← Chapters

အခန်း(၁၃၆) ဂန္ဓဝင်လက်ရာစစ်တစ်ခု သမိုင်းဝင်မှတ်တမ်းကို ချိုးဖောက်သွားခြင်း

Vol. 10 Ch. 136

အခန်း(၁၃၆) ဂန္ဓဝင်လက်ရာစစ်တစ်ခု သမိုင်းဝင်မှတ်တမ်းကို ချိုးဖောက်သွားခြင်း

Vol. 10 Ch. 136

အခန်း(၁၃၆) ဂန္ဓဝင်လက်ရာစစ်တစ်ခု သမိုင်းဝင်မှတ်တမ်းကို ချိုးဖောက်သွားခြင်း

ဝေ့ပေါ် ပေါ်က ရေပန်းစား အကြောင်းအရာ အားလုံးတွင် ကောမန့်ကောင်းများဖြင့် ပြည့်နှက်နေသည်။

"အားးး ဘဝရဲ့ပျော်ရွှင်မှု နောက်ဆုံးတော့ ပြီးဆုံးသွားပြီဲ။ ဒါပေမယ့် ကြည့်လို့ မဝသေးဘူး။ ဒုတိယတွဲကို ဘယ်တော့ ရိုက်ကြမှာလဲ။”

"ဒုတိယတွဲအတွက်လည်း မူလ သရုပ်ဆောင်တွေကိုပဲ ပြန်သုံးပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုချင်ပါတယ်။ ဘယ်သူ့ကိုမှ အစားထိုးလို့ မဖြစ်ဘူး။”

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ကောင်းလွန်းတယ်။ ဒီဒရမ်မာရဲ့ ဇာတ်ကွက်ကလည်း အရမ်းကောင်းတယ်။ ဒုတိယတွဲ မရှိသေးတာ တစ်ခုပဲ။ ငါ မျှော်လင့်နေပါပြီနော်။”

"ချိုမြိန်လိုက်တာ။ ငါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဇာတ်ဝင်ခန်းတွေကို ချစ်မိသွားပြီ။ ဘယ်လို လုပ်ရမလဲ။”

"လင်းဖန် လင်းဖန် လင်းဖန်။”

"ရှားဝမ်ချွေ့ကလည်း အရမ်းလှတာ။ သူ့ဖန်သားပြင်ပေါ်က ပထမဆုံးအနမ်းကို လင်းဖန် ပိုင်သွားပြီ။ ငါ အားကျလိုက်တာ။ ငါလည်း ရှားဝမ်ချွေ့ကို နမ်းချင်တယ်။ မဟုတ်ရင် စုရှောင်းယွီကို နမ်းလို့ရရင်လည်း အဆင်ပြေပါတယ်။”

ဘဝရဲ့ပျော်ရွှင်မှု ဇာတ်သိမ်းကြောင့် အင်တာနက်ပေါ်မှာ လှိုင်းသစ်တစ်ခု ထလာပြန်ပါသည်။

ဘဝရဲ့ပျော်ရွှင်မှု ဝေ့ပေါ် ပေါ် လူကြိုက်များမှုက ၄ သန်းကျော် သွားပါပြီ။

လူကြိုက်များမှု ၄ သန်းဆိုတာ ဘာကို ဆိုလိုသနည်း။ နာမည်ကျော်တစ်ယောက် မကောင်းသတင်း ထွက်ခြင်း သို့မဟုတ် နာမည်ကျော်တစ်ယောက်က တစ်ယောက်ယောက်နဲ့ တွဲနေပြီဟု ကြေညာလိုက်ရင်တောင် ဒီလောက် လူကြိုက်များမှုမျိုး ရဖို့ မလွယ်ပါ။

ယွဲ့ဟွာ ဖျော်ဖြေရေး၏ စျေးကွက်တန်ဖိုးနဲ့ စတော့ စျေးကွက်တို့ကလည်း အများကြီး မြင့်တက်သွားခဲ့ပါသည်။

ယွဲ့ဟွာဖျော်ဖြေရေးတစ်ခုလုံးကတောင် အလွန် ဖွံ့ဖြိုးတိုးတက်နေကြပါသည်။

ဒီရုပ်သံဒရမ်မာကို ထုတ်လွှင့်ပြသပြီးနောက် လင်းဖန်၏ ပရိသတ် ၁၃ သန်းအထိ ရောက်သွားပြီ ဖြစ်သည်။

လင်းဖန်က ပရိသတ် သန်း ဆယ်ချီရှိသော စူပါစတားတစ်ယောက် ဖြစ်သွားပါပြီ။

တစ်ချိန်တည်းမှာပဲ ရှားဝမ်ချွေ့ပရိသတ်က ၉၅ သန်းအထိ ရှိလာခဲ့သည်။

သူမ၏ ဝေ့ပေါ် ပရိသတ်များက သန်း ၁၀၀ အထိတောင် ကပ်နေပါပြီ။

စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်နဲ့ တခြား သရုပ်ဆောင်များ၏ ပရိသတ်တွေလည်း အမျာကြီး တိုးလာခဲ့ပါသည်။

ဒီရုပ်သံဒရမ်မာက တကယ့်ကို ဂန္ဓဝင်လက်ရာ စစ်စစ်ပင်။

ပရိသတ်များစွာက ဒီလိုသတင်းများကြောင့် လန်းဆန်းကုန်ကြ၏။

ဒီနေ့ညကတော့ ဘယ်သူမှ အိပ်စက်မည့် ည မဟုတ်လောက်ပါ။

ယွဲ့ဟွာဖျော်ဖြေရေးတွင် ဝန်ထမ်းများအားလုံး အချိန်ပို ဆင်းနေကြသည်။

စီအီးအိုလီတောင် မပြန်ပါ။

အထူးသဖြင့် ရွှယ်ခဲ့ရှင်းနဲ့ နောက်ဆက်တွဲ ထုတ်လုပ်ရေးအဖွဲ့သားများ၊ ဒါရိုက်တာ လုပမ်ခိုင်း၊ ပရိုဂျူဆာ လျို့မူတို့ ဖြစ်ကြ၏။ ရလဒ်များကို မြင်လိုက်ရပြီးနောက် သူတို့ ဝမ်းမြောက်သွားကြပါသည်။

"ငါတို့ လုပ်နိုင်ပြီကွ။"

"ဘဝရဲ့ပျော်ရွှင်မှု တကယ်အောင်မြင်သွားပြီ။”

"လင်းဖန်က တကယ့် ဉာဏ်ကြီးရှင်ပဲ။ သူရေးလိုက်တဲ့ ဂန္ဓဝင်ဇာတ်ညွှန်းက ငါတို့အတွက် ပြီးပြည့်စုံတဲ့ ရုပ်သံဒရမ်မာတစ်ခုကို ဖန်တီးပေးလိုက်တာပဲ။”

"ဘုရားရေ လင်းဖန်က တကယ့်နတ်ဘုရားပဲ။"

"ဘဝရဲ့ပျော်ရွှင်မှု ဒရမ်မာရဲ့ အောင်မြင်မှုကြောင့် ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ရှယ်ယာစျေး ၁၃ ရာခိုင်နှုန်းတောင် တက်သွားပြီ။ ၁၃ ရာခိုင်နှုန်းဆိုတာ ဘယ်လိုတောင်လဲ...။ ၁၀ ရာခိုင်နှုန်းကျော်တောင် တက်သွားတယ်။”

"နာမည်ကျော်တွေအားလုံး နောက်ပိုင်းကျရင် ပိုပြီး လှုပ်ရှားကြတော့မယ်။ အားလုံး နာမည်ကြီးလာတော့မယ်။ အထူးသဖြင့် လင်းဖန်ပေါ့။ နောက်ပိုင်းကျရင် ကုမ္ပဏီတွေ အများကြီးက လင်းဖန်ရေးတဲ့ ဇာတ်ညွှန်းတွေအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ကြတော့မှာ အမှန်ပဲ။”

"လင်းဖန်ကြောင့်သာ မဟုတ်ရင် ယွဲ့ဟွာ ဒီလောက်ထိ အောင်မြင်မှာ မဟုတ်ဘူး။ လင်းဖန်က ဇာတ်ညွှန်းကို ရေးခဲ့ပြီး ခေါင်းဆောင်မင်းသားလည်း လုပ်ခဲ့တယ်။ လင်းဖန်က ရှားဝမ်ချွေ့ရဲ့ အကူအညီကြောင့် ခေါင်းဆောင်မင်းသားဖြစ်လာတယ်လို့ ငါထင်ခဲ့မိတာ။ အခုတော့ ငါမှားမှန်း သိပါပြီ။ လင်းဖန်က ကိုယ့်အားကိုယ်ကိုးခဲ့တာပဲ။”

ယွဲ့ဟွာ ဖျော်ဖြေရေး၏ ဝန်ထမ်းအားလုံး အောင်ပွဲခံနေကြသည်။

စီအီးအိုလီလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ သူ သက်ပြင်းချလိုက်၏။ သူ့အိပ်မက်တွေ တကယ် ဖြစ်လာဖို့ နီးစပ်နေပါပြီ။

အစကတော့ ပြည်တွင်း ရုပ်သံဒရမ်မာ စျေးကွက်ကြီးက ပျက်စီးပြီး ဗလာကျင်းဖြစ်နေခဲ့သည်။ နိုင်ငံတော်ထဲမှာ ထိပ်တန်းအဖြစ် သတ်မှတ်နိုင်တဲ့ ဒရမ်မာတွေ ရှိလို့လား။ ဝတ္ထုကြီး လေးပုဒ်ကလွဲပြီး တခြား ပေါ်မလာသေးပါ။

သို့သော်လည်း ထိုအနုပညာရှင်ဟောင်းများက ရုပ်သံဒရမ်မာ ထုတ်လုပ်မှုမှ အနားယူသွားကြပါပြီ။

အခုခေတ်တွင် ရုပ်သံဒရမ်မာက လူကြိုက်များမှုနဲ့ ငယ်ငယ်ချောချောလေးတွေကိုသာ ထည့်ရိုက်ဖို့ အားသန်လာသည်။ ဇာတ်ညွှန်းပြဿနာကိုတော့ ဖျော်ဖြေရေး ကုမ္ပဏီများစွာက လျစ်လျူရှုခဲ့ကြပါသည်။ ထို့ကြောင့်လည်း နှစ်ပေါင်းများစွာအတွင်း ရုပ်သံဒရမ်မာများ၏ ကျရှုံးမှုကို ဦးတည်ခဲ့ရသည်။ ပရိသတ်၏ မျက်လုံးများ တောက်ပနေပါပြီ။

တချို့ သရုပ်ဆောင်များက ၎င်းတို့ပြောရမည့် စကားများကိုပင် မမှတ်မိနိုင်ဘဲ သရုပ်ဆောင်နေကြ၏။ တချို့က အတော်လေး မောက်မာစွာ သရုပ်ဆောင်ကြသည်။

ရုပ်သံဒရမ်မာတစ်ခုက ရင်းနှီးမြှုပ်နှံမှုများများစားစားမရနိုင်ပါ။ ထို့အပြင် ငွေလိုသည့် နေရာများစွာလည်း ရှိသည်။ သို့သော် ငွေ ၇၀ - ၈၀ ရာခိုင်နှုန်းလောက်ကို နာမည်ကျော် သရုပ်ဆောင်များအား အနုပညာကြေးပေးဖို့ သုံးရသည်။ သူတို့ ပြောင်မြောက်သည့် ရုပ်သံဒရမ်မာတွေကို ရိုက်ကူးပြီး တရုတ် အနုပညာလောကကို မြေတောင်မြှောက်ပေးနိုင်ပါဦးမလား။

တရုတ်အနုပညာလောကက ဘယ်လို ကမ္ဘာကျော်နိုင်မည်နည်း။

ဒါက ပါရမီရှိဖို့ လိုအပ်သည်။

စီအီးအိုလီက အိပ်မက်များနောက်ကို ဆက်တိုက် လိုက်ခဲ့သူတစ်ယောက် ဖြစ်၏။

ကံကောင်းစွာဖြင့် လင်းဖန်နှင့် သူ ဆုံတွေ့ခဲ့ရသည်။

လင်းဖန်လို ပါရမီရှင်မျိုးနဲ့သာ မတွေ့ခဲ့ပါက ဒီရုပ်သံစီးရီးတစ်ခုလုံး ဒီလောက်အောင်မြင်နိုင်မှာ မဟုတ်ပေ။

အခုလိုအဆင့်ထိရောက်နိုင်ဖို့ လင်းဖန်က အများကြီး ကူညီထောက်ပံ့ပေးခဲ့သည်။

ယွဲ့ဟွာဖျော်ဖြေရေးက လူအားလုံး အောင်ပွဲခံနေကြ၏။

တစ်ချိန်တည်းမှာပင် Tencent Arts နဲ့ iQiyi တို့လည်း ရွှင်မြူးနေကြပါသည်။

သူတို့ ကိန်းဂဏန်းများ မြင့်တက်နေတာကို မြင်လိုက်ရသောအခါ လုံးဝ ကြက်သေ သေကုန်ကြပါသည်။

ဘဝရဲ့ပျော်ရွင်မှု ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြီး ၁၂ နာရီ ကြာပါပြီ။

ကုမ္ပဏီနှဏ်ခု၏ ခေါင်းဆောင်များနဲ့ ဘော့စ်များက တုန်လှုပ်ကုန်ကြသည်။

ဘဝရဲ့ပျော်ရွှင်မှု ဒီလောက် အောင်မြင်လိမ့်မည်ဟု မထင်ထားပါ။

"လခွမ်း... လင်းဖန်က တကယ်ကြမ်းတာပဲ။ သူ့ဇာတ်ညွှန်းကို ရိုက်ကူးထားတဲ့ ရုပ်သံစီးရီးမှာ ဒါရိုက်တာကော၊ နောက်ဆက်တွဲထုတ်လုပ်ရေးကော၊ ဂီတအပိုင်းတွေကော လုပ်ခဲ့သေးတယ်။ ပြီးတော့လည်း ဒီရုပ်သံစီးရီးရဲ့ ခေါင်းဆောင်မင်းသားကပါ လင်းဖန်ဖြစ်နေတယ်။”

"အခု ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲ ပြီးသွားပြီ။ အကြာကြီး ထုတ်လွှင့်ပြသခဲ့ရတာ။ စုစုပေါင်း ၆ ပတ်တောင်။ တစ်လနဲ့ လဝက်အတွင်း ဘဝရဲ့ပျော်ရွှင်မှုက ဒီလောက် ရလဒ်တွေတောင် ရနိုင်ခဲ့တယ်။”

"ကြည့်ရှုသူနဲ့ ကလစ်အရေအတွက်က သန်း ၃၀၀ ကျော်သွားပြီဟ။"

"ဆွေးနွေးမှု လူကြိုက်များမှုတွေလည်း သန်း ၁၀၀ ကျော်သွားပြီ။”

"ဒါက ငါတို့သမိုင်းမှာ အများနဲ့ မတူ တမူထူးခြားတဲ့ ဂန္ဓဝင်လက်ရာမျိုးပဲ။ သမိုင်းကြောင်းထဲက ရုပ်သံဒရမ်မာတွေ အားလုံးထဲမှာ နံပါတ် ၁ စံချိန်ချိုးသွားပြီး ဒုတိယနေရာနဲ့တောင် အကွာကြီး ကွာတယ်။ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာက တော်တော့်ကို အံ့သြဖို့ ကောင်းလွန်းပါတယ်။”

"ပြီးတော့ ဘဝရဲ့ပျော်ရွှင်မှုက အွန်လိုင်းဒရမ်မာ တစ်ခုသက်သက်ပဲ ရှိသေးတယ်။ တီဗီပေါ်မှာ လွှင့်မယ်ဆိုရင် ရလဒ်တွေ ပိုတောင် ကောင်းဦးမယ်။” Tencent Arts တာဝန်ရှိသူက ပြောလိုက်ပါသည်။

Tencent Arts ၏ ဘော့စ်ကတောင် ထိုအကြောင်းကို ကြားသောအခါ ထိတ်လန့်သွားရပါသည်။

ကြည့်ရှုသူနဲ့ ကလစ်အရေအတွက်က သန်း ၃၀၀ ကျော်သွားလေပြီ။ လူကြိုက်များမှုက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ။

လူကြိုက်များမှုနဲ့ ကလစ်အရေအတွက် တွက်ချက်မှု စည်းမျဥ်းများ ခြားနားမှုကြောင့် ဆွေးနွေးခြင်း လူကြိုက်များမှု သန်း ၁၀၀ ကျော်သောအခါ ဒီဒရမ်မာ ဘယ်လောက်တောင် နာမည်ကြီးသလဲ ခန့်မှန်းကြည့်လို့ရနေပါပြီ။

နေရာတိုင်းလိုလိုမှာ လူတွေက ဘဝရဲ့ပျော်ရွှင်မှုအကြောင်း ပြောနေကြ၏။

ဒီရုပ်သံဒရမ်မာ၏ ဂုဏ်သတင်း၊ အရည်အသွေးနဲ့ Rating များက လုံးဝ ပေါက်သွားခဲ့ပါသည်။

"ကံကောင်းလို့ ငါတို့ကုမ္ပဏီ ငွေတွေအများကြီးသုံးပြီး ဒီရုပ်သံဒရမ်မာရဲ့ သီးသန့်ထုတ်လွှင့်ပြသမူပိုင်ခွင့်ကို ဝယ်ခဲ့ပေလို့ပေါ့။" Tencent Arts ၏ ဝန်ထမ်းက ပြောလိုက်ပါသည်။

"ဟုတ်တယ်။ HappyFruit နဲ့ MangoTV တို့ ကုမ္ပဏီနှစ်ခုကတော့ ငိုနေကြပြီထင်တယ်။ သူတို့က "စစ်သူကြီးနဲ့ ကျွန်မ" ရုပ်သံဇာတ်လမ်းတွဲအတွက် ထုတ်လွှင်ပြသခွင့်ကို ဝယ်ခဲ့ကြတာကိုး။ အခု အင်တာနက်မှာ "ဘဝရဲ့ပျော်ရွှင်မှု" အကြောင်းပဲ ပြောနေကြတယ်။ "စစ်သူကြီးနဲ့ကျွန်မ" အနိုင်ယူခံရတာ  အကြိမ်ပေါင်းများစွာ ရှိနေပြီ။”

ဟုတ်တယ်။ HappyFruit နဲ့ MangoTV  ရဲ့ မူပိုင်ခွင့်တွေ ဝယ်ဖို့ တာဝန်ရှိသူတွေ အလုပ်ဖြုတ်ခံလိုက်ရပြီ။

ထိုလူနှစ်ယောက်၏ အမှားကြောင့် သူတို့ကုမ္ပဏီများ Tencent Arts နဲ့ iQiyi တို့၏ အနိုင်ယူခြင်းကို ခံလိုက်ရခြင်း ဖြစ်ပါသည်။

ဒီဒရမ်မာကြောင့်ပဲ Tencent Arts နဲ့ iQiyi တို့ ဗီဒီယိုကုမ္ပဏီအဆင့် သတ်မှတ်ချက်များ၏ ထိပ်ဆုံး ၃ နေရာတွင် ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

အားလုံးက "ဘဝရဲ့ပျော်ရွှင်မှု" ကျေးဇူးကြောင့် ဖြစ်သည်။

လင်းဖန်၏ ဇာတ်ညွှန်းကြောင့် "ဘဝရဲ့ပျော်ရွှင်မှု" ရုပ်သံဒရမ်မာက တရုတ်ရာဇဝင်ထဲက ရုပ်သံဒရမ်မာ စံချိန်အားလုံးကို ချိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

"ဘဝရဲ့ပျော်ရွှင်မှု"က တကယ့်ဂန္ဓဝင်လက်ရာတစ်ခုပင်။

All Chapters