← Chapters

ရေသဘာဝ ယင်အင်မော်တယ်မြို့အား ရှင်းလင်းခြင်း

Vol. 52 Ch. 724

ရေသဘာဝ ယင်အင်မော်တယ်မြို့အား ရှင်းလင်းခြင်း

Vol. 52 Ch. 724

“ ဟုတ်တယ် ဟုတ်တယ် အစ်ကိုကြီး ... ကျတော်ရဲ့ ကျင့်ကြံဆင့်က အရမ်းနိမ့်တယ်။ ကံကြမ္မာ ကြာနီက ကျတော်အတွက် အသုံးဝင်မှာ မဟုတ်ဘူး။ အစ်ကိုကြီးပဲ ယူထားလိုက်ပါ ”တုံ့ဟွားလုံကလည်း ဝင်ပြောလိုက်သည်။

တုံ့ဟွားလုံအမြင်အရ သူသည် မိုဝူကျိကြောင့်သာ မဟုတ်လျှင် အလောင်းဖြစ်နေလောက်ပြီမှန်း သေချာသိနေသည်။ ထို့အပြင်  သူက အစကတည်းမှ ကံကြမ္မာကြာနီကို မိုဝူကျိဆီ ပေးဖို့ရာ ရည်ရွယ်ထားလေ၏။

မိုဝူကျိက ပြုံးကာ “ အဲဒါတွေက မဆိုင်ဘူးလေ ဟွားလုံရဲ့ …. မင်းလည်း မုရုန်ရှန်းယွီကို မှတ်မိမှာပါ ”

“ သူမကို မှတ်မိတယ်။ အဲဒီမိန်းမက ကန်းနေတာ နေမှာ …. ကျေးဇူးတရားကို ရန်ကြွေးနဲ့ ပြန်ဆပ်ချင်နေတယ်။ သူမက တကယ်ကို အမှိုက်ပဲ …” တုံ့ဟွားလုံက မုရုန်ရှန်းယွီနှင့် မိုဝူကျိကြားမှ ဆက်ဆံရေးကို နားလည်ပေသည်။ မုရုန်ရှန်းယွီက မည်သူပင် ဖြစ်နေစေကာမူ သူ့အစ်ကိုကြီးကို တိုက်ခိုက်ရဲသူမှာ သူ့ရန်သူသာ ဖြစ်၏။

မိုဝူကျိက ပြောစရာရှာမတွေ့ ဖြစ်သွားလေ၏

“ ဟွားလုံ  … ငါက သူမရဲ့ စရိုက်ကို ပြောတာ မဟုတ်ဘူး။ အဲဒီ အမျိုးသမီး အင်အားကြီးလာတာကို ပြောနေတာ။ သူမရဲ့ ပါရမီက အဲလောက် အကောင်းကြီးထဲက မဟုတ်ဘူး။ ငါ သိသလောက် သူမက ကြယ်ခြောက်လုံး ပါရမီရှင်လောက်ပဲ ရှိတာ။ သူမထက် ပိုသာတဲ့ ပါရမီရှင်တွေ အများကြီးပဲ ….

လိန်ဟုန်ကျီရဲ့ ပါရမီက သူမထက် ဆယ်ဆမက ပိုသာမှာ သေချာတယ် ….

ဒါပေမဲ့ ကျင့်စဉ်နဲ့ ပတ်သတ်လာရင် သူမတို့ ထိပ်သီးတာအိုဂိုဏ်းရဲ့ ကျင့်စဉ်က ငါ့အမြင်တော့ အမှိုက်ထဲက အမှိုက်ပဲ။ လူသားဆန်မှုကို စွန့်ပစ်ပြီးတော့ ကောင်းကင်ဘုံ တက်လှမ်းချင်တဲ့ ကျင့်စဉ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ဒီနှစ်တွေတုန်းက အဲဒီအမျိုးသမီးရဲ့ ကျင့်ကြံဆင့်က ရွမ်ရှန်းအဆင့်ပဲ ရှိသေးတာ  အခုတော့  အင်မော်တယ်ဘုရင်အဆင့်တောင် ရောက်နေပြီ။ ဂျုနီယာညီမလေး ရိုအာရဲ့ ပါရမီက မဆိုးဘူး ဆိုပေမဲ့ ရွမ်ရှန်းအဆင့်ပဲ ရှိသေးတယ်။

မုရုန်ရှန်းယွီက ဘာလို့ အဲလောက် အားကောင်းလာတယ် ထင်လဲ …. ”

စုရိုအာနှင့် တုံ့ဟွားလုံတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားလေ၏။ တုံ့ဟွားလုံက မုရုန်ရှန်းယွီသည် အင်မော်တယ်ဘုရင်အဆင့် ရောက်နေကြောင်း ကြားလိုက်ရသည့်အခါ ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ မုရုန်ရှန်းယွီက တခြားပါရမီရှင်များကို ကပ်ဖားနေသည့် အမျိုးသမီးတစ်ဦးမျှသာ ဖြစ်လေရာ ယခင် သူမ ကျင့်ကြံဆင့်က သိပ်မမြင့်ပေ။ သို့သော် နှစ်ပိုင်းလေးအတွင်း သူမက အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းသွားနိင်လိုက်၏။

“ အစ်ကိုကြီးပြောတာ  သူမက ကျိုးပျက်ကမ္ဘာထဲမှာ တောက်လျှောက်နေနေတယ် ဆိုပြီတော့လား .. ပြီးတော့ ထိပ်သီးရတနာ ဒါမှမဟုတ် ကျင့်ကြံခြင်း တော်ဝင်မြေ တစ်ခု တွေ့ထားတာများလား  ” တုံ့ဟွားလုံက သံသယဖြင့် မေးလိုက်သည်။

မိုဝူကျိက ခေါင်းခါကာ  “ မုရုန်ရှန်းယွီရဲ့ ပါရမီနဲ့ဆိုရင် တော်ဝင်နယ်မြေ တွေ့ရင်တောင် နှစ်ပိုင်းလေးနဲ့ အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနိုင်မှာ မဟုတ်ဘူး ”

“ ဖြစ်နိုင်တာ သူမက ဝင်အပူးခံနေရတာလား  …” စုရိုအာက အလွန်သိချင်မိသွားသည်။ သူမလည်း တုံ့ဟွားလုံနှင့် အတွေးအတူတူ ဖြစ်ကာ မုရုန်ရှန်းယွီက အံ့မခန်း ရတနာ တွေ့လာသည်ဟု ထင်လိုက်မိသည်။

မိုဝူကျိက ခဏရပ်ကာ

“ မဟုတ်ဘူး ဝင်အပူးခံရတာ မဟုတ်ဘူး။ ကြည့်ရတာ သူမက လော့ကျမ်းစာရွက် ငါးရွက်လုံးကို သန့်စင်ပြီးသွားတဲ့ပုံပဲ …. လော့ကျမ်းစာရွက်မှာ သူ့ကိုယ်ပိုင် ကမ္ဘာရှိတယ်ဆိုပြီး ပြောကြတယ်။ အဲကြောင့် အချိန်လည်း ပါလိမ့်မယ်။

ငါ  အာကာပြင် ချုပ်နှောင်ခြင်း လျို့ဝှက်ပညာရပ် အမြင်အသစ် ပွင့်လာတုန်းက အချိန်နဲ့ ပတ်သတ်ပြီးတော့ နည်းနည်းတော့ နားလည်လိုက်တယ်။ လော့ကျမ်းစာရွက်ထဲက အချိန်က ပိုမြန်တာဆိုတော့  သူမ ကျင့်ကြံခဲ့တဲ့အချိန်က ငါတို့ထက် ဆယ်ဆကျော်လောက်တယ် …

မုရုန်ရှန်းယွီ ဒီလိုတွေ ဖြစ်လာနိုင်တာက လော့ကျမ်းစာရွက်ကြောင့်ပဲ … ကြည့်ရတာ သူမက လော့ကျမ်းစာရွက်ထဲက စည်းမျည်းဥပဒေသတွေကို နားလည်သွားတဲ့ပုံပဲ။ ဟွားလုံ …. ရှန်းထျန်းရတနာတွေက မရိုးရှင်းဘူး ….

ဒီကံကြမ္မာကြာနီက လော့ကျမ်းထက် အဆင့်မနိမ့်ဘူး။ အဲကြောင့် အခု အသုံးမဝင်သေးပေမဲ့ ဖြည်းဖြည်းချင်း လေ့လာကြည့်ပေါ့။ မင်းဆီမှာ ရှိနေတာ ပိုကောင်းပါတယ် …. ”

“ ဒါပေမဲ့ …”

တုံ့ဟွားလုံက ဆက်ပြောချင်သေးသည်ကို မြင်ပြီး မိုဝူကျိက တားလိုက်သည်

“ ငါ့တာအိုကို ကိုယ့်ဘာသာ ဖန်တီးထားတာ …. လျို့ဝှက်တိုက်ကွက်တွေကလည်း မိုးမြေစည်းမျည်းတွေ နားလည်နိုင်စွမ်းအပေါ်ကနေ သဘောပေါက် ဉာဏ်အလင်းပွင့်လာတာ …. ဒါပေမဲ့ ဒီနေ့အထိ ငါ့လျို့ဝှက်တိုက်ကွက်တွေက ပြန့်ကျဲပြီး‌တော့ တစ်ခုနဲ့ တစ်ခု အချိတ်အဆက် မမိဘူး။ ဒါပေမဲ့ အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းသွားရင် ငါ့ရဲ့ လျို့ဝှက်တိုက်ကွက်တွေက  လိုက်လျောညီထွေ ဖြစ်သွားပြီးတော့ တာအိုကလည်း အဆင့်သစ်တစ်ခုဆီ ရောက်သွားလိမ့်မယ်။

အဲဒီအချိန်ကျ မုရုန်ရှန်းယွီက အခုထက် အားကောင်းနေရင်တောင် သူမရဲ့ လော့ကျမ်းစာရွက်တွေ သုံးပြီးတော့ ငါ့ကို ဖိနှိပ်လို့ မရတော့ဘူး။ စာရွက်အားလုံး မရသရွေ့ မဖြစ်နိုင်ဘူး …. ”

မိုဝူကျိက သူ့တာအိုအကြောင်း သေချာသိ၏။ သူ အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းသည်နှင့် သူ့လျို့ဝှက်တိုက်ကွက်များမှာ လိုက်လျောညီထွေ ဖြစ်သွားလိမ့်မည်။ ထိုအချိန်ကျ သူ့အင်အားမှာ အင်မော်တယ်ဘုရင်အဆင့်မျှ မကတော့ပေ။ ထို့ကြောင့် မုရုန်ရှန်းယွီအား မကြောက်ရွံ့ပေ။

သူ့အတွက် အင်မော်တယ်ဘုရင်အဆင့်အား ကြိုက်သည့်အချိန် တက်လှမ်းနိုင်နေပြီ ဖြစ်၏။ အကယ်၍ မုရုန်ရှန်းယွီက လော့ကျမ်းစာရွက် ငါးရွက် သုံး၍ သူ့ကို ဖိနှိပ်ထားခြင်း မဟုတ်လျှင် သူက ကျိုးပျက်ကမ္ဘာအတွင်း၌ပင် အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းဖို့ရာ ကြိုးစားမိလောက်၏။

မိုဝူကျိက တုံ့ဟွားလုံအား ထိုအရာများ ပြောပြလိုက်ခြင်းမှာ သူက ကံကြမ္မာကြာနီကို မလိုအပ်ကြောင်း သွယ်ဝှက်၍ ပြောနေခြင်း ဖြစ်၏။

အကယ်၍ သူက  ကံကြမ္မာကြာနီကို ကိုယ်တိုင် ရခဲ့ပါက သေချာပေါက် အသုံးပြုမည် ဖြစ်သော်လည်း တုံ့ဟွားလုံက ရလာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူက ကံကြမ္မာကြာနီပေါ်၌ များစွာ မမှီခိုလိုပေ။

“ ဟုတ်ကဲ့ အစ်ကိုကြီး ...  ကျတော် နားလည်ပါပြီ ” တုံ့ဟွားလုံလည်း မိုဝူကျိ စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်လိုက်သည်။

………….…

တစ်ရက်ကြာမြင့်ပြီးနောက် လွန်းပျံယာဉ်မှာ ရေသဘာဝ ယင်အင်မော်တယ်မြို့အနား ရောက်ရှိလာသည်။

“ မင်းတို့နှစ်ယောက် ရေသဘာဝ ယင်အင်မော်တယ်မြို့ဆီ ရောက်တုန်းက တစ်ခုခု ဖြစ်ခဲ့တာလား ” သူတို့တွေ ရေသဘာဝ ယင်အင်မော်တယ်မြို့အနား ရောက်လာပြီ ဖြစ်၍ မိုဝူကျိက သူ့လွန်းပျံယာဉ်ကို အရှိန်လျော့လိုက်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း ရေသဘာဝ ယင်အင်မော်တယ်မြို့၏ သတ်ဖြတ်ရေး အစီအရင်မှာ အသက်သွင်းထားကြောင်း သိလိုက်သည်။ မြို့အတွင်းမှ အင်မော်တယ် သဘာဝစွမ်းအားလှိုင်းတွန့်တချိုပါ ဖြစ်နေလေ၏။ ကြည့်ရသည်မှာ တိုက်ပွဲ ဖြစ်နေဟန် ပေါ်သည်။

“ ညီမတို့ မြို့စားအိမ်တော် စောင့်ကြည့်ခံနေရတယ်ဆိုတာပဲ သိလိုက်တာ ကျန်တာတော့ မသိဘူး ” စုရိုအာက ပြန်ဖြေလိုက်သည်။

မိုဝူကျိက လွန်းပျံယာဉ်ကို ရပ်ကာ  အလေးအနက် ပြောလိုက်သည်

“ အခု ရေသဘာဝ ယင်အင်မော်တယ်မြို့ထဲ တိုက်ပွဲ ဖြစ်နေတယ်။ ကြည့်ရတာ တစ်ယောက်ယောက်တော့ အထဲမှာ ပိတ်မိနေတဲ့ပုံပဲ …. ဝမ်ဟို့က ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ စောင့်ကြည့်တဲ့သူတွေ တွေ့သွားတာ ထင်တယ်။ မင်းတို့နှစ်ယောက်က အပြင်မှာ စောင့်နေကြ …

တကယ်လို့ တစ်ခုခု ဖြစ်ရင် ဆက်သွယ်ရေး ပုတီးစေ့နဲ့ ဆက်သွယ်လိုက် …. ငါ အထဲကို တစ်ယောက်တည်း ဝင်ကြည့်လိုက်ဦးမယ် …. ”

“ အစ်ကိုကြီး ဂရုစိုက်နော် … စီနီယာအစ်မရိုအာက ပြောတယ် စောင့်ကြည်နေတဲ့သူတွေက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတွေတဲ့ ….” တုံ့ဟွားလုံက မိုဝူကျိကို အရမ်းယုံကြည်သော်လည်း အစ်ကိုကြီးမှာ အင်မော်တယ်ဘုရင်အဆင့် မရောက်သေးကြောင်း သိထားလေ၏။

“ စိုးရိမ်ဖို့ မလိုဘူး ” မိုဝူကျိက ထိုသို့ပြောပြီး လွန်းပျံယာဉ်ကို စုရိုအာဆီ အပ်ကာ အထဲပြေးဝင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူ့ပုံရိပ်လေးက ရေသဘာဝ ယင်အင်မော်တယ်မြို့ဂိတ်တံခါး အပြင်၌ ပေါ်လာလေသည်။

သူက အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းမှာ မုရုန်ရှန်းယွီကဲ့သို့ ကောင်းကင်ဘုံ သွေဖယ်နေသည့် ရတနာမျိုး ပိုင်ဆိုင်နေလိမ့်မည်ဟု မထင်ပေ။

မုရုန်ရှန်းယွီနှင့် တိုက်ပွဲအတွင်း သူက လက်ဦးမှု ကျရှုံးကာ လော့ကျမ်းစာရွက်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ အကယ်၍ သူသာ မလုပ်ခဲ့လျှင်  မိုးကြိုးစမ်းသပ်ချက်အား နိုးဆွနိုင်လိမ့်မည်။ ထို့ကြောင့် မုရုန်ရှန်းယွီကဲ့သို့ ကံကောင်းသူ ရှိနေလျှင် သူ့မိုးကြိုးစမ်းသပ်ချက်အား  ဆင့်ခေါ်လိုက်ရုံ ဖြစ်သည်။ သာမာန် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူ့မိုးကြိုးစမ်းသပ်ချက်အား ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း သေချာသိနေသည်။

မိုဝူကျိအတွက် ရေသဘာဝ ယင်အင်မော်တယ်မြို့သို့ ရောက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ ပထမဆုံး လာရောက်မှု၌ မြို့၏ ကာကွယ်ရေး အစီအရင်နှင့် သတ်ဖြတ်ရေး အစီအရင်တို့၏ တားဆီးခြင်းကို ခံထားရသည်။

ရေသဘာဝ ယင်အင်မော်တယ်မြို့၏ အစီအရင်မှာ အဆင့် ၅ အင်မော်တယ် အစီအရင်မျှ ဖြစ်သောကြောင့် မိုဝူကျိအတွက် မဖြုံလောက်ပေ။

သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ရေသဘာဝ ယင်အင်မော်တယ်မြို့ အစီအရင်အား  ပိုင်းဖြတ်ချလိုက်သည်။

သူက ဤအစီအရင်လေးကို အသက်ဆယ်ရှိုက်စာအတွင်း ဖွင့်ပစ်လိုက်သည်။ သို့သော်လည်း တိုက်ရိုက်ချိုးဖျက်ခြင်းက အမြန်ဆုံး ရွေးချယ်မှု ဖြစ်သည်။

“ ဘုန်း ” သူ့ပုဆိန်လှံရှည်အလင်းတန်းက လျှပ်စီးသွားအလား ကျရောက်လာသည်။ တစ်ချက်တည်းဖြင့် ရေသဘာဝ ယင်အင်မော်တယ်မြို့ အစီအရင်မှာ နှစ်ပိုင်း ပြတ်သွားတော့သည်။ ပုဆိန်လှံရှည်အလင်း ပျောက်ကွယ်သွားသောကြောင့် ရေသဘာဝ ယင်အင်မော်တယ်မြို့ အစီအရင်မှာ တစစီ ဖြစ်ကာ ပျောက်ပျက်သွားရသည်။

………….…

ရေသဘာဝ ယင်အင်မော်တယ် မြို့စားအိမ်တော်

ဝမ်ဟို့က သွေးများစွန်းထင်းနေသည်။ သူ့ဦးခေါင်းညာဘယ်၌ ဒဏ်ရာအနက်ကြီးတစ်ခု ရှိနေပြီး နည်းနည်းလေးသာ ပိုအားပြင်းသွားပါက ခေါင်းနှစ်ခြမ်း ကွဲသွားပေလိမ့်မည်။

သူ့ဘေးတွင် တန်လျန့်က လက်တစ်ဖက် မရှိတော့ချေ။ သူက မြေပြင်ပေါ်၌ ဖြူဖတ်ဖြူရော် ဖြစ်ကာ မလှုပ်မယှက် ဖြစ်နေသည်။ ဝမ်ဟို့၏ ဇနီးဖြစ်သူ ယန်ချင်လင်မှာလည်း ဒဏ်ရာအပြင်းအထန် ရထားသည်။ သူမက အင်မော်တယ် သဘာဝစွမ်းအားများ အသုံးလွန်မှုကြောင့် လက်များပင် တုန်ယင်နေလေ၏။

“ အစ်ကိုဝမ် ကျုပ် တောင်းပန်ပါတယ်ဗျာ … ကျုပ် အကြံ ကျရှုံးသွားပြီ ” တန်လျန့်အသံတွင် ခံရခက်သည့် လေသံပါဝင်နေသည်။ သူက အဆင့် ၅ ဆေးလုံးဘုရင်အဆင့်သို့ တက်လှမ်းထားသည်မှာ မကြာမြင့်သေးသော်လည်း အဆင့်မြင့်မြင့် မရောက်ခင် ဤနေရာ၌ ပျောက်ကွယ်ရတော့မည်။

ဝမ်ဟို့မျက်ဝန်း၌ စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေ၏။ သူ့အိမ်တော်တွင် ရှိနေသော ကာကွယ်ရေး အစီအရင်ကြောင့်သာ မဟုတ်လျှင် သူတို့အား အကျဉ်းသားအဖြစ် ဖမ်းသွားလောက်လေပြီ။ ဤသို့ဆိုလျှင်ပင် သူတို့က ဘယ်လောက်များ တောင့်ခံနိုင်မည်နည်း။

“ မင်းကို အပြစ်မတင်ပါဘူးကွာ …. ငါကိုယ်တိုင်လည်း အင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့် နှစ်ယောက်အပြင် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့်လည်း ရှိနေမယ်ဆိုတာ မသိလိုက်ဘူး ” ဝမ်ဟို့က ကုသရေးဆေးလုံးတချို့ ထုတ်ကာ မျိုချလိုက်သည်နှင့် သူ့ကာကွယ်ရေး အစီအရင်နှင့် မျက်နှာချင်းဆိုင်၌ ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။

ကာကွယ်ရေး အစီအရင်ကြီးက ဘန်းခနဲ အသံထွက်ပေါ်လာသောကြောင့်  အစီအရင်မှာ ကြာရှည်ခံနိုင်ရည် မရှိတော့မှန်း သိလိုက်ကြသည်။ အစီအရင်ကျိုးပျက်သွားသည်နှင့် ကြောက်စရာအကောင်းဆုံး ကံတရားမှာ သူတို့ဆီ ကျရောက်လာလိမ့်မည်။

“ သခင်ကြီးရေ ဒီဘဝတော့ ကျမ အရင်သွားနှင့်တော့မယ် ….” ယန်ချင်လင်၏ မျက်ဝန်းများတွင်လည်း မျှော်လင့်ချက် ပျက်သုန်းမှုများ ကြီးစိုးနေသည်။ သူမက အဖမ်းခံရပြီး ယုံရင်အင်မော်တယ်မြိုသို့ ခေါ်ဆောင်သွားခံရပါက မည်သို့ ကံတရား စောင့်ကြိုနေကြောင်း တခြားလူထက် ကောင်းကောင်း သိပေသည်။

ဝမ်ဟို့က ပြန်ပြောတော့မည့်ဆဲဆဲတွင် ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရသည်။ ထိုစဉ် ရေသဘာဝ ယင်အင်မော်တယ်မြို့ တစ်ခုလုံး တုန်ခါလာတော့သည်။

သုံးယောက်သား အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုအရာမှာ ရေသဘာဝ ယင်အင်မော်တယ်မြို့ အစီအရင်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်မှာ သိသာလှသည်။ ကွေ့ဖုန်းယွင် လူများအပြင် မည်သူကများ ရေသဘာဝ ယင်အင်မော်တယ်မြို့ အစီအရင်အား တိုက်ခိုက်ရဲမည်နည်း။

ကိုယ့်ဘာသာ သတ်သေဖို့ရာ ကြံစည်နေသော ယန်ချင်လင်က တံခါးဆီ ပြေးထွက်လာသည်။ ဝမ်ဟို့က သူမအား မြန်မြန်ဆွဲထားကာ

“ တကယ်ပဲ ကိုယ့်ဘာသာ သေဖို့ ကြိုးစားနေတာလား ”

သူမက အစီအရင်အတွင်း အန္တရာယ်ကင်းနေဆဲ ဖြစ်သည်။ သို့သော် အိမ်တော်မှ ထွက်သွားသည်နှင့် ကျားဂူထဲ ဝင်သွားသည့် သိုးလေးသဖွယ် ဖြစ်သွားပေလိမ့်မည်။

“ လျန်ရှီး ဖြစ်လောက်တယ်။ သူမကို ထွက်သွားခိုင်းရမယ် ….” ယန်ချင်လင်က အော်ကြီးဟစ်ကျယ် ငိုလိုက်တော့သည်။ သူမ သေလျှင် လုံလောက်နေပြီ ဖြစ်သော်လည်း လျန်ရှီး သူတို့မိသားစု၏ မျှော်လင့်ချက်လေး ဖြစ်၏။ အကယ်၍ လျန်ရှီးပါ သေဆုံးသွားလျှင် သူမ ယန်ချင်လင်က သေသည်အထိပင် ကောင်းကောင်း အနားယူနိုင်မည် မဟုတ်ပေ။

“ လျန်ရှီး မဟုတ်ဘူး ” တန်လျန့်က ကြိုးစားမတ်တတ်ရပ်ကာ  “ လျန်ရှီးက ဒီလောက် အားမကောင်းဘူး ”

ရေသဘာဝ ယင်အင်မော်တယ်မြို၏ ကာကွယ်ရေး အစီအရင်မှာ အဆင့် ၅ အင်မော်တယ် အစီအရင် ဖြစ်ပေသည်။ ထို့အပြင် ကွေ့ဖုန်းယွင်က အဆင့် ၅ သတ်ဖြတ်ရေး အစီအရင်ကို  ခင်းကျင်းရန် ပညာရှင်တစ်ယောက် လွှတ်လိုက်သေး၏။ ဤသို့မျိုး အစီအရင်နှင့် ရင်ဆိုင်ရန် ဝမ်လျန်ရှီးအနေနှင့်  တစ်ရက်လုံးလုံး တိုက်ခိုက်လျှင်ပင် တုန်ခါအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ယန်ချင်လင်က ဖြည်းဖြည်းချင်း ငြိမ်ကျသွားလေ၏။ သူမက ဝမ်လျန်ရှီးသည် ဤအစီအရင်အား တုန်ခါနိုင်စွမ်း ရှိအောင် မပြုလုပ်နိုင်ကြောင်း သိနေသည်။

သူမက သက်ပြင်းချလိုက်သော်လည်း နားမလည်စွာ မေးလိုက်၏ “ အဲဆို ကျမတို့ကို ဘယ်သူကများ လာကယ်မှာလဲ  ”

ဝမ်ဟို့က သက်ပြင်းချကာ

“ အဲလူက ငါ့တို့ကို လာကယ်တာ ဟုတ်ချင်မှ ဟုတ်မှာလေ။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်ပါ … အဆင်ပြေသွားတာပေါ့။ ငါတို့ကို ပိတ်ထားတဲ့ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတွေ ထွက်သွားရင် ငါတို့ လွတ်မြောက်နိုင်ပြီ …. ”

“ ဘယ်သူလဲ …. ငါ့ရေသဘာဝ ယင်အင်မော်တယ်မြို့ရဲ့ အစီအရင်ကို ဘာကြောင့် တိုက်ခိုက်တာလဲ ” မိုဝူကျိက အစီအရင်ကို ဖျက်စီးပြီးသည်နှင့် ဆံပင်တိုတို အင်မော်တယ်ဘုရင် ကျင့်ကြံသူတစ်ယောက် ရောက်လာသည်။

မိုဝူကျိက ပြန်ဖြေဖို့ရာပင် စိတ်မပါပေ။ သူက ထိုအင်မော်တယ်ဘုရင် နောက်ပိုင်းအဆင့်အား သူ့ပုဆိန်လှံရှည်ဖြင့် ပိုင်းဖြတ်ချလိုက်သည်။

All Chapters