားဝေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

“မင်းထွက်သွားတာပိုကောင်းမယ်.. ဒီသခင်လေးက တစ်ယောက်တည်းပဲနေနေကြ”

အမျိုးသမီးများနှင့်ပက်သက်လာလျှင်ရှစ်ဖုန့်၌ကိုယ်ပိုင်စည်းမျဉ်းများရှိသည်ဖြစ်သည်။ ဤအမျိုးသမီးက လှပသော်လည်း  ရှစ်ကျင်းရွှိုက်က သူ့နှင့်အိပ်ရန်အတွက် စီစဉ်ပေးထားသည်မှာသိသာထင်ရှားသည်။ သူမအနေဖြင့် များစွာယောက်ျားတို့၏ မျက်နှာသာပေးမှုကို ခံရမည်မှာသေချာသည်ဖြစ်၏။

အကယ်၍ သူမက အခြားသော ယောက်ျားများ၏ မျက်နှာသာပေးမှုအားမခံရသည်ဆိုလျှင်တောင်  ရှစ်ကျင်းရွှိုက်နှင့်တော့ ကြိမ်ဖန်များစွာ အိပ်စက်ရလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့ ဖိနှပ်စုတ်တစ်ရံအား သူမည်ကဲ့သို့ လက်သင့်ခံနိုင်ပါမည်နည်း။

“အာ”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်   လွန်စွာ အံ့အားသင့်သောအမူအယာက အမျိုးသမီး၏  မျက်နှာထက်၌ပေါ်လာသည်။  ယင်းမှာ ဤလူက သူမ၏ အလှတရားနှင့် တပ်မက်ဖွက်ကောင်းသောခန္ဓာကိုယ်အား အမှန်တကယ်  ငြင်းဆန်ဝံ့သည်ကို မယုံကြည်နိုင်ရဲခြင်းဖြစ်နေပုံရသည်။

“သူက သာမန်ယောက်ျားတစ်ယောက်ရော

ဟုတ်ရဲ့လား”

အမျိုးသမီးက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

“ကောင်းပြီ.. မင်းထွက်သွားလို့ရပြီ”

အမျိုးသမီးက လှုပ်ရှားခြင်းမရှိသည်အားတွေ့ရသောအခါတွင်   ရှစ်ဖုန့်၏ မျက်နှာကဖြည်းဖြည်းချင်းအေး

စက်မှုအဖြစ်ပြောင်းလဲလာသည်။

“ကျွန်..ကျွန်မ ညဘက်တစ်ယောက်တည်း

နေရမှာကြောက်တယ်.. သခင်လေး.. ဒီညအတွက်သခင်လေးကိုခစားပါရစေ..ကျွန်မသေချာပေါက် သခင်လေးပျော်ရွှင်ပြီးရင်း

ပျော်ရွှင်အောင်လုပ်ပေးမှာပါ”

အမျိုးသမီးက ရှစ်ဖုန့်အားဝမ်းနည်းနာကျင်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်ရုတ်တရက်  မျက်မှောင်ကြုတ်သွားသည်။  အမျိုးသမီး၏ ကိုယ်မှစီးဆင်းနေသောပန်း

ရောင်အခိုးငွေ့များနှင့် သူ့ဝန်းကျင်၌လျှင်မြန်စွာရစ်ခွေလာမှုတို့အား အာရုံခံမိလိုက်သည်။

“ဒီမိန်းမ..တစ်ခုခုတော့မှားနေပြီ.”

ထို့နောက် “ဘန်း”ဟူသောအသံနှင့်အတူ သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာသည်။ သူ့ထံသို့  တစ်ဟုန်ထိုးချဉ်းကပ်လာနေသော ပန်းရောင်အခိုးအငွေ့များက  သွေးရောင်မီးတောက်တို့ ၏ ရုတ်ခြည်းဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိ  မီးရှို့ဖျက်ဆီးခြင်းအားခံလိုက်ရသည်။

“မင်းကဘယ်သူလဲ”

ရှစ်ဖုန့်က အမျိုးသမီးအား အော်ပြောလိုက်သည်။

“ဘန်း”

ရှစ်ဖုန့်က သူ၏ညာခြေထောက်အား ကြမ်းပြင်ပေါ်သို့ ဆောင့်နင်းလိုက်ပြီး ရုတ်ခြည်းအမျိုးသမီးထံတိုးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း  ရှစ်ဖုန့်က အမျိုးသမီးရှေ့သို့ရောက်ရှိသွားပြီး  သူမ၏ လှပသောဦးခေါင်းအား အကြင်နာမဲ့လက်သီးတစ်လုံး

ပစ်သွင်းလိုက်သည်။

“သခင်လေး.. ရှင်ကအမျိုးသမီးတစ်ယောက်ကို ဘယ်လို ကြင်နာရမလဲဆိုတာကို တကယ်မသိတဲ့သူပဲ.. ဘယ်လိုဖြစ်ပြီးတော့ တို့ကို အရမ်းကြမ်းကြမ်းတမ်းတမ်းနိုင်ရတာလဲ”

အမျိုးသမီး၏ လှပသောမျက်နှာပေါ်၌ ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသေးသည်။

သူက ရှစ်ဖုန့်အား သနားစဖွယ်ကြည့်နေ၏။သို့သော် အမျိုးသမီးက သူမ၏ ညာလက်အားဆန့်ထုတ်လိုက်သည်။ ရုတ်တရက်  ပန်းရောင်ချီက သူမ၏လက်ဖဝါးမှထွက်လာပြီးရှစ်ဖုန့်၏ လက်သီးနှင့်တွေ့ဆုံသွားသည်။

“ဝု်နး”

လက်သီးနှင့်လက်ဖဝါးတို့ပစ်ဆောင့်မိကြ၏။  ရုတ်ခြည်း   ရှစ်ဖုန့်၏တစ်ကိုယ်လုံးနောက်သို့လွင့်ထွက်သွားသည်။ ရှစ်ဖုန့်မှာ ဤအမျိုးသမီး၏ တုံ့ပြန်မှုအောက်၌ တကယ်ကြီးရှုံးနိမ့်သွားခဲ့သည်။

“ဒီမိန်းမက မရိုးရှင်းဘူး”

နောက်သို့လွင့်ပျံနေရင်း  ဤအမျိုးသမီးပိုင်ဆိုင်ထားသော

စွမ်းအားအားရှစ်ဖုန့်သဘောပေါက်လိုက်၏။ သူပင်လျှင်သူမ၏ ကျင့်ကြံမှုအားထွင်းဖောက်မမြင်နိုင်ပေ။  ဤအမျိုးသမီးက ရှစ်ကျင်းရွှိုက်သူနှင့်အတူအိပ်ရန်

အတွက်စီစဉ်ပေးထားသော  အကူမိန်းကလေးသေချာပေါက်မဟုတ်ပေ။

သူမက ဤအခန်းအတွင်းသို့ဝင်

ရောက်ခဲ့ခြင်းကြောင့် သူနှင့်ပက်သက်၍ သူမတွင်ရည်ရွယ်ချက်အချို့ရှိပုံပေါ်သည်။

ဤအရာအားတွေးရင်းနောက်သို့လွင့်နေသောရှစ်ဖုန့်မှာ ရုတ်တရက်လေထဲ၌ ရပ်သွားပြီး သူ့ရှေ့ရှိအမျိုးသမီးအားစိုက်ကြည့်လိုက်သည်။

ထို့နောက်  အမျိုးသမီးကနှစ်လိုဖွယ်ကောင်း

သောအပြုံးတစ်ခုနှင့်အတူ  အိပ်ယာလွှမ်းအတွင်းမှထွက်လာသည်။

သို့သော် သူမ၏ အဝတ်မဲ့ကိုယ်ကိုကား ပန်းရောင် ပွင့်ချပ်တို့က ဝန်းရံထား၏။  ယင်းမှာသူမကပွင့်ချပ်တို့ဖြင့်ပြုလုပ်

ထားသော အဝတ်အစားအား ဆင်မြန်းထားသကဲ့သို့ဖြစ်သည်။

သူမက ရှစ်ဖုန့်အား ကလူ၏သို့ မြူ၏သို့ ပြုံးပြပြီးပြောလိုက်သည်။

“အကိုကြီး.တို့ကမလှဘူးလားဟင်.. အကိုကြီးသာဆန္ဒရှိရင်လေ.. တို့က ဒီညအကိုကြီးအတွက်ပဲ..တို့ကို အကိုကြီးကြိုက်တာအကုန်လုပ်လို့ရတယ်”

“မင်းကိုသေစေချင်တာ”

ရှစ်ဖုန့်က အမျိုးသမီးအား အေးစက်စွာပြောလိုက်ပြီး  ရုတ်ခြည်းပဲသူ၏ညာလက်က သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားကာ သွေးသောက်ဓားက သူ၏လက်အတွင်းပေါ်လာသည်။ သူ၏ဘယ်လက်အား ပြင်းထန်စွာ လှစ်ခနဲလှုပ်လိုက်ပြီးလပြည့်ဓားက ရွှတ်ခနဲထွက်ပေါ်လာကာ  ဟင်းလင်းပြင်ထဲတဝှီဝှီပျံသန်း၍ ပွင့်ချပ်တို့နှင့်အမျိုးသမီးထံ ဦးတည်သွားသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters