← Chapters

ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခြင်း

Vol. 59 Ch. 813

ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာခြင်း

Vol. 59 Ch. 813

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့အား လိုက်လံဖမ်းဆီးနေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီး၏ စကားသံများမှာ မီးတောက်ခေါင်းဆောင်ကြီး ရွေးချယ်ခဲ့သည့် ဂြိုဟ်ပေါ်တွင် ပျံ့နှံ့သွားသည်။ သူသည် ဝမ်ပေါင်လဲ့၏ နောက်သို့ ပြေးလိုက်လာသည့်တိုင်အောင် သူ၏လက်ထဲရှိ တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာအား သိမ်းဆည်းလိုက်ခြင်း မရှိပေ။ သူသည် အချိန်မရွေး တည်နေရာပြောင်းရွှေ့နိုင်ရန် အဆင်သင့် ပြင်ထား၏။

သူသည် ရှေ့သို့ ပြေးထွက်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကိုလည်း ထုတ်လွှတ်လိုက်သည်။ သူသည် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိနေသောကြောင့် အလွန်အင်မတန်မှ မြန်ဆန်နေသည့်တိုင်အောင် သူ၏ အမြန်နှုန်းမှာ တဖြည်းဖြည်းနှင့် ပိုတိုးလာဆဲပင်။ ထို့ကြောင့် သူ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိသွားသည့်အချိန်တွင် သူ၏ အငွေ့အသက်များမှာ အစွမ်းအထက်ဆုံး အနေအထား၌ ရှိနေပြီ ဖြစ်သည်။ သူ သူ၏ လက်ဖဝါးကို မြှောက်လိုက်သောအခါ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ ရောင်ခြည်တော်စက်ဝန်းထဲမှ ကမ္ဗည်းစာလုံးများမှာ အဝေးသို့ မျောလွင့်သွားကာ အတူတကွ စုစည်းသွားကြပြီးနောက် ရွှေရောင် ဧရာမ လက်သီးကြီးတစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။ ထို့နောက် ၎င်းမှာ မိုးကောင်ကင်ကြီးကိုပင် ဖိနှိပ်ချုပ်တည်းပစ်တော့မည့်ပုံ ပေါက်နေသော စွမ်းအားမျိုးဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာ၏။

" သေပေတော့ "

" ခဗျား... " ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရ၏။ ထိုလက်သီး၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအားကြောင့် သူ၏ အငွေ့အသက်များပင်လျှင် မတည်မငြိမ်ဖြစ်လာရသည်။ သို့ဖြစ်ရာ သူ၏ ဟန်ဆောင်မှုများမှာ ပျောက်ကွယ်သွားပြီး သူ အမှန်တကယ် ပိုင်ဆိုင်ထားသည့် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအင် အငွေ့အသက်များ ပေါ်ပေါက်လာသကဲ့သို့ပင်။ ထို့ကြောင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီးမှာ အေးစက်စွာ ရယ်မောလိုက်ပြီးနောက် သူ၏ စွမ်းအားများကို တိုးမြှင့်လိုက်၏။ သူသည် သူ၏ စွမ်းအားများ၏ တစ်ရာ့နှစ်ဆယ်ရာခိုင်နှုန်းတိတိ ထပ်၍ ထုတ်လွှတ်ကာ ထိုစွမ်းအားများကို သူ၏ နတ်ဘုရားစွမ်းရည်ဖြင့် ဖန်တီးထားသည့် လက်သီးထဲသို့ ထည့်သွင်းလိုက်ပြန်သည်။ ထို့နောက် သူသည် ထိုလက်သီးဖြင့် ဝမ်ပေါင်လဲ့အား ထိုးနှက်လိုက်၏။

ထို လက်သီး သူ၏အနီးသို့ ရောက်ရှိလာသည်နှင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အကြည်ရောင် သလင်းကျောက်ချပ်ပြားဝိုင်းလေးများ ပေါ်ပေါက်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီးနောက် သူ၏ရှေ့၌ အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့ကြောင့် ထိုလက်သီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခြင်းမရှိဘဲ သူ၏ရှေ့တွင်သာ ရပ်တန့်သွားသည်။

ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်ကြီး၏ တိုက်ကွက်မှာ ထို အကာအရံပေါ်သို့ ကျရောက်သွားပြီ ဖြစ်သည်။ ခဏအကြာတွင် ထို အကာအရံကြီးမှာ တုန်ရီသွားပြီး အလွန်အင်မတန်မှ အားကောင်းသော တန်ပြန်စွမ်းအားတစ်မျိုးမှာ အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်တစ်ကွက်ကဲ့သို့ ထို အကာအရံကြီးဆီမှ ပြန်လည်ထွက်ပေါ်လာ၏။ ထိုစွမ်းအားများမှာ အံ့ဩမှင်တက်နေသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူကြီးဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။ သူသည် တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာကို‌ ခြေမွှရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။

ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ အားလုံးမှာမူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ၎င်းတို့၏ နေရာတွင် အားမလိုအားမရ ဖြစ်နေသည့် အရိပ်အယောင်များက နေရာယူထားကြ၏။ သူသည် နောက်သို့လှည့်လာပြီး တန်ပြန်စွမ်းအားများ၏ လွှမ်းခြုံခြင်းကို ခံထားရသော အဆုံးမဲ့မျိုးနွယ်စုဝင်အား ကြည့်ကာ သက်ပြင်းချလိုက်တော့သည်။

" ဘာလို့လဲ။ ငါက မင်းကို လွှတ်ပေးခဲ့ပြီးပြီလေ "

" ဉာဏ်များလိုက်တဲ့ကောင်... " အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးမှာ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် တန်ပြန်စွမ်းအားများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် သူ၏ခြေလက်များမှာ ပြတ်ထွက်သွားကြပြီး သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်အား ပြန်လည်ဖွဲ့စည်းလိုက်ပြီးနောက် ထိုကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်ပေါ်မှ ကျန်ရစ်ခဲ့သည့် သိုလှောင်လက်ကောက်နှင့် တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာတို့ကို လှမ်းယူလိုက်သည်။ သူသည် ထိုပစ္စည်းများကို အသေးစိတ် စစ်ဆေးကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို အမူအရာပြောင်းလဲသွားပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်တော့သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေ၏။ ထိုအခိုက်အတန့်တွင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပင်လျှင် သူ၏ခန္ဓာကိုယ်ပေါ်၌ ပေါ်ပေါက်လာပြီး အကာအကွယ်တစ်ခုအား ဖန်တီးပေးလိုက်၏။ ထို့အပြင် သူသည် ဓမ္မစစ်သင်္ဘောကြီးကိုပါ ထုတ်ယူကာ သူ့ကိုယ်သူကာကွယ်ရန် ပြင်လိုက်သေးသည်။ ထိုမျှသာမက နတ်‌ဘုရားတရားမျှတမှု ဒိုင်းကာမှာလည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပထမဆုံးအကြိမ်အဖြစ် လွှမ်းခြုံသွား၏။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အချိန်တိုလေးအတွင်းတွင် သူ၏ကျင့်ကြံခြင်းစွမ်းအားများနှင့် သူ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ထုတ်သုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူသည် တာအိုဂါထာတော်အား ရွတ်ဖတ်ရန် အချိန်မမီခဲ့သောကြောင့်သာ ၎င်းအား ထုတ်မသုံးခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ဝက်ခေါင်းမျက်နှာဖုံး၏ ကျိန်စာမှာလည်း အသုံးပြုရန် အချိန်အများကြီး လိုသောကြောင့် သူသည် ၎င်းအား ထုတ်မသုံးနိုင်ခဲ့ပေ။

သူ ယခုကဲ့သို့ ပျာယာခတ်သွားရသည့် အကြောင်းအရင်းမှာ သူ၏ ဝမ်းတွင်းအသိစိတ်ထဲ၌ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားသည့် အန္တရာယ်ကြီးတစ်ခုကို အာရုံခံမိလိုက်သောကြောင့်ပင်။

ထို အန္တရာယ်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရသဖြင့် သူ အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား သတ်ဖြတ်ခဲ့ပြီးနောက် ရရှိခဲ့သည့် တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာအား တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ခြေမွှပစ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထိုကျောက်စိမ်းပေလွှာအား ခြေမွှလိုက်သည်နှင့် တစ်ပြိုင်နက် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် စွမ်းအင်အငွေ့အသက်များ ပေါ်ပေါက်လာ၏။ ၎င်းတို့မှာ လက်သီးတစ်လုံးအဖြစ် စုစည်းသွားကြပြီး ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့် နေရာသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်သွားသည်။

ဝမ်ပေါင်လဲ့မှာ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည့်တိုင်အောင် ထိုလက်သီးမှာ အလွန်အင်မတန်မှ ထူးဆန်းနေ၏။ ၎င်းမှာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ ပစ်မှတ်အား မလွဲမသွေ ထိသွားနိုင်သည့်ပုံပင်။ ထို့ကြောင့် ခဏအကြာတွင် ထိုလက်သီး၏ ပုံစံတူပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ရှေ့တွင် ပေါ်ပေါက်လာသည့် ဓမ္မစစ်သင်္ဘော ကျိုင်းကောင်ကြီးမှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ပြီး ၎င်း၏ အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ အစွမ်းကုန် တောင့်ခံရန် ကြိုးစားလိုက်၏။ သို့သော် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီးနောက် ထိုဓမ္မစစ်သင်္ဘောကျိုင်း‌ကောင်ကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်လာတော့သည်။ ၎င်း၏ ကိုယ်ထည်တစ်ဝက်တိတိ ထိခိုက်ပျက်စီးသွားသဖြင့် ၎င်း၏ အတွင်းပိုင်းထဲတွင် ရှိနေသော မြည်းလေးမှာ ချက်ချင်းဆိုသလိုပင် သွေးများ အန်ထွက်လာရ၏။ ဝူလေးမှာလည်း တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သူသည် သွေးများ အန်ထွက်လာခြင်း မရှိသည့်တိုင်အောင် နာကျင်မှုအပြည့်ဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ နောက်ဆုံးတွင် ဓမ္မစစ်သင်္ဘောကျိုင်းကောင်ကြီးမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားသဖြင့် ဓမ္မအလင်းရောင်များအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ သိုလှောင်လက်ကောက်ထဲသို့ ပြန်ဝင်သွားတော့သည်။

သို့သော် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် လက်သီးချက်ကြီးမှာ ရပ်တန့်သွားခြင်းမရှိပေ။ ၎င်းမှာ ဓမ္မစစ်သင်္ဘောကြီးအား တွန်းလှန်တိုက်ထုတ်ခဲ့ပြီးနောက် စွမ်းအားများ လျော့ကျသွားသည့်တိုင်အောင် အတော်အသင့် အားကောင်းနေဆဲပင်။ ထို့ကြောင့် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြီး သူ၏ နတ်ဘုရားတရားမျှတမှု‌ဒိုင်းကာနှင့် ရိုက်ခတ်သွားတော့သည်။

ထိုအခါ ဝိညာဉ်သတ်ဖြတ်ခြင်းစွမ်းအားများမှာ ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် အပြည့်အဝ ထွက်ပေါ်လာတော့သည်။ ဝမ်ပေါင်လဲ့ အဆုံးအထိ အဆင့်မြှင့်တင်ထားသည့် နတ်ဘုရားတရားမျှတမှု‌ဒိုင်းကာမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများသာမက အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများကိုပင် ခုခံတွန်းလှန်နိုင်စွမ်းရှိပေသည်။ သို့သော် ၎င်းမှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်အား ခုခံနိုင်စွမ်းမရှိသောကြောင့် နောက်ဆုံးတွင် ကြေမွပျက်စီးသွားရတော့သည်။

သို့သော် ၎င်းမှာ သာမန်အတိုင်း ပျက်စီးသွားသည်တော့မဟုတ်ပေ။ ၎င်းမှာ ပျက်စီးသွားသည်နှင့် နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး၏ စွမ်းအား ခုနစ်ဆယ်ရာခိုင်နှုန်းတိတိအား လက်သီးပေါ်သို့ ပြန်လည်ထုတ်လွှတ်လိုက်၏။

ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး သွေးများပန်းထွက်လာသည့်တိုင်အောင် သူ၏ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးနေရန် အချိန်မရှိပေ။ နတ်ဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ကျန်ရှိနေသေးသည့် စွမ်းအင်လှိုင်းများကို ခုခံကာကွယ်ပေးထားစဉ် သူ ရုပ်ဖျက်ထားသည့် ခန္ဓာကိုယ်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသောကြောင့် ဝက်ခေါင်းမျက်နှာဖုံး တပ်ထားသည့် သူ၏ ပုံရိပ်အစစ်အမှန်ကြီး ပေါ်ပေါက်လာတော့သည်။ သို့သော် သူသည် ထိုအချက်များကို ဂရုစိုက်နေရန်် အချိန်မရှိသောကြောင့် နောက်သို့ပင် လှည့်မကြည့်ဘဲ ပေါက်ကွဲအားများကိုအသုံးပြုကာ ရှေ့သို့ ပြေးထွက်သွားလိုက်၏။ ထိုအချိန်တွင် သူ ခြေမွှခဲ့သည့် ကျောက်စိမ်းပေလွှာထဲမှ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ ထွက်ပေါ်လာတော့သည်။ ထို လုပ်ငန်းစဉ်မှာ နှေးကွေးနေခြင်း မဟုတ်ဘဲ အလွန်အင်မတန်မှ မြန်ဆန်နေသည်ဟုပင် ဆိုနိုင်ပေသည်။ ဝမ်ပေါင်လဲ့ ထိုကျောက်စိမ်းပေလွှာအား ခြေမွှလိုက်သည့်အချိန်မှ ထိုလုပ်ငန်းစဉ် စတင်သွားသည့်အချိန်ထိ အသက်ရှူကြိမ် တစ်ကြိမ်နှစ်ကြိမ်မျှသာ ကုန်ဆုံးသွားသေးသည်ဖြစ်သည်။

သို့ဖြစ်ရာ... နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး၏ လက်သီးမှာ သူ့ထက်ပို၍ မြန်ဆန်နေခြင်း ဖြစ်ပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ နည်းလမ်းမျိုးစုံ အသုံးပြုကာ အချိန်ဆွဲနိုင်ခဲ့သောကြောင့် နောက်ဆုံးတွင် သူသည် တည်နေရာပြောင်းရွှေ့ခံလိုက်ရတော့သည်။

သူ ပျောက်ကွယ်သွားပြီးနောက် ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့်နေရာ၏ အထက်ရှိ လေထုထဲတွင် ဟင်းလင်းပြင်ကြီးထဲမှ လူရိပ်တစ်ခုထွက်ပေါ်လာ၏။ သူသည် ဝမ်ပေါင်လဲ့ ဖန်တီးထားသည့် နွားခေါင်းမျက်နှာဖုံးနှင့် လူကြီး၏ နောက်သို့လိုက်သွားသော ကျင့်ကြံသူနှင့် တူနေပါသော်လည်း သူ၏ပုံပန်းသွင်ပြင်မှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သူ၏ သရုပ်မှန် ပေါ်ပေါက်လာတော့သည်။ သူသည် အဆုံးမဲ့မျိုးနွယ်စု စစ်စခန်းထဲရှိ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဘိုးကြီး ဖြစ်ပေသည်။

ထိုအဘိုးကြီးမှာ မျက်စိမျက်နှာပျက်နေ၏။ သူသည် ခေါင်းငုံ့ကာ သူ၏ညာဘက်လက်ညှိုးအား ကြည့်လိုက်သောအခါ ၎င်းမှာ တစ်စတစ်စ ကျိုးပဲ့လာနေသည်ကို မြင်လိုက်ရ၏။ ထိုဒဏ်ရာများမှာ အခြားလက်ချောင်းများဆီသို့ပါ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် သူ၏ လက်ဖဝါးတစ်ခုလုံးမှာ ကြေမွပျက်စီးသွားတော့သည်

" သူက ဒီလိုဝှက်ဖဲတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ ပုံပန်းသွင်ပြင်နဲ့ အငွေ့အသက်တွေကိုလည်း ဟာကွက်လုံးဝမရှိအောင် ပြောင်းလဲနိုင်စွမ်း ရှိနေတာပါလား။ ပြီးတော့ သူက အခုလို တန်ပြန်တိုက်ခိုက်နိုင်စွမ်းတွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီကောင်လေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး " အဘိုးကြီးမှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ပျောက်ကွယ်သွားပြီး တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်အငွေ့အသက်များ၏ နောက်သို့ လိုက်သွားလိုက်တော့သည်။

ထို အခြင်းအရာများ အားလုံးကို မီးတောက်ခေါင်းဆောင်ကြီးမှာ အစအဆုံး မြင်လိုက်ရ၏။ သူသည် တိုက်ပွဲထဲမှ အလှည့်‌အပြောင်းများကို သူကိုယ်တိုင် မြင်ခဲ့ရသည်ဖြစ်ရာ မျက်ဝန်းများထဲ၌ သဘောကျနှစ်သက်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

" ဘယ်ဆိုးလို့လဲကွ။ သူရဲ့ တုံ့ပြန်နှုန်းက မြန်သားပဲ။ ဒီကောင်လေးရဲ့ ဝိညာဉ်ခန္ဓာကိုယ်က ဒီနေရာမှာ သေသွားတော့မယ်လို့ ငါက ထင်ထားတာ။ သူက ကျိန်စာကိုတောင် အသုံးပြုစရာ မလိုဘဲ လွတ်မြောက်သွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး "

" ပြီးတော့ သူက တော်တော်လေးကို သတ္တိကောင်းတဲ့ပုံပဲ... သူ့ရဲ့ ဒိုင်းကာကလည်း တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းတယ် " မီးတောက်ခေါင်းဆောင်ကြီးမှာ ရယ်မောလိုက်ပြီးနောက် အခြားသူများအား ကြည့်ရှုရန် စိတ်မပါတော့ပေ။ သူ၏လက်ထဲမှ မီးတောက်သစ်သီးမှာ ကုန်သွားပြီဖြစ်ရာ သူသည် နောက်ထပ်တစ်လုံး ထပ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့တစ်ယောက် နောက်ဆုံးတွင် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိမရှိ အကဲခတ်ကြည့်ရှုရန် ပြင်လိုက်တော့သည်။

သူ ထိုသို့ စောင့်ကြည့်နေစဉ် တည်နေရာပြောင်းရွှေ့ခြင်း ကျောက်စိမ်းပေလွှာကြောင့် ဂြိုဟ်ကြီးပေါ်ရှိ အခြားနေရာတစ်ခုတွင် ပေါ်ပေါက်လာသည့် ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာ၏။ သို့သော် သူသည် သူ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများအတွက် ဝမ်းနည်းနေရန် အချိန်မရှိပေ။ သူသည် ယခုအကြိမ်တွင်မူ ကျိန်စာအား ထုတ်သုံးပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာ၏။

သို့သော် သူသည် ထိုသို့အသုံးပြု၍ မဖြစ်ကြောင်း သိထားသည်။ အကယ်၍ သူသာ ထိုကျိန်စာအား ယခုချက်ချင်း အသုံးပြုလိုက်မည်ဆိုပါက ၎င်းမှာ အကျိုးသက်ရောက်မှုအများကြီး ပေးစွမ်းနိုင်မည်မဟုတ်ပေ။ ၎င်းမှာ အများဆုံးအနေနှင့် သူ့အတွက် အချိန်အနည်းငယ်ခန့်သာ ထပ်၍ ဆွဲပေး‌နိုင်မည် ဖြစ်သည်။ သို့သော် အကယ်၍ သူသာ ၎င်းအား အရေးကြီးအခိုက်အတန့်တစ်ခုတွင် အသုံးပြုလိုက်မည်ဆိုပါက ၎င်းမှာ သူ၏ပြိုင်ဘက်အား သတ်ဖြတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ပေးစွမ်းနိုင်လောက်ပေသည်။

" တောက်ကွာ။ ဒီ ကျိန်စာကို မသုံးသေးဘူး။ အဲဒီ အဘိုးကြီးကို အငိုက်ဖမ်းပြီးတော့ သတ်ဖြတ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ရှာရမယ် " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွားကာ မြူခိုးများအဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် အမျှင်အတန်း ခုနစ်၊ ရှစ်ခုအဖြစ် ခွဲထွက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ဦးတည်သွားလိုက်၏။ တစ်ချိန်ထဲမှာပင် နောက်ထပ် အမျှင်အတန်းနှစ်ခုလည်း ရှိနေသေးသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ကျောက်စရစ်ခဲတစ်ခဲအသွင် ပြောင်းလဲသွားပြီး မြေပြင်ပေါ်ရှိ အခြားကျောက်တုံးများ၏ ကြားတွင် ငြိမ်သက်နေ၏။

အခြား အမျှင်အတန်းတစ်ခုမှာမူ မြေကြီးထဲသို့ တူးဝင်သွားပြီး မြေအောက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေသည်။

သူ၏ ဝိညာဉ်ခန္ဓာကိုယ်အစစ်မှာမူ သဲပွင့်လေးတစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီး လေထဲ၌ မျောလွင့်သွား၏။ ၎င်းမှာ မြန်ဆန်နေခြင်းမရှိပါသော်လည်း ရှေ့သို့ အဆက်မပြတ် မျောလွင့်သွားနေဆဲပင်။

သူ ထို အခြင်းအရာများအားလုံး ဆောက်ရွက်ပြီးစီးသွားပြီးနောက် သူ တည်နေရာပြောင်းရွှေ့ခံခဲ့ရသည့် နေရာတွင် စွမ်းအင်အငွေ့အသက်လှိုင်းများ ပေါ်ပေါက်လာသည်။ ထို့နောက် ထာဝရဝိညာဉ်အဆင့် အငွေ့အသက်တစ်မျိုး ပျံ့လွင့်လာပြီး နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် အဘိုးကြီး ရောက်ရှိလာတော့သည်။ သူသည် သူ၏ နတ်ဘုရားအာရုံဖြင့် ဘေးပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် မျက်နှာအမူအရာ ပျက်သွား၏။ သူသည် သူ၏အာရုံထဲ၌ ပေါ်ပေါက်လာသည့် အရိပ် ခုနစ်ခု၊ ရှစ်ခုအား အာရုံစိုက်လိုက်ပြီးနောက် လိုက်လံဖမ်းဆီးရန် ပြင်လိုက်စဉ် ရုတ်တရက်ဆိုသလို မျက်ဝန်းများ အရောင်လက်သွားတော့သည်။

" ဉာဏ်များလိုက်တဲ့ကောင် " သူသည် နှာမှုတ်လိုက်ပြီးနောက် ချက်ချင်း လိုက်လံဖမ်းဆီးခြင်းမရှိဘဲ သူ၏ ညာဘက်ခြေထောက်ကို မြှောက်ကာ အောက်သို့ ဆောင့်ချလိုက်သည်။ ထိုအခါ သူ၏ မိုင်တစ်ရာ ပတ်ပတ်လည်ရှိ မြေပြင်ကြီးမှာ တစ်စစီကြေမွပျက်စီးသွား၏။ သူသည် ထိုပျက်စီးမှုများကို အသုံးချကာ မြေကြီးအောက်ရှိ တုန်ခါမှုလိုင်းများကို အာရုံခံလိုက်ပြီးနောက် လူရိပ် ခုနစ်ခု၊ ရှစ်ခုအဖြစ် ခွဲထွက်သွားပြီး သူ ရှာတွေ့ထားသည့် ဝမ်ပေါင်လဲ့၏ အငွေ့အသက်များ၏ နောက်သို့ ပြေးလိုက်သွားတော့သည်။

သူ၏ ခန္ဓာကိုယ်အစစ်မှာမူ မြေကြီးထဲသို့ တူးဝင်သွားပြီး မြေအောက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေသည့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်နောက်သို့ လိုက်သွားနေပြီဖြစ်သည်။

All Chapters