← Chapters

ဟာသလား

Vol. 003 Ch. 258

ဟာသလား

Vol. 003 Ch. 258

အနက်ရောင် စွမ်းအားတချို့က မိစ္ဆာတိုင်မှ တစ်ဆင့် ယူချင်းထံသို့ စီးဆင်း လာနေသည်။ မိစ္ဆာတိုင်က လျင်မြန်စွာ လှည့်ပတ်လာနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက အလွန်အမင်း လေးလံလာသည်။ ယူချင်းအား အမှန်ပင် အလွန် အားကောင်းသော မိစ္ဆာနည်းစနစ် တစ်ခုကို လေ့ကျင့်ပုံ ရသည်။ သူ၏ နည်းစနစ်က အသက် ဝင်လာလျှင် သူကား အလွန်အမင်း အားကောင်းသော ရှေးဟောင်း နတ်ဆိုး တစ်ပါးအလား ဖြစ်လာသည်။

သို့တိုင်အောင် မိစ္ဆာတိုင်ထံမှ ကြီးစွာသော ဖိအားများ ဆင်းသက်လာမြဲ ဖြစ်သည်။ ထိုအရာက ဆက်လက်၍ မြင့်တက်လာလျှင် ပိုမိုအားကောင်းသော ဖိအားများ ဆင်းသက်လာပြီး မိစ္ဆာ စွမ်းအင်များ ကလည်း ယူချင်းထံသို့ ပိုမို စီးဆင်း လာနေသည်။

ယူချင်းကား အလွန် အားကောင်းလှသည်။ လူတိုင်းက ထိတ်လန့်တကြား တွေးမိကြသည်။ သူကား အဟံကိုပင်လျှင် ကျော်ဖြတ်သွားပြီး ဖြစ်သည်။ ယခု သူပြသခဲ့သော စွမ်းရည်များကား တကယ့်နတ်ဆိုး စွမ်းအင်များပင်။ ယခုကား မိစ္ဆာတိုင်က ငါးပေခန့် မြင့်တက်နေပြီ ဖြစ်သည်။ သူ၏ နတ်ဆိုး အတောင်ပံများ ကလည်း တဖျတ်ဖျတ် ခတ်နေသည်။

ယန်မို၏ မျက်လုံးများက အေးခဲသွားပြီ ဖြစ်သည်။ ယခုက သူက အဟံအား နောင်တွင် မည်သူမှ ကျော်ဖြတ်နိုင်မည် မဟုတ်ဟု ပြောခဲ့သည်။ သို့သော် ယူချင်းကား အဟံထက် များစွာ သာလွန်သွားပြီး ဖြစ်သည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူက ရပ်တန့်ခြင်း မရှိသေးခြင်းပင်။ သူ၏ အကန့်အသတ်က မည်သည့် နေရာတွင် ရှိသနည်း။

နောက်ဆုံးတွင် ယူချင်းက ငါးပေခန့်တွင် ရပ်တန့် လိုက်သည်။ မိစ္ဆာတိုင်က လေထဲတွင် ဖြစ်သည်။

ယူချင်း၏ ခန္ဓာတွင် ရွှေအိုရောင် အလင်းများ ဖြာထွက်နေဆဲ ဖြစ်သည်။ လူအများအပြားက ထိတ်လန့်တကြား  ကြည့်နေကြသည်။ သူက မိစ္ဆာဓာတ်ကို စုပ်ယူနေသည်လား။

“မိစ္ဆာတိုင်က မကောင်းတဲ့ ဓာတ်ကို ပိုင်ဆိုင်ထားပြီး မိစ္ဆာ အားအင်တွေ ရှိနေတယ်…. ဗုဒ္ဓ နည်းစနစ် ကတောင် ဒါကို မသန့်စင်နိုင်ဘူး….. ကျုပ်က အရမ်း အားကောင်းတဲ့ ပြန်ကန်အားကို ခံစားရတယ်…..” အဟံက ပြောသည်။ လူအများအပြားက သူ့အား ကြည့်လိုက် ကြသည်။ သူက ဆက်ပြောသည်…. “ဒါပေမဲ့ သူက မိစ္ဆာတိုင်နဲ့ လေ့ကျင့်နေတယ်…. သူ့ရဲ့ နည်းစနစ်က မိစ္ဆာနည်းစနစ် ဖြစ်ရမယ်…. ဒါကြောင့် မိစ္ဆာတိုင်ရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်တာပဲ…..”

သူ၏ ကောက်ချက်ကို လူအများအပြားက ခေါင်းညိတ် လက်ခံကြသည်။ သူတို့က တစ်စုံတစ်ခု ထူးဆန်း နေသည်ကို ခံစားကြရသည်။ အဟံက ဓမ္မမျက်လုံးကို ပိုင်ဆိုင်ထားပြီး ကိစ္စရပ်များကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသည်။ သူက ထိုသို့ပြောလျှင် အမှန်သာ ဖြစ်ရပေမည်။

“သူက ဒီမိစ္ဆာတိုင်ကို ပိုင်ဆိုင်ခဲ့ရင် ဒါက မကောင်းတဲ့ နိမိတ်ပဲ…..” အဟံက လက်အုပ်မိုးလျက် မျက်နှာ မကောင်းစွာ ပြောသည်။ လူအများ၏ မျက်လုံးများ လင်းလက် သွားသည်။ သူက ဘာကို ဆိုလိုသနည်း။ ယူချင်းက မကောင်းသော နိမိတ်ကို ဖန်တီးနေသည်ဟု သူက ဆိုလိုသည်လား။

“အဟံ… ခင်ဗျားက ဘာကို ဆိုလိုတာလဲ…..” ဒွန်ဟွာကလန်က တစ်ယောက်က ပြောသည်။

“မကောင်းတဲ့ နိမိတ်ကို ဆောင်ယူလာတဲ့လူက သွေးစွန်းတဲ့ လက်ကို ပိုင်ဆိုင်တယ်…. သူက မကောင်းတဲ့ အရာတွေကို ယူဆောင် လာလိမ့်မယ်…..” အဟံက ခေါင်းယမ်းလျက် ပြောသည်။ ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားကာ သူက အဟံအား အေးစက်စွာ ကြည့်လိုက်သည်။

“ဘုရား သားတော် တစ်ပါးက ဒီလို အဓိပ္ပာယ် မဲ့တာတွေကို လျှောက်ပြောရလား…..” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ယူချင်းက မကောင်းသော ကံကြမ္မာကို သယ်ဆောင် လာမည်ဟု အဟံက မည်သို့ ကောက်ချက်ချ နိုင်ရသနည်း။

အဟံက သူ့အား ကြည့်လိုက်သည်။ “ကျုပ်က ဒီလိုပြောမှတော့ အဓိပ္ပာယ် မရှိတာ မဟုတ်ဘူး…..”

“ခင်ဗျားက ဒီလောက် ကြိုသိနေမှတော့ လောကကြီးကို မကယ်ဘဲ ဒီမှာ ဘာလို့ ရှိနေလဲ…..” ရီဖူရှင်းက သရော်လိုက်သည်။ သူက မိစ္ဆာတိုင်အား မရန် လာရောက် ခဲ့သော်လည်း ယခု လူအများအား တရားဟော နေသည်။ ယူချင်းက အပေါက်ဆိုး သော်လည်း သူကား လူသတ်သမား မဟုတ်ပေ။ သူ၏ ဒေါသက ရီဖူရှင်းကြောင့်သာ ဖြစ်ပေါ် လာတတ်ခြင်း ဖြစ်သည်။

အဟံက ခေါင်းယမ်းကာ ဆက်မပြောတော့ပေ။

ယူချင်းက ဆက်လက်၍ လေ့ကျင့်သည်။ မိစ္ဆာတိုင်ကလည်း ဆက်လက်၍ မြင့်တက် လာနေသည်။ အတန်ကြာလျှင် ထိုအရာက ခြောက်ပေသို့ အထိ ရောက်လာ၏။ ယန်မိုက ထိုမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူ့အတွက်မူကား ဤမြင်ကွင်းက အံ့ဖွယ် ဖြစ်သည်။

ယန်မိသားစုက ဤမိစ္ဆာ မျှော်စင်အား စောင့်ကြပ်ခဲ့သည်မှာ နှစ်ထောင်ချီနေပြီ ဖြစ်သည်။ သို့သော် မည်သူမှ ဤကဲ့သို့ မစွမ်းဆောင်နိုင်ပေ။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများပင်လျှင် သုံးပေခန့်သာ မနိုင်သည်။ အဟံကလည်း သုံးပေကျော်သာ မနိုင်သည်။ ယခု ယူချင်းကား ထိုစံချိန်များကို လုံးဝ ချိုးဖျက်ခဲ့ပြီ ဖြစ်သည်။

ချင်ပြည်ထောင်၏ ယခင်က အိမ်ရှေ့မင်းသားက ရှစ်ပေအထိ မနိုင်ခဲ့သည်။ ယူချင်းက သူ့အား ဖြတ်ကျော် နိုင်ပါ့မလား။ ထိုအရာက ရှေးလူကြီးများ ထားခဲ့သော ပါးစပ်ရာဇဝင် ဟုသာ သူ ထင်မှတ်ခဲ့သည်။ ယခု ထိုအရာက လက်တွေ့ ဖြစ်လာလေပြီ။ ယချင်းက ရှစ်ပေထက် ကျော်အောင် မနိုင်မလား တွေးမိလျှင် ယန်မို၏ အမူအရာ ပြောင်းလဲ သွားသည်။

မိစ္ဆာတိုင်က အထက်ကို မြင့်တက်လာလျှင် ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များ ဂယက် ထလာသည်။ ထိုအရာအားက အနက်ရောင် အလင်းများ ဟိုမှ သည်မှ ထွက်ပေါ် လာနေသည်။ လေထုကလည်း တဝူးဝူး မြည်လာသည်။ ကောင်းကင်က အရောင် ပြောင်းလဲ လာပြီး ဖိအားက ပတ်ဝန်းကျင်မှ လူများကိုပင်လျှင် ရောက်လာသည်။

ထိုမျှက အကန့်အသတ် မဟုတ်သေးပေ။ ယူချင်းက လေ့ကျင့်ရင်းပင် မိစ္ဆာတိုင်ကို ဆက်လက်၍ မနေသည်။ အမှောင်ထုက တဖြည်းဖြည်း ရောက်ရှိလာကာ အလွန် အားကောင်းသော အရှိန်အဝါအား လူတိုင်းက ခံစားလာရသည်။ သူတို့က မိစ္ဆာတိုင်အား မနေခြင်း မဟုတ်သည့်တိုင် ထိုဖိအားများကို ခံစားရသည်။ ထိုအရာများက ကောင်းကင်မှ ဆင်းသက် လာသလိုပင်။

လူတချို့က ခံနိုင်ရည် မရှိတော့သဖြင့် နောက်ကို ဆုတ်ကြရသည်။ သူတို့ ကိုယ်တိုင် မိစ္ဆာတိုင်အား မနေသကဲ့သို့ ခံစားလာရကာ ကြီးစွာသော ဖိအားများကို ခံစားရ၏။

မိစ္ဆာတိုင်ကား ယခု ခုနစ်ပေကို ရောက်လာပြီ ဖြစ်သည်။ ကောင်းကင်နှင့် မြေပြင်ကား လုံးဝ မည်းမှောင်သွားပြီ ဖြစ်သည်။ လူတိုင်းက နောက်ကို ဆုတ်ခွာနေကြပြီး အဝေးမှ လူများပင်လျှင် ထိုထူးခြား ဖြစ်စဉ်ကို မြင်ကြရသည်။ လူတချို့က အဝေးမှ ပြေးလာ နေကြ၏။

ယန်မို၏ မျက်နှာက တဖြည်းဖြည်း ပျက်ယွင်း လာသည်။ အကယ်၍ ယူချင်းက ကိုးပေအထိ မနိုင်လျှင် မည်သို့ လုပ်ရမည်နည်း။ ယူချင်းက မိစ္ဆာတိုင်အား ယူသွားသည်ကို သူ ခွင့်ပြုရမည်လော။ မိစ္ဆာတိုင်ကား ယန်မိသားစု၏ ရတနာဖြစ်သည်။ ယန်မိသားစုက အသုံးမပြုနိုင်လျှင်ပင် ထိုအရာက ချိန်ပြည်ထောင် တည်ထား ကတည်းက ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။ သူ၏ မိသားစုက နောက်ပိုင်း မျိုးဆက်များက မိစ္ဆာတိုင်အား ရယူနိုင်လိမ့်မည်ဟု အမြဲ မျှော်လင့်ခဲ့သည်။ ယူချင်းက ထိုအရာအား ယူသွားပါက ယန်မိသားစုက ဆက်လက်၍ ပိုင်ဆိုင်တော့မည် မဟုတ်ပေ။ သူ၏ စကားများကို ပြန်တွေးမိလျှင် သူက နောင်တရလာသည်။ ဤသို့ ဖြစ်လာမည်ဟု မည်သူ ထင်မှတ်မည်နည်း။

ယန်မိသားစုမှ အကြီးအကဲများ ပင်လျှင် ဤသို့ တတ်နိုင်သည် မဟုတ်ပေ။ ယခု ဓမ္မအဆင့်က တစ်စုံ တစ်ယောက်က မိစ္ဆာတိုင်အား အမှန်တကယ် ယူသွားနိုင်မည်ဟု မည်သူက ထင်မည်နည်း။

ယခုတွင်ကား ယူချင်းက အသတ်ခံရရန်ကိုသာ သူ ဆုတောင်း နေရသည်။

ထိုစဉ်က ချင်မင်းသားကလည်း မိစ္ဆာတိုင်အား မနေရင်းက ရှစ်ပေအထိ ရောက်ခဲ့ပြီးမှ ပြန်ကန်အားကို မခံနိုင်ဘဲ သေဆုံးခဲ့ရသည်။ ယန်မိုက ထိုမြင်ကွင်းကို မမြင်ဖူးသော်လည်း ယူချင်းက ချင်မင်းသားထက် ပိုမို ထူးချွန်မည်ဟု သူ မယုံကြည်ပေ။

ယန်မို၏ နောက်တွင် ယူချင်းဘက်ကို လှည့်ထားသော မိစ္ဆာ မျှော်စင်တစ်ခု ရှိသည်။ ထိုမျှေုင်စင်ကလည်း ချင်ပြည်ထောင်၏ ရုပ်ကြွင်းတစ်ခု ဖြစ်သည်။ ယခု လူတစ်စုက ထိုမျှော်စင်ထဲမှ ထွက်လာကြသည်။ ခေါင်းဆောင်ဖြစ်ဟန် တူသူကား လူငယ်တစ်ယောက် ဖြစ်သည်။ သူကား မောက်မာကာ ဝင့်ကြွားသော ပုံဟန်ရှိသည်။ သူကား ယန်မိသားစု၏ လူငယ် ခေါင်းဆောင် ယန်ကျန်း ဖြစ်သည်။ သူက လျှောက်လာရင်းက ယူချင်းကို ကြည့်ကာ မေးသည်…“ သူက ဘယ်သူလဲ….”

ယန်ကျန်း ရောက်လာသည်ကို မြင်လျှင် ယန်မို၏ အမူအရာ ပြောင်းလဲသွားကာ ပြောသည်… “ကော့တေးက ယူချင်း…..”

“ယူချင်း….” ယန်ကျန်း၏ မျက်လုံးက အရောင် တစ်ချက် လက်သွားသည်။ သူက တစ်စုံ တစ်ယောက်အား ချက်ချင်း အမှတ်ရသည်။ ချင်ပြည်ထောင် နန်းတော်တွင် ဒွန်ဟွာကလန်က ယူချင်းအား ဒဏ်ရာ ရစေခဲ့သောကြောင့် ဂူတုံးလျိုက ကိုယ်တိုင် သွားရောက်ကာ ဖြေရှင်းခဲ့သည်။

သူက ယူချင်းအား ကြည့်လိုက်သည်။ ယူချင်းကား မိစ္ဆာတိုင်ကို အသုံးပြုလျက် လေ့ကျင့်နေပြီး မိစ္ဆာတိုင်ကလည်း တဖြည်းဖြည်း အထက်ကို မြင့်တက် လာနေသည်။ ယခုကား ရှစ်ပေအနီးသို့ အထိပင် ရောက်လာပြီ ဖြစ်သည်။ ထိုမြင်ကွင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက ချင်ပြည်ထောင် အိမ်ရှေ့စံမင်းသား လုပ်ခဲ့သလိုပင်။

အင်းကွက် အစီအရင်ကလည်း တဖြည်းဖြည်း ပိုမို လင်းလက် လာနေသည်။ မိစ္ဆာတိုင်က သူ၏ စွမ်းအားများကား ကြောက်မက်ဖွယ် ကောင်းအောင် ထုတ်လွှတ် လာနေသည်။

နောက်ဆုံးတွင် ယူချင်းက ရှစ်ပေအထိ ရောက်ရှိလာ၏။ ကောင်းကင်တွင်လည်း များစွာသော တန်ခိုးရှင်များ ရောက်ရှိ လာနေကြသည်။ သူတို့အားလုံးက ယူချင်းအား လာရောက် ကြည့်ရှုကြသည်။ သူတို့၏ ရှေ့မှ မြင်ကွင်းကား အမှန်ပင် ထိတ်လန့်ဖွယ် ကောင်းသည်။ နတ်ဆိုးတစ်ကောင်က မိစ္ဆာတိုင်အား မနေသော မြင်ကွင်းကို သူတို့ မြင်ရ၏။

ယန်မိုက သူ၏ ပါးစပ်အား ဟကာ တစ်ခုခုကို ပြောရန် ဟန်ပြင် လိုက်သော်လည်း ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးက ရီဖူရှင်းထံ ရောက်သွားကာ ပြောလိုက်သည်… “အရင်တုန်းက ချင်ပြည်ထောင်က အိမ်ရှေ့စံမင်းသားက ရှစ်ပေကျော်အောင် မခဲ့လို့ ပြန်ကန်အားကို မခံနိုင်ဘဲ သေသွားရတယ်…. မင်းက ယူချင်းကို တားသင့်တယ်…..”

ရီဖူရှင်းက ယန်မိုအား ကြည့်လိုက်သည်။ ယူချင်းကား ယခု ရှစ်ပေထိအောင် မထားပြီး ဖြစ်ကာ ဆက်လက်၍ လေ့ကျင့် နေသေးသည်။ သူက တဖြည်းဖြည်းချင်း မနေခြင်း ဖြစ်ပြီး သူ၏ စွမ်းအင်များကလည်း မိစ္ဆာ စွမ်းအင်များကို အဆက်မပြတ် ဝါးမျိုနေသည်။

အဘယ်ကြောင့် သူက ရပ်တန့် ရမည်နည်း။

ရီဖူရှင်းက ထိုမိစ္ဆာတိုင်အား အမှန်ပင် ယူသွားလိုသည်။ ဤမတိုင်မီက သူက ယန်မိုအား မိစ္ဆာတိုင်ကို မည်သို့ ယူ၍ ရမည်ဟု မေးခဲ့ရာ ယန်မိုက မဖြေခဲ့ပေ။

ယန်မို၏ အမူအရာကလည်း မူလက ဤသို့ မဟုတ်ပေ။ သူတို့က မိစ္ဆာတိုင်အား မနေရင်းက ဖိအားဒဏ်ကို မခံနိုင်ဘဲ သေသွားရန် ယန်မိုက လိုလားသည်။ ယခု သူက ယူချင်း၏ ဘေးကင်းမှုကို စိုးရိမ်နေသည်။ ရီဖူရှင်းက သူ့အား မယုံပေ။

သူက ထိုသို့ ပြောသည်မှာ အကြောင်းပြချက် တစ်ခုသာ ရှိသည်။ မိစ္ဆာတိုင်အား ယူသွား၍ ရနိုင်သည်။

ဤသည်ကို တွေးမိလျှင် ရီဖူရှင်းက ရယ်မော လိုက်သည်…. “ယူချင်းက သူ့ရဲ့ အကန့်အသတ်ကို သိတယ်…. တကယ်လို့ သူက မိစ္ဆာတိုင်ကို ကံကောင်းပြီး ရခဲ့မယ်ဆိုရင် ကျုပ်က ယန်မိသားစုကို ကျေးဇူးတင်ရမှာပဲ…”

“ယူမယ်…” ယန်ကျန်း၏ မျက်လုံးများက အရောင် လက်သွားကာ မေးလိုက်သည်… “မိစ္ဆာတိုင်က ကျုပ်တို့ မိသားစုအပိုင်ပဲ… ဒါက အပြင်မှာ ထားတာက တခြားလူတွေက စမ်းသပ်ပြီး မလို့ရအောင် ထားထားတာ…. ယူသွားလို့ ရတယ်လို့ မင်းကို ဘယ်သူပြောလဲ….”

ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။ သူက မိမိ၏ စကားကို ပြန်လည် ရုပ်သိမ်းချင် နေသည်လား။

“ယန်မိသားစုက တစ်ယောက်က ဒါကို မနိုင်ရင် ယူသွားလို့ ရတယ်လို့ ပြောခဲ့တယ်…. လူတိုင်းက ဒါကို ကြားတယ်….” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူတို့က ဤမိစ္ဆာတိုင်အား အသက်ကို ရင်း၍ မသော အချိန်တွင် ယန်မိသားစုက ဟာသ လုပ်နေသည်လား။

မဖြစ်နိုင်ပေ။

ယန်ကျန်းက ယန်မိုအား အေးစက်စွာ ကြည့်လိုက်သည်။

ယန်မို၏ မျက်နှာက ပျက်ယွင်း သွားသည်။ ရီဖူရှင်းအား ကြည့်လျက် သူက ပြောသည်… “ဒါက ဟာသတစ်ခုပဲ… မင်းက တကယ် ထင်နေတာလား….”

“မင်းနဲ့ ဘယ်သူက ဟာသလုပ်နေလဲ….” ရီဖူရှင်းက သူ့အား အေးစက်စွာ ကြည့်လိုက်သည်။ ဤမတိုင်မီက ယန်မို၏ အမူအရာများကို သူက နားမလည်ဟု ယန်မိုက အမှန်ပင် တွေးနေသည်လား။ ယန်မိုက သူတို့အား မိစ္ဆာတိုင်ကို မနေရင်းက သေစေလိုသည်။ ယခု သူက ဟာသဟု ပြောနေသည်။

ထိုစကားများကို ကြားသော လူအများက ထိတ်လန့် သွားကြသည်။ ယူချင်းက မိစ္ဆာတိုင်ကို တကယ် ယူသွားနိုင်ပါ့မလား။

ယန်မိသားစုကလည်း နောင်တရ ရတော့မည် ဖြစ်သည်။

ယန်မိုက ဤမတိုင်မီက သဘောတူခဲ့သော အချိန်တွင် သူ့စိတ်တွင် မကောင်းကြံ နေသည်ကို လူတိုင်းက နားလည်ကြသည်။ သူက ဤကဲ့သို့ ရလဒ်မျိုးကို မမျှော်လင့်ထားပေ။ ယခု သူကား စိုးရိမ်နေလေပြီ။

ယန်ကျန်း၏ မျက်လုံးများက အလွန်အမင်း အေးစက်နေသည်။ သူက ယန်မိုအား ကြည့်ကာ ရီဖူရှင်းအား ပြောသည်… “ယန်မိုက ယန်မိသားစုကို ကိုယ်စားမပြုနိုင်ဘူး…. သူ့စကားကို အလေးအနက် မထားနဲ့…..”

သူက ထိုသို့ ပြောနေစဉ် ယူချင်းကား ဆက်လက်၍ မနေဆဲဖြစ်သည်။ မိစ္ဆာတိုင်က ရှစ်ပေကို ကျော်သွားကာ ချင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသားဟောင်းကို ကျော်လွန်သွားပြီး ဖြစ်သည်။

***

All Chapters